Beauty's Zone
PUKM
03/06/2026
ဆံပင်ကို ညှပ်ရမလား
Kerastase ကို ဖြတ်ရမလား
ဇာတ်ကြောတတ်လို့ မခံနိုင်တော့ 🥺
✅စျေးကြီးသလောက် Result မြန်တယ်
✅သိိသိသာသာ ဆံပင်တွေ ထွက်
✅ဆံပင်ကျွတ်သက်သာ
✅အနံ့မွေး
🥲အသုံးမခံ အကုန်မြန်
🥲ဦးရေပြားမထိပဲ ဆံပင်မှာကပ်ပြီး အလဟသက်မဖြစ်အောင် ဂရုစိုက်သုံးရ
🥲ခေါင်းလျှော်တဲ့နေ့ နဲ့ နောက်တစ်နေ့သုံး တတိယနေ့မှာ အဆီပြန်တဲ့ခေါင်းပေါ်မသုံး
31/05/2026
✅အသားလည်း သိသိသာသာ ဖြူချင်တယ်
ငွေလည်း တတ်နိုင်တယ်ဆို ဒါလေး သောက်ပါ
🌸၁ လ ဆက်တိုက်သောက်ပြီး နောက်လတွေ ရက်ခြားပုံမှန်လေးသောက်ပေး အိုကေပါတယ်
✅ခရီးသွားထားလို့ အသားရေကို အမြန်ပြန်ပြီး
ထိန်းသိမ်းချင်တယ်ဆို ဒါလေးသောက်ပါ
🌸ကိုယ့် ပုံမှန်အသားရေရရင် ရပ်လိုက်လို့ရပါတယ်
ပိုးကတော့ ဒုတိယထဲပါပါတယ်
အသားညိုတဲ့သူဆိုလည်း သိသိသာသာကို ကြည်ပြီး ဝင်းထွက်လာတာမျိုးပါ
အစာနဲ့ ဝေးဝေး သောက်ပေးရင် ပို ထိရောက်ပါတယ်
သေချာလေးဂရုစိုက်ပြီး စွဲသောက်ပေးနိုင်ရင် အကောင်းဆုံးပါ ❤️❤️❤️
19/05/2026
မသုံးတတ်ဘူး စမ်းသုံးကြည့်မယ်ဆို
လုံးဝမဝယ်သင့်သော
ကိုယ်လို လူတောင် ကြောင်ပျောက်တယ်
ခရီးသွားဖို့ လိုအပ်တာလေးတွေ ဝယ်တဲ့ထဲမှာ
အဘုတ်ဆုံးပဲ 😪😪😪
17/05/2026
အတော်ဆိုးနေပြီ 😁😁😁
Congee Premium Congee by khun Noi
ဆန်ပြုတ်သောက်ချင်လို့သွားတာ ဆန်ပြုတ်မရ
Dim sum စားပြန်လာရတယ်
Dim Sum က ကြိုက်မနေဘူး
အရသာရော အသားအနေအထားရော
တစ်ခုတစ်ခုကို အကြီးကြီးတွေ
စျေးကလည်း သူများဆိုင် ၂ ဆ ပေါ့
ဆိုဒ်ကလည်း ၂ ဆဆိုတော့
နောက်တစ်ခါ ထပ်မစားတော့မယ့်ဆိုင်ထဲပါ
09/05/2026
ကမ်းခြေခရီးစဉ်ကို Kose UV Spray လေးနဲ့ အဆင်ပြေနေရော 🌊☀️⛱️
30/04/2026
Hotpot Buffet စားမယ်ဆို The Best Hotpot in Town ဆိုတဲ့ အတိုင်း ပိုးအကြိုက်ဆုံး Hotpot Buffet က “Hotpot Country” ပဲ 😋😋😋
✅လတ်ဆတ်တယ်
✅သန့်ရှင်းတယ်
✅အရသာရှိတယ်
✅စုံလင်တယ်
✅ပေးရတာနဲ့တန်တယ်
✅လူကို စိတ်ကျေနပ်မှုရစေတယ်
ကိုယ်စားချင်တဲ့ အသား ငါးနဲ့ အသီးရွက်တွေကိုလည်း ရွေးပြီး မာလာရှမ်းကောချက်ခိုင်းလို့ရသေးတယ်
ပိုးကတော့ ပုဇွန်အခွံခွါ ရေနွေးဖျောပြီး Seafood Sauce ကောင်းကောင်းတစ်ခွက်ထဲနှစ်ပြီး စွဲလာတယ်
Collagen Soap သောက်ရတာကြိုက်တဲ့ပိုးက Collagen အနှစ်အရည်လည်း ၂ ခါလောက် အမြဲတောင်းပြီးသောက် 😋
ပိုးကတော့ တစ်ခါတစ်ခါစားရင် အရင်လို အများကြီးစုံလင်အောင် မစားနိုင်တော့ပေမယ့် ကိုယ်စားချင်တာလေးတွေ စုံစုံလင်လင်ရှိလို့ သတိရမိတဲ့ဆိုင်က Hotpot Country ပဲ
အကောင်းကြိုက်တယ် တန်တာလည်းကြိုက်လို့ ပိုးရဲ့ မှန်ကန်တဲ့ရွေးချယ်မှုက Hotpot Country ပါပဲ 🤩
30/04/2026
ဖောက်ပြီး သုံးလိုက်ဦးမယ် 😁😁😁
28/04/2026
ယူတို့က သိပ်ကိို ငါးစိမ်မြင် ငါးကင်ပစ် လုပ်ကျတဲ့ မိန်းမတွေပဲ ☹️☹️☹️
အခု ပူနေပြီလေ အရမ်းပူအိုက်နေပြီ 🥵🥵🥵
နေပူထဲခဏလေးထွက်မိတာနဲ့ အသားတွေပူစပ်နေတဲ့ ကိုယ့်အတွက်တော့ Soothing Gel တစ်ဗူးမဖြစ်မနေကို ဆောင်ထားနေရပြီ … 😌
ဘာမှ မလိမ်းချင်လို့ စိတ်အိုက်နေရင်လည်း အလွယ်လိမ်းတာပဲ … နေပူထဲပြန်လာပြီး အသားတွေ စပ်လည်း လိမ်းလိုက်တာ … 🤩🤩🤩
အရမ်းအဆင်ပြေနေလို့ လာပြောပြတာနော် 🥰🥰🥰
25/04/2026
😇😇ဖွင့်ဖောက်ပြီးသား Skincare တွေကို ပြန်ဝယ်သုံးသူများ သိထားသင့်သော PAO အကြောင်း
🤔PAO ဆိုတာကို ဘယ်လိုနေရာတွေမှာအများဆုံးတွေ့နိုင်လဲ ????
😇PAO ဆိုတာ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး (သို့) အလှကုန်ဗူးတွေပေါ်မှာတွေ့ရတတ်တဲ့ 6M, 12M, 24M ဆိုတဲ့ သက်ေတလေးတွေကိုခေါ်ပါတယ် Period after opening (PAO)
🤔PAO ဆိုတာဘာလဲ ????
😍ဥပမာ အလှကုန်ဆိုပါစို့ - အလှကုန်တစ်ဗူးကိုဖွင့်လိုက်တဲ့ ရက်ကနေစပြီး 6M (၆ လ) ၊ 12M (၁၂လ) ၊ 18M (၁၈လ) ၊ 24M (၂၄လ) အစရှိသဖြင့် ရေးပေးထားတဲ့ လအတွင်းမှာ စိတ်ချ လက်ချ အသုံးပြုနိုင်တယ်။ အာနိသင် ထိရောက်တယ် ။ ဘေးကင်းတယ်ပေါ့နော် ။
🤔ဘာလို့ ဒီလိုသတ်မှတ်ကျလဲ ဆိုရင်
😪ဗူးအဖုံးဖွင့်လိုက်တဲ့အခါ ပျက်စီးတာ အရည်သွေးတဖြည်းဖြည်းကျသွားတာမျိုး ဒါမှမဟုတ် ဘက်တီးရီးယားတွေ ပေါက်ပွားလာတာမျိုး ဖြစ်နိုင်ပါတယ် ။
😍ဒီလောက်တော့ ပိုးတို့က ဗဟုသုတ အနေနဲ့ သိထားသင့်တယ်လို့ ထင်တဲ့ အတွက် မျှဝေပေးခြင်းပါနော်
🔄အဲ့တော့ ပိုးပြောချင်တာဘာလဲ ဆိုတာကို ပြန်သွားပါမယ်
❓❓ဒီလိုဖောက်ပြီးသား (သို့) အသုံးပြုပြီးသား Skincare တစ်ချို့ ပြန်ဝယ်သုံးတဲ့ အခါမှာ သေချာပါသလား ရောင်းသူဘက်က ဖောက်ပြီးပြီးချင်း ပြန်ရောင်းတယ်ဆိုတာ ယုံကြည်ပါသလား ????
3️⃣2026 မှာ ထုတ်တဲ့ Skincare 1ဗူးဟာ ၃ နှစ် သက်တမ်းရှိပါတယ်
❣️❣️ဥပမာ ပိုးက 2026 ထုတ် 2029 မှာ Exp ကုန်မယ့် Skincare တစ်ဗူးကို လက်ရှိ အချိန် 2026 မှာဖွင့်သုံးပြီး 2028 ခုနှစ်မှာ ပြန်ရောင်းတာရော မဖြစ်နိုင်ဘူးလား ??? ဒီလိုဆိုရင်ရော အာနိသင်ရှိပါ့မလား ?? ငွေကုန်ပြီး ကိုယ်ရသင့်တာကို ရပါ့မလား ??
🥰အဲ့တော့ ကိုယ်က သူများသုံးပြီးသား ပစ္စည်းတစ်ခုကို ငွေကုန်ကျခံပြီး ဝယ်တော့မယ်ဆို သေချာ စဉ်းစားပြီးမှ ဝယ်ကြဖို့ ပြောချင်ပါတယ်
အခု ပိုးပြောချင်တာလေး ပိုးမျှဝေတာလေးကို သဘောပေါက်တယ် ကြိုက်နှစ်သက်တယ် အတွေးတစ်ခု ရတယ်လို့ ထင်ရင် တခြားသူတွေလည်း သိရအောင် မျှဝေပေးပါဦး နော်
တော်ရုံဆို Share ပေးဖို့ မပြောတတ်ပေမယ့် သိထားသင့်တာလေးဖြစ်လို့ 🥰
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Parami
Yangon
