Maung ThanTin
သင်မကောင်းလျှင် ကျွန်ုပ်မဆိုးပါ🥰🥰🥰 ။
05/12/2025
မနက်လင်းပြီဆိုတာနဲ့ သာမန်အခြေခံလူတန်းစားတွေရဲ့ ဘဝဟာ စက်တစ်ခုလိုပဲ လည်ပတ်နေပြီ။ ခင်ဗျားတို့မှာ အောင်မြင်မှုဆိုတဲ့ ဝတ်စုံတွေ၊ ဘွဲ့လက်မှတ်တွေ မရှိဘူး။
ရှိတာက ဒီနေ့အတွက် ပိုက်ဆံရှာဖို့ပဲ။ ဒီလိုအခြေအနေမျိုးမှာ အဓိကပြဿနာက အလုပ်မရှိတာမဟုတ်ဘူး။ အလုပ်ရှိလျက်နဲ့ ကိုယ့်လုပ်အားကို မတန်တဆ အမြဲတမ်း ဈေးဖြတ်ခံနေရခြင်းပဲ။
သူဌေးမျက်လုံးထဲက အမြင်: သူဌေးတွေရဲ့ မျက်လုံးထဲမှာ ကျွန်တော်တို့က 'လူ' မဟုတ်ဘူးဗျာ၊ 'တစ်ရက်လုပ်အား' ဆိုတဲ့ ကိရိယာ ပဲ။ တစ်ခါတစ်လေ မနက်အစောကြီးကနေ ညနက်တဲ့အထိ ကိုယ့်တန်ဖိုးကို မတန်တဆ နှိမ့်ချပြီး ခိုင်းစေတယ်။ သူတို့က အဲ့ဒါကို 'ပေးဝယ်ခြင်း' လို့ ထင်ကြတယ်။ သူတို့ပိုက်ဆံနဲ့ ခိုင်းချင်သလို ခိုင်းခွင့်ရတယ်ဆိုတဲ့ အတွေးနဲ့ မျက်နှာကို ခပ်တည်တည်ထားပြီး ခြောက်သွေ့တဲ့စကားတွေ ပြောတတ်ကြတယ်။
ကိုယ့်ရဲ့ဇနီး၊ ကိုယ့်ရဲ့သားသမီးကို ချွေးတလုံးလုံးနဲ့ ပြန်ကြည့်တဲ့အခါ ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ။ ကိုယ်ရှာခဲ့တဲ့ငွေက ကုန်ဈေးနှုန်းတက်တာကိုတောင် မမီဘူး။ အဲ့ဒီအခါ သူဌေးတွေရဲ့ မတန်တဆခိုင်းစေမှုအပေါ် ဒေါသထွက်တာထက်၊ ကိုယ့်ရဲ့အရည်အချင်းနိမ့်ပါးမှု၊ ကိုယ့်ရဲ့ကံကြမ္မာအပေါ်မှာပဲ ဒေါသတွေ ပြန်ကျတတ်တယ်။
အဲ့ဒီတော့ ခင်ဗျားတို့ရဲ့ စစ်မှန်တဲ့မေးခွန်းက ဘာလဲ။
ရုန်းကန်နေရတဲ့ မိသားစုဘဝကို ကြည့်ရင်း ခင်ဗျားတို့ ရင်ထဲမှာ အမြဲတမ်းမေးနေတဲ့ မေးခွန်းကြီးတစ်ခုရှိတယ်။ "ဘယ်တော့မှ အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရမလဲ" ဆိုတဲ့ မေးခွန်းပဲ။
အဖြေက သူဌေးဆီမှာမရှိဘူး။ သူဌေးတွေက ခင်ဗျားတို့ကို ဒုက္ခပေးတာ မဟုတ်ဘူးဗျာ။ သူတို့က ပိုက်ဆံပေးပြီး သူတို့ရဲ့အခွင့်အရေးကို ယူတာပဲ။ သူတို့က အမြဲတမ်း ပိုက်ဆံကို ရှေ့တန်းတင်တယ်။ ခင်ဗျားတို့ရဲ့ နိမ့်ပါးတဲ့ဘဝကို ဆွဲတင်ပေးနိုင်မယ့် တစ်ဦးတည်းသောသူက ခင်ဗျားတို့ကိုယ်တိုင်ပဲ။
ရပ်တန့်တဲ့နာရီမဖြစ်ပါစေနဲ့။ အခက်အခဲကြောင့် ခင်ဗျားရပ်လိုက်ရင်၊ အဲ့ဒီအခက်အခဲက ဘာမှမထိခိုက်ဘူးဗျာ။ ခင်ဗျားရဲ့ဘဝနာရီပဲ ရပ်သွားမှာ။ သူဌေးက အမြဲတမ်း သူဌေးပဲ။ ခင်ဗျားတို့ အဲ့ဒီအတိုင်းဆက်ရုန်းကန်နေရမယ့် ဘဝမျိုးကနေ ရုန်းထွက်ချင်ရင်၊ ပိုက်ဆံရှိသူရဲ့ အထင်သေးတဲ့အကြည့်ကို ခွန်အားအဖြစ်ပြောင်းပြီး ရဲရဲတင်းတင်း ရှေ့ဆက်ပါ။
ဘဝဆိုတာ စောင့်ဆိုင်းနေတဲ့ သူဌေးမဟုတ်ဘူး။ ကိုယ်တိုင်ဦးဆောင်နိုင်မယ့် စိန်ခေါ်မှုပဲဗျာ။
28/11/2025
အရက်တွေ အရမ်းမသောက်နဲ့နော်တဲ့ကြည့်စမ်းပါအုံးအမေ့ချွေးမက
သားအသည်းကို သူတစ်ယောက်တည်းဖျက်ဆီးချင်စိတ်နဲ့ သဝန်တိုနေလိုက်တာ....
27/11/2025
မသိဟန်ဆောင် မရှိချင်ဟန်ဆောင် အချင်ဟန်ဆောင် မင်းဘဝအတွက်ပြောင်းလဲမှုတွေ အများကြီး ယူဆောင်လာကြလိမ့်မယ်.....
24/11/2025
အလုပ်တွေကို ပြစ်ပြီး ခဏနားပါလား
အလုပ်ကဘယ်တော့ပြီးမလည်း ကျတော်ကိုယ်တိုင်လည်း သိတယ် အားလုံးလည်းသိကြတယ် ကျတော်တို့တွေ သေမှ ပြီးမှာရယ် ကိုယ်ချစ်တဲ့ သူတွေအတွက်လည်း အချိန်ပေးကြပါအုံး😢😢😢...
အားအင်မရှိတဲ့ ခန္ဓာကိုယ်က ဘာမှ မစွမ်းဆောင်နိုင်ဘူးရယ်...
ဒီလိုဘဲ ခွန်အားမရှိတဲ့ စိတ်ကလည်း ဘာမှ သိပ်မတွေး နိုင်ဘူးရယ်.....
ငွေနဲ့ပတ်သတ်ရင်နာကျင်ရတာတွေက လူတိုင်းမှာ ရှိခဲ့ဖူးတယ်
ဒါတွေ အချိန်ကြာလာတာနဲ့အမျှ
ပျောက်ကွယ်သွားမယ်လို့ထင်ကြတယ်...
အချိန်က မကုစားပါဘူး
မိတ်ဆွေ
အဲ့ဒီမှတ်ဉာဏ်ဆိုးတွေကို
ဘယ်လိုသယ်သွားမလဲဆိုတာကပဲ
ကုစားတာပါ။
တစ်ချို့က
တစ်သက်လုံး ခါးသီးတဲ့
စိတ်ဒါဏ်ရာအဖြစ်နဲ့ သယ်သွားတယ်...
တစ်ချို့က
အရမ်းကောင်းတဲ့
သင်ခန်းစာအဖြစ်နဲ့ သယ်သွားကြတယ်...
တစ်ချို့က
ရိုးရိုးရှင်းရှင်း
အမှတ်တရတစ်ခုသာသာအဖြစ်နဲ့ပဲ သယ်သွားတယ်...
တစ်ချို့က
မဖြစ်ခဲ့ဖူးတဲ့ အရာတစ်ခုလို
အမှတ်တရကောင်းတွေနဲ့ အစားထိုး သယ်သွားတယ်...
မိတ်ဆွေ ဘယ်လိုသယ်လာလဲ?
ကိုယ်သယ်တဲ့အတိုင်း တလမ်းလုံး ထမ်းရမှာမို့
သက်တောင့်သက်သာလေးတော့ ဖြစ်ဖို့စဥ်းစားပါ။
10/11/2025
တစ်ခါတစ်လေမှာ ကိုယ့်အနားရှိသူတချို့ဟာမတိုးမတက်တော့တဲ့နေရာမှာပဲ
စိတ်ချလို့ကောင်းတဲ့အပူအအေးအနားမှာပဲနေချင်ကြတတ်တယ်။
သူတို့အတွက် ပိုကောင်းတဲ့အရာရှိနေတယ်ဆိုတာကိုယ်သိနေပေမဲ့ သူတို့ကို အစဉ်အလာထဲက ဖယ်ထုတ်ဖို့ ကြိုးစားတာက အတော်ကို ပင်ပန်းစရာပါ။
အကြောင်းပြချက်ပေးပြီး ကြိုးစားချင်စိတ်မရှိသူများကို ဘဝက ဒုတိယအခွင့်အရေးပေးဖို့တကယ်ခက်ခဲတယ်။
ဘဝကို နားမလည်သူ၊တိုးတက်ဖို့အတွက် စိတ်မရှိသူကိုလည်း အတင်းအကျပ် “ကယ်တင်” လို့မရပါဘူး။
တကယ်တမ်း တိုးတက်ချင်သူဆိုရင်
သူ့ဘဝအတွက် ကိုယ့်အကူအညီမပါလည်းသူ့လမ်းကို သူရှာတတ်တယ်။
တကယ်တမ်း မတိုးတက်ချင်သူဆိုရင်
ကိုယ်ဘယ်လောက်ပဲ ဆွဲဆောင်ကြိုးစားပေမဲ့နောက်ကိုပဲ ဆွဲဆန်နေမယ်။
အဲ့ဒီတော့ အမြဲတမ်းကယ်တင်ဖို့ မစဉ်းစားပါနဲ့။သူတို့စိတ်အတွင်းက “တိုးတက်ချင်တဲ့အလင်း” မထွက်လာပါကသူတို့ဘဝကို ကိုယ်ပြောင်းလဲပေးလို့ မရပါဘူး။
မတိုးတက်ချင်တဲ့သူကို ကယ်တင်ချင်တာကကောင်းတဲ့စိတ်ဖြစ်သော်လည်း သူတို့သည် မတိုးတတ်လာဘူး။
ဒါပေမဲ့ တစ်ခါတစ်လေမှာ တကယ်တန်ဖိုးဆိုတာက “ခွင့်လွှတ်ခြင်း” ဖြစ်တတ်ပါတယ်။သူတို့အတွက် လမ်းပြပေးဖို့ ရှိရင်ပေးပါ။ဒါပေမဲ့ သူတို့မလိုချင်တော့ရင်
ကယ်တင်ဖို့ မကြိုးစားပါနဲ့။
တစ်ခါတစ်လေ “ရပ်တည်” ဆိုတာက
နူးညံ့သိမ်မွေ့တဲ့ အစစ်အမှန်အကူအညီပါ။
08/11/2025
ပုံသေနည်း မရှိတဲ့ဘဝ
သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင်
အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ
ဒဏ်ရာနဲ့တော့ မကင်းဘူး....။
ဒီလိုပဲ... မှားသွားလိုက်
ပြန်ပြင်လိုက်၊ လဲကျလိုက်
ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို
လှမ်းကိုင်ကြတာပဲလေ....။
အမေက လမ်းလျှောက်တတ်အောင်
သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင်
သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။
ငယ်ငယ်က အကြိမ်ကြိမ်
လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင်
လျှောက်နိုင်ခဲ့သေးရင်
အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။
နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့
ပန်းတိုင်က ရောက်ကို ရောက်တယ်
မင်း ကံ ကောင်းနေဖို့ မလိုဘူး...
မင်း ကောင်းနေဖို့ပဲ့ လိုတာပါ...
ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့...
မင်းကောင်းနေခြင်းက
မင်းကံကိုပါ ကောင်းစေပါတယ်..
ဘာလို့လဲ ဆိုတာ
ကံဘယ်လောက်ကောင်းကောင်း
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင်
ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့...
စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ...
အေး...ဒါပေမဲ့...
ကံဘယ်လောက်ပဲ ဆိုးနေပါစေ...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."
မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...
ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
လူငယ်တွေ မြဲမြဲမှတ်ထားပါ...
မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...
မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????
"မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ....
03/11/2025
မောင်က ဘာဘာ မေမေရာခေါ်ပါရေ အနောက်သားကမွှီးလာဂေလေ့ မောင်ရို့ခေတ်မာ ဒေပိုင်မူမဟိခရို့ ထင်သျှင်ပိုင်ထင် အယူမသီး ....
ရခိုင်လူမျိုးရို့ ပြောပနာ လူမျိုးဂုဏ်ချနှင်းနိန်စော်တိက တပုံကြီး....
29/10/2025
မင်းဘဝရဲ့ စားဝတ်နေရေးကို
မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့်မယ်...
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့
ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး...
ဒါပေမဲ့...
လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက...
ကံဆိုတဲ့ မမြင်ရတဲ့ အရာထက်
မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း
ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...
ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ...
မင်းအပေါ်မှာပဲ့ မူတည်ပါတယ်...
ရိုးရိုးလေးပါဘဲ....
မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်...
မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."
မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...ဘာဘဲလုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး...
အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး...
အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့...
မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...
မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို ကျွန်တော်တို့ ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????
"မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..."
အနာဂတ် မနက်ဖြန်တိုင်းရဲ့
ကံကောင်းခြင်းတွေ လိုချင်ရင်...
ပစ္စုပ္ပန် နေ့ရက်တိုင်းကို
အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ...
ဘယ်တော့မှ မမေ့ပါနဲ့....
မင်းလိုချင်တဲ့ ကံကောင်းခြင်းကို...
မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်...
မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ...
မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့...
ကံကောင်းချင်ရင်...
ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ...
27/10/2025
ကိုယ့်ကိုကိုယ်နိမ့်ချပြီးဆက်ဆံတာက
မင်္ဂလာတစ်ပါးလို့ ခံယူတဲ့ အကျင့်နှင့်
လူတိုင်းအပေါ် စိတ်ကောင်းထားတဲ့
အကျင့်ဟာ ကောင်းမွန်ပေမဲ့ …..
ဒါကို သူတို့ဆက်ဆံလို့ရတဲ့ ပုံစံလို့
မှတ်ယူလာတာကတော့ တကယ့်
ပြဿနာပဲ လေးစားရကောင်းမှန်းမသိ တန်ဖိုးမထားပဲ မထီမဲ့မြင် အပြုမူတွေကို
သည်းမခံနိုင်တဲ့အချိန် ကိုယ့်ဘက်ကတုန့်ပြန်တော့မှ အမြဲတမ်းကောင်းခဲ့တဲ့အရာတွေက အငွေ့ပျံသွားပြီး
ကိုယ့်အပြစ်လို ထင်ကြတော့တာပဲ ။
ဒါကြောင့် ကိုယ်က ဘယ်လောက်ပဲ
လူကောင်းဖြစ်ပါစေ ကိုယ့်ကိုကိုယ်
နိမ့်ချပြီး ဆက်ဆံတတ်ပါစေ …
ဘယ်သူမှ ကျော်ခွလို့ မရတဲ့
ကိုယ့် boundaries ကတော့
ကိုယ်တိုင် သတ်မှတ်ထားမှရပါမယ်
ဘယ်ဆက်ဆံရေးမှာမဆို ကိုယ်ပေးနိုင်
တာထက်ပိုပြီး တောင်းဆိုမှုတွေ
လုပ်လာရင် ငြင်းတတ်ဖို့ အမြဲတမ်း
သဘောကောင်းသူကြီး လုပ်မနေဖို့
သတိထားရမယ်
အပြန်လှန်မရှိပဲ
တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့
ဆက်ဆံရေးတွေက
ကိုယ့် role ကိုယ် ချနေသလိုပဲ
သဘောကောင်းလို့ ရတယ် …
အပေါစား ဖြစ်လို့မရဘူး
ကိုယ်ကြိုးစားထားတဲ့ နေရာ
ကိုယ်တည်ဆောက်ထားတဲ့ သိက္ခာတို့နဲ့
တူညီတဲ့ တန်တဲ့ အတိုင်းတာ ၊
ဩဇာမျိုးကတော့ ကိုယ်တိုင်အပြည့်ဝ
လွှမ်းမိုးထားသင့်တယ်
ဒါဟာ အတ္တလည်း မဟုတ်ဘူး ၊
မာနလည်း မဟုတ်ဘူး မိမိကိုယ်ကို
လေးစားမှုရှိတာပဲ ဖြစ်တယ် ။
ကိုယ့်အပေါ်ဆို သည်းခံသူ ၊ သူ့ကိုယ်သူ
နိမ့်ချပြီး နေထိုင်သူကိုလည်း ….
ဒါဟာ ကိုယ်ဆက်ဆံလို့ရတဲ့ ပုံစံလို့
မသတ်မှတ်လိုက်နဲ့
ကိုယ့်မို့လို့ သည်းခံတာ ၊ ကိုယ့်မို့လို့
သဘောကောင်းပေးတာဖြစ်တယ် …
ဒါဟာ တချို့လူတွေအတွက် သူ့ဆီက
ဘယ်တောမှ မရနိုင်မဲ့ အရာလည်း
ဖြစ်နိုင်သလို ….
သူဟာ သူ့နေရာ သူ့နယ်ပယ်မှာ
သူများတွေ
မော်မကြည်ရဲလောက်အောင်
ကြောက်ရသူလည်း ဖြစ်နိုင်တယ် ။
ကိုယ့်ကို ဆက်ဆံတဲ့ သူ့ပုံစံဟာ …
ကိုယ့်အပေါ်ထားတဲ့
သူ့ရဲ့ မေတ္တာအတိုင်းတာနဲ့ပဲ ဆိုင်တယ်
လူတိုင်းက စျေးမပေါ ပါဘူး
အလကားရတဲ့ မေတ္တာကလည်း
လက်ခံသူ အသုံးမကျရင် ကုန်ခမ်း
တတ်ပါတယ် ….
21/10/2025
နိုင်ငံခြားမှာ အလုပ်လုပ်ရတာက ပိုက်ဆံရှာဖို့ တစ်ခုထဲ မဟုတ်ဘူး လကုန်တိုင်း အိမ်ကိုပိုက်ဆံပို့ပြီးပြီဆို လက်ထဲပိုတာက နောက်တစ်လစာ အအေးဖိုးနဲ့ မုန့်ဖိုးပဲ မပြည့်စုံတဲ့ဘဝမှာ လစာက ဘယ်လိုလုပ်ပိုမှာလဲ ဒါက မဆန်းဘူး ဒါပေမဲ့ အဖေမှာတဲ့ စကားက ဆန်းတယ် ငါ့သားရသမျှပညာ အကုန်သင်ပါ ဘာခိုင်းခိုင်း လုပ်ကွာတဲ့ . . . နိုင်ငံခြားနေရတာ ခဏပဲ ပြန်လာရင် မင်းမှာ ပညာတွေပါဖို့လိုတယ်” တဲ့ ဒါကြောင့် လကုန်တိုင်း ပြန်မေးမိတာ ငါဘာသင်တန်းတွေ၊ ဘာပညာတွေ ရပြီလဲဆိုတာပဲ . . . လစာကို ခေါင်းထဲမရှိတာ ဘာလို့လဲ ဆိုတော့ ရှင်းတယ် ရှေ့မှာ Senior ကြီးတွေ နိုင်ငံခြားကို သွားလိုက်ပြန်လိုက်နဲ့ ဒုံရင်းက ဒုံရင်းပဲ . . . နှစ်တွေသာ ကြာလာတယ် လစာလေးတိုးတာနဲ့ပဲ ကျေနပ်နေကြတာ ပိုက်ဆံပိုရဖို့ Overtime ဆင်းဖို့ပဲ စီစဉ်နေကြတယ် .ဘာသင်တန်း ဘာပညာမှ မသင်ကြတာ တစ်ချို့ဆို အနှစ် ၂၀ ကျော်ပြီ နိုင်ငံခြားမှာပဲ ၂ နှစ်တစ်ခေါက် ပြန်လိုက် ပြန်လာလိုက်ပဲ .အဲ့ဒါတွေတွေ့ပြီး လစာကို ခေါင်းထဲမရှိတော့တာ ငါလည်း ဒီလိုဖြစ်မှာပဲဆိုပြီး Overtime ဆင်းတာတောင် ငါလုပ်ချင်တဲ့ အလုပ်တွေ အကြောင်း စီးပွားရေးအကြောင်းတွေ လေ့လာဖြစ်သေးတယ်. .
လကုန်တိုင်း အဖေကျတော်ကျန်းမာရေးကောင်းတယ်နော် ဘာအလုပ်တွေ ပိုလုပ်ရတယ်၊ တာဝန်ပေးခံရတယ်၊ ဆုရတယ်နဲ့ပဲ လကုန်တိုင်း အဖေနဲ့ဆီ ပိုက်ဆံပို့ရင်း ကြွားခဲ့ရတာလေးတွေ ကျတော်အတွက် တန်ဖိုးဘဲ
ဒါကြောင့် ပိုက်ဆံ တစ်ခုပဲ မရှာပါနဲ့ ပညာနဲ့ တွဲရှာပါ လကုန်တိုင်း ဘာပညာတွေ ပိုသိလာလည်း ဆိုတာ မေးပါ
ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ပညာရှာရတာက ဘာနဲ့မှ လဲမရတဲ့ အတွေ့အကြုံပဲ ငွေတစ်ခုပဲရှာရတာက သိပ်ပျော်စရာမကောင်းဘူး လူတိုင်း ဒီလစာရပြီး လုပ်နေကြရတာပဲလေ . . .
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bankok
SARASAR
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |
| อาทิตย์ | 09:00 - 17:00 |
