Htay Htay Myint

Htay Htay Myint

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htay Htay Myint, Health/Beauty, Melaka Pindah.

11/07/2024

"စကားကိုပလီပလာပြောတတ်သူကိုမှ
သူတော်ကောင်းလို့ထင်မှတ်တတ်ကြတဲ့
ဒီခေတ်ကြီးမှာ
"မှန်တာလုပ်ဟုတ်တာပြောနေရင်
ဦးနှောက်ထက်နားကိုဦးစားပေးတတ်တဲ့
လူတွေကြားမှာ
တနေ့မင်းကပဲလူကြမ်းဖြစ်သွားမယ် ။

// MT. Story

08/07/2024

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမည်ဟု စစ်ကောင်စီပြော

ရန်ကုန်၊ ဇူလိုင် ၈

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်က ပြောဆိုလိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ၊ အေဂျင်စီများ ရန်ကုန် Melia Hotel တွင် တွေ့ဆုံစဉ် ထိုသို့ စစ်ကောင်စီဘက်က ပြောဆိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဝန်ကြီးဘက်က ပြောတာက PV နဲ့ အလုပ်ထွက်လုပ်နေတာတွေကို ရအောင်ပိတ်မယ်။ နောက်တစ်ခါ ဟွန်ဒီငွေလွှဲတွေကိုလည်း ရအောင် နှိမ်နင်းမယ်။ အဲဒီနှစ်ချက်ကို အလေးပေးပြီးပြောတယ်" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပြည်ပ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်ရုံ မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လည် လွှဲပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ဖိအားပေးကြောင်း သိရှိရသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကြမည့် အလုပ်သမားများ ပြည်ပမထွက်ခွာမီ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ၏ ဘဏ်များမှတစ်ဆင့် ပြန်လည်ပေးပို့ရန်၊ အခွန်နှစ်ရာခိုင်နှုန်းပေးဆောင်ရန် ဆိုသော စာချုပ်ကို မဖြစ်မနေ ချုပ်ဆို လက်မှတ်ရေးထိုးခိုင်းရန် အေဂျင်စီများကို စစ်ကောင်စီက ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်သော ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ ရှိကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီက အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်။ အကြမ်း ဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ ပုံစံမျိုးဖြင့် ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ်မတ်လအတွင်း ရန်ကုန်လေဆိပ်တွင် ပြည်ပသို့ ထွက်ခွာနေကြသည့် လူငယ်များ။
Khir thit Media

07/07/2024
Want your business to be the top-listed Beauty Salon in Melaka Pindah?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Melaka Pindah