Physio.KoLamg

Physio.KoLamg

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physio.KoLamg, Singapore.

✨ Move Free | Think Clear | Live Better
✅ AHPC Registered Physiotherapist 🇸🇬🇲🇲
📈 Trusted by 50K+ in the community
📩 Online: " 7 Days Spinal Disc Program"
📧 Work: [email protected]

12/07/2026

ခါးနာတာ ကြာလာရင် အသက်ရှူတာပါ တင်းကျပ်လာတတ်ပါတယ်။ QL muscle ရဲ့ တင်းမာမှုနဲ့ Pelvic floor ဆက်စပ်ပုံကို ဗီဒီယိုမှာ ကြည့်ပေးပါ!


#ခါးနာခြင်း
#ခါးနာသက်သာနည်း
#အသက်ရှူနည်း

12/07/2026

ခါးနာခြင်း၊ အကြောညှပ်ခြင်း နှင့် အိမ်ထောင်ရေးသုခ (Sexual Health) 💡

ခါးနာတာ၊ ခါးဆစ်ပြားကျွံတာ
သို့မဟုတ် အကြောညှပ်ဖူးတဲ့သူတွေ
အိမ်ထောင်ရေးသုခ ခံစားတဲ့အခါ
ခါးက ချက်ချင်းပြန်ပြီး ဒဏ်ရာရတတ်တာ၊
ပိုနာလာတာမျိုး ကြုံဖူးကြမှာပါ။

အချို့ဆိုရင် ခါးနာတဲ့ဒဏ်ကြောင့်
စိတ်ရောကိုယ်ပါ ထိခိုက်ပြီး
အမျိုးသားစွမ်းဆောင်ရည်
ယာယီကျဆင်းတာမျိုးအထိ ကြုံရတတ်လို့
စိတ်ဓာတ်ကျတတ်ကြပါတယ်။

တကယ်တော့ ဒါဟာ စိတ်ပူစရာမဟုတ်ဘဲ
ဆေးပညာအရ ခါးရိုးလှုပ်ရှားမှုကြောင့်
အာရုံကြောမကြီးပေါ် ဒဏ်ပိသွားခြင်း နှင့်
နာကျင်မှုကြောင့် ဖြစ်ပေါ်လာတဲ့
စိုးရိမ်စိတ် (Anxiety) ကြောင့်သာ ဖြစ်ပါတယ်။

ခါးနာတာကိုလည်း မဆိုးစေဘဲ
အိမ်ထောင်ရေးသုခကိုလည်း
အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့
အောက်ပါ အချက် (၃) ချက်ကို
ပြောင်းလဲပြင်ဆင်နိုင်ပါတယ်ဗျာ။

🔄 ၁။ ခါးအနေအထားကို ပြောင်းလဲပါ
(Spine-Supported Positions)

ခါးနာသူတွေ အတူနေတဲ့အခါ
ခါးကို အစွန်းကုန် ကုန်းလိုက်တာ သို့မဟုတ်
အနောက်ကို အစွန်းကုန် ကော့လိုက်တာမျိုးတွေက
အကြောကို ပိုညှပ်စေပါတယ်။
ဒါကြောင့် ခါးကို
ဖြောင့်ဖြောင့် (Neutral) ထားနိုင်မယ့် အနေအထားတွေ သုံးရပါမယ်။

* ခါးရှေ့ငုံ့ရင်နာတတ်သူများ: အမျိုးသားက ပက်လက်လှန်အိပ်ပြီး ခါးအောက်ပိုင်းမှာ ခေါင်းအုံးအိအိလေးတစ်လုံး ခုထားတဲ့ပုံစံ ကို သုံးပါ။ ခါးကို ရှေ့ကုန်းမကျသွားအောင် ထိန်းပေးပါတယ်။ 🛏️🛏️🛏️

* ခါးနောက်ကော့ရင်နာတတ်သူများ: ဘေးစောင်း အတူအိပ်တဲ့ ဇွန်းထပ်ပုံစံ (Spooning Position) က ခါးကို အနောက်ကို ကော့မသွားစေဘဲ ဒူးလေးကွေးထားရလို့ ခါးရိုးအာရုံကြောပေါက်ကို အပွင့်ဆုံး ဖြစ်စေပြီး အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။ 🦐🦐🥄🥄🥄

🛑 ၂။ အရှိန်နှင့် လှုပ်ရှားမှုကို ထိန်းချုပ်ပါ (Motion Control)

* အရှိန်ပြင်းပြင်းဖြင့် ဆောင့်ခြင်း၊
ခါးကို ဇွတ်ကော့ပြီး အားစိုက်ခြင်းများကို
လုံးဝ ရှောင်ကြဉ်ရပါမယ်။

* လှုပ်ရှားတဲ့အခါ ခါးဆစ်တွေကို
ကုန်းလိုက်ကော့လိုက် လုပ်ပြီး
အားမယူဘဲ တင်ပါးဆုံဆစ် (Hip Joints)
ကိုပဲ သုံးပြီး ညင်သာစွာ ရွေ့လျားဖို့ လိုပါတယ်။

* မိမိရဲ့ အဖော် (ပါတနာ) ကို ပိုမို
ဦးဆောင်ခွင့်ပေးခြင်းဖြင့် ကိုယ့်ခါးပေါ်ကျမယ့်
ဒဏ်ကို လျှော့ချပါ။

💪 ၃။ ခါးအတွင်းပိုင်းကြွက်သားများကို သန်မာစေခြင်း (Core Exercises)

နေ့စဉ်ဘဝမှာ ခါးကို အတွင်းပိုင်းကနေ
အလိုအလျောက် ကျားကန်ပေးမယ့်
Deep Core ကြွက်သားတွေကို
လေ့ကျင့်ခန်းလုပ်ထားရပါမယ်။
ခါးဆစ်ပြားပေါ် ဒဏ်မပိဘဲ
ခါးငြိမ်စေမယ့် Bird-Dog လေ့ကျင့်ခန်း
(လေးဘက်ထောက်၍ လက်တစ်ဖက်
ခြေတစ်ဖက် ဆန့်ထုတ်ခြင်း) မျိုးကို
ပုံမှန် လုပ်ပေးသင့်ပါတယ်ဗျာ။

💡 အနှစ်ချုပ်အနေနဲ့ -
ခါးနာတတ်သူတွေဟာ
အတူနေတဲ့အခါ
စိုးရိမ်စိတ်လွန်ကဲပြီး
ဇွတ်အောင့်အည်းမလုပ်ဘဲ၊
မိမိခါးနဲ့ ကိုက်ညီမယ့်
သက်သောင့်သက်သာဖြစ်စေမယ့်
ပုံစံ (Position) ကို ညင်ညင်သာသာ
ပြောင်းလဲအသုံးပြုပေးမယ်ဆိုရင်
ဒဏ်ရာလည်း ထပ်မရစေဘဲ
အိမ်ထောင်ရေးသုခကို ပျော်ရွှင်စွာ ခံစား
ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။

10/07/2026

ပြီးပြည့်စုံတဲ့ ပို့စ်ထက် အရေးကြီးတဲ့အရာ 🧘‍♂️✨

ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရတဲ့ စက္ကန့်ပိုင်းလေ့ကျင့်ခန်းတွေက တကယ့်လက်တွေ့ဘဝ မဟုတ်ပါဘူး။ ခါးနာကင်းဝေးပြီး နေလို့ကောင်းဖို့ဆိုတာ အဲဒီလို ခက်ခဲတဲ့အရာတွေ လုပ်ပြနိုင်စွမ်းပေါ်မှာ မူတည်မနေပါဘူး။
တကယ်အရေးကြီးတာက ဘယ်လို အဆင့်မြင့်တဲ့ ပို့စ်မျိုးကို ရောက်အောင်သွားမလဲဆိုတဲ့ Destination ထက်၊ ကိုယ့်ခန္ဓာကိုယ်ကို နေ့စဉ် စနစ်တကျ နားလည်သွားမယ့် Journey ပါပဲ။
ရှုပ်ထွေးတာတွေ နောက်မလိုက်ဘဲ နေ့စဉ်ဘဝကို ပိုမိုပေါ့ပါးလွတ်လပ်သွားစေမယ့် အမှန်တရားကို ဗီဒီယိုထဲမှာ မျှဝေပေးထားပါတယ်။ 👇

#ခါးနာ #ကျန်းမာရေးဗဟုသုတ

09/07/2026

"ဒီအမှတ်မရရင် အသက်တိုနိုင်လား? 😱 (Longevity Test)"

Dr. Claudio ရဲ့ ကမ္ဘာကျော် သုတေသနအရ ဒီ Sitting-Rising Test မှာ ၈ မှတ်နဲ့ အထက် ရရင် သင့်ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းပြီး အသက်ရှည်မယ့် လက္ခဏာရှိပါတယ်။ 💯
ဒါပေမဲ့ ၄ မှတ်အောက်ပဲ ရရင်တော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ၆ ဆအထိ ပိုများပါတယ်။
ဗီဒီယိုထဲကအတိုင်း ကိုယ်တိုင် စမ်းသပ်ကြည့်ပြီး ဘယ်နှစ်မှတ်ရလဲ ကွန်မန့်မှာ ရေးခဲ့ဦးနော်! 👇✨

09/07/2026

System ချပြီး 7 days program ကို run လိုက်တော့ လမ်းကြုံလို့မေးလိုက်မယ်ဟေ့ ဆိုတဲ့ လူအုပ်ကြီးကတော့ နည်းသွားပါတယ်။

another positive review!
They are managing their pain better! I am glad.

More fun edutaining contents are coming! 💪😍

09/07/2026

မနက်ခင်းလေးမှာ နိုးလာခဲ့ အရင်ဆုံးမင်းကို လွမ်းပါတယ်။ 😁

09/07/2026

ခါးနာအတွက် ဒီလေးချက်။

08/07/2026

Life style modifications works!
He reported feeling better even before starting his 7 days program. He was the very first one who joined the program created by PKLM team.😍👍💪☀️⭐️

08/07/2026

ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို အမြဲတမ်း ခါးကြီးပဲ ကုန်းပြီး ကောက်မိနေတယ်ဆိုရင်တော့... သင့်ခါးရိုးဆစ် (Spinal Disc) ကို အလွန်အန္တရာယ်များတဲ့ ဒဏ်ရာတွေ ကိုယ်တိုင် ပေးနေတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ခါးမှာရှိတဲ့ ကြွက်သားတွေဟာ သေးငယ်ပြီး ဒဏ်ရာရလွယ်တာကြောင့် ပစ္စည်းမတဲ့အခါ ခါးကိုပဲ အားကိုးမယ့်အစား ကြီးမားပြီး သန်မာတဲ့ "ခြေထောက်နဲ့ တင်ပါးကြွက်သားတွေ" ကို မဖြစ်မနေ တွဲသုံးပေးရပါမယ်။
💡 ဘေးကင်းဆုံး ကာကွယ်နည်း (၃) ဆင့် -
၁။ ပစ္စည်းကို ခန္ဓာကိုယ်နဲ့ တတ်နိုင်သမျှ အနီးဆုံး (Closer to the body) မှာ ကပ်ပြီး သယ်ဆောင်ပါ။
၂။ Hip Hitching လို့ခေါ်တဲ့ တင်ပါးကို နောက်ဘက်ကို ဆွဲထုတ်ပြီး ခါးရိုးဆစ်ကို မတ်မတ် (Spine Neutral) အနေအထားအတိုင်း ထိန်းထားပါ။
၃။ ခါးကို မကုန်းဘဲ ဒူးကို တွဲသုံးပြီး မပါ။

🚀

08/07/2026

ခါးနာတာတွေ ပြောတာများသွားလို့ပျင်းနေကြပြီလား ?

Unboxing video လုပ်ရမလားဗျ။ ? မဖောက်ရသေးတဲ့ Hirono အရုပ်လေးတွေ ရှိလို့။

ဘာရယ်မဟုတ် စိတ်အပန်းပြေပေါ့။ 😅😁☀️

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Address


Singapore