Thai Yai - Hair & Beauty Spa - Yangon
Beauty Spa
02/06/2026
ချစ်ရသူတွေ စိတ်ချလက်ချ အနားယူနိုင်ဖို့ ✨
ဒီရက်ပိုင်း ရာသီအကူးအပြောင်းကြောင့် ပတ်ဝန်းကျင်မှာ တုပ်ကွေးမိပြီး နေမကောင်းဖြစ်တဲ့သူတွေ အရမ်းများနေပါတယ်နော်။ ဒါကြောင့် ချစ်ရသူတွေအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါရှင်။ ❤️
𝐓𝐡𝐚𝐢 𝐘𝐚𝐢 i ကိုလာရောက်သူတိုင်း ဘေးကင်းစိတ်ချစွာအပန်းဖြေနိုင်ဖို့နဲ့ ကျန်းမာလန်းဆန်းစွာ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဝန်ထမ်းတွေကို ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) အပြည့်အဝ ထိုးနှံပေးထားပြီးပါပြီ။ 💉
ဆိုင်ရဲ့ သန့်ရှင်းမှုတင်မကဘဲ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုပါ သေချာဂရုစိုက်ထားတာမို့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ စိတ်ချလက်ချ အနားယူလိုက်ပါနော်။ 🥰
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
24/05/2026
နွေရဲ့ နောက်ဆုံးနေ့ရက်တွေမှာ နေပူဒဏ်ကြောင့် ညှိုးမှိန်သွားတဲ့ အသားအရေကို 15% Off အထူးပရိုမိုးရှင်းနဲ့ ပြန်လည်အသက်သွင်းကြစို့ 💐
နွေရဲ့နေရောင်ဟာ အရမ်းပြင်းလွန်းတော့ ချစ်ရသူတွေရဲ့မျက်နှာမှာ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေ ထွက်လာပြီး ညိုညစ်ညှိုးမှိန်နေပြီလားရှင်။ အပူဒဏ်ကြောင့်ဆုံးရှုံးသွားတဲ့ အစိုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ Thai Yai က Facial Treatment ကို 15% OFF အထူး Discount ပေးမယ့် ရက်တိုပရိုမိုးရှင်းကြီး လာပါပြီနော်။
𝐓𝐡𝐚𝐢 𝐘𝐚𝐢 ရဲ့ Facial Treatment က
- အသားအရေအတွင်းပိုင်းအထိ အညစ်အကြေးတွေကို အမြစ်ပြတ်သန့်စင်ပေးတဲ့ Deep Cleansing
- နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ Repairing
- ရေဓာတ်အပြည့်အဝဖြည့်တင်းပေးပြီး ပြန်လည်ဝင်းပစိုပြေလာစေတဲ့ Moisturizing နဲ့
- မျက်နှာအသားအရေ တင်းရင်းလှပစေဖို့ ကျွမ်းကျင်စွာ နှိပ်နယ်ပေးမယ့် Relaxing တို့ကို တခါတည်းရရှိမှာပါ။
📅 Promotion ကာလကတော့ မေလ (၂၅) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ပဲဖြစ်ပါတယ်ရှင်။
🎁 ဒီ Discount လေးကို အရယူရင်း အပြင်ကအပူတွေကို 𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ ခဏမေ့ထားပြီး လှပတဲ့ကြည်လင်တဲ့ မျက်နှာလေးအတွက် အချိန်ပေးလိုက်ရအောင်လားချစ်ရသူတို့ရေ။ ✨
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
☀️ အပြင်မှာ ရာသီဥတု ဘယ်လောက်ပဲ ပြင်းထန်နေပါစေ။ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ထဲ လှမ်းဝင်လိုက်တာနဲ့ စိတ်လေးအေးချမ်းသွားစေရမယ်။
မေလရဲ့ ပူနွေးစွတ်စိုတဲ့ နေ့ရက်တွေကို 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ဆိုတဲ့ မြို့ပြရဲ့ အိုအေစစ်လေးမှာ ဖြတ်သန်းလိုက်ပါ။
ခြံထဲနဲ့ အခန်းအနှံ့က အပင်စိမ်းစိမ်းလေးတွေ၊ တချက်တချက်ကြားရတဲ့ သာယာတဲ့ရေသံအေးအေးလေးနဲ့ ရာသီပန်းတွေ သင်းပျံ့နေတဲ့ ဒီနေရာလေးက ချစ်ရသူတို့စိတ်လွတ်ကိုယ်လွတ် အနားယူဖို့ အကောင်းဆုံးနေရာပါပဲ။ 🌳
မွန်းကျပ်သမျှတွေကို ဒီစိမ်းလန်းတဲ့ ဝန်းကျင်လေးထဲမှာ ခဏလောက် ထားခဲ့လိုက်ပါနော်။ နွေရာသီရဲ့ နောက်ဆုံးရက်လေးတွေကို အေးမြတဲ့ စိတ်အာရုံနဲ့အတူ ကုန်ဆုံးဖို့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 က ချစ်ရသူတွေကို အမြဲကြိုဆိုနေပါတယ်ရှင်။ ✨
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
18/05/2026
ကိုယ့်ရဲ့နူးညံ့တဲ့ Private Area လေးမှာ သန့်ရှင်းလန်းဆန်းပြီး ယုံကြည်မှုရှိနေစေဖို့ ✨
စိုထိုင်းဆမြင့်လာပြီး ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ မိုးဦးကျရာသီမှာ ချစ်ရတဲ့လေဒီတို့အတွက် အဓိက ဂရုစိုက်ရမှာက Private Area ရဲ့ သန့်ရှင်းမှုပါပဲ။ အမွှေးအမျှင်တွေ အရမ်းသန်နေတဲ့အခါ ချွေးနဲ့ စိုထိုင်းဆကြောင့် အနံ့အသက်ဆိုးတွေ ဖြစ်ရုံတင်မကဘဲ မှိုစွဲခြင်း (Fungal Infection) နဲ့ ယားယံတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန် 𝐁𝐢𝐤𝐢𝐧𝐢 𝐖𝐚𝐱𝐢𝐧𝐠 လုပ်ပေးတာက သန့်ရှင်းမှုအတွက်တင်မကဘဲ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အလှအပရေးရာတခုပါ။
𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ 𝐁𝐢𝐤𝐢𝐧𝐢 𝐖𝐚𝐱𝐢𝐧𝐠 လုပ်ခြင်းရဲ့ အားသာချက်လေးတွေကိုလည်း ချစ်ရသူတွေကိုပြောပြပါရစေနော်။
✅ အရေပြားကို မထိခိုက်စေဘဲ အမြစ်ကနေ သန့်စင်ပေးခြင်း
✅ အနံ့အသက်ဆိုးနဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုကို လျှော့ချပေးခြင်း
✅ အသားအရေကို ပိုမိုချောမွေ့သွားစေပြီး ယုံကြည်မှုတိုးစေခြင်းနဲ့
✅ အမျိုးသမီးသီးသန့် Spa ဖြစ်လို့ လုံခြုံစိတ်ချစွာ အပန်းဖြေနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
🎁 အခုလို ရာသီကူးချိန်မှာ ချစ်ရသူတို့ သန့်ရှင်းလန်းဆန်းနေစေဖို့ 𝐁𝐢𝐤𝐢𝐧𝐢 𝐖𝐚𝐱𝐢𝐧𝐠 ကို အထူးပရိုမိုးရှင်းလေးပါ တပါတည်း လုပ်ပေးလိုက်ပါရစေရှင်။
ဒီအစီအစဉ်လေးကိုတော့ မေလ ၁၈ရက်နေ့ကနေ မေလ၂၂ထိ (၅ရက်တိုင်တိုင်) သတ်မှတ်ထားတာဖြစ်ပြီး 𝐁𝐢𝐤𝐢𝐧𝐢 𝐖𝐚𝐱𝐢𝐧𝐠 တခုတည်းအတွက် 𝟏𝟓% 𝐎𝐟𝐟 အထူး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 လေးပေးသွားမှာပါရှင်။
ကိုယ်တိုင်လည်းသန့်ရှင်းလန်းဆန်းနေဖို့နဲ့ ကျန်းမာရေးအတွက်လည်းစိတ်ချရဖို့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ရဲ့ အတွေ့အကြုံရှိတဲ့ Waxing ကျွမ်းကျင်သူတွေကသေချာဂရုစိုက်ပေးမှာမို့ အခုပဲဖုန်းဆက်ပြီး ကြိုတင်ဘိုကင်လေး ရယူလိုက်တော့နော်။
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
13/05/2026
နေပူတာကတမျိုး၊ တခါတလေမိုးအုံ့ပြီး အိုက်စပ်စပ်ဖြစ်တာကတဖုံ၊ ရံဖန်ရံခါမိုးကလည်းရွာချင်ရွာချလိုက်တာနဲ့ စိတ်ရှုပ်နေပြီလား။
နေကလည်းပူ၊ မုတ်သုံကလည်း ဝင်ချင်သလိုလိုနဲ့ အုံ့မှိုင်းပြီး အိုက်စပ်နေတဲ့ ဒီလိုရာသီဥတုမှာ လူကလည်း ညှင်းသိုးသိုး၊ စိတ်ကလည်း ကြည်လင်မှုမရှိဘဲ ဖြစ်နေတတ်ပါတယ်။ အပြင်က ရာသီဥတုကို ပြောင်းလဲလို့မရပေမဲ့ ချစ်ရသူတွေရဲ့ စိတ်ခံစားချက်ကိုတော့ Thai Yai မှာ လာရောက်ပြောင်းလဲလို့ ရပါတယ်ရှင်။ ✨
အိုက်စပ်စပ်ဖြစ်နေတဲ့ ခံစားချက်တွေကို အေးမြတဲ့ Aircon ခန်းလေးထဲမှာ ခဏလောက် မေ့ထားလိုက်ပါ။
🌿 Body Scrub တိုက်ပြီး အသားအရေကို ကြည်လင်အေးမြသွားစေမလား။
💆♀️ Head Spa ယူရင်း ဦးရေပြားက အပူအောင်းတာတွေကို ဖယ်ရှားမလား။
အပြင်မှာ ဘယ်လိုပဲ ရာသီဥတုတွေပြောင်းလဲနေပါစေ Thai Yai ရဲ့ အေးချမ်းတဲ့ ဝန်းကျင်လေးကတော့ ချစ်ရသူတွေကို မပြောင်းမလဲဘဲ အမြဲတမ်းနွေးထွေးပျူငှာစွာ ကြိုဆိုနေမှာပါရှင်။ 🙆
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
08/05/2026
လာမယ့် မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့ - 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 အတွက် အမေ့ကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေပြီလား။
ပစ္စည်းလက်ဆောင်တွေအပြင် အမေ့ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးမယ့်လက်ဆောင်လေးကို 𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ ပေးလို့ရပါတယ်။ ✨
အမေများနေ့ အထိမ်းအမှတ်အနေနဲ့ (၅) ရက်တိုင်တိုင် ပေးသွားမယ့် အထူး Promotion အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အစီအစဉ်အရ အမေနဲ့အတူ တွဲလာပြီး ဝန်ဆောင်မှုယူသူတိုင်းအတွက် ဘာလုပ်လုပ် 𝟏𝟓% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အပြည့်အဝ ရရှိမှာပါရှင်။
👩❤️👩 ဘယ်သူတွေ တွဲလာလို့ရလဲဆိုရင်တော့ အမေနဲ့သမီးမှ မဟုတ်ပါဘူးနော်။ မိခင်တစ်ယောက်လို ပြုစုစောင့်ရှောက်ပေးခဲ့ကြတဲ့ အဒေါ်တွေ၊ အဘွားတွေနဲ့အတူ တွဲလာတဲ့ ချစ်ရသူတို့အားလုံးအတွက် ဒီ Promotion လေးက အကျုံးဝင်ပါတယ်။
Promotion ကာလကတော့ မေလ (၉) ရက်နေ့ ကနေ (၁၃) ရက်နေ့အထိ (စနေနေ့ ကနေ ဗုဒ္ဓဟူးနေ့အထိ) ၅ ရက်ဖြစ်ပါတယ်။
ကိုယ့်ဘဝအတွက် ကြင်နာနွေးထွေးမှုတွေ အမြဲရှိပေးခဲ့တဲ့ အမေတွေ၊ အဒေါ်တွေနဲ့ အဘွားတွေအတွက် 𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ အတူတူ အပန်းဖြေရင်း အမှတ်တရနေ့လေး ဖန်တီးလိုက်ရအောင်နော်။ 💖
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
02/05/2026
နေကလည်းပူ ညှင်းသိုးသိုးနဲ့ ခေါင်းဘယ်လောက်လျှော်လျှော် အနံ့ဆိုးတွေမပျောက်တာမျိုးဖြစ်နေလား 😮💨
ဘာလို့ ခေါင်းလျှော်လည်း အနံ့မပျောက်တာလဲဆိုရင် 🙎 ဦးရေပြားပေါ်မှာ ပိတ်ဆို့နေတဲ့ဆဲလ်သေတွေနဲ့ ခေါင်းလျှော်ရည်၊ Mask အကြွင်းအကျန်တွေကြောင့်ပါပဲ။ အထူးသဖြင့်တော့ အခုလို ချွေးထွက်များတဲ့နွေရာသီမှာ အဲဒီအညစ်အကြေးတွေက ချွေးနဲ့ရောပြီး အနံ့ဆိုးတွေကိုဖြစ်စေတာပါ။ ဒီလိုဖြစ်လာရင် ခေါင်းလျှော်လည်း ခဏအကြာမှာပဲ အနံ့ဆိုးပြန်ထွက်လာတတ်တာပါ။
✅ ဒါကို ကောင်းကောင်းနားလည်တဲ့ Thai Yai ကတော့ ချစ်ရသူတို့ရဲ့ အခက်အခဲကိုသေချာ ဖြေရှင်းပေးနိုင်ပါတယ်။ Thai Yai မှာ သာမန်ခေါင်းလျှော်ပေးရုံတင်မလုံလောက်သူတွေအတွက် Scalp Exfoliating ကိုလည်း အကောင်းဆုံး Product တွေနဲ့ပြုလုပ်ပေးပါတယ်။
🌿 ဒီလိုပြုလုပ်ပေးတဲ့အတွက်
၁။ ဦးရေပြားပေါ်က ဆဲလ်ဟောင်းတွေနဲ့ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို အမြစ်ပြတ် ဖယ်ရှားပေးပါတယ်။
၂။ ချွေးပေါက်လေးတွေကို ပြန်ပွင့်သွားစေပြီး ဦးရေပြားကို အသက်ရှူရလွယ်ကူစေပါတယ်။
၃။ အနံ့ဆိုးတွေကို အရင်းအမြစ်ကနေ ဖယ်ရှားပေးလို့ ခေါင်းလျှော်ပြီးရင် တကယ့်ကို ပေါ့ပါးလန်းဆန်းတဲ့ ခံစားချက်ကို ရစေမှာပါ။
ဒါကြောင့် လူကြားထဲကိုသွားတိုင်း ခေါင်းနဲ့ဆိုးကြောင့်ယုံကြည်မှုမပျောက်ရအောင် Thai Yai ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🥰
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
30/04/2026
✨ ကဆုန်လပြည့်နေ့ - ဗုဒ္ဓအခါတော်နေ့
☸ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တခုဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူရာနေ့၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခဲ့တဲ့နေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တဲ့နေ့ စတဲ့ ၃ရက်၊ ၃နေ့လုံးက ကဆုန်လပြည့်နေ့တွေမှာလည်းဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီနေ့ဟာ အလွန်အရေးပါတဲ့ နေ့တခုလည်းဖြစ်ပါတယ်။
ဒီရက်၊ ဒီလဟာ အလွန်ပူပြင်းခြောက်သွေ့ပြီး မိုးနည်းရှေရှားတဲ့ကာလလည်းဖြစ်တာမို့ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဗောဓိပင်ကို မညှိုးနွမ်းရအောင် ရေသွန်းလောင်းပူဇော်ကျတဲ့ အလေ့အကျင့်ကြောင့် ကဆုန်ညောင်ရေသွန်းပွဲတော်ဆိုတာ ဖြစ်လာတယ်လို့လည်း မှတ်သားရပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေမှာ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများအပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ကောင်းမွန်တဲ့လိုအင်ဆန္ဒများပြည့်ဝပြီး ဘေးဘယာများကင်းဝေးကြပါစေလို့ Thai Yai ရဲ့မိသားစုများမှ ဆုဆောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ 🙏
ချစ်တဲ့ Thai Yai ❤
#ကဆုန်လပြည့်နေ့
26/04/2026
ပျော်ရွှင်စရာ သင်္ကြန်ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ အသားအရေ ညိုညစ်တာ၊ နေလောင်တာနဲ့ ဆံသားတွေ ကြမ်းတမ်းခြောက်သွေ့တာမျိုး ခံစားနေရပြီလား။
ဒီလိုခံစားနေရတဲ့ ချစ်ရသူတို့အတွက် 𝐓𝐡𝐚𝐢 𝐘𝐚𝐢 မှာ သတင်းကောင်းရှိပါတယ်ရှင်။
✅ ကုန်စျေးနှုန်းတွေ ဘယ်လိုပဲ တက်နေပါစေ။ သုံးစွဲနေကျ ပစ္စည်း Quality တွေကို အရင်အတိုင်း လုံးဝ (လုံးဝ) မလျှော့ဘဲ အကောင်းဆုံးတွေနဲ့ပဲ ဆက်လက်ဝန်ဆောင်မှု ပေးထားပါတယ်ရှင်။
✅ ချစ်ရသူတိုင်း စိတ်အေးချမ်းသာစွာနဲ့ အနားယူနိုင်ဖို့အတွက် ဝန်ဆောင်မှုစျေးနှုန်းတွေကိုလည်း တိုးမြှင့်ခြင်းမရှိဘဲ အရင်စျေးနှုန်းဟောင်းတွေနဲ့ပဲ ရယူနိုင်မှာပါ။
✨ ဒါဆိုသင်္ကြန်အပြီး ဘာတွေလုပ်သင့်လဲ။
💆♀️ Hair Treatment - ရေကြောင့် ကြမ်းတမ်းသွားတဲ့ ဆံသားတွေကို အာဟာရပြန်ဖြည့်ပေးဖို့။
🧖♀️ Body Treatment - နေလောင်ဒဏ်ကြောင့် ညိုညစ်သွားတဲ့ အသားအရေကို ပြန်လည်စိုပြေ ဝင်းပလာစေဖို့။
💆♂️ Head & Body Massage ပင်ပန်းသမျှတွေကို အေးမြတဲ့ Spa ကုတင်ပေါ်မှာ အနားယူဖြေဖျောက်ဖို့နဲ့
အခြားလိုအပ်တဲ့ Services တွေကိုလည်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ရှင်။
ဈေးမတက်သေးဘဲ စိတ်ချရတဲ့ Quality တွေနဲ့အတူ လှပကျော့ရှင်းပြီး အပန်းပြေစေဖို့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ကို အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💖
ချစ်တဲ့ 𝐓𝐡𝐚𝐢 𝐘𝐚𝐢 ❤
𝐓𝐡𝐚𝐢 𝐘𝐚𝐢 - 𝐇𝐚𝐢𝐫 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚
📞 𝟎𝟗-𝟗𝟔𝟐𝟕𝟑𝟗𝟕𝟗𝟎 , 𝟎𝟗-𝟓𝟐𝟔𝟎𝟏𝟐𝟐, 𝟎𝟗-𝟓𝟐𝟑𝟏𝟔𝟒𝟐
🏡 အမှတ် ၈၉၁၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ၆ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
22/04/2026
ယနေ့ကုသိုလ် Part 2 - ဝင်ငွေနည်းအိမ်ထောင်စု ၁၆၀ အတွက် ဆန်၊ ဆီ၊ ကြက်ဥနဲ့ ငါးသေတ္တာဘူးများကို ဝေမျှပေးခြင်း
ဒီလိုမျိုးဝေမျှပေးဖို့အတွက် Thai Yai ကအဖွဲ့သားတွေရဲ့ မြေပြင်ကွင်းဆင်းမှုလေးကနေ စတင်ခဲ့ပါတယ်။ ရပ်ကွက်ထဲတွေထိ သေချာလေးသွားရောက်ခဲ့ပြီး အမှန်တကယ် နွမ်းပါးပြီးလိုအပ်ကြတဲ့ ဈေးဗန်းရွက်သည်တွေ၊ အနှေးယာဉ်လုပ်သားတွေ၊ ဘေးတွဲဆရာကြီးတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ရှာဖွေပြီး ကူပွန်လေးတွေကို အရင်ဆုံးဝေငှခဲ့တာပါ။ အချိန်ကျတဲ့အခါမှ စနစ်တကျ တန်းစီစနစ်နဲ့ ဝေမျှပေးခဲ့ပါတယ်။ 💐
ဒီလိုမျိုး ဝေမျှခြင်းအလှူလေးဟာလည်း အမှန်တကယ်ပီတိဖြစ်စရာကောင်းသလို Thai Yai ကို အစဉ်အမြဲလာရောက်အားပေးတဲ့ ၇ရက်သားသမီးများရဲ့ စုပေါင်းကုသိုလ်ဆိုရင်လည်း မမှားတာမို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါတယ်ရှင်။ 🙏
ချစ်တဲ့ Thai Yai ❤️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No (891), (6) Quarter, 4/6 Byamaso Road, South Okkalapa Township
Yangon
11091
