Mai Thet Khay Era

Mai Thet Khay Era

แชร์

ဘဝရဲ့အစိတ်အပိုင်းလေးတွေကိုမျှဝေတဲ့နေရာ �
Sharing my little life pieces �

01/05/2026

သခွတ်ပွင့်လေးတွေကောက်တဲ့နေ့ 🌼💛

04/03/2026

ခရီးသွားပြီး အသုံးစရိတ်တွက်ပြီးသောအခါ🥲ရှူဆေးတော့ကူနေရပြီ သူငယ်ချင်းတို့ရေ

25/02/2026

စားချင်ရင်ကိုယ်တိုင်ချက်စားတတ်နေပြီ
ဟင်းချက်စွမ်းရည်တွေလည်းတိုးတက်လာသလို ကျမဝိတ်တွေလည်းတိုးတက်လာနေပြီ🥹
#ငါးခူမုန့်ဟင်းခါး

28/01/2026

Bulduk Series ထဲက နောက်ဆုံးထွက်ထားတဲ့ အရသာလေး Bulduk Korean Gimbap with rose bulduk sauce လေးတကယ်ကြိုက်နေပြီ 🫶🏻😭

17/01/2026

Man United night with Black Bean Noodles
⚽️🍜

06/01/2026

သိပ်လှတဲ့ ချယ်ရီပင်တွေအောက်
လမ်းလျှောက်ခဲ့ရတဲ့ အခိုက်အတန့် 🌸🤍

Photos from Mai Thet Khay Era  's post 05/01/2026

ဟိတ် ချင်းမိုင်မှာ လူတိုင်းနီးပါး
ချယ်ရီပန်းတွေ သွားကြည့်နေကြပြီနော်

ချင်းမိုင်ကို လာလည်မဲ့သူတွေ၊
ဒါမှမဟုတ် ချင်းမိုင်မှာနေရင်း
ဘယ်သွားလည်ရမလဲ စဉ်းစားနေရင်
ချယ်ရီပန်းတွေရှိတဲ့ နေရာတွေကို
သွားလည်ကြည့်ဖို့ အကြံပေးချင်ပါတယ် 🤍🌸

ချယ်ရီပန်းကို တစ်ခါမှ မမြင်ဖူးတဲ့ ကျမအတွက်တော့
အခုလို ချယ်ရီပန်းတွေကို ကိုယ်တိုင်မြင်ရတာ
တကယ့်ကို အပျော်ဆုံး အခိုက်အတန့်တစ်ခုပါပဲ 🌱

နေရာက ချင်းမိုင်မြို့ထဲကနေ
၂ နာရီနီးပါးလောက် ဝေးပြီး လမ်းခရီး နည်းနည်းမတ်စောက်ပါတယ် ကားနဲ့သွားရင် ပိုအဆင်ပြေမယ်လို့ထင်တယ် 🚗
ဆိုင်ကယ်နဲ့သွားမယ်ဆိုရင်လည်း သတိထားပြီး သွားရင်ရပါတယ် 🛵

📸 ဓာတ်ပုံရိုက်ချင်သူတွေ အတွက်
မနက်စောစော နေမထွက်ခင်အချိန် ၈နာရီမတိုင်ခင်
ဒါမှမဟုတ် ညနေ ၃ / ၄ နာရီလောက် သွားသင့်ပါတယ်
ချယ်ရီပန်းတွေကို နေထိုးနေရင်
ဓာတ်ပုံထဲမှာ အရောင်မှိန်သွားတတ်လို့ပါ 🌸

ကျမကတော့ မြို့ထဲကနေ နေ့လည်လောက်မှ
စထွက်ဖြစ်လို့
ညနေအချိန်ကို မှီအောင် သွားခဲ့ပါတယ်

ချယ်ရီပန်းရှိတဲ့နေရာ ၂ နေရာ ကို သွားခဲ့ပါတယ် 👇

🌸 Sakura Bridge
ဒီနေရာကို အရင်သွားသင့်ပါတယ်
ချယ်ရီအပင်နိမ့်နိမ့်လေးတွေ များပြီး
ပန်းနဲ့ နီးနီးကပ်ကပ် ပုံရိုက်လို့ အရမ်းလှပါတယ်
ဒီနေရာကို camping လာကြတဲ့သူတွေလည်း အများကြီး တွေ့ရပါတယ် 🏕️

ဝင်ကြေးကတော့ တစ်ယောက် ဘတ် ၅၀ ပေးရပါတယ်
ကျမရောက်တဲ့အချိန်က ညနေ ၅ နာရီလောက် နေဝင်ခါနီးဖြစ်လို့
ဝင်ကြေးကောက်တဲ့သူလည်းမတွေ့လို့ တစ်ပြားမှ
မပေးခဲ့လိုက်ရပါဘူး😆

🌸 Khun Wang Tunnel
ဒီနေရာကတော့ ပန်းခြံအကြီးကြီးလိုမျိုးဖြစ်ပြီး
လမ်းတွေ အများကြီး လျှောက်ရပါတယ်
ချယ်ရီပန်းအပင်မြင့်မြင့်တွေ၊ လျှောက်လမ်းတွေက
တကယ့်ကို လှပါတယ်

ဒီနေရာကတော့ ဝင်ကြေး မပေးရပါဘူး 🤍

ကဲ ချယ်ရီပန်းတွေ ဘယ်လောက်လှလဲဆိုတာ
ဒီလောက်ပြောထားရင် လုံလောက်ပြီထင်ပါတယ် 🌸
ဘာမှမစဉ်းစားတော့ဘဲ ကိုယ်တိုင်ခံစားကြည့်ဖို့
အချိန်မှီသွားကြည့်လိုက်ပါနော်

အလှဆုံးအချိန်က January လအလယ်လို့ပြောကြတယ် အချိန်ကိုက်ဖြစ်အောင်တော့ သွားကြနော်

မှတ်ချက်
တောင်ပေါ်မှာ အတော်အေးလို့
အနွေးထည် ထူထူလေး ဝတ်လာဖို့ မမေ့ပါနဲ့ 🧥
ပြီးတော့ ဓာတ်ပုံရိုက်မယ့်သူတွေ အတွက်
ချယ်ရီပန်းတွေနဲ့ လိုက်ဖက်မယ့်
ခပ်လွင်လွင်၊ ဖျော့ဖျော့ အရောင်တွေကို ရွေးဝတ်လာစေချင်ပါတယ် 🌸
အပွင့်အခတ်၊ အစင်းတွေပါတဲ့ င်္အကျီတွေကိုတော့
ရှောင်ရမယ်နော်🤍




#ချယ်ရီပန်း
#ခရီးသွားမှတ်တမ်း

Photos from Mai Thet Khay Era  's post 03/01/2026

Let’s walk together 🤍
ဒါက Mai Thet Khay Era ရဲ့ ပထမဆုံးအစပါ
ဒီကနေပဲ ကျမ ဘဝရဲ့အစိတ်အပိုင်းလေးတွေကို မျှဝေသွားမယ်
အကြံတွေပေးရင်း အတူတူရှေ့ဆက်သွားကြမယ်နော်✨

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Chiang Mai