Wai Wai Vlog

Wai Wai Vlog

Share

Learning and Sharing with Wai Wai ☘️💛🤍

27/06/2025

ပိုက်ဆံ မချေးချင်လို့
" ကျွန်တော် ပိုက်ဆံအချေး အငှားတော့
မလုပ်ပါဘူး " လို့ ပြောလိုက်တာကို ...

" မင်းမှာ ဒီလောက်ရှိတာကို
ဒါလေးတောင် မချေးပေးနိုင်ဘူးလား " တဲ့။

" အဲဒီလို လာချေးတိုင်း
မချေးပေးခဲ့လို့
ဒီလောက်ရှိလာတာဗျ " လို့
စိတ်ပေါက်ပေါက်နဲ့
ပြန်ပြောဖြစ်လိုက်တော့တယ်။

ဒီနောက်ပိုင်း ကိုယ့်အပေါ်
အားမနာတဲ့လူတွေကို
ကိုယ်လည်း အားမနာဖြစ်တော့ဘူး။

Sint Nyi
24.6.25

Photos from Wai Wai Vlog's post 18/05/2025

☘️🤍

30/04/2025

အချစ်တွေဘဲ ပြိုင်ကြပါ

မာနတွေ မပြိုင်ကြပါနဲ့ 💔🌻 ‎

23/04/2025

ဘဝမှာလေ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ တကယ်မရှိပါဘူး ။ အဲဒီစကားကို အစွန်းရောက်အောင် လက်ကိုင်ထားပြီး အမှားအမှန်ကို မခွဲခြားနိုင်ရင် ဒုက္ခရောက်တတ်တယ် ။

ဘဝမှာ ဖြစ်ဖို့ ကံပါမလာ တာတွေရှိတယ် ၊
ကိုယ်မရနိုင်မဲ့ အရာတွေရှိတယ်
ကိုယ့်အတွက် မဖြစ်နိုင်တာတွေရှိတယ် ။
ဒါကို လက်ခံနိုင်ဖို့လိုတယ် ။

မဖြစ်နိုင်တာကို မမျှော်လင့်မိဖို့လိုတယ် ၊
ကိုယ့်အတွက် ပိုင်ဆိုင်ဖို့ကံပါမလာတဲ့ ဝါသနာ ၊ အလုပ်ကိုင် ၊ ရာထူး ၊ နေရာ ၊ လူ … စတာတွေကို မစွဲလမ်းမိစေဖို့ ၊ သံယောဇဉ်ဖြတ်နိုင်ဖို့လိုတယ် ၊ စိတ်ထားတတ်ဖို့လိုပါတယ် ။

ဒီလိုမှ မဟုတ်ရင် ကိုယ့်ကိုရော ၊ ကိုယ့်ဘေးကအရာတွေကိုပါ ပျက်စီးစေတတ်ပါတယ် ။

လူတွေက အတိတ်ကံရဲ့ အထောက်ပံ့ရရှိပုံချင်းမတူတာကြောင့် ဘဝကအမျိုးမျိုးကွဲပြားနိုင်ပါတယ် ။ ဘယ်လောက်ပဲ ကြိုးစားပါစေဦးတော့ ကိုယ့်အတွက် ဘယ်တောမှ မရနိုင်မဲ့အရာတွေရှိတယ် ။ ဒါကြောင့် ဖြစ်သင့်တာကို လုပ်ရင်းက ကိုယ့်ဘဝကို ပျော်ရွှင်နိုင်ဖို့ ကြိုးစားရမှာပါ ။ ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတဲ့ ဘဝဟာ အကောင်းဆုံးဆိုပေမဲ့ ၊ ဖြစ်ခွင့်မရလည်း အခြားတစ်ခုနဲ့ အစားထိုးပြီး ဘဝကို တန်အောင်နေထိုင်ပါ ။

ကိုယ့်ရရှိတဲ့ ကိုယ့်ဘဝကို ကျေနပ်စွာလက်ခံနေထိုင်တတ်ပါမှ ကြည်လင်အေးချမ်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာဖြစ်တယ် ။

#ကြည်လင်ခြင်းရဲ့နေ့စွဲများ စာအုပ်မှ 🩵📚

22/04/2025

အဆင်ပြေလားလို့ မေးလာရင် ☘️💛

Want your business to be the top-listed Beauty Salon in Yishun?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yishun