Lwin Lwin's Beauty Products
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lwin Lwin's Beauty Products, Singapore.
29/10/2025
တစ်နေ့ ၂ နာရီလောက် အတ္တကြီးပါ 🍀
အမျိုးသမီးတစ်ယောက်အတွက် အသက် ၃၀ နဲ့ ၄၅ ကြားအရွယ်ဟာ အလှဆုံးအရွယ်တွေပါ။ အလွန်ပြောင်းလဲလာတယ်ဆိုတာ မထိန်းသိမ်းခဲ့မိလို့။ မထုဆစ်ခဲ့မိတဲ့ သစ်တုံးလို
ဖြစ်နေတာ။ အချိန်မီ သိရင် အချိန်မီ ထုဆစ်ကြည့်ပါ။
ရင့်ကျက်တည်ကြည်တဲ့ အလှတွေ သင့်မှာ ခုထိ ရှိနေပါတယ်။ မလှတော့တဲ့သူဆိုတာ လုံးဝ မရှိပါဘူး။
ငယ်ငယ်တုန်းကလို စိုးရွံမှုလေးတွေကြား မရဲတရဲ အလှတွေကို ကျော်လွန်ပြီး လောကရဲ့ အရာရာကို ကောင်းစွာ
နားလည် သဘောပေါက်ပြီး တော်ရုံအမျိိုးသားတွေရဲ့
ဟန်ဆောင်လှည့်ကွက်ထဲ မမိတော့တဲ့ အရွယ်မို့ တချို့
မြေခွေးလို အမျိုးသားတွေက စပျစ်သီး ချဉ်တယ်ပြောတဲ့စကားတွေကို နားမယောက်ပါနဲ့။ ကိုယ်ပိုင် ရပ်တည်မှုတစ်ခုရှိလို့ ရဲရင့်လာတဲ့အလှတွေ ပြည့်စုံလာတယ်။ ဆေးစက်
ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ကို မြင်ရသကဲ့သို့။
မွေးစ ကနေ ၂၀ ကျော်ထိ တရိပ်ရိပ် ကြီးထွားတာ
သိသာပေမယ့် ၃၀ ကနေ ၄၅ ထိက မပြောင်းလဲလွယ်ပဲ
တန့်သွားတဲ့အလှပါ။ ဒီအရွယ်တွေက မိမိအထက်က
လူနဲ့ရော ငယ်တဲ့ ကလေးတွေနဲ့ရော ပေါင်းလို့ ရတဲ့အရွယ်။ အပျော်ရည်းစားစကားပြောခံရဖို့ထက် လက်ထပ်ခွင့် တောင်းခံရတဲ့အရွယ်❤️
🍀တစ်နေ့ 45min -1 hours ခန့် လေ့ကျင့်ခန်းသေသေချာချာလုပ်ပါ။ ပင်ပန်းမှာ မကြောက်ပါနဲ့။
ရလာတဲ့ result ကို ပျော်ရွှင်ရတဲ့အခါ မိုတီတွေ ရလာမယ်။
🍀 အဆီများတာတွေ အချိုရည် ၊ ready made တွေ
လျှော့ချပစ်လ်ိုက်ပါ။
🍀အလှပြင်ပါ။ အလှအပအတွက် အချိန်ပေးပြင်ပါ။
အရင်ကနဲ့ ယခုကို အမြဲ ယှဉ်ကြည့်ပြီး အလှပြင်ပါ ။
🍀ဆံပင်က ဒုတိယ မျက်နှာမို့ ဂရုစိုက်ပါ။
🍀သီချင်းနားထောင်ပါ။ ခရီးတ်ိုလေးတွေ ထွက်ပါ။
🍀အရောင်လွင်လေးတွေရွေးချယ်ကြည့်ပါ။
🍀ပုတီးစိပ်တရားထိုင်ပါ။
🍀အလှ ပုံလေးတွေ ရိုက်ပါ။
🍀မိမ်ိ ခန္ဓာကိုယ် ပြောင်းလဲလာမှု အလ်ိုက် တော်မယ့် အဝတ်အစားဝယ်တာမျိုး မလုပ်ပဲ အရင်အဝတ်အစားကို
ပြန်တော်အောင်ပဲ ခန္ဓာကိုယ်ကို ကြိုးစားကြည့်ပါ။
ချွေးထွက်များရင် ဟော်မုန်းတွေ ထွက်ပြီး စိတ်ကြည်လင်စေတယ်။
🍀ပညာတခုခု သင်ယူမှုတွေဟာ စိတ်ကို နုပျိုစေတာမို့
ခေတ်ရဲ့ နောက်က လိုအပ်တဲ့ ပညာရပ်တွေက်ို သင်ယူလေ့လာပါ။
တစုံတယောက်အတွက် စိတ်ရော လူရော အချိန်တွေရော
အကုန် ပုံပေးထားခြင်းကနေ ၂ နာရီလောက် အတ္တကြီး
ကြည့်ပါ ❤️
#စိတ်ခွန်အားပြည့်စာစုလေးများ #စာပေ🌻
20/10/2025
သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ repeat လုပ်ပြီး နားထောင်တတ်တဲ့သူ။ အစားအသောက်တစ်ခု ကောင်း ရင် ဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲစားတတ်သူ။
စားသောက်ဆိုင်ထဲ ထိုင်နေကျနေရာမှာပဲထိုင်တတ်သူ။ ဝယ်နေကျဆိုင်မှာပဲ ဝယ်တတ်သူ။ဖတ်ပြီးသား စာအုပ် ပြန်ပြန်ဖတ်တာမျိုး။ကြည့်ပြီးသားရုပ်ရှင်ကို မကြာမ ကြာဆိုသလို ပြန်ကြည့်တတ်တဲ့လူမျိုး။ ဖေ့စ်ဘုတ် ပ ရိုဖိုင်တစ်ခုထားရင် တော်တော်နဲ့ မပြောင်းတတ်သူ။ ဆိုလိုတဲ့သဘောက စိတ်အပြောင်းအလဲ မမြန်ဘူး။ အစွဲအလမ်း ကြီးတယ်။အလေးအနက်ထားတယ်။ serious သမား။အထိအရှလွယ်သမား။
ဒီလိုလူမျိုးတွေက သိပ်ချစ်တတ်ကြတယ်။ ပိတောက် ဆို ပိတောက်ပဲဆိုတဲ့လူမျိုး။ ဘူးဆိုရင် ဖရုံမသီးတဲ့ လူမျိုး။ ဒီလိုလူမျိုးတွေနဲ့ ချစ်သူတော်ခွင့်ရရင် သည်း သည်းလှုပ်ချစ်ပေးတာ ခံရတဲ့အပြင် အချစ်ဆိုတာ ဒီလို ပါလားဆိုတဲ့ warm feeling မျိုးပါ ပေးစွမ်းနိုင်ပါတယ်။
အစွဲအလမ်းကြီးတဲ့ လူတွေက နာကျင်ရရင်လည်း သူများထက် ဆယ်ဆလောက် ခံစားရ တယ်။ဒါပေမဲ့ သူ တို့ရဲ့ သစ္စာတရားကြီးမားတဲ့ စိတ်ထား၊သိပ်ချစ်တတ် တဲ့စိတ်ထားလေးက လေးစားစရာ၊နှစ်လိုဖွယ်စရာ သိပ် ကောင်းပါတယ်
#စာပေ
20/10/2025
မဂ်လာနံနက်ခင်းလေးပါ
19/10/2025
ထမင်းတူတူစားကြပြီး ပန်ကန်အလှည့်ကျနဲ့ဆေးခိုင်းလို့
ကိုယ့်အလှည့်ကျလာသောအခါ😂😂😂
18/10/2025
:အမျိုးသမီးတစ်ယောက်ရဲ့ အပြင်းထန်ဆုံးလက်နက်က သူ့အပြုံးပဲတဲ့... 😌
မိန်းမတစ်ယောက်ရဲ့ စိတ်ကိုနားလည်ဖို့ဆိုတာ...
သူမရဲ့ စကားလုံးတွေထက် သူမရဲ့ တိတ်ဆိတ်ခြင်းကို ပိုနားထောင်ရပါတယ်...
😠 စိတ်တိုရင် - အော်ဟစ်ပေါက်ကွဲပစ်လိုက်တယ်...
😔 စိတ်ကောက်ရင် - စကားမပြောဘဲ ငြိမ်သက်သွားတယ်...
🤫 စိတ်ညစ်လာရင် - လူတွေနဲ့မရောဘဲ တိတ်ဆိတ်နေတတ်တယ်...
😭 ဝမ်းနည်းလာရင် - မျက်ရည်တွေနဲ့ ဖြေရှင်းတတ်တယ်...
ဒါပေမဲ့... အကြောက်စရာအကောင်းဆုံးကတော့...
😊💔 စိတ်နာသွားတဲ့အခါ - သူမ ဘာမှမပြောတော့ဘဲနဲ့... အေးစက်စက် "ပြုံး" နေတတ်တာပါပဲ။ အဲ့ဒီအပြုံးက နာကျင်မှုတွေ၊ အဆုံးသတ်ခြင်းတွေအားလုံးကို ကိုယ်စားပြုနေလို့ပါပဲ။
ဒီလိုအပြုံးမျိုးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သင်ရော နားလည်နိုင်ရဲ့လား?
#စာပေ🌻 #စိတ်ခွန်အားပြည့်စာစုလေးများ
credit မူရင်းရေးသားသူ
18/10/2025
မဂ်လာနံနက်ခင်းလေးပါ သာယာလှပသောနေ့လေးဖြစ်ပါစေ
သာယာသော အပြုံး ပျော်ရွှင် သော အတွေးများဖြင်ပြည့်သောနေ့လေးဖြစ်ပါစေ
နံနက်ခင်း ရဲ့ နေရောင်ကဲ့သို့ တောက်ပ ပါစေ❤🙏🙏🙏
17/10/2025
ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
=========================
လူတိုင်းမှာ .......
အားနည်းချက် ကိုယ်စီရှိကြတယ်။
ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
တစ်ခြားသော အားနည်းချက်တွေကြောင့်
ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။
ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။
ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။
အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
လို့ ထင်တယ် ။
ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
၁-ဘယ်သူ့ကိုမှ မကြောက်ရဘူး။
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
ရင်ဆိုင်ရဲရမယ်။
၂-ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
မလောရဘူး။
၃-ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံး
ချင်းဆိုင်ရမယ်။
၄-ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။
မယုတ်မာနဲ့။
၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ
သည်းခံရမယ်။
၆-ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
၇-လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။
၈-ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
နေတာမျိုးတွေကို ရှောင်ရမယ်။
၉-ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်
နိုင်ရမယ်။
၁၀-ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။
၁၁-လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု
ကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
၁၂-လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်
ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
၁၃-မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
၁၄-လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
အဝေအဖန် မစောစေနဲ့။
၁၅-အလိုက်သိတတ်ရမယ်။
၁၆-ဘယ်အရာမှ အလကား မလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
၁၇-မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
၁၈-ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
မရင့်ကျက်ခြင်းပဲ။
၁၉-အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။
၂၀-ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။
၂၁-စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို
ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။
လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
နောက်ဆုံးပြောချင်တာ...
ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
ဝဲပြန်ပြရသေးတာပဲ...
ငါက.. လူသားတစ်ယောက်ပဲ...
သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
တတ်အောင် အဖန်ဖန်ကြိုးစားပါ ။
အားအင်တစ်ခု ရပါစေ 🙏
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်.....
လေးစားစွာဖြင့်-
#စိတ်ခွန်အားပြည့်စာစုလေးများ #စာပေ
17/10/2025
I want to give a huge shout-out to my top Stars senders. Thank you for all the support!
Run Iang Cin, Hkawn San
17/10/2025
မောနီးပါ ချစ်တို့ရေ
တစ်နေ့တာလုံး လုပ်ငန်းတိုင်းအဆင်ပြေ လို့
ခက်ခဲမှုတွေ ကင်းဝေးပါစေ🙏
ပျော်ရွှင် မှုတွေဖုံးလွှမ်းလို့
စိတ်ချမ်းသာ ကိုယ်ကျမ်းမာ ပါစေ🙏
သောက အပူတွေလဲ ကင်းဝေးပြီး
ကောင်းခြင်း မဂ်လာ အားလုံးနဲ့
ပြည့်စုံ သော.နေ့လေးဖြစ်ပါစေ🙏🙏🙏
13/10/2025
( ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကိုမကျေမနပ် ဖြစ် နေတဲ့အတွက် သစ်ပင်ပေါ်မှာ ငိုနေပါတယ်ထိုအချိန်မှာပဲ ရဟန်း တစ်ပါးကလည်း သစ်ပင်အောက်မှာ ထိုင်နေပါ တယ်။ကျီးကန်းရဲ့ မျက်ရည်တစ်စက်ဟာ ရဟန်းရဲ့ ပါး ပြင်ပေါ်ကိုကျသွားတဲ့အခါ ရဟန်းက ခေါင်းမော့ကြည့် လိုက်တယ်ကျီးကန်းငိုနေတာကို မြင်လိုက်ရတဲ့ ရဟန်း ကဘာကြောင့်ငိုနေတာလဲ?"လို့ မေးပါတယ်။ကျီးကန်း က"အို ပညာရှိရဟန်း၊
ကျွန်တော်ဟာ ကျွန်တော့်ဘဝကို အလွန်မကျေနပ်ပါ ဘူး။ ဘယ်သူမှ ကျွန်တော့်ကို မချစ်ကြပါဘူးလူတွေ ဟာကျွန်တော့်ကိုမြင်တာနဲ့အဝေးကို မောင်းထုတ်ကြပြီး ဘာမှမကျွေးပါဘူးလူတိုင်းက ကျွန်တော့်ကို မုန်းကြပါ တယ်။ ဒီလိုဘဝထက် သေတာက ပိုကောင်းပါတယ်"လို့ ဖြေပါတယ်။
ကျီးကန်းရဲ့စကားကိုကြားရတဲ့ ရဟန်းဟာ ကျီးကန်း အပေါ် ကရုဏာသက်ဝင်သွားပါတယ်သူက "ငါတို့ဟာ ဘယ်လိုအခြေအနေမှာပဲရှိရှိ ပျော်ရွှင်တတ်ဖို့သင်ယူ သင့်တယ်"လို့ ပြောပါတယ်။ ဒါပေမယ့် ကျီးကန်းဟာ ရဟန်းရဲ့စကားကို နားမလည်ဘဲ ဆက်ငိုနေပါတယ်။ ရဟန်းက"စိတ်မညစ်ပါနဲ့ ငါ့ကို ပြောပြပြပါ၊ သင်ဘာ ဖြစ်ချင် တာလဲ? ငါ့မန္တန်နဲ့ သင်ဖြစ်ချင်တာကို ဖြစ် အောင်လုပ်ပေးနိုင်တယ်"လို့ဆိုပါတယ်။
( ကျီးကန်းဟာ ပျော်သွားပြီး"အို၊ သင့်အနေနဲ့ ကျွန် တော့်ကို ကူညီ ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန် တော့်ကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးပါ" လို့ပြော ပါတယ်။ ရဟန်းက "ကောင်းပြီ၊ ငါမင်းကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးမယ်ဒါပေမယ့် အရင်ဆုံး ငန်း တစ် ကောင်ဆီသွားပြီး သူဟာ သူ့ဘဝနဲ့ ပျော်ရွှင်လား ဆိုတာ မေးကြည့် ရမယ် မင်းသွားပြီး စုံစမ်းလာခဲ့၊ ဒီ အတောအတွင်း ငါဒီမှာ မင်းကို စောင့်နေမယ်" လို့ ပြော ပါတယ်။´ ကျီးကန်းဟာ ပျော်ပျော်ကြီးနဲ့ ငန်းတစ်ကောင် ဆီပျံသွားပါတယ်။ ငန်းဟာ ရေကန်ထဲမှာ ရေကူးနေ တယ်။ ကျီးကန်းက "မင်းက အရမ်းလှတယ် နို့အရောင် လိုအဖြူရောင်ပဲလူတိုင်းက မင်းကိုချစ်ကြတယ်။ မင်း ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်" လို့ ပြော ပါတယ်။ ငန်းက "မဟုတ်ဘူးဗျာ၊ ငါမပျော်ဘူးကမ္ဘာပေါ် မှာ အရောင်စုံငှက်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် ငါ့ မှာ ဘာအရောင်မှမရှိဘူးအဖြူဆို တာ ဘာမှမဟုတ်ဘူး ကြက်တူရွေးဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး ငှက်ဖြစ် မယ်လို့ ငါထင်တယ်"လို့ပြောပါတယ်။
ဒါကိုကြားပြီး ကျီးကန်းဟာ ကြက်တူရွေးဆီကိုပျံ သွားပြန်ပါတယ်"အို ကြက်တူရွေး၊ မင်းက အရောင်စုံလို့ အရမ်းလှတယ်မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်"လို့ပြောပါတယ်။ ကြက်တူရွေးက "မဟုတ် ဘူးဗျာ၊ ငါမပျော်ဘူးလူတွေက ကြက်တူရွေးတွေကို လှောင်အိမ်ထဲထည့်ထားတယ်။ တစ်ယောက်ယောက် က ငါ့ကိုဖမ်းပြီး လှောင်အိမ်ထဲထည့်လိုက်မှာကို အမြဲ ကြောက်နေရတယ်။ ဒေါင်းဟာ ငါ့ထက် အရောင်ပိုစုံလို့ သူကအပျော်ရွှင်ဆုံးဖြစ်မယ်" လို့ပြောပါတယ်။
“ ဒါကိုကြားပြီး ကျီးကန်းဟာ ဒေါင်းကိုရှာဖို့ ထပ်ပျံ သွားပါတယ်။ နောက်ဆုံးမှာ သူဟာ တိရ စ္ဆာန်ရုံထဲက လှောင်အိမ်တစ်ခုထဲမှာ ဒေါင်း တစ်ကောင်ကို တွေ့ပါ
တယ်။ လူပေါင်းရာချီဟာ သူ့ကိုကြည့်ဖို့ စုရုံးနေ ကြ တယ်။ လူတွေသွားပြီးတဲ့နောက် ကျီးကန်းဟာ ဒေါင်းဆီ ချဉ်းကပ်ပြီး "ချစ်ရတဲ့ ဒေါင်း၊ မင်းက အရမ်းလှတယ်။ လူထောင်ချီကမင်းကိုကြည့်ဖို့လာကြတယ်။ ငါ့ကိုကြည့် ရင် လူတွေက ချက်ချင်းမောင်း ထုတ်ကြတယ်။ မင်း ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်"လို့ပြော ပါတယ်။
ဒေါင်းက "ငါဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အပျော်ရွှင် ဆုံးငှက် လို့ အမြဲထင်ခဲ့တယ်။ ဒါပေမယ့် ငါ့အလှတရား ကြောင့် ဒီတိရ စ္ဆာန်ရုံ ထဲမှာပိတ်မိနေတယ်။ လူတွေက အလှဆင်ပစ္စည်းတွေလုပ်ဖို့ ငါ့ရဲ့အမွေးအတောင်တွေ ကို နှုတ်ယူတဲ့အခါ အရမ်းနာတယ်။ ငါမပျော် ဘူး"လို့ ပြန်ဖြေပါတယ်။
ဒါကိုကြားပြီး ကျီးကန်းဟာ အံ့အားသင့်သွားပါတယ်။ သူက "မင်းမ ပျော်ဘူးဆိုရင် ကမ္ဘာပေါ်မှာအပျော်ရွှင် ဗုံးငှက်က ဘယ်သူလဲ?"လို့ မေးပါတယ်။ ဒေါင်းက "ငါဟာ တိရ စ္ဆာန်ရုံကို အသေအချာလေ့လာ ကြည့်ပြီး နောက် မင်းက တစ်ခုတည်းသော လှောင်အိမ်ထဲ အ ထည့်မ ခံရတဲ့ငှက်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ လူ တွေက မင်းကိုဖမ်းဖို့ မကြိုးစားကြဘူး။ မကြာသေးခင် ကအထိ ငါစဉ်းစားနေတာက ငါသာ ကျီးကန်းဖြစ်ခဲ့ရင် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားပြီး ပျော် နိုင် မှာပဲ"လို့ ဖြေပါတယ်။
( ဒါကိုကြားပြီး ကျီးကန်းဟာ ရဟန်းဆီပြန်လာပါ တယ်။ ပထမဆုံး အကြိမ် ကျီးကန်းဟာကျီးကန်းဖြစ်ရ တာကို ပျော်ရွှင်လာပါတယ်။ သူက "အို ပညာရှိရဟန်း၊ ကျွန်တော်အခြား ဘာမှမဖြစ်ချင်တော့ပါဘူးဘူး။
ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေတဲ့အတိုင်းပဲကျေနပ်ပါ ပြီ" လို့ ပြောပါတယ်။
ဒီပုံပြင်လေးကနေတစ်ဆင့် ကျွန်နော်တို့ကို ပြောပြနေ
တာက
* ဘဝမှာ မလိုအပ်ဘဲ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ် ကြပြီး ဒီ အချက်ကြောင့်ပဲ လူအများစုဟာ မပျော်မရွှင် နိုင်ဖြစ်နေကြပါတယ်။
* ကိုယ့်မှာမရှိတာကိုကြည့်မယ့်အစား ကိုယ့်မှာရှိတာနဲ့ ပျော်ရွှင် တတ်ဖို့ သင်ယူသင့်ပါတယ်။
ကမ္ဘာပေါ်မှာ သင့်ထက်ပိုပြီးဉာဏ်ပညာရှိတဲ့လူပို တော်တဲ့လူ၊ ပိုချမ်းသာတဲ့လူဆိုတာ၊ပိုလှတဲ့သူဆိုတာ အ မြဲရှိနေမှာပါအကယ်၍ သင်ဟာအမြဲတမ်းအခြားသူတွေ နဲ့ နှိုင်းယှဉ်နေမယ်ဆိုရင်တော့သင်ဘယ်တော့မှ ပျော် ရွှင်နိုင်မှာမဟုတ်ပါဘူး။
#မူရင်းရေးသားသူအားရိုသေစွာဖြင့်
Click here to claim your Sponsored Listing.
Address
Singapore
