Dare to Be Beautiful
Glow Everyday & Bring Perfect Beauty
Cathy Doll & Baby Bright Products
Skincare and Makeup sets
Thailand Products
29/04/2025
ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------
ဒေါက်တာအေးမင်းထူး
(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။
(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။
(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။
ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်
(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး
(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။
ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။
(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။
(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။
(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။
#ဒေါက်တာအေးမင်းထူး
20/12/2021
ဆောင်းတွင်းပိုင်းအတွက် အလိုအပ်ဆုံး Laneige lip mask ရှိနေပါပြီ
Price ~ 4,500 Ks
✅ ဒီmask လေးက ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားလေးတွေကို စိုပြေနူးညံ့စေပါတယ်
✅ ပုံမှန်သုံးပေးရင် နှုတ်ခမ်းသားကို ပန်းနုရောင်လေးသမ်းေစပြီး
နှုတ်ခမ်းသားခြောက်တာတွေ မဲတာတွေကို အထူးသက်သာစေပါတယ်
✅ နှုတ်ခမ်းနီ အမြဲလိုလိုဆိုးလေ့ဆိုထရှိသူများ နဲ့ နှုတ်ခမ်းညိုသူများအတွက် Highly recommend ပေးထားကြတဲ့ lip care product လေးပါ
(3g ဘူးလေးတစ်ဘူးကို 3/4 လလောက်ထိအသုံးခံတဲ့ အတွက် ဆောင်းတွင်းတခုစာ
လုံလုံလောက်လောက် သုံးနိုင်ပါတယ် ရှင့်)
20/12/2021
အသားရည် ခြောက်သွေ့မှုလေးတွေ စတွေ့လာရပြီဆိုရင်တော့ ရေဓာတ်ကိုအပြည့်အဝ ဖြည့်ပေးတဲ့ Water Sleep Mask လေးကို သုံးပါလိုက်ပါနော်
💙💙💙
ဒီ Water Sleeping Mask လေးဟာဆိုရင်
ကိုရီးယားမှာရော မြန်မာမှာပါ ရောင်းအားအကောင်းဆုံး LANEIGE Brand လေးပါ
Original Price ~ 4,500 Ks (15ml)
Now ~ 3,500 Ks
🟦 Sleep Tox Effect
- အရေပြားကို သန့်စင်ကောင်းမွန်စေခြင်း
- တနေကုန် ပင်ပန်းနွမ်းနယ်ခဲ့သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးခြင်း
🟦 Moisturizing Effect
- ရေဓါတ်ပြည့်ဝစေခြင်း
🟦 skin Soothing Effect
- အရေပြားကို နူးညံ့ချောမွေ့စေခြင်း
🟦 Aromatic Sleep Scent effect
- ညအိပ်နေစဉ်အတွင်း မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေခြင်း
🟦ရေဓါတ်ကို အထူးပြန်လည်ဖြည့်တင်းပေးပါတယ်
🟦အရေပြားကို နူးညံ့ချောမွေ့ပြီး အိစက်နေစေပါတယ်
🟦 Sensitive skin, acne skin အကုန်လုံးအတွက် အဆင်ေပြပြီး All skin types အသုံးပြုနိုင်ပါသည်
🟦 ညအိပ်နေစဉ်အတွင်း ပျက်စီးသွားသော မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေပါတယ်
🟦 မျက်နှာအသားအရည်ကို ကြည်ပြီး တင်းသွားစေကာ စိုစိုအိအိလေးလည်း ဖြစ်စေပါတယ်
🟦 လိမ်းလိုက်ရင် အေးအေးလေးနဲ့ အနံ့လေးကလည်း သင်းသင်းလေး တကယ့်ကို relax ဖြစ်စေပါတယ် 😇😇😇
ညအိပ်ရာဝင်ခါနီးမှာ Laneige water sleeping maskကို ၁ပတ်ကို ၃,၄ကြိမ် အသုံးပြုပေးရုံဖြင့် ကြည်လင်လန်းဆန်းနူးအိနေတဲ့အသားအရည်ကို ရရှိစေပါတယ်
(ညဘက်မျက်နှာသစ်ပြီး လိမ်းထားရုံပဲ
မျက်နှာပြန်သစ်စရာ မလိုပါဘူးနော်)
20/12/2021
Sk llထက်တောင် ကောင်းတယ်ဆိုတဲ့ eye cream🤩
Price ~ 7,000ks (12ml)
Review🥰
https://www.facebook.com/100128035090289/posts/297476395355451/
Korea မှာလည်းအရမ်းနာမည်ကြီးပီး Review ကောင်းတွေကြီးပဲရထားတဲ့ Eyes creamလေးပါနော် ✅
Eye cream ဆိုတာ အသက်ကြီးလာမှလိမ်းရတာမဟုတ်ပဲ 19 20လောက်တည်းကလိမ်းပေးရပီး အရေးအကြောင်းတွေကိုကာကွယ်ပေးရပါတယ်နော် ✅
အထူးသဖြင့် ညဘက်ညဥ့်နက်ထိအောင်နေတတ်ပီး Panda eyes လေးဖြစ်နေတဲ့သူတွေပိုပြီးသုံးပေးသင့်ပါတယ် ✅
💚 ACH Youth Lasting Real Eye Cream Season 9 💚
- Season 9 လေးရဲ့ထူးခြားချက်ကတော့ 20s biome လေးတွေပါဝင်လာတဲ့အတွက်ကြောင့် အမြဲရွယ်တင်နုပျိုနေစေမှာပါ
- Ultra fine absorption ဖြစ်တာကြောင့်လိမ်းပီးရင် အသားထဲစိမ့်ဝင်သွားပီး စေးကပ်ကပ်ကြီးမကျန်ခဲ့ဘူးနော်
- natural ingredients, collagen,elastin and peptides တွေပါဝင်တာကြောင့် မျက်လုံးအောက်နှင့် မျက်ခွံတွေသာမက Smile line တွေ Wrinkles ရှိတဲ့နေရာတွေပါသုံးပေးလို့ရပါတယ်
17/12/2021
❤️ Etude House Eye Lash Serum ❤️ 6,500Ks
Reviewကောင်းတွေ ရထားတဲ့ Eye Lash serumလေးပါ
👁️ မျက်တောင်ရှည်ရှည်ကော့ကော့လေး နဲ့ သဘာဝကျကျလှပတဲ့မျက်၀န်းတစ်စုံကို ပိုင်ဆိုင်ချင်ရင်တော့ ဒါလေးကိုစမ်းသုံးကြည့်ပါနော်👍🏻
👁️ ဒီ serum လေးက ကိုယ့်မျက်နှာမှာရှိရင်းစွဲ ဖြစ်တဲ့ မျက်တောင်လေးတွေကို သဘာ၀ဆန်ဆန်လေး နဲ့ ပိုထူပြီး ပိုရှည်လာစေတယ်
👁️ မျက်ဝန်းရဲ့အလှကိုပိုပြီးထင်ရှားစေချင်သူတွေ၊
မျက်တောင်လေးများပါးလို့ ထူလာစေချင်တဲ့သူတွေ၊ မျက်တောင်လေးများတိုေနလို့ ရှည်လာစေချင်တဲ့သူတွေ အတွက်ဆို ဒါလေးကအရမ်းကိုကောင်းပါတယ်နော်
👁️ ဒါ့အပြင် မျက်တောင်တင်မကပါဘူးနော် မျက်ခုံးမွှေးထူချင်သူများလည်း သုံးလို့ရပါတယ်သုံးပါများလာရင် ရှည်တာသိသာလာတယ်နော်
👁️ မျက်တောင်ကျွတ်တာတွေလည်းသိသိသာသာသက်သာစေပါတယ်
ခုချိန် အပြင်သွားရင်တောင် mask အုပ်ထားပေမယ့်လည်း မျက်ဝန်းလေစ လှနေစေဖို့ အတွက် အသုံးပြုသင့်တယ်နော် ချစ်တို့ရေ 😘
How to use
ညဘက် skin care routineပြီးနောက် eye lash serumလေးကို mascara ကော့သလိုပဲ သူရဲ့ applicatorလေးနဲ့ ကော့ပေးလိုက်ရုံပဲ့နော်
17/12/2021
💗 Cathy Doll Water Splash Essence
with L-Glutathione 💗
- 13,200 Ks (Original Price)
Now ~ 10,000 Ks
💗 ဒီWater Splash Essenceလေးကတော့ ကိုးရီးယားနိုင်ငံမှာ နာမည်ကြီး Cosmetologist တစ်ယောက်ဖြစ်တဲ့ Skin Doctor Dr. Ji ရဲ့ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထုပ်လုပ်ထားတဲ့ Product လေးဖြစ်ပါတယ်
💗 အသားအရေကို ကြည်လင်ချော့မွေ့စေဖို့ Essence Skincare typeကို ထုတ်လုပ်ခဲ့ကြတာဖြစ်ပြီး ဒီ Formula ကို innovation ပြုလုပ်ကာ Nano နည်းပညာ နဲ့ ကိုးရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ်ရေပူစမ်းမှရရှိတဲ့ ရေတို့ကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်
💗 ကိုးရီးယားနိုင်ငံထုတ် Skincare တိုင်းတွင် Popular အဖြစ်ဆုံး ingredient တစ်မျိုးဖြစ်တဲ့ L-Glutathione ကိုထည့်သွင်းထုတ်လုပ်ထားတာကြောင့် အသားအရောင်ကို ထိန်းညှိပေးပြီး အသားအရေကို အာဟာရဖြည့်ပေးနိုင်ပါတယ်
💗 ဒါကြောင့် ဒီWater Splash Essenceလေးကို အသုံးပြုပြီးတာနဲ့ အသားအရေဟာ ချက်ချင်းကြည်လင်စေပြီး အသားအရောင်ကို ညီစေကာ စိုပြေပြီး နူးညံ့စေပါတယ်ရှင့်
Essence ကို ဘာအတွက်သုံးသင်လဲ?? 🤔
💗 Sensitive ဖြစ်တဲ့ အသားအရေ
💗 မွဲခြောက် ကြမ်းတမ်းတဲ့ အသားအရေ
💗 အမဲစက်တွေ တင်းတိတ်နဲ့ အရေးကြောင်းေတွဖြစ်ေနတဲ့ အသားအရေ အတွက် သုံးပေးသင့်ပါတယ်
💗 မျက်နှာအသားအရေ အတွက် moisture အစိုဓာတ်ကို ထိန်းပေးတာဖြစ်လို့ ယောကျာ်းလေးတွေပါ သုံးလို့ရပါတယ်နော် 👌
17/12/2021
🍅 BP SERUM 🍅 7500Ks
အသားဖြူဖို့အတွက် ဆိုရင် BP Serum လေးရှိပါတယ်
BP ရဲ့ new product လေး Thai Blogger အများစု recommend ပေးထားပြီး တော်တော်ေလး hot ဖြစ်နေတဲ့ item လေးပါ
🍅 ခရမ်းချဉ်သီးကနေ အဓိကထုတ်လုပ်ထားတာမို့ အသားရည်ဖြူေစပြီး ကြည်လင်ေစမှာ သေချာပါပဲနော်
🍅 Serum type ဖြစ်လို့ အေးအေးကလေး နဲ့ လိမ်းပြီးရင်လိမ်းထားမှန်းမသိတာေစပဲ နေရတာ အဆင်ပြေပါတယ်
500 ml တောင်ပါတဲ့ ဘူးကြီးဖြစ်လို့ အကြာ ကြီး အသုံးခံပြီး စျေးလည်းတန်ပါတယ်
Review လေးကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ချစ်တို့ရေ 👇👇👇 https://www.facebook.com/113747264299135/posts/146230997717428/?d=n
05/10/2021
In-stock လက်ကျန်လေးတွေ ဖြတ်ချင်တာ မို့လို့
မင်မင် ဈေးမတက်ပဲ လျှော့ဈေးလေးနဲ့ ရောင်းပေးပါဦးမယ် ရှင့်
(Available Color only)
👉 Cathy Doll Social Heart Vivid Tint
Price ~ 2,000 Ks
👉 Baby Bright Lip&Cheek Matte Tint
Price ~ 3,200 Ks
👉 Baby Bright Color Stain Essence
Price ~ 3,200 Ks
လိုအပ်သူများ ဝယ်ယူနိုင်ပါတယ် ရှင့် 🙏🙏🙏
Kpay or Wave or CB pay ရ
(% ပိုပေးစရာမလိုပါဘူးရှင့်)
03/10/2021
In-stock လက်ကျန်လေးတွေ ဖြတ်ချင်တာ မို့လို့
မင်မင် ဈေးမတက်ပဲ လျှော့ဈေးလေးနဲ့ ရောင်းပေးပါဦးမယ် ရှင့်
လိုအပ်သူများ ဝယ်ယူနိုင်ပါတယ် ရှင့် 🙏🙏🙏
Kpay or Wave or CB pay ရ
(% ပိုပေးစရာမလိုပါဘူးရှင့်)
27/08/2021
အသားရည် ခြောက်သွေ့မှုလေးတွေ စတွေ့လာရပြီဆိုရင်တော့ ရေဓာတ်ကိုအပြည့်အဝ ဖြည့်ပေးတဲ့ Water Sleep Mask လေးကို သုံးပါလိုက်ပါနော်
💙💙💙
ဒီ Water Sleeping Mask လေးဟာဆိုရင်
ကိုရီးယားမှာရော မြန်မာမှာပါ ရောင်းအားအကောင်းဆုံး LANEIGE Brand လေးပါ
Price ~ 4,500 Ks (15ml)
🟦 Sleep Tox Effect
- အရေပြားကို သန့်စင်ကောင်းမွန်စေခြင်း
- တနေကုန် ပင်ပန်းနွမ်းနယ်ခဲ့သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးခြင်း
🟦 Moisturizing Effect
- ရေဓါတ်ပြည့်ဝစေခြင်း
🟦 skin Soothing Effect
- အရေပြားကို နူးညံ့ချောမွေ့စေခြင်း
🟦 Aromatic Sleep Scent effect
- ညအိပ်နေစဉ်အတွင်း မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေခြင်း
🟦ရေဓါတ်ကို အထူးပြန်လည်ဖြည့်တင်းပေးပါတယ်
🟦အရေပြားကို နူးညံ့ချောမွေ့ပြီး အိစက်နေစေပါတယ်
🟦 Sensitive skin, acne skin အကုန်လုံးအတွက် အဆင်ေပြပြီး All skin types အသုံးပြုနိုင်ပါသည်
🟦 ညအိပ်နေစဉ်အတွင်း ပျက်စီးသွားသော မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေပါတယ်
🟦 မျက်နှာအသားအရည်ကို ကြည်ပြီး တင်းသွားစေကာ စိုစိုအိအိလေးလည်း ဖြစ်စေပါတယ်
🟦 လိမ်းလိုက်ရင် အေးအေးလေးနဲ့ အနံ့လေးကလည်း သင်းသင်းလေး တကယ့်ကို relax ဖြစ်စေပါတယ် 😇😇😇
ညအိပ်ရာဝင်ခါနီးမှာ Laneige water sleeping maskကို ၁ပတ်ကို ၃,၄ကြိမ် အသုံးပြုပေးရုံဖြင့် ကြည်လင်လန်းဆန်းနူးအိနေတဲ့အသားအရည်ကို ရရှိစေပါတယ်
(ညဘက်မျက်နှာသစ်ပြီး လိမ်းထားရုံပဲ
မျက်နှာပြန်သစ်စရာ မလိုပါဘူးနော်)
20/08/2021
Vaseline Gluta Hya Serum Lotion (330ml)
Price ~ 11,000Ks
ဒါလေးက serum type မို့ အသားထဲစိမ့်ဝင်ပြီး
လိမ်းရလွယ်ကူပါတယ်
သူ့ချည်းပဲလိမ်းလို့ရသလို အခြားကိုယ်လိမ်းနေကျ Lotion ထဲလည်း ရောလိမ်းလို့ရလည်းပါတယ်
လိမ်းပြီးရင် စေးကပ်ခြင်း ၊ ပူနေခြင်း လုံးဝမရှိပါဘူးနော်
အနံ့လေးတွေကလဲ သင်းသင်းလေးနဲ့ အရမ်းကောင်းပါတယ်
အသားအရေပျက်စီးမှုကို 10 ဆပြန်လည်ပြုပြင်ပေးနိုင်ပြီး
💙 Glutathione ပါဝင်မှုကြောင့်
အမဲစက် ၊ အမဲကွက် ၊ နေလောင်ပြီးကျန်ရစ်ခဲ့တဲ့ အသားအရေမညီညာမှုတွေ ၊ ညိုညစ်မှုတွေကိုသက်သာစေပြီး အသားအရေကို ပုံမှန်ထက်
ပိုမိုဖြူဝင်းလာစေပါတယ်
💙 Hyaluronic_acid ပါဝင်မှုကြောင့်
အသားအရေခြောက်သွေ့ကြမ်းတမ်းမှုတွေကို
ကာကွယ်ပေးပြီး ကျန်းမာစိုပြေစေပါတယ််
အဝါ နဲ့ ပန်းရောင် ဘာကွာလဲ?? မေးကြလွန်းလို့
တခါတည်း မင်မင်ဖြေပေးလိုက်မယ်နော် 🥰
💛 အဝါလေး က UV Serum Lotion လေးပါ
နေ့ဘက်လိမ်းတာမျိုး (သို့) SPF မပါတဲ့ lotion နဲ့တွဲလိမ်းလို့ အဆင်ပြေပါတယ်
💗 ပန်းရောင်လေး ကတော့ SPF မပါတာကြောင့်
SPF ပါတဲ့ lotion နဲ့တွဲသုံးတာမျိုး (သို့) ညလက်လိမ်းအိပ်တာမျိုး အဆင်ပြေပါတယ်
အသားရေကြည်ကြည်လေးနဲ့ ပိုမို ဖြူဝင်းချင်ရင်
သုံးကြည့်ပါလို့ မင်မင်က တိုက်တွန်းချင်ပါတယ်
🙏🙏🙏
20/08/2021
Etude House Moistfull Collagen Kit (4 items)
Price ~ 10,000Ks
✔ အသားအရေကို ကြည်ကြည်ပြောင်ပြောင်လေးနဲ့ ရေဓာတ်ဖြည့်ချင်တယ် ဆိုသူများအတွက် collagen set လေးလာပါပြီ
(etude house ရဲ့ best seller series လို့တောင်ပြောလို့ရတယ်နော် 🥰)
✔ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားအောက်က collagen ဓာတ်တွေက တဖြည်းဖြည်းဆုံးရှုံးလာပြီး အသားအရေတွေလျော့ရဲလာတတ်ပါတယ်
ဒါကြောင့် collagen ပါဝင်တဲ့ skin care တွေကို
ပိုမိုရွေးချယ်ပြီး သုံးပေးသင့်ပါတယ်
✔ ဒီ kit လေးမှာ Full Moisture & Collagen အာနိသင်ပါတော့ အသားအရေကို တင်းရင်းစေပြီးစိုပြေ လှပစေပါတယ်
✔ အသားအရေလျော့ရဲတာတွေ၊ အသားမညီတာတွေ၊ အရေးအကြောင်းတွေအတွက်လည်း သုံးပေးသင့်ပါတယ်
ဒီ Travel Kit လေးထဲမှာ ပါဝင်တာကတော့
★ Toner - 25ml
>> မျက်နှာသစ်ပြီးချင်းလိမ်းပေးရတာပါ။
>> မျက်နှာပေါ်မှာကျန်နေသေးတဲ့အညစ်အကြေးတွေ၊ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး အစိုဓာတ်ပါပြန်ဖြည့်ပေးပါတယ်။
★ Emulsion - 25ml
>> Collagen ပါဝင်တဲ့ နို့ရည်လေးမို့ လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်ပြီး moisture ဓာတ်အပြည့်ရစေတယ်။
>> အသားညီစေပြီး နေလောင်တာတွေ၊ အမဲစက်တွေကိုလည်း ပါးစေတယ်။
★ Essence - 8ml
>> ချွေးပေါက်ကျယ်တာတွေကို ပြန်လည်ထိန်းညှိပေးတယ်။ အရေပြားအတွင်းပိုင်းအထိစိမ့်ဝင်မှုအားကောင်းတယ်။
>> အရွယ်မတိုင်ခင်အရေးကြောင်းများ ဖြစ်ခြင်းနဲ့ အသားအရေညစ်နွမ်းနေခြင်းတို့ကို ထိရောက်စွာ ပြုပြင်ပေးပါတယ်။
★ Cream - 10ml
အသားအရေကိုတင်းရင်းစေတဲ့ collagen တွေအများကြီးပါဝင်သော moisture cream လေးပါ။
အမဲစက်တင်းတိပ်တွေအတွက်လည်းကောင်းမွန်ပြီး ရေဓာတ်ဖြည့်ပေးလို့ skin ကိုလုံးဝစိုစိုပြောင်ပြောင်လေးဖြစ်နေစေတာပါ။
✔ Collagen ပြည့်ဝပြီး ကြည်လင်နုပျိုတဲ့အသားအရေရချင်သူများ moistfull collagen kit လေးကို စမ်းသုံးကြည့်သင့်ပါတယ်နော်
✔ Sample Kit လေးမို့ ဈေးလည်းသက်သာတယ်တဲ့အပြင် ပြန်ရတဲ့ result ကလည်း သိသိသာသာအရမ်းကောင်းတာ မင်မင်ကိုယ်တိုင် လက်တွေ့ပါပဲ ရှင့်
အသုံးပြုပုံ 👇👇👇
toner -> emulsion -> essence -> cream
စတာတွေကို တဆင့်ချင်းစီ လိမ်းသွားရုံပါပဲနော်
❤️❤️❤️
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 10:00 - 22:00 |
| อังคาร | 10:00 - 22:00 |
| พุธ | 10:00 - 22:00 |
| พฤหัสบดี | 10:00 - 22:00 |
| ศุกร์ | 10:00 - 22:00 |
| เสาร์ | 10:00 - 22:00 |
| อาทิตย์ | 10:00 - 22:00 |
