Mr. Myint lin SCM
shopping
31/05/2023
လူရယ်လို့ဖြစ်လာရင်!
သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။
မုန်းတဲ့ လူလည်း ရှိမယ်။
သင့်ကို မနာလိုတဲ့ လူ ရှိသလို .........
ချီးမွမ်းမယ့် သူလည်း ရှိမယ်။
အထင်သေးတဲ့ လူလည်း ရှိမယ်။
ဒါဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင်ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ် နာခံကြိုးစားကြိုးစား
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိူုင်ပါဘူး။
ဒါကြောင့်မို့လို့သူများ အကြိုက်ကို
လိုက်လုပ်ပြီး သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို
လုံးဝ အထိခိုက် မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ် သင့်ပါတယ်။
သိထားဖို့က….....။
သူများ ပါးစပ်ဖျားပေါ်က ” သင် ” ဟာ
ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ….....။
မျက်စိချင်း တူသော်ငြားလည်း .......
အမြင်ချင်း မတူပါဘူး။
နား ချင်း တူသော်ငြားလည်း .......
ကြားပုံချင်း မတူပါဘူး
ပါးစပ်ချင်း တူသော်ငြားလည်း .......
ပြောဆိုပုံချင်း မတူပါဘူး။
ဦးနောက်ချင်း တူသော်ငြားလည်း .......
အယူအဆချင်း မတူနိုင်ပါဘူး။
လူချင်း တူသော်ငြားလည်း .......
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။
ဒီအတွက်ကြောင့်….....။
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန် .......
နားလည်တဲ့ လူနဲ့ တွေ့ဦးမှ။
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် .......
ကျေးဇူးတင်တတ်တဲ့ လူနဲ့ တိုးဦးမှ။
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား .......
ယုံကြည်မှုရှိတဲ့ လူနဲ့ ဆုံဦးမှ။
သင်ဘယ်လောက်ပဲ နှိမ့်ချနှိမ့်ချ .......
တန်ဖိုးထားတတ်တဲ့ လူနဲ့ ကြုံဦးမှ။
နောက်ဆုံးတော့….....။
သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။
သင့်ကို လူတွေဘယ်လောက် ချစ်တယ် ခင်တယ်ပဲ ဆိုဆို သူတို့နဲ့
အဆင်မပြေတဲ့ အချိန်မှာ သင်ဟာ သူတို့ရဲ့ ရှုံ့ချဝေဖန်မှုတွေနဲ့
ရင်ဆိုင်ရလိမ့်မယ်။
ဒါ့ကြောင့် .......။
သင့်အလုပ်ကိုသာ သင် ဆက်လုပ်ပါ။
သင့် အနာဂတ်သည် .......
သင်ကိုယ်တိုင်ပင်ဖြစ်သည်။
အားလုံးကို ကျေးဇူးးတင်ပါတယ်။
စေတနာ မေတ္တာဖြင့်..........။
Credit
16/02/2023
"ကျွန်တော်ကြိုးစားရဦးမယ်"
ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။
လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။
လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။
Credit
14/11/2022
"အသက်သုံးဆယ်အရွယ်မှာစတင်ရမယ့်အရာများ"
===========================
အသက် ၃၀+ ဆိုတာဘဝရဲ့ ငါးပုံနှစ်ပုံခန့်ကို ဖြတ်သန်းပြီးစအရွယ်ဖြစ်ပါတယ် နုပျိုမှုနဲ့ ဘဝအတွေ့အကြုံ ဥာဏ်ပညာရင့်ကျက်မှု သမမျှတတဲ့အရွယ်ပါ။ ဒီအရွယ်မှာလိုက်နာသင့်တဲ့ အချက် ၁၉ ချက်ကို Brightside ဆိုတဲ့ website က ဆောင်းပါးတစ်ခုကနေ ကျနော် နားလည်သလောက်ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ ၃၀ ပြည့်စ၊ ကျော်စ သူငယ်ချင်းတွေဖတ်ဖို့ပါ
၁။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်သူဆိုရင်လည်း ချက်ချင်းဖြတ်ဖို့ကြိုးစားပါ။
ပိုက်ဆံကုန်တယ်၊ အနံ့ဆိုးတယ်၊ ရောဂါရဖို့ ၁၀၀ ရာခိုင်နှုန်းပြည့်သေချာတယ်။ ဆေးလိပ်သောက်တာကို ခုပဲရပ်လိုက်သင့်ပါပြီ။
၂။UV ခရင်မ်လိမ်းပါ
သင့်ရဲ့အသားအရေမှာ နေလောင်ဒဏ်တွေ၊ မှဲ့ခြောက်တွေ အဖုအပိန့်တွေမဖြစ်ချင်ဘူးဆိုရင်တော့ UV ခရင်မ်တစ်ခုခုကိုစလိမ်းဖို့လိုပါပြီ။
၃။ ပိုက်ဆံ စစုပါ။ နည်းတာများတာ ပဓာနမဟုတ်ပါ။
ပျင်းစရာကောင်းတဲ့အကြံပြုချက်ကြီးလို့ထင်စရာပါ။ ဒါပေမယ့် အသက်သုံးဆယ်နောက်ပိုင်းမှာ ကိုယ့်ရှိတဲ့ဝင်ငွေထဲက နည်းနည်းဖြစ်ဖြစ် စုဆောင်းထားတတ်တဲ့အကျင့်လုပ်ထားခြင်းဟာ အနာဂတ်အတွက် အာမခံချက်တစ်ခုကိုတည်ဆောက်နေခြင်းပါပဲ။
၄။ မိဘတွေ၊ မောင်နှမတွေနဲ့ဆက်ဆံရေးကောင်းကို တည်ဆောက်ပါ၊ မကောင်းရင်ပြင်ဆင်ပါ။
သင့်မိဘတွေ၊ မွေးချင်းတွေနဲ့ သင့်ရဲ့ဆက်ဆံရေးဟာ ရှုပ်ထွေးတယ်၊ အဆင်မပြေဘူးဆိုရင်တောင် သူတို့တွေနဲ့လိုက်လျောညီတွေဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။ မိသားစုသံယောဇဉ်ဆိုတာ ဘဝမှာအင်မတန်ကိုအရေးပါပါတယ်။ မိသားစုဆိုတာ သင့်ဘဝမှာ တန်ဖိုးအကြီးဆုံးအရာဆိုတာ အနှေးနဲ့အမြန်ဆိုသလို သင်သိလာပါလိမ့်မယ်။
၅။ ရုပ်ဝတ္ထုပစ္စည်းတွေအစား အမှတ်တရတွေကိုစုဆောင်းသိမ်းဆည်းပါ။
ဘဝတစ်ခုဆိုတာ အတွေ့အကြုံတွေ အမှတ်တရတွေနဲ့တည်ဆောက်ထားတာပါ။ အသက် ငါးဆယ်လောက်ကျမှ "ငါ့ဘဝမှာ ရုပ်ဝတ္ထုပစ္စည်းတွေပဲစုဆောင်းမိခဲ့ပြီး အမှတ်တရဆိုလို့ဘာမှမရှိ၊ ဗလာနတ္ထိဘဝကြီးပါလား" ဆိုပြီးနောင်တမရချင်ပါနဲ့။ အမှတ်တရဖြစ်ရပ်တွေဆိုတာ ဟောင်းသွားလို့ တန်ဖိုးကျတယ်တို့၊ မီးလောင်လို့ပျက်စီးသွားတယ်တို့ လုံးဝမရှိပါဘူး။
၆။ လောကကြီးကို တစ်ခုခုပြန်ပေးဖို့ကြိုးစားပါ။
သူတပါးအကျိုးကိုဆောင်ရွက်လိုက်ရခြင်းကြောင့် မိမိကိုယ်မိမိ လူကောင်းတစ်ယောက်အဖြစ် ထင်မြင်လေးစားမှုရရှိစေပါတယ်။ ဒါပေမယ့် သူတပါးအတွက်ပေးကမ်းဆောင်ရွက်တဲ့အခါ ဘာအကျိုးအမြတ်ကိုမှမမျှော်ကိုးဖို့နဲ့ တကယ့်ရင်ထဲနှလုံးထဲက လှိုက်လှိုက်လှဲလှဲဆောင်ရွက်ဖို့တော့လိုပါလိမ့်မယ်။
၇။ အားကစားလိုက်စားပါ။
သွက်လက်တဲ့ဘဝပုံစံမျိုးကို အခုပဲစတင်တည်ဆောက်လိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းရဲ့အကျိုးကျေးဇူးကို သင့်အသက် ငါးဆယ်ဝန်းကျင်ကျရင် သိသိသာသာခံစားရပါလိမ့်မယ်။ ကိုယ်အလေးချိန်ကို ထိန်းပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ရမယ့်အရွယ်ရောက်လာပါပြီ။
၈။ ဘဝမှာရောင့်ရဲတတ်ဖို့ လေ့ကျင့်သင်ယူပါ။
တစ်ကိုယ်ရေပျော်ရွှင်မှုဆိုတာ လူသိများပြီးကမ္ဘာကျော်တဲ့အောင်မြင်မှုတွေထက်ပိုအရေးကြီးပါတယ်။ ကိုယ့်မှာရှိသမျှလေးနဲ့ရောင့်ရဲတတ်တဲ့အတွက်ကြောင့် မီလီလျံနာကြီးမဖြစ်ပေမယ့် ပျော်ရွှင်တဲ့လူသားတစ်ဦးတော့ဖြစ်စေမှာသေချာပါတယ်။ မီလီလျံနာသူဌေးကြီးဖြစ်လာရင်လည်း အောက်ခြေမလွတ်တဲ့၊ ဘဝကိုပျော်ရွှင်ကျေနပ်မှုရတဲ့ သူဌေးကြီးဖြစ်လာပါလိမ့်မယ်။
၉။ ဘဝရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့ အချိန်မစောင့်ပါနဲ့တော့။
အိမ်တစ်လုံးလောက်ဝယ်ချင်နေလား ? အိမ်ထောင်ပြုပြီး သားသမီးတွေယူဖို့စိတ်ကူးနေလား? စာအုပ်တစ်အုပ်လောက်ရေးချင်နေလား ? မဟာဘွဲ့တစ်ခုခုယူဖို့စိတ်ကူးနေလား? အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်တစ်ခုစချင်ပြီလား ? တူရိယာတစ်ခုခု တီးမှုတ်တတ်ဖို့ လေ့လာချင်နေလား? ကိုယ်ပိုင်လုပ်ငန်းတစ်ခုထောင်ချင်နေလား? ဒီနေ့ပဲ သင့်အိမ်မက်ကိုအကောင်အထည်စဖော်ပါတော့။ "တစ်နေ့နေ့တော့စကိုစမယ်ကွ" ဆိုပြီး နေ့ရွှေ့ညရွှေ့လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် သင့်အသက်သုံးဆယ်နောက်ပိုင်းရောက်လာရင် အချိန်ကအရင်ကထက်အကုန်မြန်တော့မှာ။ ဟိုလှည့်သည်လှည့်နဲ့ လေးဆယ် ငါးဆယ် ရောက်သွားမှာ။ သင့်အိမ်မက်တွေကို မဖြစ်မနေစတင်ရမယ့်အချိန်ဟာ သည်နေ့ သည်ချိန်ပါပဲ။
၁၀။ အိပ်ရေးဝဝအိပ်ပါ။
အလင်းရောင်စူးစူးတွေမရှိတဲ့၊ မှောင်ပြီးတိတ်ဆိတ်တဲ့ အခန်းမှာ အေးအေးချမ်းချမ်းအိပ်စက်ပါ။ အိပ်ယာထဲမှာ ဖုန်းမပွတ်ပါနဲ့။ အိပ်ပျော်ဖို့ခက်ခဲပါလိမ့်မယ်။ အိပ်ချိန်နဲ့ ထချိန်ကို သတ်သတ်မှတ်မှတ်လုပ်ထားပြီး အချိန်မှန်အိပ်၊ အချိန်မှန်ထဖို့ လေ့ကျင့်ပါ။
၁၁။ သွားကျန်းမာရေးကိုဂရုစိုက်ပါ။
သွားဆေးခန်းမှာ သင့်သွားနဲ့ခံတွင်းကိုအခုပဲစစ်ဆေးပါ။ ပျက်စီးနေတာတွေရှိရင်အခုကတည်းကပြင်ဆင်ဖာထေးလိုက်ပါ။ သွားကျန်းမာရေးဆိုတာ ဂရုမစိုက်ပဲထားရင် သူ့ဟာသူပြန်ကောင်းသွားတယ်လို့ ဘယ်တော့မှမရှိပါဘူး။ ပိုဆိုးလာဖို့ပဲရှိပါတယ်။ သွားနဲ့ပတ်သက်တဲ့ကုသမှုတွေက စျေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် မကုမဖြစ်အခြေအနေကျမှ ဆေးခန်းသွားရင် အဆပေါင်းများစွာပိုကုန်သလို ပိုလည်း နာပါလိမ့်မယ်။
၁၂။ စူးစမ်းလေ့လာပါ၊ ခရီးထွက်ပါ။
အိမ်ထဲကနေထွက်ပြီး ခရီးတွေသွားဖို့ ခုပဲပြင်ဆင်ပါတော့။ သင်သွားနိုင်သမျှ ဝေးဝေးနဲ့ သင်တတ်နိုင်သမျှ ထူးခြားဆန်းပြားတဲ့ နေရာတွေဆီကို ခရီးထွက်ပါ။ ဓာတ်ပုံတွေအများကြီးရိုက်ပါ။ စွန့်စွန့်စားစားသွားရမယ့်နေရာတွေအထိသွားပါ။ ဖြစ်နိုင်ရင်တော့ သင်နဲ့အရင်းနှီးဆုံးသူတစ်ယောက်ကိုခရီးဖော်အဖြစ် ခေါ်သွားပါ။ ဘဝမှာ ကြီးမားတဲ့အမှတ်တရတွေ ဖန်တီးလိုက်ပါ။ သင်အသက်ကြီးလာတဲ့အခါ ဒီခရီးတွေအကြောင်းပြန်တွေးပြီး ပြုံးနေပါလိမ့်မယ်။
၁၃။ ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပါ။
သင့်မှာပိုက်ဆံတွေရှိလွန်းလို့ တစ်ကမ္ဘာံလုံးကိုဝယ်ရင်ဝယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ဝယ်ယူလို့မရပါဘူး။ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေကို အသက်သုံးဆယ်ကနေစပြီး ရှောင်ရှားပါ။
၁၄။ တစ်နှစ်ကို အနည်းဆုံး စာအုပ် ဆယ်အုပ်တော့ဖတ်ဖြစ်အောင်ဖတ်ပါ။
လူတစ်ကိုယ်လုံးမှာ သေတဲ့အထိဖွံ့ဖြိုးကြီးထွားနိုင်တဲ့အရာဟာ သင့်ရဲ့ဥာဏ်ပညာသာဖြစ်ပါတယ်။ ဦးနှောက်ကြီးထွားဖွံ့ဖြိုးအောင် စာကောင်းပေမွန်တွေနဲ့လေ့ကျင့်ပျိုးထောင်ပေးပါ။
၁၅။ စိတ်လေ့ကျင့်ခန်းတစ်ခုခုကိုသင်ယူလေ့ကျင့်ပါ။
စိတ်တည်ငြိမ်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ အနန္တပါ။ ပြောလို့မကုန်ပါဘူး။ သင့်ဘက်ကရင်းနှီးရမှာဆိုလို့ တစ်နေ့တာရဲ့ အချိန်နည်းနည်းလေးရယ်ပါ။ စိတ်တည်ငြိမ်ရင့်ကျက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတောင် သင့်ရဲ့ပြောင်းလဲမှုကိုသတိထားမိလာကြပါလိမ့်မယ်။
၁၆။ ကိုယ့်ကိုယ်ကို သူများတွေနဲ့နှိုင်းယှဉ်တာမျိုးတွေမလုပ်ပါနဲ့တော့။
သူများတွေကိုယ့်ကိုအထင်ကြီးမကြီးဆိုတာ အရေးမပါမှန်း သင့်အသက် ၅၀ လောက်ကျရင် သင်သိလာပါလိမ့်မယ်။ ကိုယ့်လမ်းကိုယ် ခိုင်ခိုင်မာမာ လျှောက်ပါ။
၁၇။ ဒိုင်ယာရီရေးတဲ့အကျင့်လုပ်ပါ။
ဘဝထဲကအမှတ်တရဖြစ်ရပ်အချို့ဟာ သင်သတိတရနဲ့ ရေးမှတ်ထားတာမျိုးမလုပ်ရင် တစ်ချိန်ကျ မေ့သွားတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဘဝအမှတ်တရလေးတွေစုစည်းရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးကိုပြန်ဖတ်ရတာ ဖျော်ဖြေမှုတစ်မျိုးပဲပေါ့။ Memory stick လေးနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေအားလုံးကိုသိမ်းဆည်းထားပါ။ သင့်ရဲ့အမှတ်တရသိမ်းဆည်းတတ်တဲ့အကျင့်လေးကို သင့်ရဲ့အိမ်ထောင်ဖက် နဲ့ သားသမီးမြေးမြစ်တွေက ကျေးဇူးတင်ကြပါလိမ့်မယ်။
၁၈။ သူငယ်ချင်းတွေအပေါ် ဂရုတစိုက်ရှိပါ။
ကိုယ်နဲ့အသင့်တော်ဆုံး၊ ရင်ဘတ်ချင်းအနီးဆုံး သူငယ်ချင်းကိုရွေးချယ်ပေါင်းသင်းပါ။ သူတို့နဲ့အတူ ဘဝကို နိမ့်မြင့်မဟူ အတူတူဖြတ်သန်းပါ။ သူငယ်ချင်းကောင်းတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့။ အနည်းဆုံးတစ်ပတ်တစ်ခါတော့ အဆက်အသွယ်လုပ်၊ စကားစမြည်ပြောပါ။
၁၉။ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ယူပါ။
လူတော်တော်များများအတွက်တော့ ဒီအရာဟာ လက်ရှိအခြေအနေအရမလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် တစ်နေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ကိုယ်ပိုင်ဆိုင်တဲ့ အိမ်လေးထဲမှာ အနားယူဖြေဖျောက်နိုင်ဖို့ ရည်မှန်းချက်ထားပြီး တတ်နိုင်သမျှကြိုးစားပါ။ အိမ်တစ်လုံးကို အသက် ၃၀ မှာအရစ်ကျနဲ့ဝယ်ယူနိုင်မယ်ဆိုရင် သင့်အသက် ၅၀ ဆို သင်ဟာ အိမ်ပိုင်ယာပိုင်နဲ့ဖြစ်နေဖို့သေချာသလောက်ရှိပါတယ်။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
01/11/2022
#အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီးဆိုရင် သာမာန် အပင်တွေထက် ပိုသန်မာကြပါတယ်။
#ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ
မဖြစ်နိူင်ဘူးဆိုတဲ့ စကားတွေအောက်မှာ စိတ်ဓာတ်ကျသွားတာထက်
စိတ်နာတတ်အောင်လေ့ကျင့်ယူရမှာပါ။
#ဒီနေ့အဆင်မပြေဘူးဆိုပြီး ပြိုလဲသွားဖို့မလိုပါဘူး
မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိူင်ဖို့ အခွင့်အလမ်းတွေရှိပါသေးတယ် ။
#လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက် အဆင့်အဆင့် သင်ခန်းစာတွေပါပဲ...
မုန်းတိုင်းပြီးရင် လေပြေဆိုတာ လာစမြဲပဲမဟုတ်လား???
#အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ
လူတိုင်းက သန်မာနေလို့ တော့ဘယ်ဟုတ်မလဲ...
လဲကျသွားမှာစိုးလို့ တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။
ဘဝက ခက်ခဲချင် ခက်ခဲမယ် ကြမ်းတမ်းချင် ကြမ်းမယ်
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။
24/10/2022
လူရည်လည် လား ???
လောကမှာ အောင်မြင်ချင်ရည် လူရည်လည်ဖို့ လိုတယ်။
- ကိုယ်နဲ့ တွေ့ဆုံလိုက်တဲ့ သူတွေကို ဘယ်သူက ဘယ်လိုလူစားမျိုးလဲ ခွဲခြားတတ်တာ၊
- တဖက်လူရဲ့ စိတ်ခံစားချက် သိနိုင်စွမ်းရှိတာ၊
- တဖက်လူရဲ့ အနေအထားကို ခန့်မှန်းတတ်တာ၊
- တဖက်လူနဲ့ အချိန်တိုအတွင်း ရင်းနှီးကျွမ်းဝင်အောင် ပေါင်းသင်းတတ်တာ၊
- အခြေအနေပေါ်မူတည်ပြီး ဘယ်အကြောင်းအရာ၊ ဘယ် အသုံးအနှုန်းဟာ ပြောသင့် မပြောသင့် ခွဲခြားတတ်တာ၊
- လူကဲခတ်တတ်တာ၊
- အထူအပါး နားလည်တာ ... ဒါတွေ အားလုံးဟာ လူရည်လည်ခြင်းပါပဲ။
တနည်းပြောရရင် စိတ်စွမ်းအင် မြင့်တဲ့သူတွေ၊ EQ မြင့်တဲ့သူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူကမှ လူရည်လည်နိုင်တာပါ။ သူများကို ဂျလည်ကျတာ၊ ကျော်ခွတာ၊ အနိုင်ကျင့်တာ၊ လိမ်ညာ မတရားလုပ်တာတို့ကို မဆိုလိုဘူးနော်။ လူလည်ကျတာနဲ့ လူရည်လည်တာ မတူပါဘူး။ သူတစ်ပါးအပေါ် ထိခိုက်နစ်နာမှုမပါဘဲ ကိုယ်ပိုင် အရည်အချင်းတစ်ခုအနေနဲ့ အကောင်း လူရည်လည်တာကို ပြောချင်တာ။
များသောအားဖြင့် လူအများနဲ့ တွေ့ဆုံဆက်ဆံရတဲ့ သူတွေဟာ လူရည်လည်တာများပါတယ်။ တချို့လည်း မွေးရာပါ ဗီဇ အရည်အချင်းတစ်ခုအနေနဲ့ လူရည်လည်ကြသလို တချို့လည်း ငယ်ငယ်လေးကတည်းက ကိုယ်ကြီးပြင်းလာရတဲ့ မိသားစုပတ်ဝန်းကျင်ကြောင့် လူရည်လည်သွားကြပါတယ်။ အခုထိ လူရည်မလည်သေးလည်း အားမငယ်ပါနဲ့။ ကျင့်ယူလို့ရပါတယ်။ အတွေ့အကြုံအရလည်း လူရည်လည်သွားနိုင်ပါတယ်။
ကျွန်တော့်အမြင် လူရည်လည်ဖို့ အကောင်းဆုံးနည်းလမ်းက လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ စျေးရောင်းခြင်းပါပဲ။ စျေးရောင်းတယ်ဆိုတာ ပြီးပြီးရော ဆောင့်ကြီးအောင့်ကြီး ဝယ်ချင်ဝယ် မဝယ်ချင်နေ ဆိုပြီး ရောင်းတာကို မဆိုလိုဘူးနော်။ တဖက်လူကို ဝန်ဆောင်မှုပေးပြီး စျေးရောင်းတော်တဲ့အဆင့်အထိ ရောင်းတတ်တာကို ပြောချင်တာပါ။
ရှိသမျှလူတိုင်းလည်း လူရည်လည်စရာ မလိုပါဘူး။ ဒါပေမဲ့ အရည်အချင်း အပိုတစ်ခုအနေနဲ့ လူရည်လည်ထားရင်တော့လည်း ပိုကောင်းတာပေါ့။
ကျွန်တော်ဆိုရင် ငယ်ငယ်က အနေအေးတယ်၊ စကားနည်းတယ်၊ အဆီအငေါ်တည့်အောင် မပြောတတ် မဆိုတတ်၊ လူအများကြီးနဲ့ မပေါင်းတတ်ဘူး။ လည်ဖို့ မပြောနဲ့ တုံးတဲ့ထဲမှာတောင် ပါဦးမယ်။ အလုပ်တွေ လုပ်ရင်း၊ ကားတွေရောင်းရင်းနဲ့မှ လူရည်လည်တဲ့ထဲ မပါသေးပေမဲ့ အရင်ကထက်စာရင် နည်းနည်းလောက် အတုံးသက်သာလာတယ်လို့တော့ ကိုယ့်ကိုယ်ကို သုံးသပ်မိတာပဲ။
ကိုထွဋ်ထိပ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Melaka Pindah
