Su su Hlaing Online shop Penang

Su su Hlaing Online shop Penang

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su su Hlaing Online shop Penang, Beauty, cosmetic & personal care, Persiaran Southkey 1, Johor Bahru.

30/04/2024

☀️🌞 နေ့ဘက်နဲ့ ညဘက် 🌙✨
ဘယ်လိုသုံးရမလဲ မသိသေးတဲ့သဲလေးတို့ရေ
ပြောပြမယ်နော် 📢📢📢

☀️🌞 နေ့ဘက်မှာဆို
✅ မျက်နှာသစ်
✅တိုနာ
✅စီရမ်
✅မွိုင်ချာ မအိုဆေး
✅နေကာ

ဒီ(၅)မျိုးသုံးပေးရုံနဲ့ တစ်နေကုန် ကြည်ပြောင်ဂလိုးလေးဖြစ်သွားပြီ း💛

✨🌙 ညဘက်ပိုင်းမှာဆို
✅ မိတ်ကပ်ဖျက်ဆေးနဲ့ နေ့ဘက်မှာလိမ်းထားသမျှတွေ ဖျက်မယ်
✅မျက်နှာသစ်
✅တိုနာ
✅စီရမ်
✅မွိုင်ချာ

ဒီ (၅) မျိုးသုံးပေးဖို့လိုပါမယ်

နေ့စဉ်သုံးပေးခြင်းဖြင့် အမဲစက် တင်းတိတ်အရေးကြောင်းကင်းပြီး
အရွယ်တင်နုပျိုမှုကို ရစေပါတယ် 💕💕


#မလေးရှား

30/04/2024

စျေးပြန်ရောင်းတော့မယ်
လိုတာရှိမေးကြပါ😘

Photos from Su su Hlaing Online shop Penang's post 10/12/2023

GN

09/12/2023

ပထဆုံးလစာ
အကြွားပိုစ်😉

Photos from Su su Hlaing Online shop Penang's post 09/12/2023

အိပ်ယာနိုးရင်
စားရမယ်အသိနဲ့
GN😘

05/10/2023

🌿🌿ပြုံးနေတိုင်း🌿🌿

တချို့က
အဆင်မပြေမှုတွေကို
​အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
အခက်အခဲတွေကို
​အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
နာကျင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ပူလောင်မှုတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
စိတ်ညစ်စရာတွေကို
​အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ကျရှုံးခြင်းတွေကို
အပြုံးလေးတွေနဲ့ ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့က
ဝမ်းနည်းခြင်းတွေကို
အပြုံးလေးတွေနဲ့ဖုံးကွယ်ပြီး
ဘဝကို ရပ်တည်ပြီးနေထိုင်ကြတယ်

တချို့လူတွေ
သိပ်ပြီးသနားဖို့ကောင်းတယ်
ဟန်ဆောင်အပြုံးတွေနဲ့
ဘဝကို ရပ်တည်ပြီးနေထိုင်ကြရတယ်

ဒါကြောင့်
ပြုံးနေတိုင်း
အဆင်ပြေနေတယ်လို့ မထင်လိုက်ပါနဲ့

ပြုံးနေတိုင်း
ပျော်နေတယ်လို့ မထင်လိုက်ပါနဲ့🌼🌼🌼

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

16/09/2023

ဘယ်နာကျင်မှုကိုမှ ခံနိုင်ရည်ရှိမနေတော့တဲ့အခါ ...

တော်​ပြီလေနော် ... အများကြီး အလိုက်သိပေးခဲ့သလို အများကြီး သည်းခံခဲ့ပြီးပြီပဲ ... နောက်ထပ် ဘယ်လိုဒဏ်ရာမျိုးကိုမှ လက်ခံဖို့ အင်အားတွေရှိမနေတော့တဲ့အခါမှာ ဘယ်လိုအရာကြောင့်နဲ့ပဲဖြစ်ဖြစ် ပေါက်ကွဲဖို့ ၀န်လေးနေမိတော့မှာ မဟုတ်ဘူး ... စာနာပါတယ်ဆိုတဲ့ စကားက ပြောဖို့လွယ်ပါတယ် ကိုယ်ခံစားရတာတော့ ကိုယ်ကိုယ်တိုင်ပဲ သိရတတ်သလို ကိုယ်ကိုယ်တိုင်ပဲ နာကျင်ရတာပါ ။

တစ်ခါတစ်လေမှာ ဒီလောက်လေးနဲ့ ဒီလောက်ဖြစ်ဖို့ လိုလို့လားဆိုတဲ့ စကားတွေနဲ့ စကားနာထိုးတတ်ကြတယ် ... တကယ်တမ်းကျတော့ အဲ့လောက်လေးတွေ အများကြီးကို အရင်ကတည်းက သည်းခံခဲ့တာမို့ တင်းပြီး ပြည့်ကျက်နေတဲ့ နှလုံးသားက ဘာမှ နောက်ထပ် ထပ်ဖြည့်လို့မရတော့အောင် ပြည့်လျှံနေခဲ့ပြီးသားမို့ပါ ။ ဒီတစ်ခါလေး ဒီတစ်ကြိမ်လေးဆိုတဲ့ စကားတွေကိုလည်း တော်စေချင်ပြီ အဲ့ဒါတွေက တစ်ကြိမ်တည်း တစ်ခါတည်းတွေ ဟုတ်မနေတော့ဘူးလေ ... ကိုယ်က ခွင့်လွှတ်ပေးလိုက်ရင် နောက်တစ်ကြိမ်ထပ်မှားလို့ရတယ်ဆိုတဲ့ အတွေးပဲရှိနေတဲ့ လူတစ်ယောက်ကို နောက်တစ်ကြိမ် ဘာအတွက် ခွင့်လွှတ်ပေးနေရဦးမှာလဲ ။ ကိုယ်က နားလည်ပေးလိုက်ရင် သူဘာမှ မပြောရဲပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ်နားလည်ပေးလိုက်တာပဲ အဖတ်တင်တာမျိုးလေ ။

တော်ရုံတန်ရုံဆို မျိုသိပ်ထားတတ်တဲ့ ကိုယ်က ... ​နာကျင်ပြီဆိုတဲ့အခါ စကားတွေ အများကြီးပြောမိလိမ့်မယ် ။ စကားတွေပြောရင်လည်း ဆက်ဆံရေးတွေ အရာရာက ပျက်စီးသွားနိုင်လောက်တဲ့အထိ စကားအကုန်ထိ ပြောမိချင် ပြောမိသွားလိမ့်မယ် ။ ဒါပေမယ့် တစ်ခုတော့ သိထားပေးပါ ။ ဒီလောက်လေးကြောင့်ပဲ သည်းသည်းလှုပ်ဖြစ်ပြနေတာ မဟုတ်သိသလို ဒီအရာလေးကြောင့်ပဲ အများကြီး ပေါက်ကွဲနေခဲ့တာမဟုတ်ဘူး ။ လေတင်းနေအောင်ဖြည့်ထားတဲ့ ပူပေါင်းလေးကွဲဖို့ အပ်တစ်ထောက်စာလေးပဲ လိုသလိုပေါ့ ...နာကျင်မှုသေးသေးလေးကအစ လက်သင့်မခံနိုင်တော့အချိန် ရှိသမျှ ခံနိုင်ရည်တွေ ကုန်ဆုံးသွားတဲ့အချိန်မှာ ဘယ်အရာကြောင့်မဆို ပေါက်ကွဲသွားနိုင်ပါတယ် ။

ဒီရက်တွေမှာလေ ... မပျော်ရရင်လည်း ဖြစ်သေးတယ် မငိုစေမယ့် နေရာတစ်ခုလေးပဲလိုတာပါ ... စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူမို့ စိတ်တွေမှ ပျော်မနေရင် တစ်နေ့လုံး ဘာမှ ပျော်စရာရှိမနေတတ်တာမျိုးပေါ့ ... အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနေတဲ့ရက်တွေမှာ ဘယ်ဒဏ်ရာကိုမှ ခံနိုင်ရည်ရှိမနေတော့တာပါ ။ ပျော်စရာတွေ သယ်မလာချင်နေပါစေ ... ဒဏ်ရာတွေကိုတော့ ပါဆယ် ထည့်မပေးစေချင်ဘူး ။

#ကျေးကို

Photos from Su su Hlaing Online shop Penang's post 30/07/2023

မဂ်လာနံနက်ခင်းလေးပါ🌸🌸🌸🌸

🙏စိတ်ကြည်လင်လန်းဆန်းစွာနဲ့နိုးထနိုင်ပီး

🙏၇ရက်သားသမိီးများအားလုံးကျန်းမာကြပီး

🙏လာဘ်လာဘတွေပွင့်လန်းကြပါစေ

🙏ကောင်းမှုတခုနေ့စဥ်ပြုနိုင်ကြပါစေ

🙏အလုပ်ကိုင်တွေလည်းအဆင်ပြေကြပ််ိီး

🙏ကဒ်ကြီး၃ပါးမှလည်းကျော်လွားနိုင်ကြပါစေ 🙏🙏🙏🙏🙏🙏

Photos from Su su Hlaing Online shop Penang's post 28/07/2023

🙏🙏🙏
အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။
💵💰💵💵💰💵💵💰💵💵

ဤစာဖတ်နေသောသူသည်
ဤနေ့ဤချိန်မှ စ၍ဘေးရန်ကင်းပါစေ။စိတ်ဆင်းရဲကင်းပါစေ။ကိုယ်ဆင်းရဲလဲကင်းပါစေ။ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့်ဘာသာ သာသနာအကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ🙏🙏🙏

27/07/2023

လူတစ်ယောက်
ကံဆိုးတယ် ကံကောင်းတယ်ဆိုတာ
သူထားတဲ့ သူတပါးမြင်နိုင်ခဲတဲ့
စိတ်နဲ့ တိုက်ရိုက်ဆက်နွယ်တယ်

ကံဆိုတာ ကိုယ်ဖန်တီးခဲ့တဲ့အရာတွေပါပဲ

အေးမြမေတ္တာအရှင်သောဘန

26/07/2023

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။
🙏🙏🙏🙏🙏

23/07/2023

တစ်ချို့လူတွေက
ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ်
အဲ့ဒီအခြေအနေကို
စိတ်ဓာတ်ပျော့ညံ့တယ်လို့
မထင်လိုက်နဲ့…

စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း
မတွေးနဲ့
သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို
မထိခိုက်စေချင်လို့
ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။

အဲ့ဒီ လူတွေ ဟာအရာရာကို
ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ်
အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင်
သေချာတယ် အဲ့ဒီ လူဟာ
သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ်
သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ
အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့
သတ်မှတ်လို့ရတယ် ။

တနည်းပြောရရင်တော့
လစ်လျူရူဖို့ကြိုးစားလိုက်တာ
ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။

ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ
စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။

Want your business to be the top-listed Beauty Salon in Johor Bahru?
Click here to claim your Sponsored Listing.

Website

Address


Persiaran Southkey 1
Johor Bahru
80150