Derma Journal of Dr Moe
အရေပြားရောဂါ ၊အလှအပရေးရာ နှင့်ပတ်သက်သော အသိပညာများကို မျှဝေရန် ရည်ရွယ်ထားတဲ့ page လေးဖြစ်ပါတယ်
-ကျွန်မနာမည်က ဒေါက်တာအိခိုင်မိုး ဖြစ်ပါတယ်။
ဆေးတက္ကသိုလ်(၁)မှ ဆေးပညာဘွဲ့ M.B.B.S ကို 2015 ခုနစ်မှာရရှိခဲ့ပါတယ်။
-ထိုင်းနိုင်ငံ Chulabhorn International College of Medicine, Thammasat University မှာ အရေပြားဆိုင်ရာအထူးပြုဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။
-ဆွစ်ဇာလန်နိုင်ငံ Zurich မြို့တွင် Dr Rummelein ထံမှ အရေပြားနှင့် အလှအပဆိုင်ရာ လေဆာနှင့် ပတ်သက်သည့် ပညာရပ်များကိုလည်း သင်ယူခဲ့ပါတယ်။
-ဒီ page လေးမှာ အရေပြားရောဂါ နှင့် အလှအပဆိုင်ရာ အချက်အလက်များ ကို ဗဟုသုတရရန် အလို့ငှါ sharing လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်ရှင်။😊
31/07/2023
❓❓❓
မိမိကိုယ်တိုင် (or)ပတ်ဝန်းကျင်မှာ ဦးရေပြား၊ မျက်ခုံးမွှေး၊ မုတ်ဆိတ် အစရှိတဲ့နေရာမှာ အကွက်လိုက် အမွှေးအမျှင်ကျွတ်တာမျိုးကို ကြုံဖူးကြပါသလား။
🙋♀️🙋ဆံပင်ကွက်ကျွတ်ခြင်းတစ်မျိုးဖြစ်တဲ့ Alopecia Areata လို့ခေါ်တဲ့ရောဂါကြောင့် ဖြစ်တတ်ပါတယ်။
👩💼👨💼အမျိုးသားမှာဖြစ်စေ အမျိုးသမီးမှာ ဖြစ်စေ သက်လတ်ပိုင်း ၁၅-၂၉နှစ်အတွင်းမှာ အဖြစ်များတတ်ပါတယ်။
ဖြစ်စေတဲ့အကြောင်းအရာတွေကတော့
🧬မျိုးရိုးလိုက်ခြင်း
😤ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း
😩စိတ်ဖိစီးမှုများခြင်း
လက္ခဏာတွေကတော့
🧑🏭အမွှေးကျွတ်တဲ့နေရာက အကွက်လိုက် အနားညီညီညာညာ ကျွတ်ခြင်း၊
🧑🏭အနားကွပ်နေရာမှာ❗️ပုံစံ အရင်းပါးပြီးအဖျားထူသည့် ဆံပင်များရှိတတ်ခြင်း၊
🧑🏭အဲ့အကွက်လိုက်ကျွတ်ထားတဲ့နေရာ အနီးတစ်ဝိုက်ရှိဆံပင်များမှာ ပိုမိုကျွတ်လွယ်ခြင်း။
🤩၂၀%လောက်က သူ့ဘာသာ သက်သာသွားတတ်ပါတယ်။
💊💉သက်သာစေတဲ့ သောက်ဆေး ထိုးဆေး တွေနဲ့လည်း ကုသလို့ရပါတယ်။
⚠️သက်သာသွားပြီးတဲ့ သူတွေမှာ စိတ်ဖိစီးမှုများတာမျိုးနဲ့ကြုံရင်လည်း ပြန်ဖြစ်တတ်ပါတယ်။
-အမွှေးကျွတ်တဲ့ဧရိယာများတဲ့သူ
-ဦးခေါင်းမှာသာမက တခြားနေရာတွေမှာပါ အမွှေးအမျှင် အများကြီးကျွတ်တဲ့သူ
-အသက်အရမ်းငယ်ငယ် မှာဖြစ်တဲ့သူတွေမှာ ဆိုရင်တော့ ကုသရပိုကြာတတ်ပါတယ်
👩⚕️ဒါမျိုးလက္ခဏာလေးတွေ ခံစားနေရပြီဆိုရင်တော့တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပြီး ကုသလို့ရတယ် ဆိုတာပြောပြလိုက်ရပါတယ်ရှင်။
🥰ကျန်းမာပျော်ရွှင်စွာ လှပနိုင်ကြပါစေရှင်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10320
