BioFree.Maxvue
Biofree organic Menstrual care products aim to avoid landfills and protect earth by providing sustainable products.
▶️ Watch this video https://www.facebook.com/share/FyCcTKhHrX5u7euJ/?mibextid=0TepDJ
24/02/2024
BioFree Myanmar မှ Organic ထုတ်ကုန်များကို လက်ကားဝယ်ယူပြီး ပြန်လည်ဖြန့်ချီလိုသော အမြို့မြို့အနယ်နယ်မှ ကုန်သည်ကြီးများအတွက် လက်ကားစတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
BioFree မှ ထုတ်ကုန်များသည် 100% Organic စစ်စစ်ဖြစ်လို့ သားအိမ်ခေါင်းကင်ဆာရောဂါအတွက်စိတ်ပူစရာမလိုတဲ့အပြင် Malaysia BioFree ကနေတိုက်ရိုက်တင်သွင်းရောင်းချထားတာကိုမှ United States Code. USDA: United States Department of Agriculture ဆုကိုပါရရှိထားတဲ့အတွက် သုံးစွဲသူပါမက ရောင်းချသူများအတွက်ပါ စိတ်ချယုံကြည်စွာ ရောင်းချနိုင်ပါတယ်။
လက်ကားယူရန် စိတ်ဝင်စားပါက
BioFree Myanmar Offical Page Messenger သို့မဟုတ်
Viber - 09964959559 သို့ ဆက်သွယ်ပြီး အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
20/02/2024
BioFree ရဲ့နေ့စဉ်သုံး Panty Liner နဲ့ပတ်သက်ပြီး အမေးများနေတဲ့အတွက်
လိုရင်းတိုရှင်းလေးတချက်ရှင်းပြပေးပါမယ်။
Panty Liners (နေ့စဉ်သုံး ပတ်ဒ်) ဆိုတာ နေ့စဉ်ကြုံတွေ့နေရတဲ့ အမျိုးသမီးပြသာနာတွေထဲက ဒီလိုအချက်တွေကို ဖြေရှင်းပေးဖို့ထုတ်လုပ်ထားတာပါ။
- အမျိုးသမီးတွေ ရှူးရှူးပေါက်တဲ့အခါ မြန်မာနိုင်ငံမှာတော့ ရေနဲ့ပဲ ဆေးကြပါတယ်။
တစ်ရှူးကုန်နေတာ တစ်ရှူးမရှိတဲ့ အိမ်သာတွေဝင်မိရင် ရေဆေးတာက အတွင်းခံဝတ်လိုက်တဲ့ အခါ အတွင်းခံပါ စိုပြီး နေမထိထိုင်မသာ စိုစိစိကြီးဖြစ်ရော…..
ဒီလို နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေအတွက်လည်း Panty Liners ကိုသာ ခံထားလိုက်ရင် … အတွင်းခံရေစိုသွားတာ မဖြစ်နိုင်တော့ဘူးပေ့ါ။
- နောက်ပြီး တစ်ခါတစ်ရံမှာ ကြုံရတဲ့ ပြသာနာဖြစ်တဲ့ အဖြူဆင်းတာ (တချို့ဆို နေ့တိုင်းအဖြူဆင်းပါတယ်)
အဖြူဆင်းတဲ့အခါ ဘောင်းဘီမှာ အဖြူတွေပေသွားပြီး စိတ်ရှုပ်ရတယ်။ ဒီလိုကိစ္စအတွက်လည်း Panty Liners ကို သုံးလိုက်ရင် အိုခေမှာ စိုပြေ
- နောက်ပြီး ရာသီလာခါနီးရင် .. ရာသီလာမယ့်ရက်ကို အတိအကျမသိရပဲ ခန့်မှန်းပဲသိရတော့ အပြင်သွားနေတုန်းများ ကောက်လာပြီး ပေသွားတာမျိုး ကြုံဖူးကြမှာပါ။ အဲ့လို အခြေနေမျိုးတွေအတွက်လည်း Panty Liners ကိုသုံးပါတယ်။
- ရာသီမလာခင်ပြီးရင် ရာသီ လာပြီးရင်လည်း Panty Liners ကိုသုံးကြပါတယ်။
ရာသီက ပြီးသွားပေမယ့်လည်း တစ်ခါတစ်ရံ အကျန်
ဆင်းတာတွေ (ကန်တော့တယ် လို့လည်း အရပ်
အခေါ် ခေါ်ကြပါတယ်) ဖြစ်တဲ့အခါ ကြိုမသိနိုင်တဲ့ကိစ္စမို့ ရာသီပြီးသွားတဲ့ တပတ်လောက်အထိကို တချို့ကလည်း စွန်းထင်းတာမျိုးတွေ မဖြစ်စေဖို့ ယုံကြည်မှုရှိရှိ တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့လည်း သုံးကြပါတယ်။
ဒီတော့ Panty Liners (နေ့စဉ်သုံး ပတ်ဒ်) က အမျိုးသမီးတွေကြုံတွေ့နေရတဲ့ ပြသာနာတွေကို လွယ်လင့်တကူဖြေရှင်းပေးနိုင်တဲ့ မရှိမဖြစ် အိုအေစစ်လေးဆိုတာ သဘောပေါက်ပြီလို့ မင်မင်ယုံကြည်ပါတယ်။
အကယ်၍ နေ့စဉ်သုံး ပတ်ဒ် ကိုမှ သဘာဝထုတ်ကုန်ကနေထုတ်လုပ်ထားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Premium Quality ကိုမှ အသုံးပြုချင်တယ်ဆို BioFree Myanmar ရဲ့ Panty Liner လေးကို မှာယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
(၂၂.၂.၂၀၂၄) မှာ Panty Liners လေးတစ်ဗူးဝယ်ယူလိုက်တာနဲ့ (5000ks) တန် အပူပေးကပ်ခွါလေး လက်ဆောင်ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့် 💚
20/02/2024
15/02/2024
💚 Happy Valentine’s Day 👱🏻♀️
ချစ်သူရှိတဲ့သူတွေကတော့ ကောင်လေးတွေက လက်ဆောင်ပေးလို့ ပန်းစည်းရကြပေမယ့် ချစ်သူမရှိတဲ့ ဂေါ်မစွံ့အပျိုရီးတို့အတွက် လစဉ်လတိုင်းအတွက် မရှိမဖြစ် BioFree ရဲ့ Organic Products လေးတွေပဲ လက်ဆောင်ပေးလိုက်တော့တယ်နော် 😘
ရည်းစားမရှိတာက ပြသာနာမရှိပေမယ့်
BioFree ရဲ့ Product လေးတွေကတော့ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်မို့ Valentine’s Day မှာ လက်ဆောင်
ပါးလိုက်ပါတယ်ကွယ် 🥰
အမျိုးသမီးတိုင်းဘဝ ကျန်းမာလှစေဖို့ BioFree ကို သုံးကြစို့ …!
07/02/2024
အမျိုးသမီးတစ်ယောက်ရဲ့ တစ်နေ့တာမှာ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းဆောင်တာတွေကို သက်တောင့်သက်သာ လုပ်ဆောင်နိုင်ဖို့ဆိုတာ မျှော်လင့်မထားတဲ့ စွန်းပေးမှုတွေမဖြစ်လာဖို့ လိုအပ်ပါတယ်။
ဒီလိုစွန်းထင်းမှုတွေကနေ တစ်နေ့တာလုံး ခြောက်သွေ့မှုအပြည့်နဲ့ သန့်ရှင်းလုံခြုံစေဖို့ BioFree ရဲ့နေ့စဉ်သုံး ပတ်(ဒ်) ကိုပဲ သုံးဖို့ အကြံပြုလိုက်ပါတယ် 🤎
- စိမ့်ဝင်မှု အားကောင်းခြင်း
- သာမာန် နေ့စဉ်သုံးတွေထက် ပိုရှည်ခြင်း
- ၁၀၀ % သဘာဝကုန်ကြမ်း ကိုသာ အသုံးပြုထုတ်လုပ်ထားခြင်းကြောင့်
- ယားခြင်း၊ ပွန်းခြင်း မရှိ Sensitive သမားများအတွက်ဆိုလည်း အဆင်ပြေ
- ပါးပါးသေးသေးလေးမို့ အိတ်ထဲထည့်သွားရတာလည်း အဆင်ပြေ အိမ်သာသွားတုန်း လက်ကမသိမသာလေးကိုင်သွားလည်း အဆင်ပြေပါတယ်။
မလေးရှားနိုင်ငံရဲ့ ထိပ်တန်း Organic Brand တစ်ခုဖြစ်တဲ့အပြင် Asia Award တွေပါ ရရှိထားပြီး
ကွာလတီကို အဓိက ဦးစားပေး ထုတ်လုပ်ထားတဲ့ BioFree ရဲ့ Panty Liner ကို ဝယ်ယူချင်ရင်တော့ BioFree Myanmar page Messenger ကနေ ဆက်သွယ် မှာယူနိုင်ပါတယ်ရှင်။
အမျိုးသမီးတိုင်းဘဝ ကျန်းမာလှစေဖို့ BioFree Organic Panty Liners ကို သုံးကြစို့ …!
07/02/2024
07/02/2024
ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို ချောကလက်
လက်ဆောင်ပေးမယ်ဆို ချောကလက်နဲ့ အလိုက်ဖက်ဆုံး Pads ကိုပါ တွဲပြီး လက်ဆောင်ပေးကြည့်ပါ။
ဘာလို့ဆို ရာသီလာတဲ့အချိန် မိန်းကလေးတွေမှာ ဟော်မုန်း အတက်အကျတွေကြောင့်စိတ်မငြိမ်တာရော ရာသီလာနေတုန်းမို့စိတ်ရှုတ်ပြီး စိတ်မပျော်တာတွေလည်း ဖြစ်တတ်ပါတယ်။ အားအင်ယုတ်လျော့လွယ်သလို ပင်ပန်းလည်းလွယ်ပါတယ်။ ဒါကြောင့် ရာသီလာတဲ့အချိန်မှာ စိတ်ကိုပျော်ရွှင်အောင် ချောကလက်စားကြတယ်ပေါ့နော်။ အကယ်၍များ ကိုယ့်ရဲ့ချစ်သူကောင်မလေးကို ချောကလက်လက်ဆောင်ပေးရင်း ဘာလေးတွဲပေးရင်ကောင်းမလဲ မသိရင်တော့ ချောကလက်နဲ့အလိုက်ဖက်ဆုံး သဘာဝ ထုတ်ကုန်တွေနဲ့ ထုတ်လုပ်ထားတဲ့ Organic Pads ကိုလက်ဆောင်ပေးကြည့်နော်။ နောက်ပြီး မိန်းကလေးတွေက ရာသီလာရင် ဗိုက်အောင့်တတ်တော့ ချောကလက်+ Pads + ဗိုက်အောင့်ပျောက်စေတဲ့ အပူပေးကပ်ခွါလေးပါ တွဲပြီး လက်ဆောင်ပေးလိုက်နော်။
ချစ်သူလေးအရမ်းပျော်သွားပြီး အရင်ထက် ပိုချစ်လာမယ်ဆိုတာ အာမခံတယ်နော်။ 💚
02/12/2023
ရာသီလာချိန်တိုင်း ဗိုက်အောင့်တတ်သူတို့ရဲ့ မရှိမဖြစ် အိုအေစစ် BioFree ရဲ့ Pain Relief (အပူပေးကပ်ခွာ) လေး
နွေးနွေးလေးနဲ့ သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကြောင့် ရာသီလာတဲ့နေ့တိုင်းကို ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနိုင်ပြီနော်။ 😉
အသုံးပြုရလွယ်ကူတဲ့အပြင်
ဗိုက်တအားအောင့်ချိန် အတွင်းခံပေါ်ကနေ ကပ်ထားလိုက်ရုံနဲ့ ဝမ်းဗိုက်တပြင်လုံးကို အပူဓာတ်ပေးနိုင်တဲ့အတွက် ဝေဒနာကို မိနစ်(၃၀)အတွင်းသက်သာစေပါတယ်။
BioFree Myanmar Page မှာ အားပေးနိုင်ပြီမို့ ရာသီလာချိန်တိုင်း ပေါ့ပါးလန်းဆန်းလိုသူ အမျိုးသမီးတိုင်း တစ်ကြိမ်လောက်တော့ စမ်းသုံးကြည့်ဖို့ မမေ့နဲ့နော်။ ☺️
07/11/2023
ဘယ်လောက်လဲ ...??
ဘယ်နှစ်ခုပါလဲ ...??
ဘယ်လောက်ရှည်လဲ ..?
နေ့စဉ်သုံး Pads (Panty Liner) ကို ဘယ်လိုသုံးရတာလဲ ..?
ကောမန့်မှာတင်မက chat Box မှာပါ အမေးများတဲ့မေးခွန်းလေးတွေကို ဒီနေ့ဖြေပေးပါမယ်။
BioFree ရဲ့ Panty Liner မှာ နေ့စဉ်သုံးလို့ရတဲ့ Pads အခုရေ (၃၀) ပါ တစ်ဗူးကို ၁၇၈၂၂ ကျပ်နဲ့ တစ်ခုချင်းပြန်ပြီးတွက်ရင် တစ်ခုမှ ၅၉၄ကျပ်ပဲ ကျသင့်မှာပါ။ အရှည်ကလည်း (၇)လက်မ ရှိတော့ ပုံမှန် Panty Liner တွေထက် (၂)ဆရှည်လို့ သက်တောင့်သက်သာရှိစေမယ့်အပြင် သဘာဝထုတ်ကုန် (100%) Organic ဖြစ်တဲ့အတွက် မိန်းမကိုယ်ကျန်းမာရေး ၊ သားအိမ်ကျန်းမာရေးအတွက် ရေရှည်အသုံးပြုမယ်ဆိုလည်း ဘေးထွက်ဆိုးကျိုးတွေ မရှိနိုင်ပါဘူးရှင့်။
နောက်ထက်အမေးများတဲ့မေးခွန်းကတော့ Panty Liner (နေ့စဉ်သုံး Pads) ကို ဘယ်လိုအသုံးပြုရတာပါလဲ ..?
ကျွန်မတို့အမျိုးသမီးတွေက အမျိုးသမီးချင်းပဲ ကူညီစောင့်ရှောက်ဖေးမရမယ့် အလေ့အထလေးကို ဖော်ဆောင်သောအားဖြင့် ဒီမေးခွန်းအတွက်အဖြေလေးကို အခုပိုစ်ရဲ့ကောမန့်မှာ သိပြီးသားသူေတွ မျှဝေပေးခဲ့ပါလားရှင့်။ ဒီအေဖြတွေအားလုံးကို စုပြီး ပိုစ့်တစ်ခုနဲ့လည်း သက်သက်ရှင်းပြပေးသွားပါမယ်။
အမျိုးသမီးတိုင်း ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ထိုက်တန်တာမို့ BioFree ရဲ့ Organic Cotton Pads နဲ့အတူ နေ့စဉ်နေ့တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ရအောင်လားရှင့်။ 💚
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
280B , Jalan Haruan 1
Seremban
70300
