Shwe Thonedary Myanmar Thanakha
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Thonedary Myanmar Thanakha, Beauty Salon, Yangon.
01/09/2019
15/09/2014
မင်္ဂလာပါရှင် . . .
ကျွန်မတို့ရွှေသုန္ဒရီ အရည်အသွေးမြင့် မြန်မာ့သနပ်ခါးမှ ရိုသေလေစားစွာ
မိတ်ဆက်လိုက် ပါသည်။ ရွှေသုန္ဒရီ အရည်အသွေးမြင့် မြန်မာ့သနပ်ခါးနှင့်
ပတ်သက်သော အချက်အလက်များကို လူကြီးမင်းနှင့် မိသားစု မိတ်ဆွေများ
သိစေလိုသောဆန္ဒဖြင့် တင်ပြလိုက်ပါသည်။
မြန်မာ့သနပ်ခါးကို နှစ်ပေါင်း ၂၀၀၀တိုင်တိုင် မြန်မာ့ရိုးရာ အလှပြင်
ပစ္စည်းအဖြစ် စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြပါသည်။ ကျွန်မတို့
ရွှေသုန္ဒရီသနပ်ခါးကို သဘာဝအလိုက်ပေါက်သော ၃၅နှစ်အထက်ရှိ သက်ကြီး
သနပ်ခါးပင်များမှ Extract အဆီထုတ်ယူပြီး ခေတ်မှီအရည်အသွေးမြင့်
နည်းပညာသစ် များဖြင့် ပြုလုပ်ဖော်စပ် ထားသောကြောင့် အသားအရေကို
ပျက်စီးခြင်းမရှိဘဲ ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
“ရွှေနှင့်မှားယို အလှတိုး သနပ်ခါးဂုဏ်ရည် ရွှေသုန္ဒရီ” ဆိုသည့် ဆောင်ပုဒ်
အတိုင်း ရွှေသုန္ဒရီ မြန်မာ့ သနပ်ခါးကှို အခေါက်ရွှေစစ်စစ်ဖြင့်
ထည့်သွင်းဖော်စပ်ထားသောကြောင့် ရွှေနှင့်ပင် အထင်မှားလောက်အောင်
ဆိုပြေ၀င့်ဝါသော အသားအရေကို ပိုင်ဆိုင်နိုင်မှာ မလွဲပါဘူးရှင့်။
ကျွန်မတို့ရွှေသုန္ဒရီ အရည်အသွေးမြင့် မြန်မာ့သနပ်ခါးမှာ Day cream ၊ Night
Cream ၊ Gold body lotion ၊ Gold Serum ၊ Gold gel ၊ Loose powder ၊
Cleansing Gel ၊ Moisturizing Cream ၊ Mask powder နှင့် Perfume
အစရှိသော ပစ္စည်းပေါင်း ၁၀မျိုးကို ထုတ်လုပ်ထားပြီး FDA ထုတ်လုပ်ခွင့်
လက်မှတ် ရရှိထားပြီးဖြစ်ပါသည်။ လူကြီးမင်းများ အောက်ဖော်ပြပါ
09-254340593, 09 -43083053, 09-43055309 ဖုန်းနံပါတ်များနှင့်
Website: www.shwethonedary.com , www.Facebook.com/ Shwe Thonedary ကို
ဆက်သွယ်ပြီး သိရှိလိုသော အကြောင်းအရာများကို မေးမြန်းမှာယူ အားပေးနိုင်
ပါသည်။
ရွှင်လမ်းချမ်မြေ့စေပါကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။
ရွှေသုန္ဒရီအရည်အသွေးမြင့် မြန်မာ့သနပ်ခါး
FB ပ်ါမှာ ဆုံခွင့်ရတဲ့ Fri အားလုံး ဝမ်းသာပါတယ် မင်္ဂလာရှိသောနေ့များ ပိုင်ဆိုင်နိုင်ကြပါစေ………
15/08/2014
Thanakha Facial Night Cream သည် သနပ်ခါးအခေါက်၏ အဆီအနှစ်များကို
Vitamin ဖြည့်စွက်၍ စီမံဖော်စပ်ထားခြင်းဖြစ်ပါသည်။Thanakha Facial Night Cream
လိမ်းပေးခြင်းသည် အသားအရေတင်းရင်း လှပစေသော Collagen Elastin နှင့် Keratin
တို့ကို ကူညီအားဖြည့်စေနိုင်ပါသည်။ အစိုဓာတ်ကိုလည်း ကြာရှည်စွာထိန်းစေပါသည်။
Vitamin C ပါဝင်မှုကြောင့် အနက်ပြောက်၊ အမည်စက်နှင့် တင်းတိတ်တို့ကို့ ဖြစ်ပေါ်စေ
သော Melanin ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။ Thanakha Facial Night Cream
ကို ညစဉ်မှန်မှန် လိမ်းပေးလျှင်အသားအရေ အတွင်းပိုင်းအထိ စိမ့်ဝင်ရောက်ရှိကာ ဆဲလ်
သေများကို လျှင်မြန်စွာ ကွာကျစေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို နှိုးဆော်ပေးသောကြောင့်
အသားအရေကို ဖြူစင်ဝင်းလက်စေပါသည်။ သနပ်ခါးတွင် ဘက်တီးရီးယား ပိုးမွှားများကို
သေစေနိုင်သော အာနိသင်ရှိသဖြင့် ဘက်တီရီးယားကြောင့် ဖြစ်ပေါ်သောဝက်ခြံ ထွက်ခြင်း
များကို ကာကွယ်ပေးနိုင်ပါသည်။
ဈေးနှုန်း။ ။ တစ်ဗူး - 20000 ကျပ်
မှတ်ချက်။ ။ facebook မှ မှာယူသူများ မှာယူသည့်ပစ္စည်းနှင့်အတူ Sample
လက်ဆောင်ထုပ်အား အိမ်တိုင်ရာရောက် ပိုဆောင်ပေးပါမည်။
ဆက်သွယ်ရန်ဖုန်း ။ ။ 0973083053
11/08/2014
THANAKHA FACIAL DAY CREAM
Thanakha Facial Day Cream သည် နေရောင်ခြည်ဖြင့် တိုက်ရိုက် ထိတွေ့နေရသော မျက်နှာပြင်ပေါ်သို့ နေရောင်မှ ခရမ်းလွန်ရောင်ခြည် ယူဗီအေ နှင့်ယူဗီဘီတို့ ကျရောက်မှုကို ကာကွယ်ပေးပါသည်။ Thanakha Facial Day Cream သည် နူးညံ့သောခရင်ဖြစ်၍ အသားရေထဲသို့ လျင်မြန်စွာစိမ့်ဝင်နိုင်ပြီး အဆီပြန်ခြင်းမှ ကာကွယ်ပေးပါသည်။ ၄င်:နေရောင်ခြည်များကြောင့်
အသားအရေ ထိခိုက်ပျက်စီးပြီး အသားအရေကြမ်းတမ်းခြင်း၊ အသားအရေတွန့်ခြင်း၊အရေးအကြောင်းများပေါ်ခြင်း၊ လျော့တိလျော့ရဲအသားအရေများဖြစ်ပေါ်မှုကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါသည်။ လေထုညစ်ညမ်းမှု၊ လေပြင်းဒဏ်ခံရမှုကြောင့် အသားအရေပျက်စီးမှုများကို Thanakha Facial Day Cream ကာကွယ်ပေးနိုင်ပါသည်။ သနပ်ခါးတွင် အင်တီအောက်စီးဒင့်များပါဝင်သဖြင့် မလိုလားအပ်သော Free Radicals များကို ဖယ်ရှားပေးနိုင်ပါသည်။ နေ့စဉ် နေရာင်ခြည်ထဲသို့မထွက်ခင်မိနစ် ၂၀ ခန့် ကြိုတင် လိမ်းပေးရပါ မည်။ Thanakha Facial Day Creamကို လိမ်းပေးခြင်းဖြင့်ချွေးပေါက်များ ပိတ်ဆို့စေသော အညစ်အကြေးများကို ကာကွယ် ချေဖျက်ပေးနိုင်ပါသည်။
ဈေးနှုန်း။ ။ တစ်ဗူး - ၂၀၀၀၀ကျပ်
နှစ်ဗူး - ၁၈၀၀၀ကျပ်
မှတ်ချက်။ ။ facebook မှ မှာယူသူများ မှာယူသည့်ပစ္စည်းနှင့်အတူ Sample
လက်ဆောင်ထုပ်အား အိမ်တိုင်ရာရောက် ပိုဆောင်ပေးပါမည်။
ဆက်သွယ်ရန်ဖုန်း - 09 730 83053
08/08/2014
Facebook ဆွေသူငယ်ချင်းများအား အဆင်မြင်ြ့မန်မာသနပ်ခါးကို တစ်ခုခြင်းမိတ်ဆက်ပေးသွားမည့်အပြင် ရင်ခုန်စရာ ပြိုင်ပွဲလေးများပြုလုပ်ပြီး ထိုက်တန်သည် ဆုများချီးမြုင့်သွားမည်ဖြစ်ပါသဖြစ့် ရွှေသုန္ဒရီ မြန်မာသနပ်ခါးသို့ like လုပ်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
