Pucci Lady- Pet Supplies

Pucci Lady- Pet Supplies

แชร์

ဂျန်ဒါနှင့် ဖွံ့ဖြိုးရေးကဏ္ဍလေ့လာသူပါ
အခုတော့ မြောင်စာ​ ရောင်းပါတယ်😸

Viber-09459144407
Location-Mandalay

Photos from Pucci Lady- Pet Supplies's post 11/04/2026

ကုန်းလမ်းတွေ ပိတ်နေလို့

ဝေဟင်ကနေ ရောက်လာတဲ့

ပစ္စည်းတချို့နဲ့

စျေးနှုန်းလေးတွေပါရှင့်

#မန္တလေးဆိုရင်

ရွှေမိုးဆေးဆိုင်မှာ လာဝယ်လို့ရပါတယ်

‼️တစ်ရက်တော့ ကြိုပြောပေးပါရှင့်‼️

တခြားမြို့တွေကမှာယူသူများအနေနဲ့

Delivery ငွေကောက်မပါတဲ့အတွက်

Kpay/AYA pay ကနေ #ငွေအပြည့်လွှဲရပါမယ်ရှင့်

🎈လိပ်စာ- ရွှေမိုးဆေးဆိုင် 26 လမ်းနှင့် 55*56 လမ်းကြား၊မန္တလေး

Photos from Pucci Lady- Pet Supplies's post 17/03/2026

ဇန်နဝါရီ လကုန်တုန်းက

အစာစို၊အစာခြောက်မှာထားတဲ့

အစ်ကို အစ်မများရှင့်

ပစ္စည်းများအားလုံး

မန္တလေး လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ပါတယ်..

ပုံမှန်အခြေအနေဆိုရင်

၂/၃ပတ်နဲ့

အမှန်တကယ်ရောက်ပေမဲ့

တစ်လပိုင်းနဲ့ နှစ်လပိုင်းအတွင်း

တိုက်ပွဲများနဲ့ ကုန်ပစ္စည်း

သိမ်းဆည်းခံရမှုတွေကြောင့်

ပြောပြထားတဲ့အချိန်ထက်

နောက်ကျသွားခဲ့ပါတယ်

အဲ့အတွက်လည်း အများကြီး

အားနာမိပါတယ်…

ခုရက်ပိုင်း လမ်းခရီး

အဆင်မပြေ၊တပြေ

အခြေအနေမှာ ကားဆရာတို့ရဲ့

အရဲစွန့် ကူညီပေးမှုနဲ့အတူ

မန္တလေးတလှည့်၊ ရန်ကုန် လက်ကား

အမှာတလှည့် ပို့ပေးနေတာဖြစ်ပါတယ်။

စိတ်ရှည်စောင့်မျှော်ပေးတဲ့အတွက်

ထပ်မံပြီး ကျေးဇူးတင်ပါတယ်ရှင်🙏❤️

06/03/2026

ဒီလိုစျေးသက်သက်သာသာ

ရောင်းပေးနိုင်တာကလည်း

နောက်ကနေ ကူညီပံပိုးပေးတဲ့

Pucci Task Force ကြောင့်ပါ🙂‍↕️💛

ကာကာတို့ကို တစ်ခုပဲတောင်းဆိုချင်ပါတယ်။

ကျေးဇူးပြုပြီး စောင့်ပေးပါဦးလို့

လမ်းအရမ်းကြပ်နေတဲ့အချိန်ဆို

ပြောထားတဲ့အချိန်ထက် ပိုကြာတော့ အားနာရပါတယ်။

မှာထားတဲ့ ပစ္စည်းတိုင်းကိုတော့

သေချာပေါက်ရောက်အောင်လည်း

ပို့ပေးပါတယ်😘

05/03/2026

ပစ္စည်းတွေတော့ ရောက်လာပါရဲ့…

ဓားနဲ့ ဖောက်ဖြဲထားတဲ့

ဒဏ်ရာ ဒဏ်ချက်တွေ..

နှိုက်ခံထားရတဲ့ RC အစာစိုထုပ်တွေနဲ့

Creamy treats လေးတွေ😭😭

ပစ္စည်းဆုံးရှုံးမှု တစ်ခုချင်းစီအတွက်

ငွေပြန်အမ်းပေးပြီး

နားလည်ပေးတဲ့ ကာကာတို့ကိုလည်း

ကျေးဇူးတင်ပါတယ်ရှင်🧡

03/03/2026

*Edit: sold out*

Maxima အစာခြောက် 1 kg

(10)ထုပ် (Instock)ရှိပါတယ်။

လိုအပ်သူများ မှာလို့ရပါတယ်ရှင်

တစ်ထုပ် 20000 ပါ။

💰ငွေအပြည့်ကြိုလွှဲရပါမယ်နော် 🤗

မန္တလေးဆိုရင် ရွှေမိုးဆေးဆိုင်

26 လမ်း 55 လမ်းနှင့် 56 လမ်းကြားမှာ
လာဝယ်လို့ရပါတယ်။

24/02/2026

လက်ရှိမှာ
ရန်ကုန်နဲ့ မန္တလေးဘက်ကို ပစ္စည်းလေးတွေ
တိုက်ရိုက်ပို့ဆောင်ပေးဖို့
လမ်းကြောင်းအခြေအနေအရ
နည်းနည်းလေး ခက်ခဲနေတဲ့အတွက်

ပစ္စည်းလေးတွေကို မော်လမြိုင်မြို့အထိ တော့
အဆင်ပြေအောင် ပို့ဆောင်ပေးနိုင်ပါတယ် 🚛✨

ဒါကြောင့်မလို့
မော်လမြိုင်မှာ ပစ္စည်းလေးတွေကို
လက်ခံပေးမယ့်သူ (သို့မဟုတ်)
ကိုယ်စားလှယ်ရှိမယ်ဆိုရင်...

အသေးစိတ်လေးတွေကို
ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက်
Page Chat Box မှာ အကြောင်းကြားပေးပါဦးရှင့်

ပစ္စည်းလေးတွေ ဘေးကင်းကင်းနဲ့
အမြန်ဆုံးရောက်ရှိနိုင်ဖို့ အတတ်နိုင်ဆုံး
ပို့ပေးချင်လို့ပါရှင့် 🌸

20/02/2026

Pre order လက်ခံထားတဲ့
ပစ္စည်းအားလုံးကို
ရန်ကုန်၊မန္တလေးဘက် ပို့ရဖို့အတွက်
cargo ပေါင်းစုံကိုလည်း စာတွေပို့ပြီး

ဖုန်းဆက်မေးတာတင်မကဘဲ
ခရီးသည်တင် ကားလေးတွေနဲ့
တစ်အိတ်လောက်ပို့လို့ရမလား
မေးတာတောင် ပို့လို့မရပါဘူးတဲ့🥺

January လတုန်းက
ပစ္စည်းတွေပို့လို့ အဆင်ပြေနေတုန်းမလို့
အိမ်က ကလေးတွေအတွက်ရော
ကာကာတို့အတွက်ပါ
စျေးသက်သက်သာသာနဲ့
အော်ဒါတွေလက်ခံပြီး

ပြည်တွင်းဘက်ကို တင်ပေးလိုက်တာ
ခုလိုတွေ ဖြစ်တော့
Gingerရဲ့ မမတစ်ယောက်
ညဘက် အိပ်တောင်မပျော်ပါဘူးရှင်😭

Photos from မွန်သတင်း - IMNA's post 20/02/2026

ဒီလိုသတင်းတွေ မတင်ချင်ပေမဲ့လည်း
အခြေအနေတွေက ဒီလိုတွေ ဖြစ်နေပါတယ်ရှင်😭

Link: https://www.facebook.com/share/p/14aZWQvPrgh/?mibextid=wwXIfr

03/02/2026

မင်္ဂလာညနေခင်းပါ Pucci မိတ်ဆွေများရှင့်

မိတ်ဆွေတို့ မှာယူထားသည့်

ပစ္စည်းများအားလုံး

မြန်မာပြည်ဘက် ရောက်ပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ ကရင်ပြည်နယ်မန္တလေး

လမ်းခရီးအခြေအနေက

အရင်လကထက် ပို့ဆောင်ရန်

အချိန်ကြာမြင့်ပြီး

အဖမ်းအဆီးများ

ဆက်လက်လုပ်ဆောင်နေတဲ့အတွက်

ပစ္စည်းများကို လမ်းခရီးအနေအထား

ပိုမိုကောင်းတဲ့အခါ ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက်

ရက်ပိုင်းမျှ ထပ်မံစောင့်ဆိုင်းပေးပါရန်

အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🥺🧡

31/01/2026

ပထမဦးဆုံးအနေနဲ့

အခုရက်ပိုင်း လမ်းခရီး

အတော်ကြပ်နေတဲ့အတွက်

အချိန်ပေးပြီး စောင့်ဆိုင်းပေးနေတဲ့

မိတ်ဆွေများအား ကျေးဇူးတင်ကြောင်း

ပြောချင်ပါတယ်..

ဒုတိယအနေနဲ့ကတော့

မင်မင်တို့ဆီကို တရုတ်နိုင်ငံကထုတ်တဲ့

အစာစို၊ခြောက် တံဆိပ်မျိုးစုံ

မေးမြန်းကြပါတယ်..

ဥပမာ- Kit Cat, Wonder Cat တို့လို

ပစ္စည်းတွေဆိုရင်

ဒီဘက်ကဆိုင်တွေမှာ ပစ္စည်းရှားသလို

Shopee, Lazada တို့ကနေ

မှာရင် ပို့ခ အများကြီး ပေးရပါတယ်..

မြန်မာပြည်ဘက်ပို့ပေးရင်လည်း

လက်ရှိပြည်တွင်းမှာရောင်းတဲ့

စျေးထက် ပိုများသလိုဖြစ်သွားပါတယ်

ထိုင်းနိုင်ငံထုတ်

အစာစို၊အစာခြောက်တံဆိပ်တွေကိုပဲ

အလွယ်တကူဝယ်လို့ရတာမလို့

Me O, Royal Canin, Friskies, Beyond buzz

နဲ့ တခြား ထိုင်းပစ္စည်းတွေပဲ

မှာလို့ရပါမယ်ရှင် 😘

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00