Healthy Lifestyle Habits

Healthy Lifestyle Habits

แชร์

Free Online Clinic For Burmese

14/12/2024

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကဘာလဲ။

မအင်္ဂါကင်ဆာသည် အမျိုးသမီး၏မျိုးပွားအင်္ဂါအပြင်ဖက်Vulva ပိုင်းတွင်ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ဖြစ်ပွားသောဧရိယာတွင် မအင်္ဂါခေါင်း၊ မအင်္ဂါနှုတ်ခမ်း၊ မအင်္ဂါစေ့နှင့် ဆီးစအရိုးနေရာရှိ အရေပြားနှင့်တစ်ရှူးများ ပါဝင်ပါသည်။

Vulvar ကင်ဆာသည် မအင်္ဂါနှုတ်ခမ်းအပြင်ဖက်ပိုင်းတွင် အဖြစ်များဆုံးဖြစ်သည်။ အတွင်နှုတ်ခမ်းသားနှင့် မအင်္ဂါစေ့တို့တွင် သိပ်မဖြစ်တတ်ပါ။ ဒီကင်ဆာသည် တခြားသောလိင်ကင်ဆာများဖြစ်သော သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့နှင့်ယှဉ်ကြည့်ပါက အဖြစ်နည်းပါသည်။

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

Vulvar cancer သည် ရှားပါးသောကင်ဆာမျိုးဖြစ်သည်။ အမျိုးသမီးကင်ဆာများတွင် ၁% လောက်သာရှိသည်။ အသက် ၅၀ ကျော်မှသာ အများဆုံးတွေ့ရသည်။
ဖြစ်ပွားမှုကိုမြင့်စေသည့်အချက်များကိုလျော့ချခြင်းဖြင့် စီမံနိုင်၏။
ပိုမိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

လက္ခဏာများ

_Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

• မအင်္ဂါတဝိုက်တွင် နာခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်း၊ ဆီးသွားစဉ်နာခြင်း
• မအင်္ဂါတဝိုက်တွင် အတော်ကြာကြာ ယားယံခြင်း
• နှုတ်ခမ်းသားထူလာခြင်း၊ အကြိတ်ပေါ်လာခြင်း
• မအင်္ဂါရှိအရေပြားတွင် ကြွက်နို့ကဲ့သို့အရာများပေါက်လာခြင်း
• ရာသီလာခြင်းနှင့်မဆိုင်သော သွေးများအရည်များကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲ၌မပါ၀င်သော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေပါက ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာ၀န်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

များသောအားဖြင့် vulvar ကင်ဆာသည် လက္ခဏာများက်ု အရင်မပြတတ်ပါ။
သို့သော်စမ်းသပ်ဖို့ရာအတွက်အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြပါ။

• မအင်္ဂါတွင် အကျိတ်ပေါ်ခြင်း
• မအင်္ဂါယားခြင်း နာခြင်း
• ရာသီနှင့်မဆိုင်သော သွေးယိုခြင်း
• မအင်္ဂါအရေပြားအရောင်ပြောင်းခြင်း

သင့်၌ vulvar ကင်ဆာမရှိလျှင် သင့်ဆရာဝန်အား HPV ကာကွယ်ဆေးထိုးဖို့ ဆွေးနွေးကြည့်ပါ။
များသောအားဖြင့် ဒီကာကွယ်ဆေးကို အမျိုးသမီးအသက် ၁၃ မှ ၂၆ အတွင်းထိုးရန် လမ်းညွှန်ထားပါသည်။

အကြောင်းရင်းများ

_ Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဘာကဖြစ်စေလဲဆိုတာ သေချာမသိရပါ။ ယေဘုယျအားဖြင့် ဆရာဝန်များသိကြသည်မှာ ကင်ဆာဆိုသည်မှာ DNA တွေ mutation ဖြစ်သည့်အခါပေါ်လာခြင်းဖြစ်သည်။ Mutation ဖြစ်လျှင် ဆဲလ်များသည် ကွဲလွယ်ပွားလွယ်ဖြစ်လာသည်။

၎င်းဆဲလ်နှင့်ပွားလာသောဆဲလ်များသာရှင်ပြီး သာမာန်ဆဲလ်များကိုသေစေနိုင်သည်။ ၎င်းဆဲလ်များစုရာကနေ ကင်ဆာအကြိတ်ဖြစ်လာပြီး အနီးရှိတစ်ရှူးများကိုထိုးဖောက်ခြင်း၊ တခြားအင်္ဂါများကိုပျံနှံ့ခြင်းများ ဖြစ်လာနိုင်သည်။

Risk factors

_Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

တချို့အချက်များသည် Vulvar ကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသည်။
အသက်ကြီးခြင်း
ကင်ဆာဖြစ်ပွားနိုင်ချေသည် အသက်ကြီးလာသည်နှင့်အမျှမြင့်လာပါသည်။ ရောဂါအမည်တပ်နိုင်သည့် ပျှမ်းမျှအသက်သည် ၆၅ နှစ်ဖြစ်သည်။
Human Papilloma ဗိုင်းရပ်စ်ပိုးကူးစက်ခံရလျှင်ဖြစ်နိုင်၏။ HPV သည် လိင်မှတစ်ဆင့်ကူးစက်နိုင်ပြီး Vulvar ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလို ကင်ဆာများကို ဖြစ်စေနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်း။
HIV ပိုးကူးစက်ခံရခြင်း
မအင်္ဂါတွင် ကင်ဆာမတိုင်မီအခြေအနေများရှိနေခြင်း
မအင်္ဂါ၏အရေပြားအခြေအနေ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာ၀န်နှင့် အမြဲတမ်းတိုင်ပင်ပါ.

_Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သာမာန်တင်ပဆုံပိုင်းစစ်ဆေးမှုမှ မအင်္ဂါတွင်အစောပိုင်းပြောင်းလဲမှုများကို ဆရာဝန်များကသိနိုင်သည်။ စမ်းသပ်ခြင်းမှ ရောဂါလက္ခများရှိလျှင် အသားစစစ်ဆေးဖို့ လိုအပ်နိုင်သည်။ အသားစစစ်ဆေးမှုတွင် ကင်ဆာဆဲလ်များတွေ့ရပါက တခြားပျံ့နှံ့နေသည့်နေရာရှိမရှိ ထပ်မံစစ်ဆေးရန်လိုအပ်ပါသည်။

_Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာအမျိုးအစား၊ အရွယ်အစားနှင့် ပျံ့နှံ့နေမှုအပေါ်မူတည်ပြီး ကုသပုံကွဲ၏။ အစက်အပြောက်လောက်သာရှိသော ကင်ဆာသေးသေးများကို လေဆာသုံးပြီး ရှို့ပစ်နိုင်သည်။ ခွဲထုတ်ခြင်း မအင်္ဂါအနည်းငယ်ဖြတ်ထုတ်ခြင်းလို ခွဲစိတ်မှုမျိုးအား ပုံမှန်မဟုတ်သည့်တစ်ရှူးများကိုကိုခွဲထုတ်ပြီး ကျန်းမာသည့်တခြားတစ်ရှူးများကို ချန်ထားရန်သုံးနိုင်သည်။

ကြီးမားသောကင်ဆာများအတွက်မူ မအင်္ဂါဖြတ်ထုတ်ဖို့လိုအပ်ပါမည်။ ဒီခွဲစိတ်ကုသမှုတွင် မအင်္ဂါတခုလုံးဖြတ်ထုတ်ပစ်ရမည်ဖြစ်သည်။

- လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Vulvar ကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် vulvar cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးအခြေအနေနှင့် ကင်ဆာရောဂါတိုးတက်မှုအခြေအနေကိုသိရှိရန် ဆရာဝန်နှင့်မှန်မှန်ပြပါ။
ဆရာဝန်၏ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ညွှန်ထားသောဆေးကိုသောက်ပါ။

ရောဂါဖြစ်နိုင်ချေရှိသောအချက်များကို တတ်နိုင်သမျှလျော့ချပါ။ Vulvar ကင်ဆာရှိသောအမျိုးသမီးအများစုတွင် HPV ပိုးကူးစက်ခံရမှုရှိနေပါသည်။

အကာအကွယ်ဖြင့်လိင်ဆက်ဆံပါ။
လိင်မှတဆင့်ရောဂါကူးစက်မှုရှိနိုင်သည့်အခွင့်အရေးများရှိသည်ဟုထင်ပါက ကွန်ဒုံးအသုံးပြုပါ။
မအင်္ဂါနှုတ်ခမ်းသားထူလျှင် နာလျှင် မပေါ့ဆပါနှင့်

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

photo - credit

ဗဟုသုတအဖစ်သာ 🐼

12/12/2024

အရိုးကင်ဆာ

ဘယ်လို လက္ခဏာတွေပြတတ်လဲ။

၁။နာမယ်။ ခြေထောက်၊ လက်အရိုးတွေ အရမ်းနာမယ်။ ညဖက်မှာ ပိုနာတတ်တယ်။ တစ်ခါတစ်လေ နာတာ သက်သာပြီး ပြန်နာတတ်တယ်။

၂။ကိုယ်အလေးချိန် ကျလာမယ်။

၃။ ခြေထောက်မှာကွက် ရောင်၊ဖောင်း ပြီးနာ​ကျင်နေမယ်။

ဘာတွေစစ်ဆေးကြသလဲ။

၁။ X-ray ရိုက်ခြင်း
၂။ ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း
၃။အသားစ စစ်ဆေးခြင်း
၄။ ရောဂါအဆင့်သတ်မှတ်ဖို့ ကွန်ပျူတာဓါတ်မှန်၊ PET ဓါတ်မှန်ရိုက်ခြင်း

ဘယ်လိုကုကြသလဲ။

၁။ Surgery- ခွဲစိတ်တာပါ။ ကင်ဆာရှိတဲ့နေရာ နဲ့ ဘေးတဝိုက်ထုတ်တာပါ။ သူက အသားစပါစစ်လဖို့ အထောက်ကူ ပေးပါတယ်။

၂။ Radiation ဓါတ်ရောင်ခြည်ပြတာပါ။သူက မခွဲစိတ်ခင်ဆိုရင် ကင်ဆာကျုံ့သွားဖို့အတွက်ပေးကြပါတယ်။
တချို့မှာတော့ ကင်ဆာကြောင့်နောက်ဆက်တွဲနာကျင်ကိုက်တာအတွက် ပေးကြတာပါ။

၃။ Chemotherapy ဆေးသွင်းကုသတာပါ။

သူ့ကိုတော့ ဖြစ်တဲ့ ကင်ဆာအမျိုးစားပေါ်မူတည်ပြီးပေးကြပါတယ်။

အရိုးကင်ဆာက အသက်ငယ်တဲ့ လူငယ်တွေမှာလဲ အတွေ့များပါတယ်။

တစ်ချို့ကတော့ အရိုးမှာစဖြစ်တဲ့ ကင်ဆာမဟုတ်ဘဲ တခြားမှာကင်ဆာဖြစ်ပြီး ရောဂါပျံ့လာတာပါ။

အရိုးမှာ ဖြစ်တဲ့ အလုံးကျိတ်တိုင်းတော့ကင်ဆာ မဟုတ်ပေမဲ့ ထူးခြားပြီဆိုရင် ဆရာဝန်ပြသဖို့ လိုအပ်ပါတယ်။

Photo -credit

ဗဟုသုတအဖစ်သာ 🐼

03/12/2024

သင်သိပါသလား?

Vitamin A ဆိုတာ

အရေပြားနဲ့ အမြင်အာရုံကို ကောင်းမွန်စေပီး

Vitamin D က

အရိုးနဲ့ သွားတွေကို ကျန်းမာခိုင်ခံ့စေတယ်ဆိုတာကို

ဗဟုသုတအဖြစ်သာ 🐼

03/12/2024

Vitamin B12______________

သွေးအားကောင်းစေပီး ခေါင်းမူး ခေါင်းကိုက်ခြင်းကို

သက်သာစေတယ်.

B12(ချို့တဲ့ရင် ဘာဖြစ်မလဲ? )
________________________

သွေးအားနည်း ရောဂါဖြစ်တတ်တယ်

ဗဟုသုတအဖြစ်သာ🐼

03/12/2024

Vitamin B9 (Vitamin M (or ) Folic acid )
________________________________________

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးနီဥများကို ဖြစ်ပေါ်စေတဲ့အတွက်

သွေးအားကောင်းစေတယ် .

အာရုံကြော လှုံ့ဆော်မူအားကောင်းစေတယ်

B9 (or )Folic acid (ချို့တဲ့ရင် ဘာဖြစ်မလဲ)
___________________________________

သွေးအားနည်း ရောဂါ ဖြစ်တတ်တယ်.

ကိုယ်ခံအားကျဆင်းပီး မကြာခဏ နေမကောင်းဖြစ်တာ

အင်အားမရှိသလို ဖြစ်ပီး အစာချေစနစ်အားနည်းပီး

၀မ်းချုပ်တာ ဗိုက်ရောင်တာ ငယ်ငယ်ရွယ်နဲ့ ဆံပင်ဖြူတာ

အသားအရောင်ဖြူဖျော့လာတာ စိတ်တိုလွယ်တာ

ပါးစပ်နဲ့ လျှာမှာ အနာဖြစ်တာ ခလေးတွေ ကြီးထွားမူ နှေးကွေးတာ

ကိုယ်၀န်ဆောင်တွေမှာ ချို့တဲ့ရင် သန္ဓေသားမှာ ဦးနှောက်နဲ့

အာရုံကြော မဖွံ့ဖြိုးတာ စတာတွေ ဖြစ်တတ်တယ်.

ဗဟုသုတ အဖြစ်သာ 🐼

03/12/2024

အသက်အရွယ်အလိုက် နှလုံးခုန်နှုန်းများ
_________________________________

မွေးကင်းစ နှလုံးခုန်နှုန်း 100- 160ကြား

0-5လထိ 90-150ကြား

6-12လထိ 80-140ကြား

1-3နှစ်ထိ 80-130ကြား

3-5နှစ်ထိ 80-120ကြား

6-10နှဈထျိ 70-110ကြား

11-14နှစ်ထိ 60-105ကြား

15နှစ်နှင့်အထက် 60-100ကြား

အသက်အရွယ်အလိုက် အသက်ရှူနှုန်းများ
_______________________________________

မွေးကင်းစမှ ၃လထိ 50-60 ကြား

3လမှ 6လထိ 40-50ကြား

6လမှ 1နှစ်ထိ 30-40ကြား

1နှစ်မှ 6နှစ်ထိ 20-40ကြား

6နှစ်မှ 12နှစ်ထိ 15-30ကြား

12နှစ်နှင့်အထက် 12-16ကြား

အသက်အရွယ်အလိုက် သွေးပေါင်ချိန်များ
______________________________________

1လမှ12လထိ 90/60 mmhg

1နှစ်မှ 5နှစ်ထိ 95/65 mmhg

6နှစ်မှလ13နှစ်ထိ 105/70mmhg

14နှစ်မှ 19နှစ်ထိ 117/77mmhg

20နှစ်မှ 24နှစ်ထိ 120/80mmhg

25နှင့်အထက် 130/80mmhg
( အသက်အရွယ်အားလုံးတွင် ကွာဟမူအနည်းငယ်ရှိနိုင်)

သွေးတိုးခါစ သွေးပေါင်ချိန်
(130-139 / 80-89mmhg )

အဆင့်(1 )သွေးတိုးရောဂါ
( 140 -195/ 90-99 mmhg)

အဆင့်(2 )သွေးတိုးရောဂါ
( 160-179/ 100-109mmhg)

အဆင့် (3)သွေးတိုးရောဂါ
(180နှင့်အထက်/ 110mmhg နှင့်အထက်)

သွေးတိုးရောဂါကို သေချာမကုသလျှင်
နောက်ဆက်တွဲအနေနဲ့

@ လေဖြတ်တာ

@ မျက်စိကွယ်ပီး အမြင်အာရုံဆုံးရှုံးတာ

@ နှလုံးကြွက်သားပုတ်တာ နှလုံးအလုပ်မလုပ်တာ

@ ကျောက်ကပ်ပျက်စီးတာနှင့် သွေးကြောပိတ်တာစတာတွေဖြစ်နိုင်တယ်

အကောင်းဆုံး သွေးချိုဓာတ်
HbA1c

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok