KYAW KHINE
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KYAW KHINE, ความงาม เครื่องสำอาง และการดูแลตนเอง, Bangkok.
27/10/2022
01/10/2022
မိဘအပေါ်မှာ သိတတ်ပါ
********************
ဖတ်ကြည့်နော်…
သား သမီးတွေ အနေနဲ့
မိဘအပေါ်မှာ သိတတ်ခြင်းက…
မိဘကို
ပီတိပေးတာနဲ့ အတူတူပါပဲ၊
ကုသိုလ်ပေးတာနဲ့ အတူတူပါပဲ။
သား သမီးတွေရဲ့ သိတတ်မှုက…
မိဘတွေအတွက်
ပီတိကမ္ဘာကြီးပါပဲ၊
သား သမီးတွေရဲ့ သိတတ်မှုက…
မိဘတွေအတွက်
ကုသိုလျစကျွာဝဠာကွီးပါပဲ။
လိမ်မာတဲ့ သား သမီး
သိတတ်တဲ့ သား သမီးတွေကို
အကြောင်းပြုပြီးတော့
မိဘတွေမှာ
ပီတိတွေ ဖြစ်ကြရတယ်၊
မေတ္တာကုသိုလ်တွေ
တိုးပွားရရှိကြတယ်။
ကိုယ့်ရဲ့ သား သမီးလေးတွေများ
မိဘအပေါ် သိတတ်ကြရင်
မိဘတွေကလေ…
#သြော်…
" ငါ့သားလေးက လိမ္မာလိုက်တာ
သိတတ်လိုက်တာ,
ငါ့သမီးလေးက လိမ္မာလိုက်တာ
သိတတ်လိုက်တာ"ဆိုပြီး
ဂုဏ်ယူမဆုံး ပျော်တပြုံးပြုံးနဲ့
ပျော်ရွှင် ကြည်နူးကြတယ်၊
ဝမ်းသာပီတိ ဖြစ်ကြတယ်၊
အကြိမ်ကြိမ် သာဓုခေါ်ကြပါတယ်။
"ငါ့သားလေး ကျန်းမာပါစေ
ချမ်းသာပါစေ
ဘေးရန်ကင်းပါစေ,
အသက်ရှည်လို့ ဘုန်းကြီး
ဘုန်းကြီးလို့ အသက်ရှည်ပါစေ,
ငါ့သမီးလေး ကျန်းမာပါစေ
ချမ်းသာပါစေ
ဘေးရန်ကင်းပါစေ,
အသက်ရှည်လို့ ဘုန်းကြီး
ဘုန်းကြီးလို့ အသက်ရှည်ပါစေ-
စသည် စသည်ဖြင့်
မေတ္တာတွေ
ဗလဝ ပို့သနေတတ်ကြပါတယ်။
ဒါကြောင့်…
မိဘအပေါ်မှာ သိတတ်ပါ။
အရှင်တေဇနိယ(သပြေလှ)
Credit-
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်
သံဖြူဇရပ်မြို့။
30/09/2022
မိဘ အရိပ်
အရွယ်ရောက်ပြီး လူတယောက်
အလုပ်လက်ကျော မတင်းပဲ
စိတ်သန့်သန့်နဲ့ ထမင်းစားခွင့် ရှိတာ
မိဘအိမ် တစ်အိမ်ပဲရှိတယ်..
အရွယ်ရောက်ပြီး လူတယောက်
ကြိုက်တဲ့ချိန်အိပ် ကြိုက်တဲ့ချိန်ထ
ကာလနဂါးကြီး လုပ်ခွင့် ဖြစ်ခွင့်ရတာ
မိဘအိမ် တစ်အိမ်ပဲရှိတယ်..
အရွယ်ရောက်ပြီး လူတယောက်
မစားမသောက်ပဲ ဆိုးကောက်နေတဲ့ အချိန် ထမင်းစားဖို့ မရမကချော့ခေါ် ကျွေးတတ်တာ ကိုယ့်မိဘတွေပဲ ရှိတယ်..
ကိုယ်လှလှ မလှလှ ..
ကိုယ် လူစဉ်မှီမှီ မမှီမှီ..
ကိုယ် ကောင်းကောင်း မကောင်းကောင်း..
ကိုယ် တော်တော် မတော်တော်..
ကိုယ့်အပေါ် မေတ္တာ စေတနာမပျက်တာ
အနန္တကျေးဇူးရှင် မိဘနှစ်ပါးပါ..
ကိုယ်မိဘက သူများတွေလို မချမ်းသာလို့ ..
ကိုယ့်မိဘက သူများတွေလို ပညာမတတ်လို့ ..
ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့..
ကိုယ့်မိဘရဲ့ အလုပ်အကိုင်က သူများနည်းတူ အဆင့်မမြင့်လို့ ဆိုပြီး ..
စိတ်အလိုမကျ မဖြစ်ပါနဲ့ ..
မရှက်ပါနဲ့ ..
မလေးမစား မလုပ်ပါနဲ့ ..
အထင် အမြင် မသေးပါနဲ့ ..
လူရာမသွင်း မဆက်ဆံပါနဲ့ ..
ကျေးဇူး မကန်းပါနဲ့ ..
လောကမှာ ဘာဖိအားမှမရှိပဲ
ကိုယ်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ်
သက်သောင့်သက်သာ စားသောက်
နေထိုင်ခွင့်ရှိတာ ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိတယ် ..
တစိမ်းလူတွေဆိုတာ ကိုယ်လုပ်နိုင်စွမ်းအား တခုတည်း အပေါ်မှာသာ မူတည်ပြီး
ကိုယ့်တန်ဖိုးကို ဆုံးဖြတ်ကျတယ် ..
တစိမ်းလူ ဆိုတာ ကိုယ်လုပ်နိုင်တုန်းပဲ
ကိုယ့်ကို ကြည်ဖြူကျမှာပါ ..
တိုက်တာ အဆောက်အဦးကြီးတွေကို
မဆိုထားပါနဲ့
တဲအိမ်အိုပျက်လေး ဖြစ်နေပါစေ
ကိုယ့် မိဘအိမ် မဟုတ်ရင် ကိုယ်စိတ်တိုင်းကျ နေထိုင် စားသောက်ခွင့်
မရှိပါဘူး ..
ဆုံးရှုံးပြီးမှ မိဘတန်ဖိုးကို သတိထားမိ
မယ့် အစား မိဘနှစ်ပါး သက်ရှိထင်ရှား
ရှိနေချိန်လေး အတွင်းမှာ တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ ..
မိဘကျေးဇူး ဆပ်နိုင်ကြပါစေ..
လေးစားလျက်
30/09/2022
နှလုံးသားကို စူးနစ်အောင်ထိရှသွားတဲ့ စာစီစာကုံးလေးတစ်ပုဒ်
_________________________________
မင်းသမီးလေးမေမေ
ဒီနေ့ ဖေဖေနဲ့မေမေ ရန်ဖြစ်ကြပါတယ် ။
လူအတော်များများက ပြောကြတယ် ၊ ဖေဖေနဲ့မေမေ ရန်ဖြစ်တဲ့အခါ သနားစရာ အကောင်းဆုံးက ကလေးတွေပါတဲ့ ။
အမှန်တော့ မဟုတ်ပါဘူး ။
သနားစရာအကောင်းဆုံးက မေမေပါ ။
ဖေဖေနဲ့မေမေ ရန်ဖြစ်တဲ့အခါ ဖိုးဖိုးနဲ့ဖွားဖွားက သူတို့အိမ်ပြန်သွားတယ် ။ ဖေဖေက အပြင်သွားပြီး အပေါင်းအသင်းတွေနဲ့ အချိန်သွားဖြုန်းတယ် ။
မေမေ တစ်ယောက်တည်းကသာလျှင် တစ်ဖက်ကမျက်ရည်ကျရင်း တစ်ဖက်ကသားတို့သမီးတို့ကို ထမင်းဟင်း ချက်ကျွေး ၊ အဝတ်အစားလျှော်ပေး ၊ သန့်ရှင်းရေးလုပ်ပေးပါတယ် ။
မေမေဟာ Superman မဟုတ်ပါဘူး ။ လူတိုင်းမှာ ထွက်ပေါက်ရှိပေမယ့် မေမေ့မှာ နောက်ဆုတ်စရာ လမ်းမရှိတာပါ ။
လောကမှာရှိတဲ့ မေမေတွေ အကုန်လုံး လောကကြီးရဲ့ နွေးထွေးမှုကို ရရှိပါစေ ။
သူတို့ဟာလည်း တစ်ချိန်က မင်းသမီးလေး တစ်ယောက်ပါပဲ ။
Credit:
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
