you me we
A couple and a cat
A wall full of our happiest days❤️
12/10/2025
ဂျပန်က မြန်မာ လက်ဖက်စိုက်ခင်း
ဒီတစ်ခါတော့ နာဂိုရာမြို့ကနေ သုံးနာရီလောက်ရထားစီးရတဲ့ Odai ဆိုတဲ့ မြို့က လက်ဖက်ခင်းကိုသွားလည်ဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပြမယ်နော်။ ဒီနေရာလေးက သွားရတာနည်းနည်းတော့ ဝေးတယ်။ ဒါပေမယ့် Home stay နဲ့တွဲထားတော့ တည်းဖို့ သပ်သပ်စီစဉ်စရာ မလိုတာမလို့ တော်တော်လေး အဆင်ပြေပါတယ်။
ဧည့်သည်တွေတည်းဖို့စီစဉ်ထားတဲ့ အိမ်ဆိုတာက အကြီးကြီးပါပဲ။ အိမ်ခန်းတင် သုံးခန်း။ မီးဖိုချောင်ဆိုလည်း အကျယ်ကြီးပဲ။ တစ်ညတည်းခဆိုလည်း ထောင်ဂဏာန်းပဲဆိုတော့ တော်တော်တန်ပါတယ်။
သွားရတဲ့အဓိကအကြောင်းရင်းက လက်ဖက်ခူးကြည့်ချင်တာမလို့ ရောက်ရောက်ချင်းညနေမှာပဲ လက်ဖက်ခူးကြပါတယ်။ ဓာတ်ပုံရိုက်လို့လည်းကောင်းတယ်။ လှမလှကတော့ ပုံတွေကိုကြည့်ကြည့် 😁 မေပြည့်တို့လို မြေပြန့်သူတွေအတွက်ကလေ လက်ဖက်ပင်ဆိုတာ မြင်တောင်မမြင်ဖူးဘူး။ ဒီမှာ ကိုယ့်စိတ်ကြိုက်ခူးကြည့်ခွင့်ရတယ်ဆိုတော့ အရမ်း မိုက်တယ်ပေါ့။ အဲ့နေ့က နည်းနည်းမှောင်သွားလို့ လက်ဖက်ပေါင်းတာကိုတော့ နောက်နေ့မနက်မှပဲ လုပ်ကြည့်ဖြစ်ပါတယ်။
လက်ဖက်ခူးတာရော ဆေးတာရောက
တစ်ညတည်းခထဲမှာ တစ်ယောက် ၁၀၀ g နှုန်းပါပြီးသားပါ။ 100 g ကို နည်းမယ်ထင်တာ တကယ်ကျ ပြည့်အောင်တောင် မခူးနိုင်ပါဘူး 😅
အိမ်ရှင် အန်တီတွေရော ဦးလေးရောက အရမ်းသဘောကောင်းပါတယ်။ ညဘက် BBQ စားဖို့ ပစ္စည်းတွေလည်း အလကားဈေးလောက်နဲ့ငှားပေးသလို မေပြည့်တို့အဖွဲ့က အရမ်းတိတ်လို့ထင်တယ်။ ကြိုက်သလိုဆူလို့ရတယ်နော်ဆိုပြီး လာလာပြောကြတယ်။ အန်တီတို့ကြည့်ရတာ ပျင်းနေလို့ Homestay ဖွင့်တာလားတောင် ထင်ရတယ်။ မြတ်ကော မြတ်ရဲ့လားမသိဘူး😅
အဓိကသွားရတဲ့ နောက်အကြောင်းရင်းက လက်ဖက်သုတ်ကို အဆာပလာအစုံနဲ့ စားချင်လို့ပါ။ ပဲကြော်တွေ ခရမ်းချဉ်သီးတွေနဲ့ လက်ဖက်သုတ်က တကယ်လည်း စားကောင်းခဲ့ပါတယ်။ ငရုတ်သီးစပ်ရင်သောက်ဖို့ပေးတဲ့ ကောက်ညှင်းမွှေးရေနွေးဆိုလည်း သင်းသင်းလေး။ ကြိုက်လို့ အပြန်ကျ အကုန် ဝယ်လာလိုက်တယ်။ ငရုတ်သီးဆို မျိုးပါတောင်းလာလိုက်သေးတယ် 😁
မနက်စာလုပ်ပေးတဲ့ ဆီချက်ခေါက်ဆွဲနဲ့ ဘူးသီးကြော်၊ လက်ဖက်ရွက်ကြော်တွေ လည်းစားကောင်းပါတယ်။ လက်ဖက်ရွက်ကိုကြော်စားလို့ရမှန်း အဲ့တော့မှသိတယ် 😁 နေ့လည်စာက လက်ပံပြားကြက်ကြော်နဲ့ ချဉ်ဟင်း။ အမျိုးတွေရှိတဲ့နယ်ကခြံထဲကို ငယ်ငယ်က သွားလည်ရသလိုပါပဲ။ ခြံထွက်ဟင်းလေးတွေကို စုံလို့။
ခြံနားက Shrine ကိုလည်း သွားလည်ဖြစ်ခဲ့သေးတယ်။ သစ်ကတိုးပင်တွေအလည်မှာတည်ထားပြီး Ise Jingu ရဲ့ အခွဲလို့ဆိုပါတယ်။ နှစ်ပေါင်း ၁၅၀၀ လောက်ရှိပြီလို့လည်း ပြောကြပါတယ်။ သစ်ကတိုးပင်တွေက မိုးထိုးပြီး အုပ်ဆိုင်းနေလို့ အရမ်းသာယာပါတယ်။ ရောက်ရင် သွားဖြစ်အောင် သွားကြည့်နော်။
နောက်ထပ်သွားခဲ့တဲ့ စမ်းချောင်းကတော့ နည်းနည်းလေးလှမ်းတယ်။ သွားတဲ့လမ်းမှာ ရှုခင်းတွေက အရမ်းလှသလို စမ်းချောင်းကလည်း သာယာပေမယ့် နာရီဝက်လောက် တော့ ကားမောင်းသွားရပါတယ်။
တကယ်က ဂျပန်မှာ မြန်မာနိုင်ငံက လက်ဖက်ကို တရားဝင်စိုက်ပြီး FDA ယူထားတဲ့စိုက်ခင်းဆိုတာနဲ့တင် တော်တော်စိတ်ဝင်စားစရာကောင်းနေပါပြီ။ သဘာဝဆန်တာကြိုက်တယ်ဆို camping ထွက်သလိုမျိုး အေးအေးဆေးဆေးလေး နေချင်တယ်ဆို သူငယ်ချင်းတွေစုပြီး သွားကြည့်သင့်တဲ့နေရာလေးပါပဲ။
18/08/2025
Love under the Tokyo Tower ✨🗼❤️
17/08/2025
ကီမိုနို 👘 ဆင်တူဝတ်ဖို့ကို ၁၀ခါလောက်ပြောလိုက်ရတဲ့ အချေအကိုကြီးနဲ့ 😁
10/08/2025
Kamakura ဘုရားနားက Slam dunk anime ထဲမှာ ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာလေး 🌊 🚊
ကန်ဒီလေးနဲ့ မိသားစုလိုက် ဂျပန်ကို သွားကြတဲ့အကြောင်းလေးပါ။ အစအဆုံး ကိုယ်ကိုယ်တိုင်စီစဉ်ခဲ့တာမလို့ ခေါ်တဲ့အဆင့်တွေ သိချင်ရင်လည်း လာမေးလို့ရပါတယ်နော်
29/07/2025
After all the waiting… it’s us now 👫
06/07/2025
ခြောက်လကျော်လောက်ခွဲပြီး မိသားစု ပြန်လည်စုံစည်းခဲ့ပြီပေါ့ 🤗 သုံးနှစ်ကျော်နေလာခဲ့တဲ့ အိမ်က ပြောင်းတာဆိုတော့ Luggage တွေက ထည့်မလောက်ပဲ 😅
06/07/2025
ထိုင်းမှာဆို ဝိတ်မချနိုင်တာလည်း မပြောနဲ့လေ ဒါအကုန်မှ ဘတ် ၂၀၀ မပြည့်ဘူး ယန်း နဲ့ဆို ၇၀၀ လောက်ပဲရှိမယ်
17/06/2025
မြန်မာပြည်လို မပူတော့ဘူးတွေးပြီး နွေခေါင်ခေါင်ကြီး Japan ရောက်လာသောအခါ
photo crd
29/04/2025
Japan မှာ ချယ်ရီပန်းအများဆုံး Hirosaki park
ချယ်ရီပင် ၂၅၀၀ ကျော်တောင်ရှိတာမလို့ ဒီချိန်ချယ်ရီပန်းကြည့်မယ်ဆို ဒီပန်းခြံက အကောင်းဆုံးလို့ ဂျပန်တွေကတော့ပြောကြတာပဲ။ တကယ်လည်း လှပါတယ်။ မျက်စိတစ်ဆုံး ချယ်ရီပန်းတွေချည်းပဲ
ထူးခြားတာက ပန်းခြံထဲမှာ လှေလှော်ရင်းလည်း ချယ်ရီပန်းကြည့်တာနဲ့ အသည်းပုံပေါ်နေတဲ့ ချယ်ရီပန်းပင်ပဲ။ ပြီးတော့ ရေခဲတောင်လည်းရှိတော့ ရှုခင်းကအရမ်းလှတယ်။ ကျနော်သွားတုန်းက တော့ မိုးအုံ့လို့ တောင်ကို သေချာမမြင်ခဲ့ရဘူး။
ချယ်ရီပန်းပွဲတော်က မေလ ၅ ရက်နေ့အထိဆိုတော့ တော်တော်လေးစည်တယ်။ လူတွေရော ဆိုင်ခန်းတွေရော အများကြီးပဲ။ ညဘက်ဆို မီးတွေထွန်းထားတော့ ပိုလှတယ်လို့လည်း ပြောကြတယ်။ ကျနော်တော့ ညမအိပ်ခဲ့လို့ မမြင်ခဲ့ရဘူး။
Aomori မြို့က တိုကျိုကနေဆို နည်းနည်းလှမ်းပေမယ့် ချယ်ရီပန်းတွေ တဝကြီးကြည့်ချင်ရင် သွားကြည့်သင့်တယ်ဗျ။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10400
