Travel With Pann Sabal
Daily Life �
11/06/2025
BKK သွားရတာပျင်းနေပြီး Myanmar နဲ့နိးနိးနားနားလဲ visa လဲမလို စရိတ်လဲ သက်သာပြီး လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါး ခရီးထွက်ချင်တဲ့အတွက်Sabal သွားဖြစ်ခဲ့တဲ့ Vietnam က Phu Quoc ကျွန်း၄ ည အိပ် ၃ ရက် 🇻🇳 ခရီးစဉ်လေးပြန် sharing ထားပေးပါတယ်။
Italy အသေးစားလို့တောင်ပြောလို့ရတယ် ခြေချလိုက်တဲ့နေရာတိုင်း ဓါတ်ပုံရိုတ်ချင်စရာနေရာတေေွကြီးဘဲ။
Budget trip မဟုတ်ပေမဲ့ ခရီးစဉ်စဆုံး Sabal 14000 baths ဝန်းကျင်လောက်ဘဲကုန်ကျခဲ့ပါတယ်။(လက်ဆောင်တွေဝယ်တာမပါ)
bkk ကနေစသွားတာပါ။
ငွေကို Sabal bkk airport (အသေး)3 floor က money exchanger မှာလဲတာပါ။
bkk ကနေငွေလဲသွားပါ ဟိုရောက်မှ ငွေလဲရင် စျေးအရမ်းကြိးပါတယ်။
📍 DAY 1(airasia flight +kilo အပိုထပ်ဝယ်ပြီးသွားတာပါ)
✓13:30 PM Airportရောက်တယ်။ airport မှာဘဲ simcard ဝယ်ပါတယ်။ စျေးမကြီးဘူး(၂၀၀ ထင်တယ်)
Grab ခေါ်ပြီး ( grab ဘဲခေါ်ပါ။ အခြားကားတွေစျေးကြီးလို့ အခြားကားတွေခေါ်ရင်တောင် grab က ကားစျေးနဲ့ယှဉ်ပြီးစျေးစစ်ပြီးခေါ်ပါ) ကားတွေ အရမ်းကောင်းပြီး စျေးလဲသက်သာပါတယ်။
✓ Sunset town ကိုသွားပါတယ်။
✓ Sunset town နားက စားသောက်ဆိုင်မှာ အစာစားပြီး ဟောတည်သွားတာပါ။
ဟောတည်ကို Sabal Sea view 1 nite and city view 2 nite ယူထားပါတယ်။
Sea view ကနေ မီးပန်းကြည့်လို့ရပါတယ်။
ညတိုင်း၇:၃၀ မီးပန်းဖောက်ပါတယ်။ ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားကိုဖောက်တာ။
✓အခန်းကနေ fireworks ကြည့်ပါတယ်။
✓ Lotus hotel မှာတည်းပြီး အဲ့နားတစ်ဝိုက်ပတ်ပါတယ်။ဓါတ်ပုံရိုတ်ပါတယ်။
ကျွန်းမြို့တစ်ခုလုံးက တစ်နေရာ မကျန် ဓါတ်ပုံရိုတ်ချင်စရာနေရာတွေကြီးဘဲ။
📍 DAY 2
✓မနက်မိုးလင်း breakfast စားပြီးတာနဲ့ hotel က cycle ငှါးပြီး မြို့ပတ်ပါတယ်။ တစ်နေ့လုံးငှါးရင် ၃ သိန်းလို့ထင်တာဘဲ။ Sabal လဲနည်းနည်းမေ့နေပြီး။
ပြီးရင် Cable သွားစီးပါတယ်။
Asia မှာ အရှည်ဆုံးလို့ပြောတာဘဲ။
လှတာတော့ အရမ်းလှတယ်။
✔️Sunworld Hon Thom
✓ Aquatopia ရေဆော့တယ်။
ဆော့လို့ရ ပတ်လို့ရတာ အကုန်ဆော့ပြိး ပတ်ခဲ့တယ်။
အသားတွေလံ မဲပြာနှမ်းခဲ့တယ်🥹
✓Sunset town ပြန် ဟောတည်မှာ ရေမိုးချိူး အနားယူ
✓ကမ်းခြေ Khem မှာဓါတ်ပုံရိုတ် လမ်းလျောက်
✓ Kiss bridge မှာ လေညင်းခံ သီချင်းလေးနားထောင် ဓါတ်ပုံရိုတ်
📍 DAY 3
✓Vinwonder + safaris world
(ticket ကို trip.com ကဝယ်သွားတာပါ။)
ဘတ် ၁၀၀၀ ကျော် ၁၃၀၀ ဝန်းကျင်
Disney land အသေးစားလို့လဲပြောလို့ရတယ်။
အရမ်းလှတယ်။ နေလဲ အရမ်းပူတယ်။ ဓါတ်ပုံရိုတ်လို့ဝပြီးရင်
✓safari worlds ထဲဝင်တယ်။
aircon အေးအေးလေးထဲ ငါးလေး ရေအောက် တိတိလေးတွေရူ့စား
✓tickets မှာ free food ပါတော့ အဲ့မှာဘဲနေ့လည်စာစား
13:30AM ထင်တယ် ရေသူမ show ပွဲရှိတယ်
ရေသူမ show ပွဲကြည့်။
✓Grandworld သွား ပတ် လည် ။
လည်လို့ဝရင် ပလဲ ပြတိုက်သွား(ဘားမမရှိဘူး စိတ်မဝင်စားရင်မသွားလို့လဲရတယ်)
✓ အဲ့ကအပြန် phu quoc nite martket မှာ ညစာစား
အစားသောက်တွေလဲ စျေးပေါတယ်။
(အိမ်ပြန်လက်ဆောင်ဝယ်)
📍 DAY 4
✔️hotel နားက SANTO CAFE သွား မနက်စာစား
ဓါတ်ပုံရိုတ်
မြို့ပတ် ဓါတ်ပုံရိုတ်
✓airportပြန်
⭐️ကုန်ကျစရိတ် ၁၄၀၀၀ ဘတ် ဝန်းကျင်
📍
flight tickets 4000 နီးပါး+ kilo
📍hotel- first day 700 baths (1 nite)/2/3 days -700 baths (2 nite)
📍Vinwonder 1,300
📍simcard 200
🔺အစားသောက် +ကားဖိုး ၃၀၀၀
💥Grab နဲ့ဘဲသွားဖြစ်တာများတယ်။
24/03/2025
အဖေတခါက ပြောဖူးတယ်။
🌑🌑🌑🌑🌑🌑
ကိုယ့်ဘေးနားမှာ မနာလိုတတ်တဲ့သူတွေ ရှိနေတာက အန္တရာယ်အများဆုံးဘဲတဲ့။
လူတွေက ကိုယ်နဲ့မသိတဲ့သူ သူစိမ်းအပေါ်ကို မနာလိုတတ်တာ ရှားတယ်။
မနာလိုကြပြီ၊ မကောင်းပြောကြပြီ၊ ဆိုပြီးကြည့်လိုက်ရင် ကိုယ်နဲ့ခင်တဲ့လူ သိတဲ့သူ ကိုယ့်အနီးအနား ကိုယ့်စက်ဝိုင်းထဲကလူတွေအချင်းချင်းပဲ ဖြစ်နေတတ်တယ်။
လူတွေကလေ အကြောင်းမသိတဲ့ အခြား သူစိမ်းအပေါ်ကို ချီးကျူးနိုင်လိမ့်မယ်၊ မုဒိတာပွားနိုင်ချင် ထားနိုင်လိမ့်မယ်။
ကိုယ့်ပခုံးဘေးက ချစ်ကြ ခင်ကြသူကြတော့ လွယ်လွယ်နဲ့ မချီးကျူးချင်ကြဖူး၊ လက်ခုပ်မတီးပေးနိုင်ကြဖူး၊ မုဒိတာမပွားပေးနိုင်ကြဖူးလေ ။
ဘာကြောင့်လဲဆိုတော့ အကြောင်းသိတွေမို့လို့ကိုး 😊
ရုတ်တရက်ကြီး …….
အဆင့်အတန်းခြင်း၊
အရည်အချင်းခြင်း၊
အခြေအနေခြင်း ကိုယ့်အောက်နိမ့်နေတာက ၊ သူမသာကိုယ်မသာ တန်းခြင်းတူနေရာကနေ ရုတ်တရက် မြင့်သွားတာမျိုး သာသွားတာမျိုးဆို ခံစားရခက်တာကိုး။
ဒီတော့ အကြောင်းသိ၊ အတွင်းသိ၊ အဆင်းသိတွေ ဖော်ပြီး ရင်ထဲမှာ မနာလိုပန်းတွေသူ့အလိုလိုပွင့်လာတတ်ကြတယ်။
ဒါဟာလူတိုင်း ကြုံဖူးကြတဲ့ လူ့သဘာဝဆိုပေမဲ့။
ကိုယ်က သူတို့ကို မိသားစုဝင်လို၊ မိတ်ဆွေ သူငယ်ချင်းလို သဘောထားပြီး ဆက်ဆံနေမိတဲ့အချိန်မှာ…… သူတို့က ကိုယ့်ကို ပြိုင်ဘက် တစ်ယောက်လို မြင်နေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်ကြရင်တော့ နဲနဲတော့နာကျင်သွားရတယ် မဟုတ်လား 💔
ချစ်တဲ့
Pann Sabal
Hello!!! How miss me??
Sabal ခရီးတွေပြန်စသွားတော့မှာမလို့ ဒီ Page လေးလဲ မကြာမကြာ activity လေးတွေတင်ပြီး sharing လုပ်သွားပေးတော့မှာပါ။
19/12/2024
🍁အသက်၃၀+ ရောက်လာတဲ့ခါ သင်သိလာလိမ့်မယ်🍂
1.အချိန် နဲ့ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာ
2. အပြန်လှန်တိုးတက်အောင်အထောက်ကူပြုတဲ့သူကိုရွေးပေါင်းရမယ်ဆိုတာ
3.ငြိမ်းချမ်းမှူက ခေတ္တပျော်ရွင်မှူထက်တန်ဖိုးရှိတယ်ဆိုတာကို
4.ဝင်ငွေ ၂/၃ နေရာရှိနေမှ ပိုတည်မြဲနိုင်မယ်ဆိုတာ
5.Self Care =Work Hard
6.အတွေ့ကြုံက ပစ္စည်းအရာဝတ္တုတွေထက်အရေးကြီးတယ်ဆိုတာ
7.လက်ရှိပစ္စုပ္ပန်/ ကိုယ့်ကိုချစ်တဲ့သူကိုတန်ဖိုးထားပြီးပျော်အောင်ဖြတ်သန်းရမယ်ဆိုတာ …………..
19/12/2024
iphone camera မလှတာမဟုတ်ပါဘူး သင် setting မချိန်ရသေးတာပါ 🤭
ဒီအတိုင်း IPhone Camera မှာ ချိန်ကြည့်ကြည့်ပါ အသားရေအများကြီးလင်းခဲ့ကြီး ဝါနေတာတွေလဲ နည်းခဲ့စေမယ် ပုံကိုလဲပို Glow ပြီးကြည့်ကောင်းစေတယ်။
▫️Exposure +15
▫️Vividness +20
▫️Shadow +10
▫️Contrast -10
▫️Brightness +10
▫️Color temperature -18 (Key Step! Remove Yellow!)
▫️Tone +15 (Pink Skin, Korean Female Look)
▫️Sharpness +20
(Sabal လဲ နိုင်ငံခြားက Page တွေ TwitterတွေမှာSharing လုပ်ထားတာတွေ့လို့ အားလုံးအတွက်အသုံးဝင်မယ်ထင်လို့ပြန်မျှဝေပေးတာပါ)
19/12/2024
☁️☁️☁️
တိမ်ပန်းချီ ဇာတ်ကားမှာ အေးချမ်းမောင်ပြောတယ် “ ငါမင်းကို ရွေးချယ်စရာနှစ်ခုပေးမယ် …. မင်းငါ့ကို စွန့်လွှတ်မလား❓ခွင့်လွှတ်မလား ❓” တဲ့ ။
ဟုတ်တယ်နော် အဲလိုအခြေအနေ ခံစားချက်မျိုးကို တကယ့်အပြင်လောကမှာလဲ sapal တို့ကိုယ်တွေ့ကြုံဖူးခဲ့ကြလိမ့်မယ် ။ လက်တွေ့ခံစားဖူးခဲ့ကြလိမ့်မယ် ။
ဒါကဖောက်ပြန်တာတခုထဲကိုမဆိုလိုပါဘူး ။ မဖောက်ပြန်ပဲနဲ့လဲ စိတ်ဒုက္ခရောက်စရာတခြားကိစွတွေတပုံကြီး ၊ အပျော်အပါးမက်တာ ၊ အငုံ့စိတ်ရှိတာ ၊ ပြိုင်ဘက်လိုသဘောထားတာ ၊ မိသားစုတွေကြောင့်အဆင်မပြေတာ ၊ သဘောထားချင်းမတိုက်ဆိုင်တာ ၊ ခံယူချက်ခြင်းမတူတာ ၊ ကျင်လည်ကြီးပြင်းခဲ့တဲ့ ပံုစံမတူတာ ၊ ဗီဇ အကျင့်စရိုက်ခြင်းပေါင်းစပ်မရတာ အမျိုးမျိုးပေါ့ ။
ဟိုး ငယ်ငယ်ကတော့ အချစ်ရေးမှာစိတ်ညစ်ရပြီဆိုရင် သူငယ်ချင်းတွေ အမတွေကိုရင်ဖွင့်တယ်မှတ်လား ။ ဘာဆက်လုပ်ရမလဲ ။ ဖြတ်ရမလား ။
တဖြည်းဖြည်း အသက်အရွယ်ရလာတော့ ဇာတ်လမ်းထဲကအတိုင်းဘဲ ။ RS နဲ့ပက်သက်လို့ ကိစ္စတခုခုကြုံရတိုင်း ဘယ်သူ့ကိုမှလဲ လျှောက်အကြံမတောင်းတော့ဘူး ။ သူများလာရင်ဖွင့် လာမေးရင်လဲ ဒီအတိုင်းပဲ ပြန်ဖြေဖြစ်တာက …..
“ မစွန့်လွှတ်နိုင်ရင် ခွင့်လွှတ် ၊
မခွင့်လွှတ်နိုင်ရင် စွန့်လွတ် “
နာကျင်ပေမဲ့ ကိုယ့်ကိုယ်ပြန် အသဲခွဲရတဲ့အခါတွေရှိတယ် ။ ဘယ်သူ့ရဲ့အကြံမှလိုက်မေးမနေနဲ့ လေကုန်တယ် ၊ လူပင်ပန်းတယ် ၊ ကိုယ့်ရဲ့ပူဆွေးသောကရောက်နေတာကြီး လူမြင်တယ် ။ ပြီးရင်လဲသူများတွေပြောတဲ့ အကြံအတိုင်းလဲ လိုက်လုပ်ချင်မှလုပ်တာ ။ ကိုယ့်ကိုယ်ကိုပြန်မေး ….
သူမရှိလို့မရဘူးဆိုရင် ဘာဖြစ်ဖြစ် သည်းခံရတော့မှာဘဲ ။ ရွေးချယ်စရာမှမရှိတာ ။
ငါတော့ အနာဂတ်မှာလဲဒီလိုထပ်မခံစားချင်ဘူး ။ သည်းလဲမခံနိုင်တော့ရင် ဘယ်လောက်ချစ်ချစ် ကွဲ ။
ဒီနေရာမှာ စကားတခု လက်ဆောင်ပေးချင်တယ် ။ ဘဝမှာ နောက်ဆံုး ကိုယ့်ကိုယ်ကိုဘဲ ရွေးချယ်ပါ ဘယ်တော့မှနောင်တမရစေရဘူး ။ အဲဒါ ဘယ်တော့မှမမှားတဲ့ဆုံးဖြတ်ချက်ပဲ ။
ချစ်တဲ့
Pann Sabal
19/12/2024
ညီမတွေ ၊ သူငယ်ချင်းတွေကိုဆို Sapal အမြဲပြောနေကြစကားရှိတယ် ။
နင်တို့စားနိုင်တုန်းစား ၊ ဝတ်နိုင်တုန်း ဝတ်ထား ၊ သွားနိုင်တုန်းသွား ၊ လုပ်နိုင်တုနါးလုပ်ထား ၊ ဖလန်းနိုင်တုန်း ကဲထား ။ အသက်အရွယ်ဆိုတာ expired ရှိတယ် ။ age is just a number လို့ဘယ်လိုပြောပြော ….
အရွယ်တခုရောက်လာတဲ့အခါ ဆံပင်ကာလာမျိုးစုံဆိုး အရမ်းတိုနှံ့နေတဲ့ စကပ်လေးတွေဝတ်ပြီး EDM ပွဲသွားလို့မရတော့ဘူး ။ ဘယ်လောက်ကျန်းမာပါတယ်ဆိုဆို Body အားစိုက်ရတဲ့ activities မျိုးတွေ ၊ စွန့်စားခန်းဝင်တာတွေလုပ်လို့မရတော့ဘူး ။ မိသားစု လက်တွဲဖော်ကိုငဲ့ရတာတွေ ၊ ပတ်ဝန်းကျင်ကိုနားစွင့်ရတာတွေရှိလာမှာဘဲ ။
ဒါကြောင့် အခုချိန်ငယ်တုန်း ၊ လွတ်လပ်တုန်း ၊ လူငယ် လူလတ်ပိုင်းဘဝကိုကောင်းကောင်းကြီး အသုံးချစေချင်တယ် ။ ဖြတ်သန်းစေချင်တယ် ။
သူများကိုဒုက္ခရောက်အောင်လုပ်တာနဲ့ ကိုယ့်ကိုယ်ကို ဖျက်စီးတာမဟုတ်ရင် ကျန်တာ အကုန်ချ အကုန်စမ်း one life one chance ဘဲရတာ Try ကြည့်ကြ ။
ဖြစ်ချင်တာထက် ဖြစ်သင့်တာ ဦးစားပေးနေရတဲ့ဘဝတွေဆိုပေမဲ့ bucket list လေးလုပ်ပြီး သေးသေးလေးကနေ တခုချင်းစီ လုပ်သွားကြည့် ဖြည်းဖြည်းချင်းပေါ့ ။
သေချာတာတော့ ဘဝဟာပိုနေပျော်ပီး အဓိပ္ပါယ်ရှိလာမှာပါ 🩵💙🩵💙
ချစ်တဲ့
Pann Sabal
16/12/2024
🤍🤍🤍
"အလုပ်လုပ်ရတာ မပျော်ဖူးမမတဲ့"
🌱🌱🌱🌱
ဒါဆို ပျော်ချင်လို့အလုပ်လုပ်မှာလား ❓
ငွေရှာချင်လို့အလုပ်လုပ်နေတာလား ❓ ဆိုတဲ့မေးခွန်းပဲ ပြန်မေးချင်တယ်။
ကိုယ့်ဘဝကြီးကတော့မွေးကထဲက ငွေအတွက်ပူစရာမလိုဖူး ငွေအတွက်အလုပ်လုပ်စရာမလိုဖူးဆိုရင်တော့ ပျော်မယ်ထင်ရာလုပ်ပေါ့။
ဒါပေမဲ့Rich kid အဖြစ်မွေးလာတာမဟုတ်ရင်တော့ ကိုယ့်ကလေးတွေ Rich ဖြစ်ဖို့ငွေရှာ ရလိမ့်မယ်…
မပြည့်မစုံ မွေးလာတာကို ကိုယ်မတတ်နိုင်ပေမဲ့ ပြည့်ပြည့်ပြည့်စုံစုံဘဝနဲ့ နေသွားသေသွားနိုင်ဖို့ တော့ ငွေရှာရလိမ့်မယ်။
ငွေရှာရင်တော့ပျော်ရမှာမဟုတ်ဖူး စိတ်ချ 🙂
အောက်ကျို့ခံနိုင်ရမယ်…
သည်းခံရမယ်…
တခါတလေအော်ငိုချင်လောက်အောင် ပင်ပန်းမယ်…
သေချင်လောက်အောင်စိတ်ဖိစီးမယ်…
မအိပ်နိုင်မစားနိုင်အောင် ခက်ခဲတဲ့နေ့တွေဖြတ်ရမယ် …
✨ ဒါပေမဲ့ အဲဒီငွေနဲ့ ကိုယ့်မိဘတွေလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်လာတဲ့အခါ
✨ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာဝယ်နိုင်လာတဲ့အခါ
✨ ဘယ်သူမျက်နှာမှကြည့်နေစရာမလိုပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ့်စိတ်ကြိုက်လုပ်နိုင်တဲ့အခါ
✨ မိသားစုအတွက်ချစ်ရတဲ့သူအတွက် အထောက်အပံ့ပေးနိုင်ပီး စိတ်ချမ်းသာအောင်ထားနိုင်တဲ့အခါ
အဲဒီအခါ ငွေရှာရတာပျော်လာပါလိမ့်မယ် 😇
ချစ်တဲ့
Pann Sabal
💗
20/05/2024
☕️ Foreign Countries မှာရှိနေသလို ခံစားချက်ရစေမဲ့ Bangkok မှာရှိတဲ့ cafe 15 ခု
#ชอบโปร
20/05/2024
❤️❤️❤️
14/12/2023
🌷ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကတိ တည်ပါ။
ဟုတ်ပါတယ်။ ကတိတည်ပါ။
ကိုယ်တိုင်ကလည်း Business လုပ်တဲ့သူဖြစ်တဲ့အတွက် စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေအပေါ် ၊ မိတ်ဆွေသူငယ်ချင်းတွေအပေါ်၊ ကိုယ့်ဝန်ထမ်းတွေအပေါ် စသဖြင့် ကတိတည်နိုင်အောင် အမြဲကြိုးစားပါတယ်။
ကတိ ဆိုတာက ပေးရတဲ့အချိန်ဘာမှမဟုတ်ပေမယ့် တကယ်တမ်း ကတိတည်ဖို့ကြိုးစားရတဲ့နေရာမှာ သတ္တိရှိဖို့လိုပါတယ်။
သတ္တိဆိုတာက ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ငါ ကတိတည်နိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ ပြိုလဲမသွားတဲ့ သတ္တိမျိုးကိုပါ။
ကိုယ် ကတိပေးခဲ့တဲ့လူက ကလေးလေးဖြစ်နေပါစေ ...အဲ့ဒီကတိကို အလွယ်တကူ ဖျက်ဖို့မကြိုးစားပါနဲ့။ ကတိတည်ခြင်းက တစ်ဖက်လူဆီကနေ ယုံကြည်မှုဆိုတဲ့လက်ဆောင်ကို ရရှိပါတယ်။
ဒါကြောင့် လူတွေရဲ့လေးစားမှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှုကို ခံရဖို့ ပထမဆုံး ကိုယ့်ဘက်က ပေးရမယ့်အရာက ကတိ တည်ခြင်းပါပဲ။
ချစ်ခြင်းအားဖြင့်
Pann Sabal
14/12/2023
💸💸💸💸
ခဏခဏကြားဖူးမှာပါ။
"ကိုယ့်အတွက်ကို ငွေသုံးဖို့ မနှမျောလိုက်နဲ့ "
အဲဒါက နောက်ဆုံးပေါ် အဝတ်အစား ထွက်တိုင်းဝယ်တာ၊ Brand အိတ်တွေဝယ်တာ၊ review ပေးသမျှ skincare တွေ၊ cosmetics တွေလိုက်ဝယ်တာ၊ တပတ်ကိုငါးရက်လောက် အကင်တွေ hotpot တွေစားတာ၊ night out ထွက်ပြီးတချိန်လုံးပျော်ပါးတာတွေမဟုတ်ဘူး။
အဲအရာတွေမှာ ငွေသုံးဖို့ တိုက်တွန်းစရာတောင်မလိုဘူး။ အော်တိုထွက်ပြီးသားပဲ မဟုတ်လား။ ပျော်စရာကောင်းလားဆိုကောင်းတာပေါ့၊ မကြိုက်ဖူးလားမေးရင် ကိုယ်လဲအပါအဝင်အရမ်းကြိုက်တာပေါ့ 🙃🙃
ဒါပေမဲ့ ဒါတွေက အပေါ်ယံအလှတွေ၊ ခဏတာ စိတ်ခံစားချက်တွေ၊ ယာယီပျော်ရွှင်မှုတွေဘဲပေးနိုင်မှာ။
တကယ်တမ်း ကိုယ့်ငွေကိုသုံးသင့်တဲ့နေရာက အတွေးခေါ်ကောင်းဖို့စာဖတ်တာ၊ စာအုပ်တွေဝယ်တာ၊ အမြင်ပွင့်အောင် လေ့လာတာမျိုး၊ ခရီးသွားတာ၊ ဘဝတိုးတက်အောင် သက်မွေးပညာတခုခုသင်တာ၊ ဘာသာစကားတွေထပ်သင်တာ
ကိုယ် ဝါသနာပါတဲ့ own business ကို OS ဖစ်ဖစ်၊ bakery ဖစ်ဖစ် သေးသေးလေးက စကြည့်တာ၊
Body လှအောင် Gym ဆော့တမျိုး၊ Pilates ကစားတာ၊ အဆီကျအောင် Zumba ကတာ၊ မျက်နှာလေးလှအောင် အသားအရေကောင်းအောင် Aesthetic clinic တွေ Spa တွေပုံမှန်သွားပေးတာ၊ ကျန်းမာရေးကောင်းအောင် ကိုယ့်အသက်အရွယ်နဲ့လိုက်တဲ့ supplement တခုခုသောက်တာ။
အဲလိုတွေကသာ အသက်ရလာတဲ့အထိကိုယ့်ကိုလှစေမှာ၊ သန်မာစေမှာ၊ သူများမျက်နှာမကြည့်ရပဲ ကိုယ့်ကိုကိုယ်အားကိုးလို့ရအောင်တည်ဆောက်ပေးမှာ၊ ဘာလာလာဒေါင်းတဲ့ strong lady တွေဖစ်လို့ရမှာ၊ ဒါကြောင့် ကိုယ့်အတွက်ဒီနေရာတွေမှာ ဒီနေ့ကစပြီး ငွေသုံးဖို့မနှမျောနဲ့တော့နော်❤️
တို့တွေခေတ်က Beauty ဘဲဖစ်လို့မရဘူး။
"Beauty with Brain, rich and wow Body" ဖစ်မှရမယ်။ 🤗
ချစ်တဲ့
Pann Sabal
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
