Nwe Online Shop

Nwe Online Shop

Share

အသားအရေနဲ့ပတ်သတ်တဲ့ အသိပညာဗဟုသုတတွေ ဒီ pagလေးမှာဝေမျှပေးပါမယ်ရှင့်❤

23/01/2024

❌တင်းတိတ် /အမဲစက်/ အမဲကွက်❌လေးတွေမဖြစ်အောင်🙅ကာကွယ်ကြရအောင်နော်❤

22/09/2020

အသားအရေ ထိန်းသိမ်းခြင်း🍂🧡🍀

ဒီနေ့ခေတ်မှာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း(skin care)တွေ အစုံအလင် ထွက်ပေါ်လာပါတယ်။ Skin Care ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်လာသလို ပစ္စည်း အခေါ်အဝေါ်တွေကလည်း မနည်းလှပါ။ serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည်ဖြင့် နာမည် မျိုးစုံနဲ့ ထွက်လာတယ်။ဒီလို ခေတ်နဲ့အပြိုင် ထွက်လာတဲ့ အလှအပပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ဖက်က သေချာနားလည်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ထွက်လာတဲ့ skin care ပစ္စည်းတန်ဖိုးတွေက မသေးလို့ဖြစ်ပါတယ်။

skin care ဥပဒေသအရ ဈေးအကြီးဆုံးပစ္စည်းတိုင်း ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီမယ်၊ တချို့ ပိုဆိုးလာတာမျိုးတောင် ရှိတယ်။ ကောင်းကောင်း အသုံးမပြုတတ်ရင် အာနိသင်လည်း နည်းသွားတတ်သေးတယ်။ ကိုယ်က ဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက် သုံးချင်တာလဲ၊ ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်မလဲ ဆိုတာ သေချာနားလည်ဖို့လိုပါတယ်။ ကိုယ့်အရေပြားကိုယ်သေချာ နားမလည်၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သုံးနေတာလည်း သိပ်မှားတယ်။ အဲလိုမဖြစ်အောင် skin care တွေအကြောင်း အသေးစိတ်နားလည်နေဖို့ လိုပါတယ်။

ဒီနေ့ skin care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို အရင်ဆုံး ဖော်ပြပါမယ်။

မျက်နှာလိမ်းဆေး သုံးစွဲပုံ အဆင့်ဆင့်
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gels တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။ (အများစုက နို့နှစ်ရည်ဖြစ်တယ်)
(၅) ပြီးရင် နေလောင်ကာလိမ်းဆေး sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

(skin care တွေကို အထက်ပါအတိုင်း အစီစဉ်တကျ သုံးပါ။ ယေဘုယျအားဖြင့် အရည်ကြည်တွေကို အရင်သုံးပြီး အရည်ပျစ်တာတွေကို နောက်ဆုံးမှ လိမ်းရမယ်လို့ မှတ်ထားသင့်တယ်)

ညပိုင်းအသုံးပြုနည်း
ညဖက် အရေပြားလိမ်းဆေး သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။ ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ။ အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။ အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။ အကယ်၍ ညပိုင်း bleaching creams(အရောင်ချွတ်ခရင်မ်) တခုခုလိမ်းချင်ရင် မအိပ်ခင် တနာရီလိုမှာ ကြိုလိမ်းထားဖို့ လိုပါတယ်။ ဒါမှသာ မျက်လုံးထဲ မရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

သတိပြုစရာ အချက်များ
(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။ (ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

လိမ်းဆေး ရွေးချယ်နည်း
• skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။
• ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။
• အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။ ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး

19/09/2020

အသားအရည်လေးကိုဘာမှမလိမ်းပဲနဲ့အမြဲကြည်ပြီးလှနေအောင်skincareလုပ်ဖို့အရေးကြီးတယ်နော်

26/08/2020

make up အထူကြီးလိမ်းစရာမလိုဘဲ
ကိုရီးယားမလေးတွေလို
glow skin လေးရချင်တဲ့သူတွေcomment မှာ Hiခဲ့ပါ😍

Photos from Nwe Online Shop's post 25/08/2020

👉👉👉skincare တွေအကြောင်းကို သိသင့်ပါတယ် 🥰

25/08/2020

မင်မင်ကိုယ်တွေ့ဖြစ်ဖူးသလောက် အချက်​လေး​တွေပါ
ဘာမှန်းမသိပဲ breakout ဖြစ်လို့ ထိန်းမနိုင်သိမ်းမရမဖြစ်ခင်
မိမိကိုယ်ကို ဘယ်လိုဖြစ်လဲ ဆန်းစစ်ပေးနော်
အပြုံးလေးများနဲ့လှပ‌နိုင်ကြပါစေ💛
Photo Crd:
☎️09458776868
📨Message Box

21/08/2020

Skin care အကြောင်း ♥📣

တချို့က skin care ကို သေချာမသိကြသေးဘူး
Skin care ကို တခါတလေ မှသုံးလည်း ရတယ်လို့ ထင်နေကြတယ်...

တချို့က အပြင်သွားခါနီးမှ လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့
ထင်နေကြတယ် တကယ်တော့Skin care ကို အမြဲလိမ်းပေးရပါမယ်

နေ့ဘက် မိက်ကပ်လိမ်းတယ်လအလုပ်သွားတယ်
ပြန်လာရင် ညဘက်ရောက်ရင် skin care လုပ်ဖို့ လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ

mask ကပ်တယ်ဆိုတာကလည်း ၁ပတ် ၂ခါ အနည်းဆုံး လုပ်ပေးသင့်ပါတယ်အမြဲတမ်း ပွဲရှိမှ အပြင်သွားမှ skin care လုပ်တာမျိုး mask ကပ်တာမျိုး ကို ဆင်ခြင်ပါ...

တချို့က skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ်

ဆက်လိမ်းလို့ရပါတယ် နောက်ဆို ပျောက်သွားတယ်
တချို့က ဘာမှမထွက်ဘူး ပိုလှလာတယ်

ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်
တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့
Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်...

တချို့ကလည်း ၁ပတ်မှ ၁ရက်သာ skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူး
ပြောကြပြန်တယ်... သေချာတာက သုံးပုံသုံးနည်း
မှားနေလို့ပါ....

မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်
Skin care ကို နေ့တိုင်း လိမ်းပေးရပါတယ်
Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် သုံးပေးရပါမယ်
ရေများများသောက်ပေးရမယ်
အိပ်ရေးမှန်ရမယ်
အစပ်နဲ့ အငံ လျှော့ စားရမယ်

တခုခု ချို့ ယွင်းနေရင်လည်း ဝက်ခြံ နဲ့ ဖုလေးတွေ ထွက်လာနိုင်ပါတယ်
ဒါကြောင့် skin care ကို သေချာလုပ်ပေးကြပါလို့❤️
CRD.

🎖💵Magic Company Direct Muse Distributor

&SkinCare

19/08/2020

My fri ~ နင်ဘယ်လောက်ထိ glowနေလဲ..

Me. ~ 😎🤣

.

Photos from Nwe Online Shop's post 19/08/2020

Skin types and conditions

Basic skin type ကို

(1) Dry Skin
(2) Combination skin
(3) Balanced skin
(4) Oily skin

အစရှိသဖြင့် (၄) မျိုး
သတ်မှတ်ကြပါတယ်။

Skin type တွေ
Skin condition တွေက
External နဲ့ internal factors
တွေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

Skin type ကို....
မျက်နှာသစ်ပြီးရင်ရေမသုတ်ပဲ
တစ် နာရီထား။ 1 နာရီပြည့်ရင်
မျက်နှာရဲ့အဆီပြန်မှုပေါ်မူတည်ပြီး
ခွဲခြားပါ။

ခြောက်ပြီးတင်းနေရင်း Dry Skin
T zone အဆီပြန် ပါးနှစ်ဖက်
ခြောက်နေရင် combination skin
အဆီမပြန်ဘူးဆိုရင် Normal skin
တစ်မျက်နှာလုံးအဆီပြန်နေရင်
Oily skin ပါ။

Dry skin ကိုမှ
ခြောက်တဲ့ rate ပေါ်မူတည်ပြီး
- Dry skin
- Very dry skin
- Extremely dry skin ဆိုပြီးခွဲနိုင်ပါတယ်။

ကိုယ့်ရဲ့ရေသောက်နှုန်း / Climate and Pollution / Medication / Stress နဲ့
လိမ်းတဲ့ပစ္စည်း‌တွေ စတဲ့
Factors တွေပေါ်မူတည်ပြီး
အနည်းနဲ့အများပြောင်းလဲမှုရှိတာကြောင့်
ပုံ‌သေမှတ်မထားဖို့လိုပါမယ်။

ဒါဆို Skin Condition ဆိုတာကရော?

ကိုယ်က Combination skin ပေမယ့်
ရေသောက်နည်းသွားတယ်။
Moisture သေချာမပေးဘူးဆိုရင်
အဖတ်တွေလန်နေတဲ့
အသားခြောက်ပြီး အဆီဖုထွက်တတ်တဲ့
dehydrated skinဖြစ်သွားတတ်ပါတယ်။

အဲ... ကိုယ်က steroids ပါတာမသိဘဲသုံးမိတယ်။ exfoliating (scrubs and peeling)
အဆမတန်လုပ်မိတယ်။
ဒါဆိုအရေပြားပါးပြီး sensitive skin
ဖြစ်သွားနိုင်ပါတယ်။

ဝက်ခြံကလည်း ထိမိတာနဲ့ထွက်
ရာသီမလာခင်ထွက် လာပြီးထွက်
ပျောက်ပြီးရင်ပြန်ထွက်
အဲ့လို skin ကိုကျတော့
Acne prone skin လို့ခေါ်ပါတယ်။

ဒါကို skin condition လို့သတ်မှတ်ပါတယ်။

ကိုယ့်ရဲ့ skin type နဲ့ skin condition
ကိုဘာလို့သေချာသိဖို့လိုတာလဲ?

skin type နဲ့ skin condition ကို
သေချာသိမှသာ

Skin care ရွေးတဲ့အခါ
အချိန်ကုန် ငွေကုန် သက်သာပြီး
မှန်မှန်ကန်ကန် ရွေးနိုင်
အနာနဲ့ဆေး တည့်နိုင်မှာ ဖြစ်ပါတယ်။

Admin ဆိုရင် Oily-Combination acne prone sensitive skin ပါ ")))

ဒီစာကိုဖတ်နေတဲ့ ယူ ရော
သေချာ ခွဲသိပြီလား?
မသိသေးရင် သိအောင်လုပ်ထားပါ။
နောက်ပို့စ်‌တွေမှာ skin type တွေ
အကြောင်း အသေးစိတ် ရှင်းပြချက်တွေနဲ့ skin type အလိုက် ကိုက်ညီတဲ့ Recommendations တွေ
do's and don'ts တွေနဲ့ အတူ
ပြန်လာခဲ့ပါမယ်။

See you....


ိုယ့်အသားအရည်အကြောင်း‌သေချာသိ‌အောင်ဆန်းစစ်မယ်

Want your business to be the top-listed Beauty Salon in Yenangyaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yenangyaung
04161