Beauty Basics
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Beauty Basics, ความงาม เครื่องสำอาง และการดูแลตนเอง, Ka/68, Dawna Street, Mae Tao Tak.
Merry🌲 Christmas To You All Beauty Basics Audience💞 🎈🎀🎊🎉🎁🎁🎁🍀🍀🍀🌲🌎❄⛄⛄
16/12/2022
ဒီနေ့ တော့ ရေမွှေးဆွတ် ရင် ဆောင်ရန် ရှောင်ရန်
တွေကို ပြောပြပေးမယ်နော်😘
Where to apply perfume?
ရေမွှေးတွေကို ဘယ်နေရာ တွေမှာ ဆွတ်ရင် အနံ့ ပိုစွဲမလဲ🤔
Pulse points! !👍 သွေးခုန်နှုန်း❤ စမ်းမိတဲ့နေရာ
တွေမှာဆွတ်ရင်အ ခြားနေရာ တွေမှာ ဆွတ်တာထက်
အနံ့ပို စွဲ ပါတယ်နော်..
Pulse points တွေကတော့❤ လက်ကောက်ဝတ် အ
တွင်း ဘက်(inner wraists) တံတောင်အ
တွင်းဘက်(inner elbows) ချက်အောက်နား(belly
bottom) နားအနောက်ဘက် (behind your ear
lobes) လည်ပင်း(neck) ခြေမျက်စိ(on your
ankles)တွေ မှာပဲဖြစ်ပါတယ် ရှင်...
ရေမွှေး မလိမ်းခင် lotion တစ်ခုခု(သို့မဟုတ်)
petroleum jelly(Vaseline Petroleum Jelly)
လိမ်းပြီးမှ အပေါ်မှ ရေမွှေး ကို ဆွတ်လျှင် ရေမွှေး
အနံ့ ကို lock ဖြစ်စေ(အနံ့ပြယ်မှုကို ထိမ်းချုပ်စေ)
ပါတယ်နော်😘....
အရေပြားနဲ့ ဘယ် လောက် အကွာ အဝေး ကနေ
ဆွတ် ရမလဲ ဆို တော့ 3-6 inches ကနေ ဆွတ်
နော်😘 Spray it but don't rub.⛔ဖြန်းရုံ ဖြန်းနော်
လက်နဲ့ မပွတ်ထုတ်နဲ့နော်⛔
ပြီးတော့ 1-2 sprays က လုံ လောက် ပါပြီနော်
အနံ့ ပိုစွဲအောင် ဆိုပြီးအများကြီး ဆွတ်မိရင်တော့
ကိုယ့်ရေ မွှေးအနံ့နဲ့ ကိုယ် မူးနေမှာ နော်😁
02/12/2022
COLLAGEN & BONE BROTH
What is the highest source of Collagen?
အစားအစာထဲမှာ ကော်လာဂျင်ဓာတ် အကြွယ်ဝဆုံးဟာ ဘာလဲသိလား?
Bone Broth! အရိုးပြုတ်ရည်တဲ့နော်.
အရိုးပြုတ်ရည် (bone broth)ကို သင့်အနေနဲ့ နီးစပ်ရာစတိုး
ဆိုင်မှာ သို့မဟုတ် မိမိအိမ်တွင်ချက်ပြုတ်၍လည်း
အလွယ်တကူ ရရှိနိုင်ပါတယ်...ကြက်ရိုး ဝက်ရိုး အမဲရိုး
ဆိတ်ရိုး ငါးရိုး တို့ကို လွယ်ကူရိုးရှင်းစွာချက်ပြုတ်၍
Collagen ဓာတ်ကြွယ်ဝတဲ့ အရိုးပြုတ်ရည် တစ်ခွက်ကို
ရရှိနိုင်ပါတယ်နော်
Can you get enough collagen from bone broth?
အရိုးပြုတ်ရည် က နေ လုံလောက်တဲ့ Collagen ဓာတ်
ကို ရရှိနိုင်ပါသလား?
Sure! အရိုးပြုတ်ရည်(Bone Broth)သည် အလွန်
အင်မတန် ကောင်းမွန်တဲ့ collagen အရင်းအမြစ်တစ်ခု
ဖြစ်ပါတယ်ရှင်.ကျွန်မတို့ body က လွယ်ကူစွာစုပ်ယူ နိုင်
ပြီးတော့ လိုအပ်တဲ့ ကော်လာဂျင်
ထောက်ပံ့ ပစ္စည်း (collagen supplement) နှင့် အခြား
သော အဟာရဓာတ်များစွာကို အရိုးပြုတ်ရည်မှရရှိနိုင်ပါတယ်နော်..
Bone Broth တစ်ခွက်(236 ml or 8 US fluid
ounces)မှာဆိုရင် protein ဓာတ်ဟာ 7-10 g အ
ထိပါဝင်ပါတယ်နော်
ကဲ....Collagen တွေ ဝယ် သောက်နေကြအုံးမှာ
လား...ခုပဲ မီးဖိုချောင်မှာ Collagen တခွက် ထချက်
လိုက်တော့နော်😉😘
29/11/2022
Tweezing Tips
မျက်ခုံး မွေး မရိတ်ပဲ tweezer နဲ့ မျက်ခုံးမွေး နှုတ်တတ်သူတွေရှိလား....မျက်ခုံးမွေးမနှုတ်ခင် မျက်ခုံးမွေး တဝိုက်ရှိ အရေပြားကို ရေ ကြက်သီးနွေး(သို့မဟုတ်)cream တစ်မျိုးမျိုးကို ဂွမ်းလေးနဲ့ အစိုဓာတ်ရအောင် တို့ ပေး ပါ...ပြီးရင်တော့ မျပ်ခုံးမွေး ပေါက်တဲ့ direction အတိုင်းတည့်တည့် tweezer နဲ့နုတ်ပေးပါ...ပိုလှနိုင်ကြပါစေနော် 😘
27/11/2022
Smile Lots
ပြုံးပါနော် 😂
Our best beauty tip? Smile! It's the most beautiful asset you have.Wear it every day.
အကောင်းဆုံး အလှဟာ ဘာလဲ? ပြုံးခြင်း.ရယ်ခြင်းပါပဲ.
ကျွန်မတို့ပိုင်ဆိုင်တဲ့ တန်ဖိုး ဖြက်မရ တဲ့ ပိုက်ဆံပေး
ဝယ်စရာမလိုတဲ့ အပြုံးကို နေ့စဥ်ဆင်မြန်းပြီး ဘဝတ
နေ့တာကို ပျော်ရွှင် စွာ ဖြက်သန်းကြပါနော်..
26/11/2022
Foundation Color မှန် အောင် ဘယ်လို ရွေးမလဲ
ကျွန်မတို့တွေ ပုံမှန်ဆိုရင် make-up foundation
ဝယ်ရင် အလွယ်ပဲ လက်ကောက်ဝတ် တို့ လက်ဖမိုး တို့
အပေါ်မှာ မိတ်ကပ် ကို တင်ပြီးတော့ color match ဖြစ်
မဖြစ်ကြည့်မိ ကြတယ်ဟုတ်...⛔အဲ့တာ မှားပါတယ်
နော်...
မျက်နှာ မှာပဲလိမ်းမှာ ဖြစ်တဲ့အတွက်😁 မျက်နှာ
အသားအရေ ပေါ်မှာ(သို့မဟုတ်) လည်ပင်း အပေါ်မှာ
ပဲ လိမ်းကြည့် ပြီး မိမိအသားအရေနဲ့ match ဖြစ်မယ့်
foundation color အမှန်ကို
ရွေး ကြ မယ်နော်...😉
26/11/2022
Highlighter ကို ဘယ်လိုနေရာ တွေမှာ လိမ်းမလဲ
(1)နှဖူးရဲ့အလယ်မှာ
(2)မျက်ခုံး နှစ်ခုရဲ့ အောက်ဘက်မှာ
(3)မျက်လုံး နှစ်ခုရဲ့ အတွင်းဘက် တောင့်စွန်း နှစ်ခု
(4)နှာတံ အပေါ် မှာ
(5)ပါးရိုး နှစ်ဖက်ပေါ် မှာ
(6)အပေါ် နှုတ်ခမ်း ထိပ်မှာ
(7)မေးစေ့ ပေါ်မှာ
OK နော် 😘
26/11/2022
24/11/2022
Make Your Manicure Last and Last
လက်သည်း ဆိုးဆေး ခဏလေးနဲ့မပျက်အောင် ဘယ်လို ဆိုးရမလဲ?
လက်သည်းဆိုးဆေး မဆိုးခင်မှာ လက်သည်းကို
acetone-based လက်သည်းဖျက်ဆေးနဲ့ အရင်ဖျက်ပါ....
လည်းသည်း ပေါ်မှာရှိတဲ့ ဖုန်မှုန့် အညစ်အကြေး......
အဆီ နဲ့ အစိုဓာတ် တွေမရှိတော့မှ လက်သည်း ဆိုးခြင်း
အားဖြင့် လက်သည်းဆိုးဆေး ပိုမြဲပြီး ပိုလှနေမှာနော်...
23/11/2022
Coconut Oil Benefits for Hair
အုန်းဆီကို ဆံပင်ပေါင်းတင်(hair mask) အနေနဲ့
သုံးသုံး ခေါင်းလိမ်းဆီအနေနဲ့ပဲသုံးသုံး အုန်းဆီဟာ
ဆံသားအတွက်အင်မတန် အကျိုးများလှပါတယ်..
ဆံပင် အစိုဓာတ်ကို ဖြည်းတင်းပေးပြီး ဦးရေပြား
ခြောက်သွေ့မှု ဖြစ်ခြင်း နှင့် ဘောက် ရောဂါ ကို လည်း
သက်သာလျော့နည်းစေပါတယ်...
အုန်းဆီမှာပါတဲ့ vitamins ဓာတ်များနှင့်
essential fatty acids များက ဦးရေပြားနှင့် ဆံသားကို
အင်အားဖြည့်တင်းလို့ ဆံပင်သန်စွမ်းစေပြီး ဆံပင်ရှည်
မြန်စေပါတယ်...
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Ka/68, Dawna Street
Mae Tao Tak
13051
