Thein Htike San - Hypnotist

Thein Htike San - Hypnotist

Share

စိတ်ညှို့အိပ်မွေ့ချကုထုံးဖြင့် သင့်ဘဝအာင်မြင်တိုးတက်စေရန်ကူညီဆောင်ရွက်နိုင်ပါသည်
09790863376

04/04/2026

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ စတင်နိုင်ဖို့ သင်္ကြန်တွင်း Hypnotherapy ကုထုံးခံယူလိုသူများအတွက်

20% off Discount နဲ့စီစဥ်ပေးပါမည်။

စိတ်ကြောင့်ဖြစ်သော ရောဂါများဟာ
ဆေးသောက်လို့မပျောက်ပါ
စိတ်ကို စိတ်နဲ့ကုရပါတယ်....

Hypnotherapy ဆိုတာဘာလဲ?

Hypnotherapy (စိတ်ညှို့ကုထုံး) ဆိုတာက လူတစ်ယောက်ရဲ့ မသိစိတ် (subconscious mind) ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အပြုအမူတွေကို ပြောင်းလဲကူညီပေးတဲ့ ကုထုံးတစ်မျိုးပါ။

Hypnotherapy ကုထုံးကို ဘယ်လိုလူမျိုးတွေ ခံယူသင့်လဲ?

ဒီလိုလူမျိုးတွေ Hypnotherapy ခံယူတာ အထူးသင့်တော်ပါတယ် 👇

1️⃣ စိတ်ဖိစီးမှု / Anxiety များတဲ့သူ
အမြဲစိတ်ပူနေတတ်သူ
စိတ်ဖိစီးမှုကြောင့် အိပ်မပျော်သူ
စိတ်တင်းကျပ်မှုများတဲ့သူ
➡️ ဒီကုထုံးက က စိတ်ကို လျော့ပေါ့အေးချမ်းစေတယ်။

2️⃣ အကျင့်ဆိုးတွေ မဖြုတ်နိုင်တဲ့သူ
ဆေးလိပ်ဖြတ်ချင်သူ
အစားအလွန်စားတတ်သူ
ဖုန်း/ဂိမ်း စွဲလမ်းမှုရှိသူ
➡️ မသိစိတ်ထဲက pattern ကို ပြောင်းလဲပေးနိုင်ပါတယ်။

3️⃣ Self-confidence နည်းတဲ့သူ
ကိုယ့်ကိုယ်ကို မယုံကြည်သူ
လူရှေ့မှာ ပြောရမှာ ကြောက်သူ
Interview / Public speaking ကြောက်သူ
➡️ Hypnotherapy က self-belief ကို မြှင့်တင်ပေးနိုင်ပါတယ်။

4️⃣ Trauma / စိတ်ဒဏ်ရာရှိတဲ့သူ
အတိတ်အတွေ့အကြုံကြောင့် စိတ်ထိခိုက်နေသူ
အမှတ်တရတွေကြောင့် စိတ်ပူပန်နေသူ
➡️ မသိစိတ်ထဲမှာ ကျန်နေတဲ့ negative memory ကို ပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်။

5️⃣ Phobia (ကြောက်ရွံ့မှုများ) ရှိတဲ့သူ
ဥပမာ
အမြင့်ကြောက်
လေယာဉ်ကြောက်
လူအများကြား ကြောက်
➡️ Hypnotherapy နဲ့ fear response ကို လျော့ချနိုင်ပါတယ်။

6️⃣ ကိုယ်အလေးချိန် လျော့ချချင်သူ
Emotional eating ရှိသူ
Diet မထိန်းနိုင်သူ
➡️ အစားစားတဲ့ mind pattern ကို ပြောင်းပေးနိုင်ပါတယ်။

Hypnotherapy က
စိတ်ပိုင်းဆိုင်ရာ ပြဿနာ
အကျင့်ဆိုး
ကြောက်ရွံ့မှု
Self-confidence
တွေကို ပြောင်းလဲချင်တဲ့သူတွေ အတွက်
အထူးအသုံးဝင်ပါတယ်။

🕔1 session မှာဘယ်နှနာရီကြာမြင့်ပါသလဲ?

Client ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအပေါ်မူတည်ပြီး 1နာရီ ခွဲ 2နာရီခန့် ကြာမြင့်နိုင်ပါတယ်။

1 session Fees ဘယ်လောက် ယူပါသလဲ ?

🕐1 session ကို fees 200,000 ယူပါတယ် သင်္ကြန်ပြီးရင်တော့ ထပ်တက်ဖို့ရှိပါတယ်။

Booking ယူရန်အတွက် - Messenger သို့မဟုတ် Viber 09790863376 ကို စာပို့ ဖုန်းဆက်ကာ ကြိုတင်အပ်နှံနိုင်ပါသည်။

#ဆရာသိန်းထိုက်စံ(Professional Hypnotist)

09/03/2026

🧠 သင့်ဘဝမှာ မမြင်ရတဲ့ စိတ် Block တွေရှိနေလား?
အကြောင်းမရှိပဲ စိတ်ဖိစီးနေသလား?

အိပ်မပျော်တာ ကြာလာပြီလား?

မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာပြီလား?

Negative အတွေးတွေ မထိန်းနိုင်တော့ဘူးလား?

ဒီအရာတွေဟာ အများအားဖြင့်
မသိစိတ်ထဲမှာ စုနေတဲ့ စိတ် Block တွေကြောင့် ဖြစ်တတ်ပါတယ်။

💎 Hypnotherapy (စိတ်ညှို့အိပ်မွေ့ချကုထုံး)

Hypnotherapy ဆိုတာက
သင့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ စိတ် Block များကို ဖယ်ရှားပေးပြီး
ဘဝကို Positive ဘက်သို့ ပြောင်းလဲပေးနိုင်တဲ့
စိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။

Hypnosis အခြေအနေထဲ ဝင်ရောက်တဲ့အခါ
စိတ်ဟာ အလွန်အေးချမ်းပြီး
မသိစိတ်ထဲမှာ ဝှက်ထားတဲ့ စိတ်စွမ်းအားတွေကို ဖော်ထုတ်နိုင်ပါတယ်။

🔒 စိတ် Block ဆိုတာဘာလဲ?
လူတစ်ယောက်ဟာ
ဒေါသ၊ ဝမ်းနည်းမှု၊ စိတ်ဖိစီးမှု စတဲ့ စိတ်ခံစားချက်တွေကို
အမြဲတမ်း ဖိနှိပ်ထားတဲ့အခါ
အဲ့ဒီစိတ်တွေဟာ
မသိစိတ်ထဲမှာ Block (စိတ်အစိုင်အခဲ) အဖြစ်
စုလာပါတယ်။
အဲ့ဒီ Block တွေများလာတဲ့အခါ
ဘဝထဲမှာ အောက်ပါပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

⚠️ စိတ် Block တွေကြောင့် ဖြစ်နိုင်တဲ့ ပြဿနာများ

• အိပ်မပျော်ခြင်း
• စိတ်ဖိစီးမှုများခြင်း
• စိုးရိမ်စိတ်လွန်ကဲခြင်း
• Depression ဝင်လာခြင်း
• မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း
• အရက် / ဆေးလိပ် စွဲလန်းလာခြင်း
• စိတ်တည်ငြိမ်မှု မရှိတော့ခြင်း
• လူမှုရေးပြဿနာများ ဖြစ်လာခြင်း

🌟 Hypnotherapy က ဘာတွေ ကူညီပေးနိုင်လဲ?
✔ စိတ် Block များ ဖယ်ရှားပေးခြင်း
✔ စိတ်ဖိစီးမှု လျော့နည်းစေခြင်း
✔ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေခြင်း
✔ အိပ်ရေးကောင်းစေခြင်း
✔ မှတ်ဉာဏ်ကောင်းမွန်လာခြင်း
✔ စိတ်တည်ငြိမ်မှု ရရှိစေခြင်း
✔ ဘဝအပေါ် Positive Thinking တိုးလာခြင်း

❓ Hypnosis က အန္တရာယ်ရှိလား?

မရှိပါ။
Hypnosis အိပ်မွေ့ကျနေစဥ်မှာ

Client ဟာ သိစိတ်ရှိနေဆဲ ဖြစ်ပါတယ်။
• မပြောချင်တဲ့အရာတွေကို ပြောခိုင်းလို့ မရပါ
• သိက္ခာထိခိုက်စေတဲ့အရာတွေ မလုပ်နိုင်ပါ
• မကြိုက်တဲ့အခြေအနေဖြစ်လာရင် ကိုယ်တိုင် နိုးထနိုင်ပါတယ်
⏱ Session ဘယ်နှစ်ကြိမ်လုပ်ရမလဲ?

ပုံမှန်အားဖြင့်
၁ ကြိမ်မှ ၆ ကြိမ်အထိ လုပ်ပေးရပါတယ်။

Session တစ်ကြိမ်ကို
၁ နာရီခွဲခန့် ကြာမြင့်နိုင်ပါတယ်။

အချို့ Client များမှာ
တစ်ကြိမ်တည်းနဲ့ အပြောင်းအလဲတွေ ခံစားရသူများလည်း ရှိပါတယ်။

📩 Hypnotherapy Appointment ယူရန်

Hypnotherapy Session ရယူလိုပါက —
Messenger မှ ဆက်သွယ်နိုင်ပါသည်
သို့မဟုတ်
📞 09790863376
📞 09259872958
သို့ ဆက်သွယ်၍ Appointment ယူနိုင်ပါသည်။

✨ ပိုကောင်းတဲ့ ဘဝတစ်ခုကို အတူတူ ဖန်တီးကြပါစို့


Hypnosis & Hypnotherapy
Mind Development
Yangon

Photos from Thein Htike San - Hypnotist's post 25/02/2026

Hypnosis & Hypnotherapy Batch 33
သင်တန်းဆင်းပွဲ အမှတ်တရ

15/02/2026

အိပ်မွေ့ချကုထုံးဖြင့် ကုသရန်မလွယ်ကူသော သူများ

1. အပြင်းစားအိပ်ဆေးများသောက်နေသူ

ဆရာဝန်ညွှန်ကြားချက်ဖြင့် အိပ်မပျော်တဲ့ရောဂါမျိုးကို အိပ်ဆေး စိတ်ငြိမ်ဆေးဖြင့် အမြဲတစေ​သောက်နေရသူများ
အိပ်ဆေးမသောက်လည်းပဲ အိပ်ရေး အလွန်အကျွံပျက်ထားသူများဟာ အိပ်မွေ့ကျရန် ခက်ခဲတတ်ပေသည်။

2. အသက် ၅၀ကျော်နှင့်အထက်

အသက် ကြီးလာလေလေ ဦးနှောက်ရဲ့ autonomic nervous system များပိုအားကောင်းလေဖြစ်တယ်
ဦးနှောက်ရဲ့ အလိုလျောက်တုန့်ပြန်တဲ့ စနစ်တွေအားကောင်းနေတာကြောင့် လိုက်လျောညီထွေမှုရှိဖို့ခက်ပါတယ်

အသက်ကြီးသူများဟာ စိတ်ဆိုးစိတ်ဆတ်လွယ်ခြင်းကြောင့် အိပ်မွေ့ချ ဆရာနှင့် မပူးပေါင်းတာမျိုး မလိုက်နာတာမျိုးဆို ကုသရန် ခက်ခဲတတ်ပါတယ်

3. စိတ်ရောဂါ အပြင်းစားရှိသူများနှင့် (Down syndrome)သမားများ

ထို Client များဟာ အိပ်မွေ့ချဆရာ၏ စကားကို အာရုံစူးစိုက်မှု အပြည့်အဝ မပေးနိုင်တဲ့အတွက် အိပ်မွေ့ချ ကုသမရပါ။



#သင့်ဘဝ​ #သင့်ပန်းတိုင်ကိုအိပ်မွေ့ချကုထုံးဖြင့်အရောက်သွားပါ

10/10/2024

ကိုယ့်ဘဝထဲကို ငွေတွေဝင်မလာအောင် ကိုယ့်ဘာသာကို လုပ်မှန်းမသိလုပ်နေမိတဲ့ စကားလုံးများ

"
ငွေကလည်း ကုန်လိုက်တာ သောက်သောက်လဲ ကုန်စျေးနှုန်းတွေက တက်လာလိုက်တာ ဝယ်လို့မလောက်ဘူး "

"ငွေရှာရတာခက်သလောက် သုံးလိုက်ရင်လွယ်လိုက်တာ"

"ငွေကို တွင်းထဲက နှိုက်နေတယ်ထင်လား ငါတို့က ပင်ပင်ပန်းပန်းရှာထားရတာ နင်တို့က သုံးဖြုန်းနေတယ်"

"ဒီငွေလောက်နဲ့ အခုခေတ်ကြီးမှာ ဘာမှလုပ်လို့မရတော့ဘူး"

"ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတာ အလကား ငွေနဲ့ပေးဝယ်လို့မရတဲ့အရာတွေရှိတယ်"

စသည် စသည်ဖြင့် လူတွေရဲ့ နှုတ်ဖျားမှာနေ့စဥ်လိုလို အကြိမ်ကြိမ်ရေရွတ်နေကြတာကို ကြားဖူးပါလိမ့်မယ် ကိုယ်တိုင်လည်း မကြာခဏရေရွတ်ဖူးပါလိမ့်မယ်...

ဒါတွေဟာ ကိုယ်မသိလိုက်ပဲ ကိုယ့်ဆီလာမယ့် ငွေတွေကိုပိတ်ပင်တားဆီးလိုက်တဲ့ Negative စကားလုံးတွေပါပဲ
ငွေကို ပင်ပန်းစွာရှာရတယ်ဆိုတဲ့ စကားတွေ သုံးမလောက်ဘူးဆိုတဲ့ မလေးစားတဲ့ စကားလုံးတွေကို နေ့စဥ်မဲ့အမျှရေရွတ်တဲ့အခါ မိမိရဲ့ မသိစိတ်ထဲမှာ ဒါကို စွဲမြဲယုံကြည်သွားပြီး အမှန်တကယ် ခက်ခဲသွားတယ် ကြပ်တည်းသွားရတယ်။

သိစိတ်ကပဲ ဝေဖန်ပိုင်းခြားနိုင်တာ မသိစိတ်ဟာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူး ဒါကြောင့် မကောင်းတာများများတွေးတဲ့သူတွေရဲ့ ဘဝမှာ မကောင်းတာတွေပဲကြုံတွေ့ရမယ် စိတ်ပျက်ငြီးငြူးသူနေသူရဲ့ဘဝမှာလည်း လက်တွေ့ စိတ်ကုန်စိတ်ပျက်စရာတွေပဲ အဖန်ဖန်ကြုံတွေရတတ်ပါတယ်

မယုံရင် ငါဟာ ငတုံးပါ ငါဟာဉာဏ်မကောင်းဘူးလို့ နေ့စဥ်ပြောကြည့် တကယ်တုံးလာမယ် ထိုင်းလာမယ်။
အကြိမ်ကြိမ်အဖန်ဖန်ပွားများတဲ့အခါ ထုံလာပြီး မသိစိတ်ထဲ ရောက်သွားတယ် အဲ့မသိစိတ်ကနေ အကြိမ်ကြိမ် ညှို့ငင်နေတာကြောင့် အမှန်တကယ်ဖြစ်လာပါလေရော

ဒါဆို ကျနော်တို့ မသိစိတ်ထဲကို အကြိမ်ကြိမ်ကောင်းတာတွေပဲ ရေရွတ်ကြည့်မယ်ဆိုရင်ရော?
အ​ကြိမ်ကြိမ် အကောင်းမြင်စိတ်လေးနဲ့ပဲ တွေးတောနေမယ်ဆိုရင်ရော ?

သေချာတာပေါ့ ကျနော်တို့ကောင်းတာတွေ အမှန်တကယ်​ကြုံတွေ့လာမှာ
အရေးကြီးတာက အလေ့အကျင့်ပါပဲ အလေ့အကျင့်များများလုပ်ရင် စွဲမြဲလာတာပဲ
ဘယ်သူမှ မွေးကတည်းက စက်ဘီးစီးမတတ်လာပါဘူး အကြိမ်ကြိမ် လေ့ကျင့်ရင်း စွဲမြဲပြီး တတ်မြောက်လာတာပါပဲ

ဒါကြောင့် ကျနော်တို့ဟာ ကောင်းတာကြုံချင်ကြတယ်ဆိုရင် အရင်ဆုံး မိမိရဲ့စကားလုံးတွေကို အရင်ဂရုစိုက်ပါ အဆိပ်အတောက်ဖြစ်စေမယ့်စကားတွေ မိမိကိုယ်တိုင် ပြောလည်းမပြောရသလို နားလည်းမထောင်ရပါဘူး။ ကောင်းတဲ့အလေ့အကျင့်လေးတွေကို သတိထားဂရုစိုက်ရင်း ကောင်းမွန်တဲ့ဘဝကို ဖန်တီးကြရအောင်လား ခင်ဗျာ...

#ဆရာသိန်းထိုက်စံ

31/08/2024

အိပ်မွေ့ချကုထုံးခံယူမယ့်သူများ သတိထားရမည့်အချက် ၃ချက်
#ဆရာသိန်းထိုက်စံ

30/08/2024

အိပ်မွေ့ချကုထုံးများ ပြန်လည်ရရှိနိုင်ပါပြီ Admin ကျန်းမာရေးကြောင့် ခဏနားထားခဲ့တာပါ

အသေးစိတ်ကို Cb ကတဆင့်ဆက်သွယ်ပေးပါ

See my real-time location on Google Maps! 11/04/2024

ဟောခန်းလိပ်စာအသစ်

အမှတ် ၇၅၇ မြရတနာ၆လမ်း ၂၄ရပ်ကွက် တောင်ဒဂုံမြို့နယ် ရန်ကုန်မြို့

09790863376/ 09259872958
လပြည့်လကွယ်နေ့တိုင်းပိတ်သည်...

See my real-time location on Google Maps! Visit Google Maps to check out my real-time location. With the Google Maps App you can share your location with friends and family too.

19/06/2023

ဝါသနာပါသော အလုပ်ဆိုတာ
အတိတ်ဘဝက ပြုလုပ်ခဲ့သော
အလုပ်တွေပါပဲ
အတိတ်မှာ ကုန်သည်လုပ်ခဲ့ရင် ဒီဘဝမှာ ကုန်သည်အလုပ်နဲ့ အကျိုးပေးနေမယ်
အတိတ်မှာ အကြီးအကဲဖြစ်ခဲ့ရင် ဒီဘဝလည်း အကြီးအကဲအလုပ်နဲ့ အကျိုးပေးနေမယ်

ဆိုတော့ ကိုယ်က ငွေရှာတယ် ဝါသနာပါတာနဲ့ ကိုယ့်အလုပ်နေတဲ့ အလုပ်ထပ်တူမကျရင် အောင်မြင်နိုင်ချေမရှိဘူးဆိုတာ
ဒီသဘောပါပဲ အတိတ်ဘဝက
ထုံခဲ့တာကို ပြန်လည်သိရှိ
လုပ်ကိုင်မှသာ အောင်မြင်မှာပါ။

ဆိုတော့ ဘာကို ဝါသနာပါနေသလဲဆိုတာ အဖြေရှာကြည့်ပါ အဖြေမတွေ့ခဲ့ရင် ကျွန်ုပ်ထံမှာ အိပ်မွေ့ချကုထုံးရယူပြီး ဝါသနာပါရာကို သိရှိလုပ်ကိုင်ပါ။

အိပ်မွေ့ချခြင်းဟာ မလိုတာတွေဖယ်ပြီး လိုအပ်တာတွေ ထည့်ထားလို့ရမယ်
အကျိုးမပေးတာ ပေးတာတွေကိုသိရှိပြီး လုပ်ဆောင်နိုင်လာမယ်

မှတ်ဉာဏ်ကို တိုးပွားစေမယ် မိမိကိုယ်ကို ယုံကြည်မှု ရှိစေမယ် ကိုယ့်ဘဝမှာ အကျင့်ဆိုးတွေကို စွန့်လွှတ်နိုင်လာမယ် အကျင့်ကောင်းတွေမွေးမြူလာနိုင်မယ် ဖြတ်ရခက်သော သံယောဇဥ်နဲ့ စွဲလမ်းမှုတွေကို အပြီးတိုင် ဖြတ်လို့ရစေမယ်။
ဒါမှ ကိုယ့်ဘဝကို ပုံဖော်ပြီး အောင်မြင်မှု ရရှိပါလိမ့်မယ်။

ဆရာသိန်းထိုက်စံ
#သင်ကိုယ်တိုင်မဖွင့်နိုင်သောသော့ခလောက်များကိုMasterKeyဖြင့်ဖွင့်ပေးပါရစေ
Success Life by Hypnotherapy
09790863376/09259872958

22/12/2022

ရန်ကုန်နေမိတ်ဆွေအတွက် နှစ်သစ်ကူးကာလမှာ PROMOTION တခုရှိပါတယ်

ဒါကတော့...

အိပ်မွေ့ချကုထုံး ယူလိုသူများ 20% Dic ပေးပါမယ်ခင်ဗျာ Dec23 မှ Dec 30 အထိသာ

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများကိုလည်း အခမဲ့ဆွေးနွေးမှု မိနစ်၃၀ လုပ်ပေးပါမယ် အိပ်မွေ့ချကုထုံးနဲ့ပတ်သက်ပြီးသိချင်ရင်ဖြစ်ဖြစ် မိမိရဲ့စိတ်အကြောင်း ပြောပြဆွေးနွေးခြင်းများ အသေးစိတ်သိချင်ပါက

မနက် ၁၁ နာရီမှ ည ၉အထိ ဖုန်းဆက်တိုင်ပင်ဆွေးနွေး Booking ချိတ်နိုင်ပါပြီ။

09790863376 /09259872958
ဆရာသိန်းထိုက်စံ (အိပ်မွေ့ချကုထုံးပညာရှင်)

Photos from Thein Htike San - Hypnotist's post 01/07/2022

စိတ်အားငယ် ကြောက်ရွံ့ သူတပါးကို အားနာအနစ်နာခံလိုသောစိတ် သံသယများသောစိတ် ကိုယ့်ကိုယ်ကို အားမရသော လူကောင်သေးပေမယ့် နက်နက်ရှိုင်းရှိုင်းအထိ စိတ်ဒဏ်ရာများခဲ့သော Client တဦး ကုသအောင်မြင်ခဲ့....

ဆရာသိန်းထိုက်စံ
Hypnothrapy
စစ်မှန်သောဘဝ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00