Mentally & Physical Healthy Fitness

Mentally & Physical Healthy Fitness

Share

Mr.JackFreelance Personal Trainer-CPT
Freelance Job
+959 981 220 272
+959 955 851 636
Contact CB

Photos from Mentally & Physical Healthy Fitness 's post 05/07/2026

⏩ #ပေါ်ပင်မဟုတ်သော ➡️𝗙𝗶𝘁𝗻𝗲𝘀𝘀
📌တချို့က သူများယောင်လို့ လိုက်ယောင်တဲ့ သူက အများကြီး၊ အားကစားအပေါ်မှာ ဘာခံယူချက်၊ဘာရည်မှန်းချက်မှ မရှိဘူး ၊ အားကစားဆိုတာ လူသားတွေ ရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက် ဘယ်လောက် အထောက်ကူပြုတယ် ဘယ်လောက်ကျေးဇူးပြုတယ်ဆိုတာ ၊ တချို့က ယောင်ဝါးဝါးအဆင့်ပဲရှိနေသေးတာ တွေ့မြင်နေရ၊ တချို့ကလဲ
Fitness ဆိုတာ ဝိတ်တင် ဝိတ်ချမယ် ဒီလောက်နဲ့ပဲ
ကျေနပ်နေကြသူတွေကလဲ ဒုနဲ့ဒေး ၊
📌တချို့ကလဲ Fitness ကို ပေါ်ပင်လောက်ပဲ ထင်မြင်နေကြတဲ့ သူတွေလဲ တဗြုံ တမကြီး၊

📌 Fitness ဆိုတာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ
လိုအပ်ချက်များကို ဘယ်လောက် အထောက်ကူပြုပေးနေတယ်၊ဘယ်လောက်ကျေးဇူးပြုနေလဲဆိုရင်

📌ပိန်နေလား Fitness ပဲ ၊ အ၀လွန်နေလား fitness ပဲ၊အလှပျက်ပြီး ပုံပျက် ပန်းပျက်ဖြစ်နေပီလား fitness ပဲ၊ အသားမည်းတဲ့သူကိုလဲ ကြည့်ကောင်းအောင်လုပ်ပေးတာ fitness ပဲ ၊ အရပ်ကြီး ကလန်ကလားနဲ့ လောရှည်ကြီးဖြစ်နေလား fitness ပဲ၊ ၀တ်အစား၀တ်ရင်လဲ ဘာ ၀တ်၀တ် အဆင်မပြေဖြစ်နေလား fitness ပဲ၊အရွယ်တင် နုပျိုနေချင်လား fitness ပဲ၊ သန်မာထွာကြိုင်းချင်လား fitness ပဲ၊
ဖျတ်လတ်ပေါ့ပါးပြီး သက်လုံ ကောင်းချင်လားfitnessပဲ၊ အရိုးသိမ့်သီးမှု ကောင်းချင်နေလား
Fitness ပဲ၊လုပ်ပါ။ fitness က အားကစားနယ်ပယ်သီးသီးက ပုဂ္ဂိုလ်တွေလဲ ဒီ Fitness ကို မရှိမဖြစ် မှိခိုနေတာက သက်သေပဲ။
📌ခန္ဓာကိုယ် အချိုးအစား မညီမျှသူတွေ ညီမျှအောင် ပြုလုပ်ပေးနေတာလဲ Fitness ပဲ၊
📌တချို့က ပိန်လွန်းနေလို့ ဘာစားစား ပြည့်ပြည့်ဖြိုးဖြိုးဖြစ်မလာရင် ဒီ Fitness ပဲ ပြောင်းလဲပေးတာ။
📌 Fitness ဆိုတာ လူသားအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် မရှိမဖြစ်၊မပါမဖြစ် တစ်ခုတည်းသော လိုအပ်ချက်ပါပဲ။

📌ဒါကြောင့်မို့ Fitness ဆိုတာ ပေါ်ပင်လုပ်ရတဲ့အရာမဟုတ်ဘူး ။
📌လေးလေးနက်နက် လုပ်ရတဲ့ အလုပ်၊တစိုက်မတ်မတ် လုပ်ရတဲ့ အလုပ်။
📌စည်းကမ်းရှိရှိ လုပ်ရတဲ့ အလုပ်။
📌ဇွဲရှိရှိနဲ့ လုပ်ရတဲ့ အလုပ်သာ ဖြစ်တယ်။

📌လူ့ပတ်၀န်းကျင်တခုလုံးနှင့် တကွ မိမိပတ်၀န်းကျင်တစ်ခုလုံးကိုပါ ပြောင်း‌လဲ ပေးနိုင်စွမ်းလည်းရှိတယ်။

📌 Fitness ဆိုတာ ပေါ်ပင် အလုပ်တခုမဟုတ်ဘူး၊
ရိုရိုသေသေ လေးလေးစားစား လုပ်ရတဲ့အလုပ်သာဖြစ်တယ်။

26/05/2026

Joshua van ရဲ့ အာရှ ခရီးစဉ်အတွက်
ဂုဏ်ယူစွာ ကြိုဆိုပါ၏

20/05/2026

@ 𝐒𝐦𝐚𝐫𝐭 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐞𝐧 & 𝐋𝐚𝐝𝐲 ∆ သူဌေးမင်း စည်းစိမ်.@

✓ဘ၀တစ်ခု ရရှိပိုင်ဆိုင်ထားကြသည့် လူသား အသက်ရှိတိုင်းဟာ- နံပါတ်( ၁) ကျန်းမာဖို့ရာ အဓိက အခန်းဂဏ္ဍ ပါ၀င်ပက်သက်နေပါတယ်၊ အဘယ်ကြောင့်လဲဆိုတော့ မကျန်းမာတဲ့ လူတစ်ယောက်ဟာ ဘာကိုမှ လုပ်နိုင်စွမ်း မရှိနိုင်တော့လို့ပါ၊ ဘယ်လောက်ပဲ ပြည့်စုံကြွယ်၀သူ ဖြစ်လင့်ကစား စည်းစိမ် ဥစ္စာပုံနဘေးမှာ လှဲလျောင်းနေရခြင်းမှ လွဲ၍ ဘာမှမတတ်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။
{ ဘုရား လမ်းညွန်ချက်အရ "အာရောဂျံ ပဌမံ လာဘံ" ကျန်းမာခြင်းသည် လာဘ်တပါးတဲ့ }

➡️ဒီနေရာမှာ မေးခွန်းတခုထုတ်စရာရှိ စည်းစိမ် ဥစ္စာ များစွာ ကြွယ်၀ချမ်းသာခြင်းဟာလဲ ဘာကြောင့် လာဘ်တပါးလို့ မခေါ်တာလဲ?
➡️ ချမ်းသာကြွယ်၀ခြင်းကို လာဘ်အစစ်လို့ ငါဘုရားမဆိုလို ကျန်းမာခြင်းကိုသာ ငါဘုရားဆိုသည်။
✓ဒါကြောင့် အထက်တန်းကျတဲ့လူတယောက်ဖြစ်လာပြီဆိုရင် ရှေးလူကြီးတွေရဲ့ဆိုရိုးစကားအတိုင်း " ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့်"ဆိုသလိုပဲ မိမိဟာပြည့်စုံကြွယ်၀သူတယောက်ဖြစ်သည့်အလျောက် အသက်ရှည်ကျန်းမာရောဂါဘယကင်း‌ေအာင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတဲ့ အသိဉာဏ် ဗဟုသုတ တွေ လိုအပ်လာပြီး ဒါဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံးအချက်ပါ။
✓"စားမတော် တလုတ်ဆိုသည့်အတိုင်း" မစားသင့်တာကိုရှောင်၊စားသင့်တာစားခြင်းဟာ အသိဉာဏ်တခု၊
✓လုပ်သင့်တာလုပ်၊မလုပ်သင့်တာကိုရှောင်နိုင်ခြင်းဟာလည်း အသိဉာဏ်တစ်ခု၊
✓Daily routine, Daily activityမှာ Time table တခုဆွဲထားခြင်း Time table အတိုင်း လည်ပတ်နိုင်ခြင်း ဥပမာ အိပ်ရာထချိန် breakfast စားချိန် work outလုပ်ချိန် စရှိသည် နေ့စဉ် လုပ်ဆောင်နိုင်ဖို့ အလေ့အကျင့်တခုတည်ဆောက်ခြင်းဟာ High class lv တိုးမြင့်လိုက်ခြင်းပဲ၊
✓နောက်တချက် အိပ်ရာ၀င်ချိန် လွဲမှားခြင်း ပြသနာအရေးကြီးတဲ့ အချက်တစ်ခုပဲ ဘာကြောင့်လဲ အိပ်ရာစောစော ထ ချင်တဲ့သူဟာ အိပ်ရာ၀င်စောဖို့လိုအပ်ပါလိမ့်မယ် ဒါမှ ကလင်နာကျ အိပ်ချိန်ရရှိလိမ့်မယ် gymပဲဆော့ဆော့ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် Physical active mood ရရှိခြင်းဖြစ်မယ်
×အိပ်ရေးက မ၀ လင်းဍမှိုင် မှိုင်နေလို့ကတော့ mood off အရာရာအဆင်မပြေတော့ဘူးပေါ့၊
✓သိသော်လည်း လက်တွေ့ မကျင့်သုံးနိုင်ခြင်းဟာလည်း ဆုံးရှုံးမှု တစ်ခုပဲ၊ Knowledge and practice
ပေါင်းစပ်နိုင်မှ လက်တွေ့ဘ၀မှာ အကျိုးဖြစ်ထွန်းမယ်။
✓ High Class level သွားချင်နေသူတယောက်ဟာ
၁-အချက် စည်းကမ်းရှိခြင်းပဲ၊
‌အနေထိုင် စည်းကမ်း
အစား စည်းကမ်း
အအိပ် စည်းကမ်း၊
၂ -အချက် မပျင်းရိခြင်း၊
➡️ ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ထကြွလုံးလရှိခြင်း၊ နိုးနိုးကြားကြားရှိခြင်း ဥစ္စာရှာတဲ့နေရာ လုံးလဝီရိယရှိရသလို ကိုယ်ကျန်းမာဖို့ဆိုရင်လဲ နိုးကြားနေရမယ် ဒီလိုဆိုလိုတာ။

✓ကုသခြင်းထက် ကာကွယ်ခြင်းကို အရင်တည်ဆောက်တာဟာ အလွန်ထိရောက်တဲ့ နည်းစနစ်လို့ ဆိုရမယ်၊ လူတော်တော်များများလုပ်လေ့ရှိတာက "ချီးယိုမှ ချီးတွင်းရှာဆိုသလို" မရှုနိုင် မကယ်နိုင် ဖြစ်တော့မှ "ဖွတ်ပူမီးတိုက်" ထထ လုပ်ကြတာ တွေ့ရမြင်ရ စိတ်မကောင်းဖြစ်မိ၊ ကိုယ်တိုင် မကျန်းမာဖြစ်ဖူးမှ ကျန်းမာခြင်း အဓိပ္ပါယ်ကို နားလည်ကြတယ်၊ ဖြစ်တော့မှ ကုသခြင်းထက် မဖြစ်ခင်ကတည်းက ကာကွယ်ထားနိုင်တာဟာ ဆေးရုံဆေးခန်းနဲ့ ပိုဝေးသွားစေတယ် အများနဲ့မတူတဲ့ လူတယောက်ဖြစ်ပါလိမ့်မယ် (ပိုကျန်းမာတဲ့သူ)။
✓သတိ အသိ(knowledge) ပညာ (wisdom) လက်တွေ့ (practice) မှု တွေနဲ့ ပေါင်းစပ်နိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်သော ဘ၀ မိသားစု လူ့အသိုင်းဝိုင်း အသီးသီး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။


#959981220272@

12/05/2026
Photos from Mentally & Physical Healthy Fitness 's post 12/05/2026

♦️ကျနော် Freelance Personal Trainer MrJack ပါ၊ Movement Specialist ပြောရင်လဲ ရပါတယ်၊
တခါတရံ Clients ပေါ် Coaching လုပ်ပေးရတာလဲရှိ၊ ဒါကြောင့် Movement Specialist & Coaching ဒီနှစ်ခုကို အဓိက main Service ပေးပါတယ်၊

♦️ခံယူချက်
➡️ Career အပေါ် ဘယ်လို ခံယူချက် ထားလဲဆိုတော့၊ "ကုသိုလ်လည်းရ ၀မ်းလည်း၀" စိတ်ထားတတ်ရင် မြတ်၏ ဆိုသည့်အတိုင်း စေတနာ ဝါသနာ
အရင်းခံလျက် ကိုယ့် Clients တွေကို အကောင်းဆုံး
Service တွေပဲ ပေးခဲ့ပါ၏ Clients ပေါင်းများစွာလဲ
ပြောင်းလဲပေးနိုင်ခဲ့သည်၊ အပြောသက်သက်မဟုတ်ပဲ လက်တွေ့ လုပ်ဆောင်ပေးခဲ့တဲ့ အတွေ့အကြုံ အများကြီးရှိတဲ့ သူတယောက်ပါ ကျနော့် အလုပ်ပေါ် Professional တယောက် ပီသစွာ အမြဲပြောဆို နေထိုင်ပါသည်။ Training session အတွင်း No Ph,
No sitting ဒီအချက်တွေဟာ ကိုယ့် Clients တွေအပေါ် respect ထားပေးခြင်းပါပဲ။

♦️ Bodyweight BMR ကျော်ပြီး လေးလံ ထှိုင်းမှိုင်း
နေပီး စိတ်သွားတိုင် ကိုယ်မပါ ဖြစ်နေပြီလား?
♦️ Weight တော့ ချချင်နေတယ် ကလေးတွေ အလုပ်ရှုပ်နေပီး Gym သွားအချိန်မရှိ‌ဖြစ်နေပြီးလား
မပူနဲ့ Home Based Service ရှိတယ် Hello လုပ်လိုက်ရုံပဲ ပွဲပြတ်သွားစေရမယ်၊
♦️Gym တော့ ဆော့ချင်နေတယ်ဒါပေမဲ့ဘယ်က စရမှန်းမသိ ဖြစ်‌နေပီလား မပူနဲ့၊ ဘယ်ဆရာကို ရွေးရမှန်းမသိ ဝေဝါးနေပြီးလား မပူပါနဲ့ ဘာမှနားလည်သေးတဲ့ သူဖြစ်ပါစေ စိတ်ရှည်ရှည်နဲ့ level တဆင့်ခြင်း တဖြေးဖြေး တိုးတက်အောင် Training ပေးနေပါပြီ ➡️ Hello လုပ်ဖို့ မမေ့နဲ့၊

♦️ Gym ဆော့ဖို့ စိတ်ကူးတော့ ရှိတယ် Budget သိပ်မသုံးချင်ဘူး ဆိုတဲ့ သူများအတွက်လဲ မပူပါ၊
၄ယောက်နေ ၅ယောက်ထိ လက်ခံ‌ပေးတဲ့ Gp PTလဲရှိပါတယ်➡️ Hello ပဲ လုပ်လိုက်ပါ Or CB Hi ပဲပို့လိုက်ပါ၊

♦️Gp PT မကြိုက်တဲ့ သူတွေအတွက်လဲ One on One မိမိတို့ အိမ်မှာ စိတ်ကြိုက် အချိန်ရွေးပြီး နားအေးပါးအေး ဆော့ချင်သူများရှိရင် ၂ဦးပဲ လက်ခံပြီး သေသေချာချာ Training ပါတယ်၊ လူကြီးမင်းတို့ဖက်က ဆက်သွယ်ဖို့ မမေ့ပါနဲ့။

♦️ Online မ Train ဘူးလား မေးနေတဲ့ သူများတွက် Online 5 Person Gp လဲ Budget သက်သက်သာသာနဲ့ Train ချင်သူများလဲ လက်ခံ သင်ပေးပါမည် တဦးချင်လိုက်လဲ Train ပါတယ်
Overseas သမားများလဲ အချိန်ညှိယူပြီး Train နိုင်ပါကြောင်း သတင်း ပါးလိုက်ပါရစေ။

♦️🙏🙏🙏 Clients အား "မေတ္တာရပ်ခံပါ၏
Clients ပုံယူသုံးခြင်းအား နှုတ်အားဖြင့် ခွင့်မတောင်းမိပါက ဤနေရာ တပါတည်း ခွင့်ပြုပေးပါရန် တောင်းခံလိုက်ပါ၏။🙏🙏🙏

location ➡️ North Dagon & North Dagon အနီးနားတဝှိုက် လိုက်ပြပေးပါတယ်ခင်ဗျား။

➡️Ph- 09 981 220 272

24/04/2026

အာစိဏ္ဏကံ ကုသိုလ်

အလေ့အကျင့် ဖြစ်ဖို့ အလေ့အထ ကို စပြီး ပျိုးထောင်ပါ၊ အလေ့အထတွေ အဖန်ဖန် အထပ်ထပ် ပြုလုပ်ဖန်များမှ အလေ့အကျင့် ကောင်းတွေ ရရှိ လာလိမ့်မယ်၊ ၊ နေ့စဉ် ဘဝမှာ အလေ့အကျင့်တွေ အဖန် တရာ ထပ်နေမှ အထုံ အလေ့ တွေ ထပ်ဆင့် ရရှိပါလိမ့်မယ် စွဲ နေအောင် မြဲနေအောင်ထိ လုပ်ထားနိုင်ပီဆိုရင် နေ့စဉ် ဘဝအတွက် ခက်ခဲ တခု တာဝန် တခု မဟုတ်တော့ဘူး ဝန်ထုပ် ဝန်ပိုး တခုလဲ မဖြစ် တော့ဘူး လွယ်လွယ်ကူကူ ပေါ့ပေါ့ ပါးပါး ဖြတ်သန်းနိုင်ဖို့ ဆိုရင် အလေ့ အထ တွေ များ များ ပျိုးထောင် မပျင်ရိကြပါနဲ့ လို့ တိုက်တွန်း လိုက်ပါရစေ။

ငှက်ကလေးတွေ၊🐦🦜 ကြောင်လေး၊🐈🐈‍⬛ခွေးလေး🐕🦮🐕‍🦺တွေကို အစာကျွေးခြင်းဟာလဲ၊ စိတ်အေးချမ်းသာမှု တခုပါပဲ၊ ဘယ်လို စိတ်မျိုးနဲ့ ကျွေးမွေးတာလဲဆိုတော့ စိတ်ချမ်းသာကြပါစေ ကိုယ်ကျန်းမာကြပါစေ ဆိုတဲ့ စိတ်နဲ့ ကျွေးလိုက်တယ် ** ဤအိမ်မှာ🏫🏠🏡 နားကြပါ၊ခိုကြပါ၊ဤနေရာ၌ လာရောက် ပျော်ပါးကြပါ မြူးတူးကြပါ အကျွန်ုပ်ကျွေး သော စပါးနှံများကို စားသုံးကြ၍ သာယာ ဝပျောကြပါစေ ဘေးကင်းကြပါစေ အသက် ရှည်ကြပါစေ** လို့ ချမ်းသာစေလို့တဲ့ စိတ်နဲ့ မေတ္တာ လေးပို့ပီး ကျွေးမွေးလိုက်ပါ၏။

ကရုဏာ စိတ်

ကျေးလက်ဒေသလို ကောက်ပဲ သီးနှံ ပေါများတဲ့ အရပ်မဟုတ်တဲ့ မြို့မှာ ခက်ခဲမှာပဲ ကိုယ်တွေလိုပဲ နိစ်စဓူဝ ရှာဖွေ စားသောက်ရတာ မလွယ်ကူလှ သလို အော် သူတို့ လေးတွေလဲ တနေ့ တနေ့ ရှာစား ဖွေစားရတာ ခက်ခဲ ဆင်းရဲကြမှာပဲလို့ ကိုယ် ချင်းစာ တရားလေးနဲ့ တွေးပီး လွယ်လွယ်ကူကူ ရှာစားနိုင်ကြပါစေ ။

အကျွန်ုပ်ပြုပြုသမျှသော ကုသိုလ် အဖို့ဘာဂ များကိုလဲ တန်ခိုးကြီးမား ကြကုန်သော နတ်ဒေဝါများနှင့်တကွ ခုနှစ်ရက် သားသမီး များ အားလုံးကိုလဲ ကုသိုလ် အမျှပေးဝေ ငှပါ၏ အမျှ ယူကြပါကုန်လော့ သာဓု သာဓု သာဓု။

.Jack Freelance #
CPT # # Online Coaching # #
# # # # #

less

Photos from Mentally & Physical Healthy Fitness 's post 25/02/2025

Tow Months After Body Condition
Before 156 lbs / After 149 lbs
Fat Level After - 7
Muscular 100 points / Score 76/100points
Body Fit 80%

Physical Condition
Increased - Strength, Stamina and Endurance
Improved - posture and gait

Please try a little harder! 💪

Online Training One on One( or )Group Training လိုချင်သူများ-

အထိုင်များပီး ဝိတ်တက်နေလို့ဖြစ်ဖြစ် ၊
Weight control လုပ်ပီး body Fit ဖြစ်ချင်လို့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ daily activity performance
ကောင်းချင်လို့ ဖြစ်ဖြစ်၊ Fat Lose ဖြစ်ချင်လို့ပဲဖြစ်ဖြစ် ၊ နှစ်လ သုံးလအတွင်း body Transformation လုပ်ချင်လို့ပဲဖြစ်ဖြစ်။

လူကြီးမင်းတို့ သိချင်တာများရှိရင် ကျနော့် page CB ဖြစ်ဖြစ် ဒါမှမဟုတ် Viber သို့ စုံစမ်းမေးမြန်နိုင်
ပါသည်။

MrJack Freelance Personal Trainer
Physical- Training
Online - Training
Viber +959 955 851 636
09 981 220 272

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon