Burma Kitchen
ချက်နည်းပြုတ်နည်းတွေ သိချင်ရင် page ကို follow လုပ်ထားနော် 🏡 🥘
17/08/2024
ကျည်တောက်ထိုးဟင်း .... ကရင် တာလပေါ့ဟင်း 🍲
ငယ်ငယ်က တောင်ငူ ဟိုဖက်က ကရင် ရွာလေးတွေ နား နေခဲ့တော့ အဲ့ဒီဟင်းက အသဲစွဲ ပဲ .... ဒီဟင်းနာမည်နဲ့ ဘာလို့အဲ့လိုခေါ်တာလဲ အမေ့ မေးတော့ ... အဲ့ရွာနားက တောင်ပေါ် ကရင်ရွာလေးတွေမှာ အိမ်ကို တောင်နံရံမှာ ဝါးတွေ သစ်တွေကန် ဆောက်ကြတယ် ... ငြုပ်ကျည်ပွေ့ မသုံးကြဘူး တောတိုးခူးလာကြတဲ့ဟင်းရွက်တွေ စုပြုတ်ပြီးရင် ဝါးကျည်တောက်ထဲ ထည့် ထိုးချေကြတယ် ... ပြီးမှ ငပိရည် တဇွန်းခပ်ပြီး ပြန်ဆူအောင်တည် အရသာ ထည့်ကြတယ်တဲ့ ... အရမ်းအရသာရှိပြီး ချိုတာ 😋😋😋😋
အဓိက ပါတာ ဒီဟင်းမှာ ရွှေဖရုံညွှန့် နဲ့ ခရမ်းကဆော့သီး ... တခြားဟာ အစားထိုးရင် အဲ့ဒီ ဟင်း အရသာ မတူတော့ဘူး ... 🌱🌱
ရွှေဖရုံညွှန့် .... ခရမ်းကဆော့သီး .... မျှစ်ဆိမ့် ....( ငြုပ်သီးစိမ်း သူတို့ကြ များများထည့်ကြတယ် စပ်ပြဲလန်ပေါ့ ... ကိုယ်တွေတော့ တအားအစပ်မစားနိုင်လို့ နဲနဲပဲ) .... ပဲတောင့်ရှည် .... ပင်စိမ်း ဆားအနည်းငယ် အားလုံးရောပြုတ် ... ဟင်းရွက်တွေ နွမ်းရင် အအေးခံ ငြုပ်ဆုံနဲ့ ထောင်း ... ပြီးရင် ထောင်းထားတဲ့ အရွက်တွေကို ဟင်းရွက် ပြုတ်ရည်ထဲ ပြန်ထည့် ရေနဲနဲ ထပ်ထည့် တည် .... အဲ့မှာ ပုစွန်ငံပြာရည်နဲ့ ငပိရည်တဇွန်း ခပ် လိုက်ရတယ် .... ဆူလာရင် မွှေးပြီး ပူရှိန်းရှိန်းနဲ့ အရသာ အရမ်းချို တဲ့ ကျည်တောက်ထိုးဟင်း ရပါပြီရှင် 🤗🤗
ထမင်းမိန်စေတဲ့ ဟင်းတခွက်ပါ ... ချက်ပြုတ်ရလဲ လွယ်ကူတာ ... ပူပူလေးမှာ ထမင်းမှာဆမ်းစားရတယ် ... တခါစားဖူးပြီးရင် ခဏခဏ ပြန်စားချင်မိတယ် ...
ဘားအံဖက်သွားရင်လဲ ထမင်းဆိုင်တချို့မှာ ဒီဟင်း ရောင်းကြတယ် ... ပုံမှန်တော့ အိမ်မှာပဲ ချက်စားမှ စားရတဲ့ဟင်းလေးပါ ... စမ်းချက်ကြည့်ကြနော် တအားကြိုက်မှာ
🍲🍲🍲🍲
May Myat Kyaw
16/08/2024
ဒီနေ့ကြ ရှမ်းပြည်ဖက်ကြ ပလိန်းခေါင်း ... အောက်ပြည်ကြ ပိန်းဥ ဟင်းချို ပူပူလေး ... 😋
ပိန်းဥ တွေ အမျိုးမျိုးချက်စားကြတဲ့ထဲ ဒီပုံစံလေးချက်တာ စားလို့အကြိုက်ဆုံးပဲ ... ချက်ပြီး လာစားဖူးကြတဲ့ သူငယ်ချင်းတိုင်း တအားစားလို့ကောင်းတယ်ဆို ချက်နည်းမေးကြတယ် ... သူလဲ အင်မတန်လွယ်တာပါ ...
ပိန်းဥလေး အခွံခွာ တုံးတစ်ပြီး ရေဆေး 🧄🥔
ဆီ နဲနဲနဲ့ ကြက်သွန်ဖြူရယ် ငြုပ်သီးစိမ်းလေးရယ် 🌶ပုစွန်ခြောက်ရယ် ရော မွှေးလာတဲ့အထိ ဆီသတ်ပြီး 🍤
ပိန်းဥ တွေထည့် ရေမြုပ်အောင်ထည့် ဆား ပုစွန်ငံပြာရည် ထည့် ... ၁၅ မိနစ်လောက်တည်ထား ... 🫕
ပိန်းဥလေးတွေ မွှေကြည့် ဇွန်းနဲ့ ခွဲချေလို့ရတဲ့ထိ နူးပြီဆို မီးပိတ် အိုးချလို့ရပါပြီ 🍲🍲🤗🤗
ဒီဟင်းမှာ အဓိက က ပုစွန်ခြောက်ပါ ... သူ့ထည့် ဆီသတ်လို့မွှေးတဲ့ အမွှေးနဲ့ ပိန်းဥ ရောချက်လိုက်တဲ့အခါ မွှေးပြီး စေးစေးလေး အရမ်းကို စားလို့ ကောင်းသွားတာ ... ပုစွန်ခြောက်နေရာ ပုစွန်အစို ငါး တို့ အစားထိုးရင် ဒီလောက် စားလို့ မကြိုက်မိဘူး ...
ပိန်းဥတွေလဲ အလွယ်ဝယ်လို့ရနေလို့ ချက်စားကြည့်ကြနော် 🤗🤗🍲 ကလေးငယ်တွေလဲ စားလို့ရတယ် ... မစပ်ဘူး ... ငြုပ်သီးကို အတောင့်လိုက်ထည့်လို့ ... ဝါးစားမိမှသာ ငြုပ်သီး အနဲငယ် စပ်ပူရှိန်း အရသာလေးရတာ ...
🍲🍲🧄🧄🫕🫕
# crd #ဟင်းချက်နည်း
16/08/2024
ဆီအများကြီးမပါပဲကြော်ထားတဲ့ဂျုံသားအပြင်ခွံ့ကြွပ်ကြွပ်လေးကိုမှ အတွင်းအစာလေးမှာ သကြား
ညိုနဲ့နှမ်းမွှေးမွှေးလေးကို ထည့်ပြီး တကိုက်ကိုက်လိုက်တာနဲ့ နှမ်းနံ့လေးသင်းပြီးချိုချိုမွှေးမွှေးလေးနဲ့
အရမ်းကောင်းတဲ့ snack တခုဖြစ်စေမယ့် သကြားညိုဂျုံမုန့်ကြော်လုပ်နည်းလေးရှာပေးထားပါတယ်
🍪💛
#ဟင်းချက်နည်း
14/08/2024
ထိုင်းကြက်ပေါင်းလုပ်နည်းလေး🤤
ဗမာကြက်နဲ့ဆိုပိုကောင်းတယ်နော်😋
ဒီအချိန်အရမ်းလိုအပ်မယ်ထင်လို့ ပြန်မျှဝေလိုက်ပါသည်။
ကြက်ပေါင်းနည်း
ရိုးရိုးကြက်ပေါင်းတွေရိုးနေပီဆိုရင် ဒီကြက်ပေါင်းလေးကို ပေါင်းစားကြည့်ပါနော် အင်မတန်လွယ်ကူပါတယ်ရှင် မိုးရာသီနဲ့လဲ အလွန်လိုက်ဖက်ပါတယ်။
ကြက်ကိုတကောင်လုံး သို့မဟုတ် ၄ပိုင်း ပိုင်းပါ။
ဆား အနည်းငယ် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတဇွန်းနဲ့နယ်ပါမယ်။
ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ( အစပ်စားနိူင်သလောက်ထည့်ပါ တကယ်လို့အသက်ကြီးသူများကိုကျွေးမယ်ဆိုရင် နဲနဲဘဲထည့်ပါ အနံမွေးယုံဘဲထည့်ပါ။ )
နံနံပင်အမြစ်
စပါးလင်ပါးပါးလှီးအားလုံးကို မညက်တညက်ထောင်းပါ။
ကြက်သားနဲ့ရောနယ်ပါ။
ခရုဆီ ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည် အနောက် နဲနဲ နဲ့နယ်ပါ။
တစ်နာရီ လောက်နှပ်ထားရပါမယ်။
မနက်ပေါင်းမယ်ဆိုရင် ညကတည်းက နှပ်ပြီး ရေခဲတေ့တ္တာထဲ ထည့်ထားလည်းရပါတယ်။
အပေါ်က ရှောက်ရွက် တင်ပါနော်🤗
ပေါင်းမယ့်အိုးထဲထည့်ပီး ဲတစ်နာရီခွဲ လောက်ပေါင်းပါရှင်။
ဒီနည်းကဗမာကြက်တွေအရမ်းစျေးကြီးနေတဲ့အချိန်
CP ကြက်နဲ့လဲ အလွန်စားကောင်းပါတယ်ရှင့်
ပေါင်းမယ့်ခွက်က သံဇလုံ ဆိုပိုကောင်းပါတယ်ရှင် သူကအရည်ထွက်ပါတယ် အရည်က ပေါ့်တယ်ဆိုရင် ဆားအနည်းငယ်ထည့်ပီး သုံးဆောင်နိုင်ပါတယ်။
ငံပြာရည်လုံးဝ မသုံးရပါဘူးနော်
#ဟင်းချက်နည်း
14/08/2024
တစ်နေ့တစ်နေ့ ဘာချက်ရမလဲစဥ်းစားမနေရအောင် ချက်နည်းလေးတွေ နေ့စဥ် တင်ပေးပါ့မယ် 😋❣️
ဒါမျိုးလေးတွေလဲ ချက်စားကြည့်နော်
ရှဲထားလိုက်ပါဦး ‼️
#ဟင်းချက်နည်းများ
13/08/2024
ထမင်းရှယ်စားမြိန်စေမဲ့ ငါးပိချက်ချက်နည်းများ 😋❣️
ပုံအောက်မှာ ချက်နည်းလေးတွေ လေ့လာပါ !!
ရှဲထားလိုက်ဦးနော် 🤩
#ဟင်းချက်နည်းများ
13/08/2024
ဂင်ချီလုပ်နည်း အမေးများလို့ တင်ပေးလိုက်ပါပြီရှင့်
😋🥬
#ဟင်းချက်နည်းများ
12/08/2024
အချဥ်ရည်ဟင်းကြိုက်သူများအတွက် ‼️😋
၁ -ကန်စွန်းရိုးနီ ချဉ်ရည်ဟင်း
၂- မုန်လာဥ ချဥ်ရည်ဟင်း
၃- မျှစ် နဲ့ ချဉ်ပေါင်ဟင်း
၄- ဒန့်ဒလွန်သီး နဲ့ ဂျူးမျှစ် အချဉ်ဟင်း
၅- ဂေါ်ရခါးသီး နဲ့ ဂျူးမြစ် အချဉ်ဟင်း
၆- ချဉ်စပ် ဟင်းရည်
၇- ငါးရံ့ခြောက် အချဉ်ဟင်း
၈- အချဥ်ဟင်း
၉- အချဥ်ဟင်း ( နောက်တစ်နည်း )
၁၀- ပဲကုလားဟင်း
💖 အချဥ်ဟင်းကြိုက်သူများအတွက်ပါ။ 💖
ပဲခူး ဒေါ်ထွေးရီ
# crd #ဟင်းချက်နည်းများ
12/08/2024
၆လပြည့်ပီးတဲ့ ကလေးလေးတွေအတွက်အစာပြေ ပြုလုပ်နည်း 🍼👶🚼
ဝမ်းမှန်အဟာရရှိစေတဲ့အသီးလေးတွေပါ မေမေတို့လွတ်လပ်စွာရှဲလ်လို့ရပါတယ်
# Crd တီခေါင်နောလေးမေမေ #ဟင်းချက်နည်းများ
12/08/2024
🤍 စံပယ်ပန်း အမြဲ ဝေပြီး ပွင့်အောင် စိုက်နည်း 🤍
===================================
အိမ်မှာ စိုက်ထားတဲ့ စံပယ်ပင်လေးများ ပန်းများများပွင့်ချင်လိုလျှင်
1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့တပတ်တခါလောင်းပါ
2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်
3.မြေကြပ်နေရင်…မြေဆွ..မြေဆွေး..နောက်ချီးထည့်…အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ
4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ
5.နေရောင် ခြည်ရဖို့ လိုပါတယ် ...
ရေကို အောက်ခြေရော
အရွက်လေးတွေပါ ဖြန်းပေးပါ
အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ... အဖူးသစ်လေးတွေတက်ပါတယ်
6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့ပြီးလောင်းကြည့်ပါ
7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါ
အတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ
မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ
8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်
9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို
ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်
10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်
11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်။
#မူရင်းရေးသားသူကိုခရေဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
12/08/2024
ဖျားနာနေကြတဲ့ ကာလမှာ အရသာပြည့်ဝတဲ့ ကြက်ပေါင်းလေး လုပ်စားကြပါ ‼️😋
ချက်နည်းလေးတွေ ပုံမှာလေ့လာပါ ။
ဟင်းချက်နည်းလေးတွေ ဆက်တင်ပေးမှာမို့ ရှဲထားလိုက်ဦးနော် 🤩
#ဟင်းချက်နည်းများ
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Bangkok
10900
