Htet Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htet, Health/Beauty, Johor Bahru.
13/01/2022
ရင့်ကျက်ပါတော့
မငိုပါနဲ့တော့
ကလေးလည်း မဟုတ်တော့ဘူး
ရင့်ကျက်ပါတော့
အတွေ့အကြုံတွေ ရှိနေပြီပဲ
နားလည်ပါတော့
အချိန်တွေ လွန်ကုန်လိမ့်မယ်
မစောင့်စားပါနဲ့တော့
အရှိကို အရှိတိုင်း လက်ခံသင့်နေပြီ
ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါတော့
အသင့်နေရာမှာ ရှိနေသင့်ပြီနော်
အတိတ်တွေကို အစမဖော်နဲ့ပါတော့
အနာဂတ်ကိုပဲ တည့်တည့်လျှောက်ရမယ်လေ
ကြိုးစားလိုက်ပါတော့
အရာရာတိုင်းကို လက်သင့်ခံနေတတ်သူအနေနဲ့
မေ့ထားလိုက်ပါတော့
မဖြစ်နိုင်တာတွေကို
ရုန်းထွက်လိုက်ပါတော့
လက်ရှိအခြေအနေကနေ
ရုန်းကန်ပြလိုက်ပါတော့
အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ
အပြောတွေ ချန်ခဲ့လိုက်ပါတော့
လက်တွေ့ဆိုတာ ရှိနေတာပဲ
ခြေလှမ်းတွေ အစပျိုးလိုက်ပါတော့
အောင်မြင်ခြင်းကို လက်ဆုပ်ကိုင်ထားနိုင်အောင်လို့ပါ
စိတ်ကူးတွေ စွန့်ပစ်လိုက်ပါတော့
မနက်ဖြန်ဆိုတာ ဘာလဲလို့ သိအောင်လို့လေ
အမှောင်ထဲမှာ မနေပါနဲ့တော့
မျက်လုံးဖွင့် အလင်းကိုမြင်ချိန်တန်ပြီ
တံခါးလေး ဖွင့်လိုက်ပါတော့
သော့တစ်ချောင်း ရှိနေပြီပဲ
အမှန်တရားကို
မြင်အောင်ကြည့်လိုက်ပါတော့
အမှားတွေ မရှိအောင် နေဖို့လေ
အပူမီးတွေ ခပ်ဝေးဝေးမှာ ခေါက်ထားလိုက်ပါတော့.......။
Crd; by original writer✍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Johor Bahru
80000
