Sharing is caring by Wint war ko ko

Sharing is caring by Wint war ko ko

Share

ကောင်းသော အရာလေးတွေ မျှဝေချင်သူ�

28/09/2025

Mac stay curious box unboxing time 🙆‍♀️❤️

21/07/2025

artisan-style fragrance တစ်ခုအနေနဲ့ရွေးချယ်သင့်တဲ့ရေမွေးလေး

mainstream fragrance တွေနဲ့မတူဘဲ niche, sophisticated, subtle yet artistic ဖြစ်တာကြောင့် – သာမန်အနံ့တွေကိုမကြိုက်တဲ့သူတွေ၊ ပုံမှန်ထဲကနေ ထူးခြားချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။မင်ကတော့ ကိုရဲ့ Collection ထဲထည့်ထားလိုက်ပြီမတို့ရေ

🌸ပျော်ရွှင်စွာနူးညံ့ပြီး စိတ်အေးစေတတ်တဲ့ floral note
🌸Volynka Leather အနံ့နဲ့ leathery warmth
🌸Woodsy & Powdery Tonesအေးမြမှုရှိတဲ့အနံ့

Fruity/Floral ကိုကြိုက်တယ်ဆိုရင်တော့ မယူပါနဲ့နော် သူကအလိုအနံ့မျိုးကိုမဟုတ်တာ သူက mainstream fragrance အနံ့မျိုးတွေမဟုတ်ပါဘူးနော်

တည်ငြိမ်မှုနဲ့ elegance ရှိတဲ့အနံ့ကိုကြိုက်တဲ့သူတွေအတွက် ဆိုရင်တော့ရွေးချယ်သင့်ပါတယ်နော်

Unisex မို့သူကတော့ အမျိုးသားများလည်း စွတ်နိုင်ပါတယ်နော်

❤️ ဘယ်သူတွေနဲ့ပိုလိုက်လဲ

Artistic-minded people
Elegant office women or men
Mature but romantic individuals

အနံ့အမျိုးအစား: Floral-Leathery-WoodyDaily wear ထက် Special moment အတွက် ပိုသင့်တော် ပါတယ် မင်ကတော့ ဒါလေးတစ်လုံးကို ကို့ရဲ့ စင်လေးပေါ်တင်ထားလိုက်ပြီမမတို့ရေ

Volynka Eau de toilette

17/05/2025

၁၀ မိနစ် make up look လေး ပြင်ကြည့်ထားတာ

မလှမှန်းသိပင်မဲ့လည်း🙈try ကြည့်တာပါ ကြည့်ပေးအုန်းနော်

Photos from Sharing is caring by Wint war ko ko's post 07/03/2025

🥂Happy birthdays 🎈 to me 🎂

💎သူများတွေ အတွက် သာမာန် နေ့လေးတစ်နေ့ပေါ့
ကို့အတွက်တော့ ထိပ်စီးလေး ပြောင်းတဲ့နှစ်ပေါ့

အဖေ ရှိတုန်း က အမြဲပြောပြတဲ့ ကိုယ်မွေးတဲ့နေ့တုန်း အကြောင်း ကို အဖေ အခါ ၁၀၀ ပြောလဲ မရိုးဘူး အဖေ့သမီးလေးကို အဖေတို့က ၁၀ တန်းတွေ သင်္ချာဖြေ တဲ့နေ့မှာမွေးလို့ မေသင်္ချာလို့ ပေးခဲ့တာတဲ့
နောက်မှ နာမည် ပြောင်းတာ သမီးရဲ့ သမီးကလေ international women day မှာမွေးလို့ ငါ့သမီးလေးက တော် အုန်းမှာတဲ့ အဖေအခုတော့ ဘယ်ဘုံဘဝမှာရောက်နေပါလိမ့်မလဲ

အဖေကရှေ့နေ့ဆိုတဲ့ အတိုင်း စကား အရမ်းအပြောကောင်းတယ် တို့ အဖေက ချောလဲချောတယ်နော် covid နဲ့ ခပ်ဆင်ဆင် အဆုတ် က ပျက်စီး သွားလို့ သာ ဖျားပြီး အဖျားပိုးကနေ တကယိပါအဖေရယ် လွမ်းတယ် ဘဝမှာလေ နောင်တ အရဆုံးက ဖေဖေ ကို အများကြီး ချစ်ပါတယ် မပြောလိုက်ရတာကိုပဲ

ဖေဖေကလေ ကဗာပေါ်မှာ ငါ့သမီးလေးက ဖေဖေ့အတွကိ အချောဆုံး အမြဲ ဖုန်းဆက်တိုင်း ဓါးချို လေး
သမီး ဓါးချိုလေး ဖေဖေ့ ကို ချစ်သေးရဲ့လား အမြဲမေးတာ ဖေဖေရယ် သမီးမွေးနေ့ဆို အဖေ ဖုန်း လိုင်း မမိတဲ့နေရာရောက်နေရင်တောင်ဖုန်းလိုင်းမိတဲ့နေရာထိ သွားပြီး ဆက်တဲ့အဖေ

ကန်တော့ရင်တောင် ငါ့သမီးလေး ပင်ပင်ပန်းပန်းရှာထားတာ ဖေ မယူဘူးဆိုပြီ သမီးလေး ပင်ပန်းနေလား
နဲ့တစ်ယုတစ်ယမေးတာ မဆုံးခင်ထိ လဲ ဦးကြည်လက်ထဲ စိတ်ချ လက် ချ အပ်ခဲ့တာ ဦးကြည်နဲ့ ပထမဆုံး အကြိမ်ပေးတွေု့တုန်းက အဖေက ဦးကြည်ကို ဆိမ့်ဆိမ့်ကြည့်ပြီး ငါ့သမီးကိုလိုချင်တာ မင်းလားဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး သူ့သမီး ကိုတကယ် ချစ်မချစ် အကဲခက်သေးတာ

ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းမကျရင်တောင်...ယခုပစ္စုပ္ပန်ကိုရောင့်ရဲ ကျေနပ်ပြီး....ကြိုမမြင်နိုင်တဲ့ အနာဂတ်ကို အကောင်းဆုံးကျော်ဖြတ်ရင်းတစ်စုံတစ်ရာ ကို သတိရလိုက်တဲ့ အသိလေးတစ်ခု
သတိပြုမိတယ်ဆိုရင်ပဲ ဪ ဒီနေ့က ငါ့မွေးနေ့ ပါလား ဒီလောက်ပါပဲ .....🤎

Ps-စာရေးနေတုန်းမျက်ရည်တွေ ကျလာလို့ ဒီလောက် နဲ့တော်ပီနော်

Photos from Sharing is caring by Wint war ko ko's post 01/03/2025

ဒီနေ့ chanel က ဖိတ်တဲ့ events လေး ❤️

Day Serum လေးတော်တော်သဘောကျမိ သူတို့ရဲ့ အသစ် ဆိုင်တွေပေါ်မတင်ရသေးတဲ့ဟာကိုမိတ်ဆက်ပေးတာ အရင်လက်ဟောင်းထက်ပိုပြီး effective ဖြစ်တယ်လို့ ခံစားမိတယ်

Photos from Sharing is caring by Wint war ko ko's post 22/02/2025

မင်ဒီနေ့ ဒီ make up by Mario ရဲ့ masterclass လေး သွားတတ်ဖြစ်ပါတယ်

ပြီးရင် sharing ပြန်လုပ်ပေးမယ်နော် သူကိုယ်တိုင်တော့ သင်မှာမဟုတ် ပင်မဲ့ သူရဲ့ အတော်ဆုံး တပည့်ထဲက တစ်ယောက် က သင်ပေးမှာပါ

သူတို့ မျက်လုံးချယ်တာက အရမ်းလှတာရယ် တတ်ခွင့်ပေးတဲ့ Sephora လဲကျေးဇူးပါနော်

Photos from Sharing is caring by Wint war ko ko's post 03/11/2024

ဝင့်ဝါရဲ့ ဘဝမှာလေ လုံးဝ ကြိုက်တဲ့ မျက်နှာ သစ် ထဲက တစ်ခုကိုပြပါဆိုရင် 😫 ဒီ cleanser ပဲ

ဝင့်ဝါက ချွေးပေါက်ကျယ်တဲ့ သူ ဒီ cleanser ကြောင့်တော်တော် အဆင်ပြေလာတာ တခြား cleanser တွေ ကြိုက်သလို ဒါလေး ကလဲ ကိုယ့်ရဲ့ မရှိမဖြစ်လေး

Lancome facial Wash Cleansing foam

သူကလေ Brighting Effect အဓိကပါဝင်တာကြောင့် မျက်နှာလေးသစ်ပီးသွားရင် အသားအရည်လေးကြည်ပီးဝင်းလာတာလေးကချက်ချင်းသိသာပါတယ်နော်

ချွေးပေါက်လေးတွေကိုအဓိကကျဉ်းစေပီး အသားအရည်လေးလည်းချောမွေ့စေပါတယ်ရှင့် ရေဓာတိကိုလည်းအပြည့်အဝဖြည့်စည်းပေးပါတယ်နော်🙆🏻‍♀️

အသားအရည်လေးတွေကို Glow glass ဖြစ်ချင်တဲ့သူလေးတွေဒါလေးကိုသုံးဖို့ အကြံပေးချင်ပါတယ်ရှင့်🫢

Luxury face wash လေးတခုဆိုလည်းမမှားဘူးနော်😻

Sensitive skin သမားတွေလည်းသုံးလို့ရပါတယ်နော်

All skin type သုံးလို့ရပါတယ်ရှင့်

Photos from Sharing is caring by Wint war ko ko's post 17/05/2024

မင်မင်ရေ Eye Serum နဲ့ Eye Cream ကွာခြားချက်လေးပြောပြပါလား ဘာဝယ်၇မလဲမသိလို့ လို့ လာမေးကြတဲ့ ဘေဘီလေးတွေ ရျိပါတယ် ဒီစာကိုဆုံးအောင်ဖတ်ပေးနော်

Eye Serum

သူကတော့ ပိုပီးတော့ light weight ဖြစ်တယ် ပြီးတော့သူက water base ဖြစ်တယ် အဲ့တော့လိမ်း၇တာလွယ်တယ် အသားအရေထဲ လျင်မြန်စွာ စိမ့်ဝင်နိုင်စွမ်းရှိပြီး အထူးသဖြင့် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းများ၊ မညီညာတဲ့ အသားအရောင်များနဲ့ အရေပြားကျုံ့ညှိမှုတွေကို ကုသရာမှာ အထူးအသုံးဝင်ပါတယ်။ Eye serum တွေမှာက ပိုပြီးတော့ active ingredients တွေ ပါဝင်ပီးတော့ ဟိုးအသားထဲကိုနက်နက်ရျိုင်းရှိုင်းကို ဝင်ရောက် ပီးပြုပြင်ပေးတယ် အသားအရေပြုပြင်ဖို့ အထူးသင့်တော်ပါတယ်နော် panda eye အတွက်လဲကောင်းပါတယ်

Eye cream or eye gel

thicker and richer in texture ကိုပေးပါတယ် eye serum လို water base မဟုတ်ဘူး သူကကျတော့ စိမ့်ဝင်ဖို့အချိန်နဲနဲလိုတယ် အဓိကကတော့ အရေပြားကို တင်းရင်းစေ တယ် ပြီးတော့ခြောက်နေတာတွေကို moisture ပေးပါတယ်မျက်လုံးတစ်ဝိုက်မှာ ဖြစ်တဲ့dryness and flakiness ကို လျော့ချပေးတယ် အရေပြားထိန်းသိမ်းရေးအတွက် သူကတောပိုသင့်တော်ပါတယ် panda eye အတွက်လဲကောင်းပါတယ်

၂ မျိုးလုံးကတော့ သူနေရာနဲ့သူကောင်းကြပါတယ် အသားအရေပြုပြင်ဖို့ ဆိုရင်တော့ eye serum လေးသုံး အရေပြားထိန်းသိမ်းရေးအတွက် ဆိုရင်တော့ eye cream လေးကိုသုံး ( eye cream က တော့ ကွာကွယ်တဲ့သဘောပေါ့ eye serum က တော့ ဖြစ်ပြီးသွားတာကို ကုသတဲ့သဘောပေါ့)

Photos from Sharing is caring by Wint war ko ko's post 15/05/2024

ကြက်ဥဟင်းတစ်ပွဲကိုချက်ပြုတ်ရန်အတွက် လွယ်ကူပြီးအရသာရှိတဲ့ချက်ပြုတ်နည်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။ ဤချက်ပြုတ်နည်းသည် တောင်ကိုရီးယားအနောက်ပိုင်းမှလာသော Soy Sauce Braised Eggs (Jangjorim) ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ
ကြက်ဥ (6 လုံး)
ဆီ (1 စားပွဲခုံ)
သံပုရာရည် (3 စားပွဲခုံ)
ပင်လယ်ဆား (1 ခါးပွတ်)
ရှာလစ် (2 လုံး, အလျားလိုက်လှီးထားသည်)
ကြက်သွန်မြိတ် (4 လုံး, အချောင်းလိုက်လှီးထားသည်)
ငရုပ်ပွ (အနည်းငယ်, အစိမ်းရောင်)
Soy Sauce (1/2 ခွက်)
Brown Sugar (3 စားပွဲခုံ)
သံပုရာရွက် (အနည်းငယ်)
ချက်ပြုတ်နည်း
ကြက်ဥများကို ဆောင်ရာမှာ ကြွပ်ကြွပ်အနေအထားရအောင် 10 မိနစ်ခန့်အထိ မီးပေါ်တွင်တင်ထားပြီး ပြီးလျှင် အေးမြသောရေထဲမှာ 5 မိနစ်ခန့်ထည့်ထားပါ။ အပူလျှော့ပြီးမှ ကြက်ဥခွံခွာပါ။

ထမင်းချက်အိုးတစ်လုံးထဲတွင် ဆီ 1 စားပွဲခုံ ထည့်ပြီး မီနစ် 1-2 ခန့်အထိ စွပ်ထားပါ။ ရှာလစ်နှင့် ကြက်သွန်မြိတ်ကိုထည့်၍ မွှေပေးပါ။

Soy Sauce, Brown Sugar နှင့် သံပုရာရည်တို့ကို ထည့်ပြီး မွှေပါ။ ကြက်ဥများကိုထည့်ပြီး 10 မိနစ်ခန့် ချက်ပါ။ အရည်က 1/3 ခွက်ခန့်အထိကျအောင် ချက်ပေးပါ။

ထိုအချိန်မှာ ငရုပ်ပွနှင့် သံပုရာရွက်များကိုထည့်ပါ။ အရသာကောင်းအောင် စားသုံးနိုင်အောင်ဖြစ်ပါသည်။

အနေနဲ့ ပြင်ပယ်ပယ်သောဟင်းချိုတို့နှင့်အတူ အဆင်ပြေလွယ်အောင်ဖြစ်သောကြက်ဥဟင်းတစ်ပွဲကို ရရှိနိုင်ပါပြီ။

#ကြက်ဥဟင်း

28/01/2024

Serum ထဲမှာ က်ိုယ် နောက် တစ်မျိုးကြိုက်တာ လေးက Estée Lauder Night repair serum

ချွေးပေါက် သိသိသာသာကျဉ်းသွားတယ်လို့ ခံစားရတယ် တခြား ဟာ ထက် Wintwar က ချွေးပေါက် ကျယ်တော့ ညတိုင်းဒါလေး သုံးကြည့်တာ တော်တော် အဆင်ပြေသောနော်

မနက်ပိုင်းတော့ Lancome လေးသုံးတယ် ညဘက်တော့ Estee လေး သုံး မနက်ကျ မျကိနှာလေးက ဥဖတ်နေရော


repair serum review

Photos from Sharing is caring by Wint war ko ko's post 15/01/2024

အဆီပြန်သောအသားအရေ ဆိုရင် ဘာ mask လေးတွေသုံးရမလဲဆိုတာလေး sharing လုပ်ပေးမယ်နော်

1-ပျားရည် နဲ့လုပ်တဲ့ mask

အဆီ ပြန်တဲ့အသားအရည်နဲ့ ပိုပြီးလိုက်ဖက်ပါတယ်နော် ပျားရည်ကလေ ဟိုး long long ago ထဲက သုံးကြတာနော် ဘာလို့လဲဆိုတော့ သူမှာကလေ သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ပိုးသတ်ဆေးအနစားလေပါတယ် အာ့လေးက အဆီပြန်တဲ့အသားအရေ ကို သူက ပြုပြင်ပေးတယ် သဘာ၀အတိုင်းလေး. အရင်ခေတ်တွေတုန်းက ဆိုရင် ဝက်ခြံနဲ့အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေက ားရည်ကို မျက်နှာပေါ်တွင် ၁၀မိနစ်ခန့် သုတ်လိမ်း၍ ရေနွေးဖြင့်ဆေးကြောပြီး အိမ်တွင်းနည်းတွေအသုံးပြုခဲ့ကြတာ အခုကတော့ mask တွေပေါ်နေပီဆိုတော့ ကထိကထ မများတော့ဘူးပေါ့ ဘေဘီတို့ရယ်

2-ရှားစောင်းလက်ပတ် နဲ့လုပ်တဲ့ mask

သူလေးက ကျတော့ မသုံးခင် တစ်ခုသတိထား၇မှာက ရှားစောင်းကလေ တစ်ချို့ သူတွေလုံး၀မတည့်တဲ့ သူတွေရှိတယ် အဲ့တော့ ကိုယ်က ရှားစောင်းနဲ့လုပ်တဲ့ဟာတွေ မသုံးဘူးဘူးဆိုရင်တော့ အရင်ဆုံး ကိုရဲ့လက် ဖမိုး ဖြစ်ဖြစ် လက်ဖျံမှာဖြစ် ဖြစ် လိမ်းလိုက်ပီးရင် example ညဘက်လိမ်းပီးမနက်ဘက်ကိုကြည့် ဘာအရည်ကြည်ဖုထားတာနီးမြန်းတာမဖြစ်ဘူးဆိုရင်ဒါက တည့်တဲ့သဘော ပေါ့ ဘေဘီရယ် ကဲအဲ့တော့ wint war ရှားစောင်းရဲ့ကောင်းကြောင်းတွေပြောမယ် သူက အဆီပြန်တဲ့သူတွေကလေ အများအားဖြင့် မျက်နှာမှာအမဲ အပျောက်တွေ ရှိတတ်ကြတယ် သူက အာ့ကို healing ပြန်လုပ်ပေးတာ အသားအရည်ကိုသူက အဆီ ထုတ်မှုကိုလျော့ချပီးရေဓါတ်ကိုပြန်ဖြည့်ပေးတာ သဘောက balance လုပ်ပေးတဲ့သဘောပေါ့ဘေဘီရယ်

3-ခရမ်းချဉ်သီး နဲ့လုပ်တဲ့ mask

သူကိုဘာလို့အဆီပြန်တဲ့ အသားအရေ မှာသုံးသင့်လဲဆိုတော့ wintwar ရှင်းပြမယ် တစ်ချို့ အဆီပြန်တဲ့အသားအရည်ကလေ အရမ်းဝက်ခြံ ပေါက်တယ်ကွာ ခရမ်းချဉ်သီးမှာက ဝက်ခြံအတွက်သင့်တော်သော Salicylic acid ဆိုတာလေးပါတယ် အဲ့ အက်စစ်က အဲ့ဝက်ခြံတွေကိုသူက အရည်ဖျော်ပစ်တာ အလိုအာ့ကြောင့် သုံးသင့်တာ

အပိတ်အနေ နဲ့အဆီ ပြန်တဲ့သူတွေ ဆီကြော်အစားအစာများ၊ သ​​ကြားနှင့် အချိုလွန်ကဲသော အစားအစာများကို မစားဘဲရှောင်နိုင်တာကတော့အကောင်းဆုံးပေါ့မရှောင်နိုင်ဘူးဆိုရင်လည်းလျော့စားကြနော်ဘေဘီတို့ ။

ကဲ မင်က အမြဲ အလှအပရေးရာလေးတွေ Sharing လုပ်ပေးမှာမို့လို့ မင့် page လေးကို follow လုပ်ထားနော်

မိန်းကလေးတိုင်းကိုလှစေချင်သောသူ




#အဆီပြန်သောအသားအရေ

Photos from Sharing is caring by Wint war ko ko's post 15/12/2023

Black & white

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Website

Address


Singapore