Beautiful Dream
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautiful Dream, Health/Beauty, Kuala Lumpur.
✌🏻💛🖤✌🏻
25/01/2024
#သတိနဲ့နေတယ်
🧠🧠🧠🧠🧠🧠
ကျနော် ရိုင်းချင်ရိုင်းမယ်
ဒါပေမယ့်...
သူများအပေါ်
မယုတ်မာမိအောင် သတိနဲ့နေတယ်။
ကျနော် ဒေါသထွက်ချင်ထွက်မယ်
ဒါပေမယ့်...
သူများအပေါ်
မကောက်ကျစ်မိအောင် သတိနဲ့နေတယ်။
ကျနော် စိတ်ညစ်ချင်ညစ်မယ်
ဒါပေမယ့်...
စိတ်ဓာတ် ကျမသွားအောင်လို့
သတိနဲ့နေတယ်။
ကျနော် လူတစ်ဖက်သားအပေါ်
ပေးကမ်းထောက်ပံ့လေ့ရှိတယ်
ဒါပေမယ့်...
ကိုယ်ပြန်ရပါစေ ဆိုတဲ့
မျှော်လင့်ချက်မျိုး မဖြစ်မိအောင်
သတိနဲ့နေတယ်။
လောကကြီးမှာ...
ရယူရတာထက် ပေးဆပ်ရတာက
ပိုကြည်နူးဖို့ ကောင်းပေမယ့်...
တချို့သောအရာတွေကျတော့
ကိုယ်ပေးဆပ်သလောက်
အရာမထင်ဘူး ဖြစ်ခဲ့ရတယ်။
ဒါပေမယ့်လည်း...
သင်ခန်းစာရတယ်လို့သာ
သဘောထားပြီး။
ဘယ်သူ့အပေါ်ကိုမှ
အပြစ်မမြင်ဖြစ်အောင်
ကျနော် သတိနဲ့နေတယ်။
"ချစ်ခြင်းအားဖြင့်လေးစားလျက်"
#ညီသုတ
10/01/2024
တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်
ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာ
ကျွန်တော်လိုလားတောင်းတတဲ့ ချစ်ခြင်းမေတ္တာမျိုးသာ မပါခဲ့ရင် တစ်ယောက်ထဲနေသွားဖို့ ကျွန်တော်ရွေးခြယ်မိလိမ့်မယ်
တစ်စုံတစ်ယောက်ရှိနေခြင်းဟာ နွေးထွေးသလို
တစ်ယောက်ထဲရှင်သန်ခြင်းဟာလည်း အေးချမ်းကြောင်း အရွယ်တစ်ခုအရောက်မှာသိလာမိတယ်
ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးပြီး
ဘယ်သူ့ကြောင့်မှ မျက်ရည်ကျရခြင်း မရှိတဲ့ဘဝမျိုးဆိုရင် အထီးကျန်ပါစေဦး မွေ့လျော်မိမှာပဲ
ဘဝက ထင်သလောက် သိပ်မကြာဘူးမဟုတ်လား
ဘယ်သူ့မျက်နှာအရိပ်အခြေမှ ကြည့်စရာမလိုဘဲ လုပ်ချင်သမျှအကုန်လုပ်နိုင်တာလည်း ကျွန်တော်သတ်မှတ်တဲ့ နေချင်စဖွယ်လောကပါပဲ။
Crd #
07/01/2024
ဝါသနာနဲ့ ဝမ်းစာဘယ်အရာရွေးမလဲမေးရင်
လူငယ်အများစုမျက်ရည်ဝဲရတယ် လွှင့်ပစ်ခံလိုက်ရတဲ့ဘောကန်ဖိနပ်လေးရယ်/
စိတ်နာနာနဲ့ရောင်းခဲ့ရတဲ့ပြိုင်ဘီးလေးရယ်
ယုံကြည်ရာခြေစုံပစ်ဝင်လို့မရတဲ့
ဘဝထဲအမေ့မျက်နှာလေးပြေးပြေး
ကြည့်ရတယ်......!!
#ပိုင်နေလင်းခန့်
☮🕊👑
06/01/2024
မြို့ပြကြီးမှာနေရတာထက် ဒီလိုအေးချမ်းတဲ့ နေရာလေးမှာပဲ နေချင်တယ်🏡☘🌳💚
04/01/2024
ဘယ်သူ့ကိုမှ မလေးလံစေတဲ့လူအဖြစ်ပဲ
ရှင်သန်ချင်တယ်။
ကျွန်တော့်ကို မလိုအပ်လောက်ဘူးထင်ရင်
ဘယ်လို ဆက်ဆံရေးမဆို
လှည့်ထွက် လာရဲတဲ့ စိတ်မျိုးရှိတယ်။
အဆင်ပြေခြင်း မပြေခြင်း
ပျော်ခြင်း မပျော်ခြင်းတွေက တစ်ကဏ္ဍပဲ
သေချာတာ တစ်ခုကတော့
ကိုယ့်ဖြစ်တည်မှုဟာ
ဘယ်တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေချင်တာမျိုး။
- Lionel Sn
💭 || 4.1.2024
03/01/2024
အချိန်ရရင် ရသလိုတော့
တိမ်တွေကို ငေးကြည့်ချင်တယ်
သီချင်းတွေ ပိုနားထောင်ချင်တယ်
စိတ်ပျော်ရမယ့် အရာလေးတွေကို
လုပ်ကြည့်မယ် အများကြီး ပင်ပန်းခဲ့ရပြီး
ပြီလေ ပင်ပန်းခဲ့ရပြီးပြီ ။
#ခက်နှောင် 🌻🤍
01/01/2024
❤️ ရှိတုန်းလေးတန်ဖိုးထားပါ
တချို့ဝေးကွာခြင်းတွေက ပြန်မဆုံနိုင်ဘူး.....🙂
31/12/2023
တစ်နှစ်ပြောင်းသွားတယ်ဆိုတာ
ကမ္ဘာကြီးအတွက်တော့
တစ်နှစ်ဟောင်းသွားခြင်းပဲမဟုတ်လား …
ငါတို့တွေ
ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ပြုံးခဲ့ကြတယ် ။
ငါတို့တွေ ဖိစီးမှုတွေနဲ့လည်း
မွန်းမွန်းကျပ်ကျပ် မောခဲ့ကြတယ် …
ငါတို့မှာ ဖွင့်ဟပြောနိုင်တာတွေရှိခဲ့သလို
ငါတို့မှာ မျိုသိပ်ပစ်ခဲ့ရတာတွေလည်း များစွာရှိခဲ့တယ် ။
အဲဒီလိုနဲ့ ငါတို့ရဲ့ရှင်သန်ခြင်းတွေဟာ
တစ်နှစ်ကုန်ဆုံးခဲ့ရပြန်တယ် … !!
#ပုရစ်
Click here to claim your Sponsored Listing.
Category
Website
Address
Kuala Lumpur

05/01/2024
05/01/2024