Tanintharyi Health Care House - 1

Tanintharyi Health Care House - 1

แชร์

* ဒဏ်ရာရသူများအား အတူတကွဖေးမကူညီ၍ လက်တွဲခေါ်ယူကြပါစို့ *

Photos from Tanintharyi Health Care House - 1's post 23/03/2026

ဤ မှတ်တမ်းလွှာဖြင့် (၇)ရက်သားသမီး များ နှင့်
ထောက်ပို့အဖွဲ့လိုက်ဖြစ်စေ - တစ်ဦးချင်းလိုက် ဖြစ်
စေ ကူညီထောက်ပံ့မှုများအတွက် TCH - 1 မှအထူး
ပင် ကျေးဇူးတင်ရှိပါသည် ။

#ဒဏ်ရာရရဲဘော်များနှင့်အရပ်သားပြည်သူလူထုများကိုလက်တွဲကာခေါ်
ဲ့လိုအပ်ချက်များကိုဖြည့်ဆည်းဖို့တီရှပ်ဝယ်ရင်းကူကြစို့
#ငါတို့ပြည်သူလူထုအားနှင့်ရှေ့ဆက်မည်

22/03/2026

“T-shirt ဝယ်ပြီး video ကြည့်ဖို့ မမေ့နဲ့နော်"

ဒီ T-shirt ကို ဝယ်ယူတဲ့အခါ
အထဲမှာ Postcard တစ်ခု ပါဝင်ပြီး
Video ကြည့်ရှုနိုင်ဖို့ ID နဲ့ Password ထည့်ပေးထားပါတယ်။

T-shirt မှာပါတဲ့ QR code ကို Scan လုပ်လို့ရသလို
Postcard ထဲက QR Code ကို Scan လုပ်ပြီး
ရဲဘော်များ၏ ကိုယ်တွေ့အကြောင်းအရာများကို
Telegram Channel မှ တစ်ဆင့်Video များကြည့်ရှုနိုင်ပါတယ်။

သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ
သူတို့ရဲ့ခံစားချက်
သူတို့ရဲ့မျော်လင့်ချက်
သူတို့ရဲ့စကားသံတွေကို
မမေ့မလျော့ မှတ်တမ်းတင်ထားတဲ့ Video ဖြစ်ပါတယ်။

📌 T-shirt ဝယ်ယူပြီး Postcard ထဲက QR Code ကို Scan လုပ်ကာ Video ကြည့်ဖို့ မမေ့နဲ့နော်။

16/03/2026

ဆေးရုံကုတင် တပ်ဆင်ခြင်း မူလီ (၃)လုံးပို 😅 👇

ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် နွေဦးစုဗူးအဖွဲ့ မှ
ဝီးချဲတစ်လုံး နှင့်ဆေးရုံကုတင်သုံး(၁)လုံး လူနာများ
အတွက် လှူဒါန်းပေး‌ပါသော (၇)ရက်သားသမီးများ
ထောက်ပို့အဖွဲ့များကို ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် အရပ်သားပြည်သူလူထု ကိုယ်စား CareHouse - 1 မှ အထူးထူးကျေးဇူးတင်ရှိအပ်ပါသည် 🙏

Tanintharyi Health Care House - 1
#ဒဏ်ရာရရဲဘော်များနှင့်အရပ်သားပြည်သူလူထုများကိုလက်တွဲကာခေါ်
ဲ့လိုအပ်ချက်များကိုဖြည့်ဆည်းဖို့တီရှပ်ဝယ်ရင်းကူကြစို့
#ငါတို့ပြည်သူလူထုအားနှင့်ရှေ့ဆက်မည်

Photos from Tanintharyi Health Care House - 1's post 08/03/2026

Pre Order-NOW!🛍️

TPS နှင့် Carehouse တို့ ပူးပေါင်းပြီး
အထူးထုတ်လုပ်ထားသော T-Shirt အသစ်များ ကို စတင် pre order တင်လို့ရပါပြီဗျား...📢

📌 Size – (S / M / L / XL/2XL)
📌 Price – 400 THB
📌 Cotton– 100%

🛍️Order – Page Chat / Telegram နှင့်
QR Code ကို Scan ဖတ်ပါကလည်း ဝယ်ယူလို့ရမဲ့ Page တွေကို ညွှန်ပြပေးမှာဖြစ်ပါတယ်။

Tanintharyi Care House (1)🏥

https://www.facebook.com/share/1CCSYu2gPU/

Tanintharyi Care House (2)🏥

https://www.facebook.com/share/18G6AcBekf/?mibextid=wwXIfr

Tanintharyi People's Supporters(TPS)🤝

https://www.facebook.com/share/17K7UtBStT/?mibextid=wwXIfr

Allied Aid Team မဟာမိတ်ထောက်ပို့အဖွဲ့🤝

https://www.facebook.com/share/1KCTYELjk7/?mibextid=wwXIfr

စတဲ့ Page တွေမှာ သွားရောက် order တင်လို့ရပါပြီ📢



#တီရှပ်
#ငါ့တို့တိုင်းအတွက်ငါ့တို့မှာတာဝန်ရှိတယ်
ဲ့လိုအပ်ချက်များကိုဖြည့်ဆည်းဖို့တီရှပ်ဝယ်ရင်းကူကြစို့

Photos from Tanintharyi Health Care House - 1's post 08/03/2026

🙏 ပြည်သူ့အားနဲ့ ရှေ့ဆက်မည် 🙏

ထိခိုက် ဒဏ်ရာရ ရဲဘော် များ နှင့် အရပ်သား ပြည်သူလူထု များအတွက် လိုအပ်သောနေရာ
များ နှင့် ဆေးဝါးကုသရေး - နေထိုင်စားသောက်
ရေး - ပြန်လည်ထူထောင်နိုင်ရေး လုပ်ငန်းစဉ်များ
အတွက် လှူဒါန်းပေးပါသော အလှူရှင်များ ထောက်
ပို့များကို အထူးထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ

#ဒဏ်ရာရရဲဘော်များနှင့်အရပ်သားပြည်သူလူထုများကိုလက်တွဲကာခေါ်

#ငါတို့ပြည်သူလူထုအားနှင့်ရှေ့ဆက်မည်

23/02/2026

...... သူတို့ပြောတဲ့ သူတို့ရင်ဖွင့် သံ .......

တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရှိပြီးဆေးကုသခဲ့သော ရဲဘော်များ၏ စကားသံ ..... ။


#ဒဏ်ရာရရဲဘော်များနှင့်အရပ်သားပြည်သူလူထုများကိုလက်တွဲကာခေါ်

14/02/2026

‎ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအတွက် အစာထိုးကုသမှု သည် ဘဝပြန်လည်တည်ဆောက်ရေး၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
‎အင်္ဂါဆုံးရှုံးခြင်းကြောင့် နေ့စဉ်လှုပ်ရှားမှုများ၊ အလုပ်အကိုင်များနှင့် လူမှုဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါတယ်။ အဲတာကြောင့် အစာထိုးကိရိယာများဖြင့် ပြန်လည်လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်နိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း ပြန်လည်ရရှိအောင်ကြိုးစားကုသပေးဖို့လိုအပ်ပါတယ်။

‎အစာထိုးကုသမှု၏ အရေးပါချက်များမှာ—

နေ့စဉ်ဘဝ လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိနိုင်ဖို့

ကိုယ့်စိတ်တိုင်းကျ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ နဲ့

‎စိတ်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်ရရှိနိုင်ဖို့အတွက် တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

‎စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေဟာ သူတို့ရဲ့ မပြည့်ဝသေးတဲ့ ရည်မှန်းချက်တွေအတွက် ခုချိန်ထိ တော်လှန်ရေးရဲ့ တထောင့်တနေရာကနေ နိုင်ရာတာဝန်ကို ထမ်းဆောင်ကာ ခရီးကြမ်းကြီးမှာ မရပ်နားဘဲ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

‎အစာထိုးကုသမှုသည် ကိုယ်ခန္ဓာတစ်ပိုင်းကိုသာ ပြန်လည်ဖြည့်ဆည်းပေးခြင်း မဟုတ်ပါ။
‎၎င်းသည် လူတစ်ဦး၏ ဂုဏ်သိက္ခာ၊ အခွင့်အလမ်းနှင့် ဘဝအရည်အသွေးကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါသည်။

#ဒဏ်ရာရရဲဘော်များနှင့်အရပ်သားပြည်သူလူထုများကိုလက်တွဲကာခေါ်

Photos from Tanintharyi Health Care House - 1's post 18/12/2025

🫂 ငါတို့ မှာ ငါတို့ ပြည်သူ ငါတို့ ထောက်ပို့ပဲရှိတယ်

ယခုလို ထိခိုက်ဒဏ်ရာရ ရဲဘော်များ ဆေးကုသနိုင်
ရေး နှင့် ပြန်လည်ထူထောင်ရေး ဆေးဝါး နှင့် စားနှပ်
ရိပ်က္ခာများ အသုံးပြုနိုင်ရေးအတွက် ကူညီလှူဒါန်းပေးကြတဲ့ တစ်ဦးဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ထောက်ပို့အဖွဲ့ဖြစ်စေ အထူးထူး ကျေးဇူးတင်ရှိပါသည် 🙏

🙏 အကူအညီများလည်းဆက်လက်လိုအပ်လျက်ရှိပြီး ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် 🙏

#ဒဏ်ရာရရဲဘော်များအားလက်တွဲကာခေါ်
#ဆက်လျှောက်

17/12/2025

အောက်ပိုင်းလုပ်ရှားဖို့အခက်အခဲဖြစ်နေတဲ့ ရဲဘော်ကို အချိန်ကြာမြှင့်စွာကုသမှုခံယူပြီး‌ နောက် ဆက်ကု
လို့မရတော့ပဲ့ ဝီးချဲ - ဂျိုင်းတောက် ဖြင့်သာ အားကိုး
နေရပြီး ။

ယခုအခါမှာတော့ ဆေးရုံအသီးသီးလိုက်လံ ရှာဖွေပြီး ဆီလီကွန် ဖိနပ် အကူဖြင့် မကြာခင်မှာ လမ်း
လျှောက်ခွင့်ရတော့ မှာဖြစ်ပြီး ဝီးချဲ - ဂျိုင်းတောင့်
အခြေအနေကလည်း လွတ်မြောက်တော့မှာဖြစ်ပါတယ် ။

#ဒဏ်ရာရသူများနှင့်ဒဏ်ရာရရဲဘော်များအားလက်တွဲကာခေါ်ယူ
#ခြေဖိနပ်အကူလမ်းလျှောက်ခြင်း

29/10/2025

🙏 ပြည်သူ့ ထမင်းစား သစ္စာ 🙏

👉 ဒဏ်ရာရ ရဲဘော်များ နှင့် ပြည်သူလူထုများ အားနိုင်ရာဖြင့်ကူ .....

စစ်ဒဏ်တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသော
ရဲဘော် များ နှင့် အရပ်သား ပြည်သူလူထုများ
ဆေးဝါးကုသနေစဉ်ကာလအတွင်း - ဆေးဝါးကုသပြီးဆေးချိန်းများ စောင့်ဆိုင်းစဉ်ကာလ အတွင်း -
ဒဏ်ရာကြီးကြီးမားမားရရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ - ကုသစောင့်ရှောက်မှုလုပ်ငန်း
စဉ်များ အတွက် လိုအပ်ချက်များ စွာရှိနေပြီး ပြည်သူလူထုများ မှ ယနေ့တိုင် လှူဒါန်းမှုဖြင့်ရပ်တာ်နေပြီး ဆက်လက်ရပ်တည်နိုင်ရေး လုပ်ငန်းစဉ်များ
ဆောင်ရွက်နိုင်ရေးအတွက် အကူအညီများစွာလိုအပ်နေပါသည် ။

#ဆက်လျှောက်
#ဒဏ်ရာရရဲဘော်များအားလက်တွဲကာခေါ်

Photos from Tanintharyi Health Care House - 1's post 20/10/2025

🙏 ချုံဖော်မြို့နယ် မြန်မာများ ကွန်ရက် 🙏

အဖွဲ့ မှ ထိခိုက်ဒဏ်ရာရသူများ ဆေးဝါး နှင့် စားနှပ်ရိပ်က္ခာများ - ဆေးကုသရေးလုပ်ငန်းစဉ်များတွင် အ
သုံးပြုနိုင်ရေးအတွက် ထိုင်းဘတ်ငွေ 40000 ဘတ်
ကို ပါဝင်လှူဒါန်းပေးမှုအတွက် စိတ်၏ ကျန်းမာခြင်း
ကိုယ်၏ကျန်းမာခြင်း များ ပြည့်စုံပြီး နိုင်ရာအတွက်
ပါဝင်ကာ မလျှော့သောဇွဲဖြင့် ပါဝင် လှူဒါန်းမှုဖြင့် ပါ
ဝင်ပေးမှုအတွက် အထူးထူးကျေးဇူးတင်ရှိပါတယ် ။

#ဒဏ်ရာရရဲဘော်များအားလက်တွဲကာခေါ်
#ဆက်လျှောက်

Photos from Tanintharyi Health Care House - 1's post 20/10/2025

နိုင်ရာ ဝန်ထမ်း ဆက်လျှောက် လှမ်း

ယခုလို ထိခိုက်ဒဏ်ရာရ ရဲဘော်များ ဆေးကုသနိုင်
ရေး နှင့် ပြန်လည်ထူထောင်ရေး ဆေးဝါး နှင့် စားနှပ်
ရိပ်က္ခာများ အသုံးပြုနိုင်ရေးအတွက် ကူညီလှူဒါန်းပေးကြတဲ့ တစ်ဦးဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ထောက်ပို့အဖွဲ့ဖြစ်စေ အထူးထူး ကျေးဇူးတင်ရှိပါသည် 🙏

#ဒဏ်ရာရရဲဘော်များအားလက်တွဲကာခေါ်
#ဆက်လျှောက်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok