Phwi thang
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phwi thang, Beauty, cosmetic & personal care, Seremban.
12/01/2022
ခင်ဗျား အချိန်ရရင်
ဒီစာလေးကို ဆုံးအောင်ဖတ်သွားနော် ။
တကယ်ဖြစ်သွားတာလေးပါ ။
အဓိကပြောချင်တဲ့
ရည်ရွယ်ချက်ကတော့
"ကိုယ်ချစ်ရတဲ့ ချစ်သူကို ရှိနေတုံး
တန်ဖိုးထားတတ်ဖို့ပါပဲ "
"သူမရှိတော့မှ ခင်များငိုနေရင်
အလကားပဲ " ။
"မျက်ရည်ခိုင်မှ ဖတ်ကြည့်ပါ "
ကောင်မလေး ။ ။ `` ငါ့မှာ ရောဂါရှိနေပြီတဲ့ ´´
ကောင်လေး ။ ။ `` ဘာမှမပြောပဲ ပြုံးနေတယ် ´´
ကောင်မလေး ။ ။ `` ငါ့ရောဂါက ဒီလောကကြီးထဲမှာ ကြာကြာ နေရတော့မှာ မဟုတ်ဘူးတဲ့ ´´
`` ကောင်လေးက ဒီတစ်ခါလဲ ပြုံးနေခဲ့တယ် ´´
`` ကောင်မလေး ဝမ်းနည်းသွားတယ် ´´
`` ကိုယ်က သူနဲ့ခွဲရတော့မှာ တွေးပြီး စိတ်မကောင်းဖြစ်နေပေမယ့် သူက ရယ်နေနိုင်တယ်လေ ´´
ကောင်မလေး ။ ။ `` နင် ရယ်နိုင်တယ်နော် ´´
ကောင်လေး ။ ။ `` မပူပါနဲ့ နင်ဘာမှ မဖြစ်စေရဘူး ´´
ကောင်မလေး ။ ။ `` ငါ့ရောဂါကြောင်း ငါပဲသိတယ်
နင့်လို မရယ်နိုင်ဘူး ´´ အင်းလေ..နင်က ငါမရှိလဲ အသစ်ရှာလို့ရတယ်မလား ´´
`` ကောင်လေးက ပြုံးကြည့်နေတာပဲ..´´
`` ဒီလိုနဲ့…ကောင်မလေး ရောဂါ ပိုဆိုးလာတော့ ဆေးရုံတင်လိုက်ရတယ် ´´
`` လူနာကုတင်ပေါ်မှာ ကောင်မလေးက မျက်ရည်တွေနဲ့ ကောင်လေးကို ကြည့်နေတယ် ´´
ကောင်မလေး ။ ။ `` ငါ နင့်ကို အရမ်းချစ်တယ် ´´
`` ငါ နင်နဲ့မခွဲနိုင်ဘူးဟာ ´´
`` ကောင်လေးက ပြုံးပြီး…နင်ဘာမှ မဖြစ်ပါဘူးလို့
ပြောလိုက်တော့ ´´
ကောင်မလေး ။ ။ `` နင်က ရယ်နိုင်တယ်နော် ´´
ငါ့အတွက် ပူဆွေးမှုဆိုတာ မမြင်ရဘူး ´´
`` သွား..နင်ထွက်သွား ´´
`` ကောင်မလေးက ငိုပြီး နှင်လွှတ်တော့ ကောင်လေး အသာလေး ထွက်လာခဲ့တယ် ´´
`` ကောင်မလေးရဲ့ ကွယ်ရာရောက်လာတော့ ကောင်လေးဟာ မျက်ရည်တွေ စီးကျလာတယ်
ပြီးတော့ ကောင်လေး ကြေကွဲစွာ ငိုနေမိတယ် သူငိုနေတာ အခုမှ မဟုတ်ပါဘူး ကောင်မလေး ရောဂါဖြစ်မှန်း သိတဲ့နေ့ထဲက..ကောင်မလေးဟာ အသည်းရောဂါ ခံစားနေရတာပါ ဆရာဝန်နဲ့တိုင်ပင်ကြည့်တော့ ကောင်မလေးရဲ့ အခြေနေဟာ အသည်းအစားထိုး ကုမှ ပြန်ကောင်းနိုင်တော့မယ်ဆိုတာ ကောင်လေး သိခဲ့ရတယ်..ကောင်လေးဟာ မျက်ရည်တွေသုတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့တယ် ´´
`` ကောင်မလေး ခွဲစိပ်မည့်နေ့ ´´
`` ကောင်လေး ရောက်မလာခဲ့ပါ ´´
`` ကောင်မလေးဟာ ကောင်လေး ရောက်လာမလားလို့ မျော်နေခဲ့ပါတယ် ´´
ကောင်မလေး ။ ။ `` ငါက သေလူဆိုပြီး နင် ပြစ်ထားခဲ့ပြီမလား ´´ `` ငါ့အသက်ဆက်ရှင်ဖို့ အသည်းအလှူရှင် ပေါ်လာပြီဆိုတာ နင်သိရင် သိပ်ကောင်းမှာပဲ ´´
`` ကောင်မလေးဟာ နာကျင်မဲ့ပြုံးနဲ့အတူ ခွဲစိပ်ခန်းထဲ ဝင်သွားခဲ့ပါပြီ ´´
`` တစ်ချိန်ထဲမှာပဲ.....အခြားသော လူနာတစ်ဦး ခွဲစိပ်ခံနေခဲ့ပါတယ် ´´ သူ..?
`` ကောင်မလေး အောင်မြင်စွာ အသည်းအစားထိုး
ကုသနိုင်ခဲ့တယ် ကောင်လေးကတော့ အခုချိန်ထိ အရိပ်တောင် မမြင်ပါဘူး ´´
`` ကောင်မလေးဟာ ကောင်လေးပေါ် စိတ်နာပြီး
မေ့ပစ်ဖို့ တွေးလိုက်တော့တယ် ´´
`` ထိုချိန်..ကောင်မလေးရဲ့ ခွဲစိပ်ဆရာဝန်ကြီး ရောက်လာတယ် ပြီးတော့ ကောင်မလေးရဲ့ ကုတင်နားမှာထိုင်ပြီး စာအိပ်လေး တစ်အိပ် ပေးလိုက်တယ် ´´
ဆရာဝန် ။ ။ `` ဒါ..သမီးရဲ့ ချစ်သူက သမီးကို ပေးခိုင်းတဲ့ စာပါ ´´
`` ကောင်မလေး ဖွင့်ဖတ်လိုက်တယ် ဆရာဝန်ကြီးကတော့ မျက်နှာမကောင်းပါ ´´
`` နင်..ဒီစာကို ဖတ်နေချိန်မှာ ငါကတော့ နင်နဲ့အဝေးဆုံး တစ်နေရာကို ထွက်ခွါသွားပါပြီ ´´
`` နင်သိလား နင့်မှာ ရောဂါရှိတယ်လို့ စသိထဲက ငါ ငိုခဲ့ရတယ် ´´
`` နင့်အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ ငါ့ကိုယ်ငါလဲ
အရမ်း ဝမ်းနည်းခဲ့တယ် ´´
`` ငါဆုံးဖြတ်ခဲ့တယ် နင့်အသက်ဆက်ရှင်ဖို့ လုပ်ပေးနိုင်တာဆိုလို့ ငါ့ရဲ့အသည်းကို နင့်အတွက်ပေးဖို့ပါပဲ ´´
`` နင်...ငါ့ကို ချစ်တယ်ဆို ကောင်းကောင်း အသက်ဆက်ရှင်ပါ ပျော်ပျော်နေပါနော် ´´
`` နင်...ချစ်သူ အသစ်တွေ့ခဲ့ရင် ထားပါနော်
ငါ သဝန်မတိုပါဘူး ´´
`` ငါလေ ဒီလောကကြီးထဲက နင့်ကို အရင်ထွက်သွားခွင့်မပြုနိုင်ဘူး ´´
`` နင်ထွက်သွားရင် အလွမ်းတွေ သတိရစိတ်တွေနဲ့
ကျန်ခဲ့မှာ ငါ မခံစားနိုင်ဘူး ´´
`` ငါ အတ္တကြီးတယ် ပြောပြော ငါ့ကို အရင်ထွက်သွားခွင့်ပြုပါနော် ´´
`` နင်ငါ့ကို လွမ်းနေဖို့ သတိရနေဖို့ မမျော်လင့်ပါဘူး´´
`` နင့်အတွက်...ကောင်လေး ´´
`` စာ အဆုံးမှာ ကောင်မလေး အရမ်းစိတ်ထိခိုက်သွားတော့တယ် ငိုဖို့တောင်မေ့နေခဲ့ပါတယ် ´´
`` အလွမ်းတွေနဲ့ ကျန်ခဲ့မှာ ကြောက်တယ်တဲ့ နင်က
ငါ့ကိုတော့ တစ်သက်စာ အလွမ်းတွေနဲ့ ထားရစ်ခဲ့ပြီလားဟာ ´´
`` ကောင်မလေး တိတ်တိတ်လေး မျက်ရည်တွေ ကျနေခဲ့တယ် ´´
`` ဆရာဝန်ကြီးကတော့ ထွက်သွားခဲ့ပါပြီ ´´
`` ဒီလိုနဲ့...ကောင်မလေးဟာ ကောင်လေးကို သတိရစိတ် လွမ်းတဲ့စိတ်တွေနဲ့သာ သူမရဲ့ ဘဝကို ရှင်သန်ခဲ့တော့တယ် ´´
ဒါပါပဲ...
"အချို့လူတွေက
အပြင်ပန်းမှာသာ မချစ်သလို
မကြင်နာသလို နေပေမယ့်
ရင်ထဲမှာတော့ ချစ်သူတွက်
အရာရာပေးဆပ်ဖို့ ပြင်နေခဲ့ပါတယ် " ။
crd:
Click here to claim your Sponsored Listing.
Category
Website
Address
Seremban
70000
