Thailand Passport License Cargo Services

Thailand Passport License Cargo Services

แชร์

အကောင်းဆုံး ဝန်ဆောင်မူ

26/05/2026

🚨 Work Permit (ဝါ့ပါမစ်ကတ်) အမြန်လိုချင်သူများအတွက် အထူးသတင်းကောင်း 📣

အားလုံးပဲ မင်္ဂလာပါ 🙏

ဒီနေ့ခေတ် ထိုင်းနိုင်ငံရောက် ရွှေမြန်မာတွေရဲ့ ဘဝမှာ Work Permit ( ဝါ့ပါမစ်ကတ်) ရှိမှသာ အလုပ်ဝင်တာ၊ အလုပ်ပြောင်းရွှေ့တာတွေ စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေပြေ လုပ်ကိုင်နိုင်ကြမှာ အားလုံးအသိပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း Work Permit မရှိသေးလို့ အလုပ်အကိုင်အတွက် အဆင်မပြေဖြစ်ပြီး ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ သူတွေကို အများကြီး မြင်တွေ့နေရပါတယ်နော်။ 🥺

ဒါကြောင့်... ကျနော်တို့ Thailand Passport Cargo Services နဲ့ စာရွက်စာတမ်း ကိစ္စရပ်များ ယုံကြည်စိတ်ချစွာ အပ်နှံထားကြသူများအနေဖြင့်

Work Permit ကတ်ကို အမြန်ဆုံး ရရှိလိုပါက အခုပို့စ်ကို မြင်တာနဲ့ ချက်ချင်း ဆက်သွယ်ပေးကြဖို့ အသိပေး နှိုးဆော်အပ်ပါတယ်။

💡 ကျနော်တို့ ဘာတွေ ကူညီပေးသွားမှာလဲ?

* အမြန်ဆုံး ရက်ချိန်း (ရက်ယူ) ပေးခြင်း။

* Work Permit ကတ် အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ရရှိအောင် အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးခြင်း။

* (မှတ်ချက် - ကတ်အမြန်ရရှိရေးအတွက် နယ်ဝေးသို့ သွားရောက် ဆောင်ရွက်ရမည် ဖြစ်ပါတယ် )*

📞 ဘယ်လို ဆက်သွယ်ရမလဲ?

နယ်ဝေးသွားနိုင်တယ်၊ ကတ်လည်း အမြန်လိုချင်တယ်ဆိုရင်တော့ အချိန်ဆွဲမနေဘဲ အခုချက်ချင်းပဲ ဆက်သွယ်လိုက်ပါ။

* 💬 page * Thailand Passport Cargo Services ရဲ့ Messenger (Cb)

* 📞 ဖုန်းနံပါတ်: 061-7791766
* 📱 Lineစိမ်း / Viber: 061-7791766

⚠️ အရေးကြီး နှိုးဆော်ချက်

အချိန်မီ စနစ်တကျ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်အတွက် လူဦးရေ အကန့်အသတ်ရှိလို့ အခုပဲ လက်ဦးမှုရယူပြီး အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

ကျနော်တို့ထံ ယုံကြည်စိတ်ချစွာဖြင့် အမြဲတမ်း အပ်နှံအားပေးကြတဲ့အတွက် တစ်ဦးချင်းစီ တိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ် 🙏✨

ထိုင်းနိုင်ငံရောက် ရွှေမြန်မာများအားလုံး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကာ ရွှေငွေရတနာများ မြောက်မြားစွာ စုဆောင်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် 💰 🍀🍀🍀 💰

Thailand Passport License Cargo Services

#ထိုင်းရောက်ရွှေမြန်မာ #အလုပ်သမားကတ်

26/05/2026

Nakhon Pathom မှာ Work Permit ကဒ် ရပြီး ပြန်လာကြပါပြီ 👏

ယုံကြည်စွာ အပ်နှံအားပေးတာ ကျေးဇူးပါ 🤝

25/05/2026

🟪 မေလကုန်ပိုင်း ခရီးသွားလာသူများနှင့် ပြည်သူများ အထူးသတိပြုရန်

* ထိုင်းတစ်နိုင်ငံလုံး မိုးကြီးပြီး ရုတ်တရက်ရေကြီး၊ တောင်ကျချောင်းရေကျနိုင်

မေလကုန်ပိုင်း ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတစ်ဝှမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးတာ၊ တောင်ကျချောင်းရေကျတာတွေ ဖြစ်လာနိုင်လို့

ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အထူးသတိပြု ပြင်ဆင်ထားကြဖို့ မိုးလေဝသဌာနက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

🌧️ မိုးလေဝသ အခြေအနေ အပြောင်းအလဲ

* မေလ ၂၅ - ၂၇ ရက် (မိုးခေတ္တစဲမည့်ကာလ) * အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ပဲ ရှိတာကြောင့် တစ်နိုင်ငံလုံးမှာ မိုးခဏလျော့နည်းနေဦးမှာ ဖြစ်ပါတယ်။

* မေလ ၂၈ - ၃၁ ရက် (အထူးသတိပြုရမည့်ကာလ)* လေဖိအားနည်းရပ်ဝန်းလမ်းကြောင်းက ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းအောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေပေါ် ဖြတ်သန်းသွားမှာဖြစ်သလို၊ မုတ်သုံလေပါ အားကောင်းလာမှာကြောင့် * တစ်နိုင်ငံလုံး နေရာအနှံ့ မိုးပြန်စိပ်ပြီး မိုးကြီးနိုင်ပါတယ်။

📍 ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်များနှင့် သတိပြုရန်များ

⚠️ * အရှေ့ပိုင်းနှင့် တောင်ပိုင်းအနောက်ကမ်းရိုးတန်း *

မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးရေချိန်စုဆောင်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျချောင်းရေကျခြင်းနှင့် မြစ်ရေလျှံခြင်းတို့ ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးဖြစ်လို့ အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

* ဘန်ကောက်၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်း *

မေလ ၂၉ ရက်ကနေ ၃၁ ရက်အတွင်း မိုးရွာသွန်းမှု ၄၀% မှ ၆၀% အထိ မြင့်တက်လာပြီး နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

* တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်း (ဖူးခက်၊ ဖန်ငါ စသည့်ဒေသများ) *

လကုန်ပိုင်းတွင် မိုးရွာသွန်းမှု ၇၀% မှ ၈၀% အထိ ရှိလာနိုင်ပြီး နေရာအနှံ့ မိုးအလွန်သည်းထန်နိုင်ပါတယ်။

⚓ ရေကြောင်းနှင့် ကမ်းရိုးတန်း သတိပေးချက်

ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် သင်္ဘောသားများအနေဖြင့် မိုးသက်လေပြင်းကျသည့် ဧရိယာများကို အထူးရှောင်ရှား မောင်းနှင်ကြရန် လိုအပ်သလို၊

ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းရှိ လှေငယ်များအနေဖြင့် မေလ ၂၈ ရက်မှ ၃၁ ရက်အထိ ကမ်းကပ်ထားကြရန် နှိုးဆော်ထားပါတယ်။

*(Khaosod သတင်းဌာန၏ ဖော်ပြချက်ကို အခြေခံ၍ တင်ပြထားခြင်းဖြစ်ပါသည်)

Thailand Passport License Cargo Services

#ထိုင်းမိုးလေဝသ #သတိပြုရန်

23/05/2026

⚠️ သတိထားစရာ ထိုင်းမိုးလေဝသ အခြေအနေ - ခရိုင်ပေါင်း ၃၆ ခုမှာ မိုးကြီးပြီး ရေလျှံလမ်းပိတ်နိုင်

ထိုင်းနိုင်ငံရောက် ရွှေမြန်မာတို့ရေ... ဒီနေ့ (မေလ ၂၃ ရက်) မှာ အပြင်သွားစရာ၊ အလုပ်သွားစရာ ရှိရင်တော့ ထီးနဲ့ မိုးကာလေးတွေ မမေ့တမ်း ဆောင်သွားကြဖို့ သတိပေးပါရစေ။

လက်ရှိမှာ အက်ဒမန်ပင်လယ်ပြင်က တိုက်ခတ်လာတဲ့ မုတ်သုံလေအပြင်၊ ဗီယက်နမ်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံတစ်ဝန်းမှာ မိုးတိမ်တွေ တရိပ်ရိပ် တက်နေပါတယ်။

ဒီနေ့မှာ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံရဲ့ ခရိုင်ပေါင်း ၃၆ ခုမှာ ဧရိယာ ၆၀ ရာခိုင်နှုန်းကျော်အထိ နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

📍 ဒေသအလိုက် မိုးရွာသွန်းနိုင်မှု အခြေအနေ

မိုးရွာသွန်းမှု ကာကွယ်ရေးအတွက် မိမိတို့ နေထိုင်ရာ ဒေသအလိုက် ခန့်မှန်းချက်တွေကို ကြိုတင် သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

* ဘန်ကောက်နှင့် ဆင်ခြေဖုံးဒေသများ *

နယ်မြေဧရိယာတစ်ခုလုံးရဲ့ ၆၀% အထိ နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမယ့် အခြေအနေ ရှိနေပါတယ်။

* မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ*

ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရက်ချ်ဘူရီ စတဲ့ ခရိုင်တွေမှာလည်း ဧရိယာ ၆၀% ခန့် မိုးရွာသွန်းပါမယ်။

* အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ *

ချွန်ဘူရီ (ပတ္တရား)၊ ရရောင်း၊ ဖူးခက်၊ ကရာဘီ၊ စူရတ်ထာနီ စတဲ့ မြန်မာပြည်သူပြည်သားတွေ များစွာရှိနေတဲ့ ဒေသတွေမှာတော့ မိုးရွာရန် ၆၀% မှ ၇၀% အထိ ပိုမိုမြင့်မားနေပါတယ်။

🌡️ အပူချိန်အခြေအနေ

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိမ့်ဆုံး ၂၃°C ကနေ အမြင့်ဆုံး ၃၆°C အတွင်း ရှိနိုင်ပါတယ်။

🚨 အထူးသတိပြုရန် ဘေး အန္တရာ ယ်များနှင့် လမ်းညွှန်ချက်

၁။ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရေလျှံမှု

ဘန်ကောက်မှာ နေထိုင်သူများအနေနဲ့ မိုးသည်းရင် ရုတ်တရက် ရေကြီးရေလျှံမှုတွေကြောင့် ယာဉ်ကြောအဆမတန် ပိ တ်ဆို့နိုင်လို့ ခရီးစဉ်တွေကို ကြိုတင်ပြင်ဆင်ပြီး အချိန်အပိုတွက်ထားစေချင်ပါတယ်။

၂။ မြေ-ပြို/တောင်ကျရေ အန္တ ရာ*ယ်

တောင်စောင်းအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေအနေနဲ့ ရုတ်တရက် တောင်ကျရေလျှံတာမျိုး ကြုံရနိုင်လို့ ဘေးကင်းရာကို သတိပြု နေထိုင်ကြပါ။

၃။ * ရေကြောင်းခရီးသည်များ သတိပြုရန် *

အက်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းကွေ့အထက်ပိုင်းတို့မှာ လှိုင်းအမြင့် *၂ မီတာ * ဝန်းကျင်အထိ ရှိနိုင်ပြီး၊ မိုးကြိုးမုန်တိုင်းဖြစ်ရင် လှိုင်းပိုကြီးနိုင်လို့ ရေလုပ်သားများနှင့် သင်္ဘောသားများ သတိကြီးစွာ သွားလာကြဖို့ လိုအပ်ပါတယ်။

မိုးသက်လေပြင်းကျနေတဲ့ ဧရိယာတွေဆီ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြပြီး၊ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

Thailand Passport License Cargo Services

#ရွှေမြန်မာ #ထိုင်းမိုးလေဝသ

22/05/2026

၂၆-၅-၂၀၂၆ ရက်နေ့တွင် ဝါ့ပါမစ်ကတ် ရို-က်ရန်အတွက် စာရင်းပေးသွင်း/ ပြောဆိုထားကြသောသူများအနေဖြင့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက်

ကျွန်တော်တို့၏ Page Messenger (CB) တွင် လာရောက် ဆက်သွယ်ပေးပါရန် (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်သို့ တိုက်ရိုက် ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 0617791766

​(မှတ်ချက် - အချိန်မီ ဆောင်ရွက်နိုင်ရန်အတွက် အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးကြပါရန် နှိုးဆော်အပ်ပါသည်ခင်ဗျာ)

ယုံကြည်စွာအပ်နှံ အကျိုးဆောင်စေသည့်အတွက် ကျေးဇူးပါခင်ဗျ။

ထိုင်းရောက်ရွှေမြန်မာများ အလုပ်အကိုင်များ အဆင်ပြေကာ ရွှေ​ငွေ ရတနာများ စုဆောင်းနိုင်ကြပါစေ 💰 🍀🍀🍀 💰

Thailand Passport License Cargo Services

#ရွှေမြန်မာ

22/05/2026

**ဇွန်လမှာ ရက်ရှည်နားရမလား? အထူးရုံးပိတ်ရက်အစီအစဉ် ဘယ်လို အခြေအနေ ရှိသလဲ ?

မေလရဲ့ နေ့ရက်တွေ ကုန်ဆုံးခါနီးမှာတော့ အလုပ်သမားထုကြီး မျှော်လင့်နေကြတဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် တရားဝင်ရုံးပိတ်ရက်စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ဇွန်လဆန်းမှာတင် ထူးထူးခြားခြား နားရက်တွေ ပါဝင်နေပြီး အစိုးရရုံးတွေ၊ ဘဏ်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအားလုံး ပိတ်မယ့် တရားဝင်ရက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

* ဇွန်လ ၁ ရက် (တနင်္လာနေ့) * ကဆုန်လပြည့်နေ့ (ဝိသာခပူဇာနေ့) ရဲ့ အစားထိုးရုံးပိတ်ရက်

* ဇွန်လ ၃ ရက် (ဗုဒ္ဓဟူးနေ့) * မိဖုရားကြီးရဲ့ မွေးနေ့တော် အထိမ်းအမှတ်ရုံးပိတ်ရက်

#ကြားရက် (ဇွန်လ ၂ ရက်) ကို အထူးပိတ်ရက် မပေးတော့ဘူးလား?

လူထုကြားထဲမှာ ရေပန်းစားပြီး မျှော်လင့်နေကြတာကတော့ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့ ပိတ်ရက်နှစ်ခုကြားထဲ ညှပ်နေတဲ့ *ဇွန်လ ၂ ရက် (အင်္ဂါနေ့)* ကိုပါ အစိုးရက အထူးပိတ်ရက်အဖြစ် တိုးပေးမလားဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။

တကယ်တော့ အစိုးရအဖွဲ့အတွင်းရေးမှူးရုံးဘက်ကနေ မေလ ၃၀ ရက်ကနေ ဇွန်လ
၃ ရက်အထိ ၅ ရက်ဆက်တိုက် ရက်ရှည်အားလပ်ရက်ကြီး ဖြစ်သွားအောင်၊

အလားတူပဲ လာမယ့် ဇူလိုင်လကုန်ပိုင်းမှာလည်း ၆ ရက်ဆက်တိုက် ပိတ်ရက်ရအောင် အစီအစဉ်ဆွဲပြီး အဆိုပြုတင်ပြခဲ့တာမျိုး ရှိခဲ့ပါတယ်။

သို့ပေမယ့်လည်း အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ဒီအဆိုပြုချက်ကို အတည်မပြုဘဲ ပယ်ချခဲ့ပါတယ်။ အကြောင်းရင်းကတော့ တစ်နှစ်ပတ်လုံးမှာ ရက်ဆက်တိုက်ပိတ်ရက်တွေ အလွန်များပြားနေရင်

စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ အလုပ်အကိုင်ကဏ္ဍတွေအပေါ် ရို က်ခ တ်မှုနဲ့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တာကြောင့်လို့ သုံးသပ်ခဲ့ကြလို့ဖြစ်ပါတယ်။

ဒါကြောင့် Thairath သတင်းဌာနရဲ့ ဖော်ပြချက်အရ အထူးပိတ်ရက်တိုးပေးမယ့် အစီအစဉ်ကို လုံးဝပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်လို့ ဇွန်လ ၂ ရက် (အင်္ဂါနေ့) မှာ အစိုးရရုံးတွေ၊ ဘဏ်တွေနဲ့ လုပ်ငန်းခွင်တွေအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ရက်ရှည်ပိတ်ရက်ကြီး မရတော့ပေမဲ့လည်း ရုံးပိတ်ရက်တွေနဲ့ ကြားရက်တွေကို သေချာတွက်ချက်ပြီး ခရီးသွားဖို့ ဒါမှမဟုတ် အနားယူဖို့ အစီအစဉ်လေးတွေကို အဆင်ပြေအောင် ကြိုတင်ပြင်ဆင်ထားနိုင်စေဖို့ ​ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။

​ထိုင်းရောက်ရွှေမြန်မာများ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ 🍀🍀🍀

Thailand Passport License Cargo Services

#ထိုင်းသတင်း #ရွှေမြန်မာ

21/05/2026

ထိုင်းနိုင်ငံရောက် ရွှေမြန်မာတို့အတွက် ဒီရက်ပိုင်း အထူးသတိထားရမယ့် မိုးလေဝသ သတင်းအချက်အလက်ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ချေ ရှိနေပြီး အချို့ဒေသတွေမှာ ရုတ်တရက် ရေကြီးတာနဲ့ တောင်ကျရေ ဘေးအန္တရာယ်တွေ ကြုံတွေ့ရနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD) က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဓိကကတော့ အက်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းနိုင်ငံအထက်ပိုင်းမှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေတဲ့အပြင် မြောက်ပိုင်းအောက်ဘက်နဲ့ အရှေ့မြောက်ပိုင်းအထက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတာကြောင့် လာမယ့် ၂၄ နာရီအတွင်း မိုး ပိုမိုသည်းထန်လာဖို့ ရှိနေတာပါ။

⚠️ ဒေသအလိုက် သတိပြုရန် အခြေအနေများ

✍️ မိုးအလွန်ကြီးနိုင်သည့် ဒေသများ

တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းဖြစ်တဲ့ ရနောင်း (Ranong) နဲ့ ဖန်ငါ (Phang Nga)ခရိုင်တို့မှာ မိုးအလွန် သည်းထန်နိုင်ပါတယ်။

✍️ နေရာကွက်ပြီး မိုးကြီးနိုင်သည့် ဒေသများ

မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေ ပါဝင်ပါတယ်။

✍️ ဘန်ကောက်နှင့် အနီးတစ်ဝိုက်

လာမယ့် ၂၄ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်ချေ
၄၀ ရာခိုင်နှုန်းရှိပြီး အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တာမို့ အိုက်စပ်စပ်နဲ့ မိုးအုံ့မယ့် ရာသီဥတုမျိုး ဖြစ်နိုင်ပါတယ်။

🌊 အကြံပြုချက်

* လျှပ်တစ်ပြက်ရေကြီးခြင်းကို သတိပြုပါ ။
* တောင်ခြေအနီး ရေလမ်းကြောင်းတွေနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြသူများအနေနဲ့ လျှပ်တစ်ပြက်ရေကြီးတာ၊ တောင်ကျရေစီးတာမျိုးတွေ ရုတ်တရက် ဖြစ်လာနိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်ပါတယ်။


အခုရက်ပိုင်း ရာသီဥတုက အပြောင်းအလဲ အရမ်းမြန်တာကြောင့် သွားလာလှုပ်ရှားတဲ့အခါ အအေးမိ၊ ဖျားနာခြင်း အပါအဝင် ကျန်းမာရေး ထိခိုက်မှု မရှိအောင် ဂရုစိုက်ကြပါ။

✍️ ရေကြောင်းခရီးစဉ်များ သတိပြုရန်

အက်ဒမန်ပင်လယ်ပြင်အထက်ပိုင်းမှာ လှိုင်းအမြင့် ၃ မီတာကျော်အထိ၊ ကပ္ပလီပင်လယ်ပြင်အောက်ပိုင်းနဲ့ ထိုင်းကွေ့အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာကျော် အထိ ရှိလာနိုင်ပါတယ်။

မိုးသက်လေပြင်းကျတဲ့ ဧရိယာတွေကို ရှောင်ကွင်းမောင်းနှင်ကြဖို့နဲ့ အက်ဒမန်ပင်လယ်ပြင်အထက်ပိုင်းက စက်လှေငယ်၊ ငါးဖမ်းလှေငယ်တွေအနေနဲ့ ကမ်းနားမှာပဲ ခေတ္တရပ်နားထားကြဖို့ (The Nation သတင်းအရ) အသိပေးထားပါတယ်။

ထိုင်းနိုင်ငံအနှံ့ ရောက်ရှိနေကြတဲ့ ရွှေမြန်မာများအားလုံး မိုးရာသီကာလမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရွှင်လန်းကြပါစေ။

Thailand Passport License Cargo Services

20/05/2026

💔 ကထုံဘန်းက အလူမီနီယံစက်ရုံ မီးလောင်မှုမှာ မြန်မာ ဝဏ္ဏ (Supervisor) စုဆောင်းထားသမျှ ရွှေ ၁၀ ဘတ်နဲ့ ငွေ ၂ သိန်း မီး-ထဲ ပါသွားပြီး ဒူးထောက်ငိုကြွေးရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကရထုမ်ဘန် (Krathum Baen) မြို့နယ်ရှိ ဧရိယာ ၁၀ ရိုင်ကျော် ကျယ်ဝန်းတဲ့ အလူမီနီယံထုတ်လုပ်ရေးစက်ရုံကြီးတစ်ခုမှာ

မေလ ၂၀ ရက်၊ ယနေ့နံနက် ၁၀ နာရီဝန်းကျင်က ပြင်းထန်တဲ့ *မီး-လော-င်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီ*မီးလော-င်မှုကြောင့် အဆောက်အအုံတွေ ပျ-က်စီး-ဆုံး-ရှုံး ခဲ့ရုံတင်မကဘဲ စက်ရုံတွင်းက မြန်မာအလုပ်သမားကြီးကြပ်ရေးမှူး (Supervisor) အမျိုးသားတစ်ဦးရဲ့ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း စုဆောင်းထားသမျှ

ထိုင်းရွှေအတုံး ၁၀ ဘတ်သား (၁၅၂ ဂရမ်ခန့်) နဲ့ ငွေသားဘတ် ၂ သိန်း ပါဝင်တဲ့ လက်ဆွဲအိတ်ပါ 🔥ထဲပါသွားပြီး ပြာအတိဖြစ်ခဲ့ရလို့ ကာယကံရှင်မှာ ရင်ကွဲမတတ် ခံစားရပြီး အခင်းဖြစ်နေရာမှာတင် ဒူးထောက်ငိုကြွေးခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

🔥 စတင်လောင်ကျွမ်းရခြင်း အကြောင်းရင်း

စုံစမ်းစစ်ဆေးချက်များအရ မီး-မလော-င်မီအချိန်က စက်ရုံရဲ့ စတုတ္ထမြောက်ဂိုဒေါင် အမိုးပေါ်မှာ အလုပ်သမားအချို့က လျှပ်စစ်ဂဟေဆော်ခြင်း (Welding) ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ ဆော်နေစဉ်အတွင်း ဂဟေမီးပွားများ (Sparks) ဟာ အောက်ဘက်ရှိ မီ-းလော-င်လွယ်သော ပစ္စည်းပုံပေါ်သို့ အရှိန်အဟုန်နဲ့ ကျရောက်ရာမှတစ်ဆင့် မီး-အပြ-င်း-အထ-န် စတင်လော-င်ကျွမ်းခဲ့တာဖြစ်ပြီး စက်ရုံတွင်းရှိ အလုပ်သမားများအားလုံး ထိတ်လ-န့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

အဆိုပါ မီ းလော-င်မှုကို ငြှိမ်းသ-တ်ဖို့အတွက် ဒေသတွင်း မီးသ-တ်ကား ၁၀ စီးထက်မနည်း လာရောက်ငြှိမ်းသ-တ်ခဲ့ရပြီး ပြ-င်းထ-န်တဲ့ အပူရှိန်ကြောင့် ဂိုဒေါင်ရဲ့ အမိုးနဲ့ အဆောက်အအုံတွေ ပြို-ကျ-ပျ-က်-စီးခဲ့ရသလို အတွင်းထဲက စက်ပစ္စည်းတွေလည်း အကုန်ပျ-က်-စီးသွားခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ လူ့အသက် အန္တရာ ယ် ဖြစ်တာ ထိခို-က် ဒ-ဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။

သို့ပေမယ့် အဆောက်အအုံတွေ ပြို-ကျပျ က်စီးနေစဉ်အတွင်းမှာပဲ မြန်မာလုပ်သားခေါင်းဆောင်ဟာ လုပ်ငန်းခွင် ရုံးခန်းစားပွဲအံဆွဲထဲမှာ သိမ်းဆည်းထားတဲ့ ရွှေနဲ့ငွေတွေကို ပြန်လည်ရှာဖွေဖို့အတွက် ဂိုဒေါင်ထဲကို ဝင်ခွင့်ပေးဖို့ ကယ်ဆယ်ရေးသမားတွေနဲ့ မီး-သ-တ်သမားတွေကို ငိုယိုတောင်းပန်ခဲ့ရှာပါတယ်။

ဒါပေမယ့် အန္တရာ ယ် အလွန်များသော အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ဝင်ခွင့် မပြုခဲ့ကြပါဘူး။

မြန်မာ ဝဏ္ဏဟာ "ကျွန်တော့်ရဲ့ စုဆောင်းထားသမျှတွေ အကုန်ပါသွားပြီ၊ ပြန်ရှာပေးကြပါဦး" ဟုဆိုကာ အခင်းဖြစ်ရာနေရာမှာတင် စိတ်နှလုံးထိခိုက်ကာ ဒူးထောက်ကျပြီး ငိုကြွေးခဲ့ပေမယ့်

ဂိုဒေါင်အတွင်း အန္တရာ-ယ်ရှိတာကြောင့် အဆိုပါရွှေနဲ့ ငွေသားတွေကို ဝင်ရောက် ရှာဖွေနိုင်ခြင်း မရှိခဲ့ပါဘူး။

🏢 အာဏာပိုင်များ၏ လတ်တလော အရေးယူဆောင်ရွက်ချက်

🔥ငြှိမ်းသ တ်ပြီးနောက် ကရထုံဘန်းမြို့နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဖိရွန်ရုတ် (Phironrot Nakdontree) က အဆိုပါ ဂိုဒေါင်ကို အများပြည်သူ ဝင်ရောက်ခွင့်မရှိတဲ့ "ယာယီပိတ် သိ မ်းကြောင်း အရေးပေါ်အန္တရာ ယ်ရှိဇုန်" အဖြစ် အမိန့်ထုတ်ပြန် တား မြစ်ထားပါတယ်။

လတ်တလောမှာတော့ မီး-စတင်လော-င်ကျွ-မ်းရတဲ့ အကြောင်းအရင်းနဲ့ အမှန်တကယ် ပျ-က်စီးဆုံး-ရှုံးမှုတန်ဖိုးကို အတည်ပြုဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မှုခင်းအထောက်အထားပြအဖွဲ့ (Forensic) တွေနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး အသေးစိတ် ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ကြောင်း Workpoint News နှင့် Khaosod သတင်းများအရ သိရပါတယ်။

Thailand Passport License Cargo Services

** #ထိုင်းသတင်း #မီးလောင်မှု #မြန်မာအလုပ်သမား #စမုဒ်စာခွန် #ကထုံဘန်း #ไฟไหม้โรงงาน #กระทุ่มแบน #แรงงานเมียนมา #สมุทรสาคร **

19/05/2026

ဘန်ကောက် မက္ကဆန်ရထားလမ်းဆုံ မတော်တဆမှုကြီး အပြီးမှာတော့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြတ်သားတဲ့ အရေးယူမှုတွေနဲ့အတူ မီးရထားသမိုင်းတစ်လျှောက် အကြ-မ်းဆုံး စည်းကမ်းသစ်တွေကို ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အများပြည်သူ စိတ်မကောင်းဖြစ်ရတဲ့ ယခုဖြစ်စဉ်အပေါ် ပို့ဆောင်ရေးဝန်ကြီး မစ္စတာဖိဖက်က အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး

ထိခို-က်နစ်နာခဲ့ရသူတွေအတွက် အမြင့်ဆုံး ကုစားမှုတွေ ချက်ချင်းလုပ်ဆောင်ပေးဖို့ အောက်ပါအတိုင်း အရေးပေါ် ညွှန်ကြားလိုက်ပါတယ်။

💰 အသက်တစ်ချောင်းအတွက် အမြင့်ဆုံး နစ်နာကြေးနှင့် ကုသစရိတ် တာဝန်ယူမှု

ထိခိုက်မှု ပြင်းထန်ခဲ့ရတဲ့ မိသားစုတွေအတွက် အစိုးရဘက်က ငွေကြေးပိုင်းဆိုင်ရာ တာဝန်ယူမှုကို အပြည့်အဝ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

* ဆုံး ပါး ခဲ့ကြရသူများအတွက် *

အခြေခံနစ်နာကြေး စုစုပေါင်း ၂,၀၉၀,၀၀၀ ဘတ်အပြင်၊ အထူးထောက်ပံ့ငွေ ၃၀၀,၀၀၀ ဘတ်ကိုပါ ထပ်တိုးပေးအပ်သွားမှာ ဖြစ်လို့

စုစုပေါင်း ၂.၃ သန်းကျော် အထိ ရရှိမှာ ဖြစ်ပါတယ်။


* ဒ ဏ် ရာ ရရှိသူများအတွက် *

ဆေးကုသစရိတ်ကို ဘတ် (၁) သန်းအထိ အပြည့်အဝ တာဝန်ယူ ပေးမည့်အပြင် အစိုးရရဲ့ အထူးရန်ပုံငွေတွေကနေပါ ထပ်ဆောင်းပံ့ပိုးပေးဦးမှာပါ။

⚖️ အကာအကွယ်မပေးဘဲ အထက်လူကြီးပါ ဖြုတ်မည့် ပြတ်သားသော အရေးယူမှု

"ဘယ်သူ့ကိုမှ အကာအကွယ်ပေးမှာမဟုတ်ဘူး" လို့ ဒုတိယဝန်ကြီး မစ္စတာဆီရီဖွန်က ပြတ်ပြတ်သားသား ဆိုလိုက်ပါတယ်။

👉 ယာဉ်မောင်းကို ပေါ့ဆမှုကြောင့် လူတွေ ဆုံးပါးစေခဲ့မှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်သလို၊ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ပြီး ပေါ့ဆခဲ့တဲ့ အထက်လူကြီးတွေကိုပါ အလုပ်ဆိုင်းငံ့ အပြ စ်ပေးသွားမှာ ဖြစ်ပါတယ်။

✈️ လေကြောင်းလိုင်း စံနှုန်းအတိုင်း မြှင့်တင်မည့် လုံခြုံရေးနှင့် "စည်းကမ်းသစ်"

နောက်နောင်မှာ ဒီလိုဖြစ်စဉ်မျိုး လုံးဝ (လုံးဝ) ထပ်မဖြစ်စေရဖို့အတွက် မီးရထားလုံခြုံရေးကို လေကြောင်းလိုင်း စံနှုန်းအထိ မြှင့်တင်တော့မှာ ဖြစ်ပါတယ်။

၁။ ယာဉ်မောင်းအားလုံးကို ၁၀၀% စစ်ဆေးမည်။

ရထားယာဉ်မောင်းတွေ အလုပ်မဝင်ခင် မူး-ယ-စ်ဆေးဝါးနဲ့ အရ-က်ဘီယာ သောက်စားထားခြင်း ရှိ၊ မရှိ နေ့တိုင်း ၁၀၀% အပြည့် စ-စ်ဆေးပါမယ်။

၂။ "ဂိတ်ဘား မကျရင် ရထားမထွက်ရ"

ဒီစည်းကမ်းချက်ဟာ ခရီးသည်တင်ရထားတွေအားလုံး အခုချက်ချင်း လိုက်နာရမည့် မဖြစ်မနေ စည်းကမ်းသစ် ဖြစ်လာပါတယ်။

၃။ နည်းပညာစနစ် ချိတ်ဆက်ခြင်း

မီးရထားဂိတ်ဘားစနစ်တွေကို လမ်းဆုံမီးပွိုင့်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

အများပြည်သူအနေနဲ့လည်း ရထားလမ်းကူးတွေမှာ သတ်မှတ်ထားတဲ့ အဝါရောင်စည်းရဲ့ နောက်ကနေ စနစ်တကျ စောင့်ဆိုင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဝန်ကြီး မစ္စတာဖိဖက်က အခုထုတ်ပြန်ထားတဲ့ အရေးပေါ်လုပ်ငန်းစဉ်တွေကို ၃ လအတွင်း အပြီးသ-တ် လေ့လာဆန်းစစ် လုပ်ကိုင်ပြီး သူ့ထံ လစဉ်ပုံမှန်အစီရင်ခံစာ တင်ပြရမယ်လို့ နိုင်ငံပိုင်မီးရထားဌာနကို ရာဇသံပေး ညွှန်ကြားထားကြောင်း work point news ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Thailand Passport License Cargo Services

#ထိုင်းသတင်း

19/05/2026

⚠️ ထိုင်းရောက်ရွှေမြန်မာတို့ သတိပြုစေနိုင်ဖို့ !

မိုးကြီး၊ ရေလျှံနဲ့ လှိုင်းလေထန်မယ့် သတိပေးချက် ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းနိုင်ငံတစ်ဝှမ်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ ရွှေမြန်မာတို့ရေ...

လောလောဆယ်မှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေတဲ့အပြင်၊ ဗီယက်နမ်အထက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာကြောင့် ထိုင်းမိုးလေဝသဌာနကနေ အရေးပေါ် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

🌧️ ဘယ်ဒေသတွေမှာ မိုးသည်းထန်မလဲ?

ထိုင်းနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ မိုးတအားသည်းနိုင်ပြီး အထူးသဖြင့် အောက်ပါဒေသတွေ ပါဝင်ပါတယ် -

* မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသများ *

* ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက် (နေရာကွက်ပြီး မိုးကြီးနိုင်) *

🚨 ဘာတွေကို အထူးသတိပြုရမလဲ?

မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေချိန် တဟုန်ထိုးမြင့်တက်လာနိုင်တာကြောင့် လျှပ်တစ်ပြက်ရေကြီးတာနဲ့ ရေလျှံတာတွေ ဖြစ်လာနိုင်ပါတယ်။

💡 *အထူးသတိပြုရန် *

ရေလမ်းကြောင်းအနီးမှာရှိတဲ့ အိမ်ခြေတွေ၊ တောင်ခြေအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြသူများအနေနဲ့ အခုရက်ပိုင်းအတွင်း ပိုမိုသတိထားပြီး နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

🏙️ ဘန်ကောက်က လူတွေအတွက် အကြံပြုချက်

ဘန်ကောက်မှာတော့ ရာသီဥတုက အပြင်ထွက်ရင် အမြင့်ဆုံးအပူချိန် **35°C ကနေ 36°C** အထိ အိုက်စပ်စပ်နဲ့ ပူအိုက်နိုင်သလို၊ တစ်ဖက်ကလည်း ရုတ်တရက် မိုးအပြင်းအထန် ရွာချနိုင်တာကြောင့် အပြင်ထွက်ရင် * ထီး သို့မဟုတ် မိုးကာ * ဆောင်သွားဖို့ လုံးဝမမေ့ကြပါနဲ့။

မိုးလေ သည်းထန်လာလျှင် နီးစပ် အဆောက်အဦအောက်မှာ ဝင်ရောက် ခိုလုံကြဖို့ လိုပါမယ်။

*ပင်လယ်ပြင်ခရီးသွားမယ့်သူတွေအနေနဲ့လည်း လှိုင်းကြီးနိုင်တာကြောင့် သတိပြုကြဖို့ နှိုးဆော်လိုက်ရပါတယ်။

*(သတင်းအရင်းအမြစ် - NT THAILAND)*

Thailand Passport License Cargo Services

#ရွှေမြန်မာ #ထိုင်းသတင်း #ထိုင်းရောက်မြန်မာ

18/05/2026

💥 အွန်လိုင်းတစ်ခုလုံး "သာဓု" သံတွေ ဆူညံသွားပြီ! ခွန်ကန်မြို့က တောရကျောင်းဆရာတော် ဘတ် ၁၂ သန်း (ပထမဆုကြီး) ကံထူး

ထိုင်းနိုင်ငံ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်နဲ့ လူပြောအများဆုံး ဖြစ်နေတဲ့ အံ့အားသင့်စရာ ဝမ်းမြောက်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒါကတော့ *မေလ ၁၆ ရက်နေ့*က ထွက်ရှိခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ခွန်ကန်ခရိုင် (Khon Kaen)၊ ဝမ်နွိုင်းမြို့နယ် (Waeng Noi) ရှိ "ဝပ်ပါနောင်ဒူးဓမ္မာရာမ်" တောရကျောင်းက ဘုန်းတော်ကြီး "ဗြဟ္မာ့ခရူး အမ်နွယ်" ဟာ ပထမဆုကြီးကို ဆွတ်ခူးပြီး ကံထူးရှင်ကြီး ဖြစ်သွားခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

💰 လက်မှတ် ၂ စောင်နဲ့ ဘတ် ၁၂ သန်း ပိုင်ဆိုင်သူ

ဆရာတော်ဟာ ပထမဆုကြီး ပေါက်မဲနံပါတ်ဖြစ်တဲ့ "၁၀၇၃၈၇" ပါတဲ့ ထီလက်မှတ် (၂) စောင်တွဲကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး၊

စုစုပေါင်း ဆုငွေတန်ဖိုး * ဘတ် ၁၂ သန်း * (မြန်မာငွေ သိန်းပေါင်းများစွာ) အထိ ကံထူးသွားခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံထဲမှာတော့ ဆရာတော်ဟာ ထီလက်မှတ်တွေကို ကိုင်ပြီး အလွန်ဝမ်းမြောက်ကြည်နူးစရာကောင်းတဲ့ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ တွေ့မြင်ရပါတယ်။

👮 ရဲစခန်းမှာ အထောက်အထား မှတ်တမ်းတင်ပြီးပြီ

ကနဦးသတင်းများအရ ဆရာတော်ဟာ ဆုငွေတွေ အဆင်ပြေပြေ ထုတ်ယူနိုင်ဖို့အတွက် ၎င်းရဲ့ ကံထူးထီလက်မှတ်တွေကို ဝမ်နွိုင်းရဲစခန်း (สภ.แวงน้อย) သို့ ကိုယ်တိုင်ကြွရောက်ကာ အထောက်အထားအဖြစ် မှတ်တမ်း ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

🙏 လူထုကြား ရေပန်းစားနေတဲ့ သာဓုသံများ

ဒီသတင်းကြောင့် ခွန်ကန်မြို့ခံတွေသာမက အွန်လိုင်းအသုံးပြုသူ အများအပြားဟာ အလွန်ဝမ်းမြောက်မိကြပြီး၊

ဆရာတော်အတွက် ရည်စူးကာ (Comment)တွေမှာ ဝမ်းမြောက်ဝမ်းသာစွာ "သာဓု" (สาธุ) ဟု မပြတ်တမ်း ရေးသားကာ ကောင်းချီးပေးနေကြပါတယ်။


ဒါ့အပြင် ဝါသနာရှင်အချို့ကလည်း နောက်တစ်ကြိမ်မှာ မိမိတို့လည်း ဆရာတော်လိုမျိုး ပထမဆုကြီး ကံထူးပါစေကြောင်း ဆရာတော့်ထံ ဆုတောင်းဆုပန် နေကြတာကြောင့် အွန်လိုင်းတစ်ခုလုံး ဝမ်းမြောက်စရာ ပုံရိပ်တွေနဲ့ ရေပန်းစားလျက် ရှိပါတယ်။

Thailand Passport License Cargo Services

#ထိုင်းသတင်း #ခွန်ကန်ထီပေါက်သူ #ထိုင်းထီ #ပထမဆုကြီး #ထိုင်းရောက်မြန်မာ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok