Salai Kham Paing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Salai Kham Paing, Kuala Lumpur.
17/04/2026
26/10/2025
CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ
===========
ကီမိုမီဒီယာ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်ရှိ (၁၀) မိုင်ကုန်း မင်္ဂလာဆောင်ပွဲတစ်ပွဲကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်မှုကို နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင်း NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မောင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် CDF-Kanpetlet ရဲမေတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့ဝင် “CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ပွဲနေရာကို ဗုံးကြဲသွားတာပါ။ သေဆုံးသူလေးဦးရှိပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းပါဘူး။ တကယ်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
"စစ်ချုပ်ရဲ့ မင်္ဂလာပွဲကို လာကြဲတာပါ။ ဖိတ်စာက အဲ့လိုဖြစ်မှာစိုးလို့ လိပ်စာတောင်မထည့်ဘူး၊ ဟိုရောက်ပြီး တစ်နေရာပြောင်းပြီး သွားကျင်းပကြတာတောင် ဖြစ်သွားတာ။ တကယ့် အတွင်းသတင်းပေးကြောင့်လို့ ယူဆရတယ်" လို့ နယ်မြေခံတစ်ယောက်က ပြောပါတယ်။ ဒဏ်ရာရသူများထဲတွင်လည်း ၅ ဦးခန့်မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပြီး၊ အချို့ကို အနီးအနားရှိ ဆေးကုသခန်းများသို့ကုသနေကြသည်ဟု ဆိုသည်။
ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းနှင့် မတမ်မြူးမံတို့၏ မင်္ဂလာအခမ်းအနားဖြစ်ပြီး၊ ၎င်းအခမ်းအနားသို့ ULA/AA တပ်မှူးတချို့နှင့် ချင်းတော်လှန်ရေးတပ် နှင့် ယောတော်လှန်ရေးတပ်မှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် CDf-Kanpetlet စစ်ဦးစီးချုပ် ဇနီးမောင်နှံ ထိခိုက်မှုရှိမရှိ မသိရသေးသလို တပ်ဖွဲ့အနေနဲ့ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ပုံစာ− CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲ ဖိတ်စာ
#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။
26/10/2025
10/10/2025
အလိုချင်းဝတ်စုံလေး လှတယ်
17/09/2025
ACR ရုံးနှစ်ရက်ပိတ်မည်ဖြစ်ကြောင်းအသိပေးခြင်း
**********************************************
ACRရုံးကိုအရေးကြီးကိစ္စကြောင့်အောက်ပါအတိုင်းတစ်ရက်ကိုနေ့ဝက်ဖွင့်ပြီးနောက်နှစ်ရက်ပိတ် မည်ဖြစ်ပါသည် -
• ၁၈ စက်တင်ဘာ ၂၀၂၅ (ကြာသပတေး) နေ့ ကို နေ့လည် ၃ နာရီ (3 pm) ထိနေ့တစ်ဝက်ဖွင့်ပြီး
• ၁၉ & ၂၀ စက်တင်ဘာ ၂၀၂၅ (သောကြာ & စနေ) နေ့ နှစ် ရက်ပိတ် မည်ဖြစ်ပါသည်။
သို့သော် နောက်ပတ် တနင်္လာနေ့ (၂၂ စက်တင်ဘာ ၂၀၂၅)မှစပြီးပုံမှန်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
ACR
14/09/2025
မန်ယူတွေ ဆိုက်ကားသမားက ဆိုက်ကားသမားလို အေးဆေး ဆိုက်ကားနင်းနေပါ
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Kuala Lumpur

26/10/2025
26/10/2025
26/10/2025