CommuCracy
BUT WITHOUT THE DARK
WE'D NEVER SEE THE STARS
01/15/2024
Great Britainနဲ့
Soviet Union လို အစိတ်စိတ်ကွဲပြီး
Syria
Libyaလို စစ်မီးတောက်တော့လေမလား...
#နွားကွဲရင်_ကျားဆွဲမယ်
*******************************************
(ဇန်နဝါရီ-၁၅၊ ၂၀၂၄) ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်လာဖွယ် အနာဂတ်
===
ကျွန်တော်တို့နိုင်ငံဟာ မူရော လူပါ မပြောင်းပဲ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် မကြာမီ ပထမဆုံး လစ်ဗျားလို ဖြစ်သွားနိုင်တယ်။.
နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး အစိုးရအဖွဲ့အမျိုးမျိုးနဲ့စစ်ဘုရင်ငယ်များ၊ ဒေသန္တရ လက်နက်ကိုင်ဖွဲ့များ၊ ပြည်ပနိုင်ငံ ခြေရှုတ်မှုများနဲ့ ကြေးစားစစ်သားများ၊ လူမှောင်ခိုကုန်ကူးခြင်းအပါအ၀င် ဒုစရိုက်မှုခင်းပေါင်းစုံ မင်းမူရာ ကျဆုံးတိုင်းပြည် Failed State ဖြစ်သွားနိုင်ပါတယ်။ .
ကျွန်တော်တို့ဆီက EAOs များဟာ လာရာနဲ့ လားရာ မတူညီကြပါ။ ယခင်ကတည်းက သူတို့အဖွဲ့အစည်းအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှု ရှိနေပါတယ်။.
သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း စုပေါင်းပြီး ဖက်ဒရယ်တပ်မတော်ဖွဲ့ဖို့ဆိုတာ ဘယ်သူက ဘယ်နေရာ တာ၀န်ယူမယ်၊ အကျိုးရလဒ်ကို ဘယ်လို ခွဲဝေယူကြမယ်ဆိုတာ အဝေမတည့်ဖြစ်ပြီး လက်ရှိ ဆူဒန်မှာလို လက်နက်ကိုင်အဖွဲ့အချင်းချင်း ပြဿနာဖြစ်နိုင်ပါတယ်။.
တကယ်တော့ သူတို့ ခုလို တိုက်ပွဲဖော်ဆောင်နိုင်တာ PDFs များ လူအင်အားကြောင့် အဓိက ဖြစ်ပါတယ်။ PDFs အားလုံးနီးပါးဟာ နီးစပ်ရာ EAOs များထံမှာ စစ်ရေးလေ့ကျင့်ခဲ့ဖူးသူများ ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံး EAOs အဖွဲ့ပေါင်း ၂၀၀ ကျော် ရှိပေမယ့် ၉၀% လောက်ဟာ NUG လက်အောက်ခံ မဟုတ်ပါ။ ယခု တိုက်ပွဲအောင် မြင်မှုဟာလည်း NUG ရဲ့ အားထုတ်မှုကြောင့်လို့ မဆိုနိုင်ပါ။
EAOs တွေရော PDFs တွေဟာ အချိန်တန် ပြည်ပက ကြော့ကြော့လေးပြန်လာသူ NUG တွေကို အစိုးရနေရာ တင်မြှောက်ပြီး သူ့လက်အောက်မှာ နေလိမ့်မယ်လို့ မှတ်ယူခြင်းဟာ ရယ်စရာ ကောင်းလှပါတယ်။ အဲ့ဒီအခါ EAOs တွေလက်အောက် ရောက်ရှိသွားသူ PDFs များနဲ့ မူလနေမြဲ PDFs များအကြား ပွတ်တိုက်မှု ဖြစ်ပေါ်လာပါလိမ့်မယ်။.
လူမျိုးစုလက်နက်ကိုင်တစ်ချို့ဟာ ကိုယ့်ပြည်နယ်အတွင်း အနိုင်စစ်တိုက်ယူပြီး လွတ်လပ်တဲ့ သီးခြားနိုင်ငံငယ် ထူထောင်နိုင်မယ်လို့ စိတ်ကူးကလည်း ဖြစ်လာနိုင်ဖို့ အလှမ်းဝေးပါတယ်။ တိုင်းရင်းသားလူမျိုးများအသီးသီးဟာ မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ပျံ့နှံ့နေထိုင်ကြပါတယ်။ တစ်နေရာရာ အဲ့ဒီလို လူမျိုးအခြေခံ နိုင်ငံထူထောင် ခြင်းဟာ အားလုံးအတွက် အလွန်အန္တရာယ်များပါတယ်။.
၂၀၁၁-ခုနှစ် စတင်တဲ့ ဆီးရီးယားနိုင်ငံပြည်တွင်းစစ်မှာ ၅-နှစ်အကြာ အနောက်မြောက်ပိုင်း ကာ့ဒ်လူမျိုးတို့က အမေရိကန်အကူအညီနဲ့ အဲ့ဒီလို သီးခြားနိုင်ငံဖြစ်ကြောင်း ကြေညာပြီး လက်နက်ကိုင် ရပ်တည်နေကြပါတယ်။ ယခုဆို ၇-နှစ်ကျော်လာပါပြီ သူတို့ ရာစုနှစ်ပေါင်းများစွာ မျှော်လင့်ထားတဲ့အတိုင်း ကာ့ဒ်ဒီစတန် နိုင်ငံဖြစ်မလာပဲ စစ်ဘေးရှောင် ဒုက္ခသည်များ စုဝေးရာ လူ့အဖွဲ့အစည်းကြီးသာ ဖြစ်လာပါတယ်။ .
ကာ့ဒ်တို့ရဲ့ အမေရိကန်အကူညီနဲ့ နိုင်ငံအဖြစ် ရပ်တည်မှုဟာ အိမ်နီးချင်း စစ်အင်အားကြီး တူရကီအတွက် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်နေတယ်.
ကျွန်တော်တို့ဆီမှာ ကာ့ဒ်ထက်ဆိုးတာ ဘိန်းနဲ့ စိတ်ကြွဆေး ကမ္ဘာ့အများဆုံးထွက်ရှိရာ တိုင်းပြည်ဖြစ်နေခြင်းပါ။ စစ်ဆိုတာ တစ်နေရာတည်း ကွက်ကွက်လေး ဖြစ်ချင်လို့ ဘယ်လိုမှ မရတတ်ပါ။ အနည်းဆုံး အရှိန်ဂယက် ပြင်းပြင်းနဲ့ ရိုက်ခတ်ခံရပါတယ်။.
လက်ရှိ ကျွန်တော်တို့နိုင်ငံ စစ်ပွဲတွေနောက်ကွယ်လက်မည်းကြီးဟာ ထောင်ကဲကြီး ဟုတ်-မဟုတ် အပူတပြင်း သိလိုကြသူများနဲ့ မျက်စိဒေါက်ထောက်ကြည့်နေသူဟာအိမ်နီးချင်း နျူလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိံယဖြစ်ပြီး သူ့နောက်မှာ ဘငျ်ဂလားဒေ့ရျှဖွဈပါတယျ။ သူတို့ဘက်ကို တဖြည်းဖြည်း ချဉ်းကပ်လာလို့ ဖြစ်ပါတယ်။
သံလွင်မြစ် အရှေ့ခြမ်း မြန်မာနယ်မြေများ ကျဆုံးပြီးနောက် အလားတူ မျက်ခုံးလှုပ်နေသူက အမေရိကန် မဟာမိတ် ထိုင်းနိုင်ငံပဲ ဖြစ်လိမ့်မယ်။.
ဒီအတွက် ကျွန်တော့်တို့ဆီက တစ်နေ့တစ်ခြား ပြင်းထန် ဆိုးရွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ဒေသတွင်း နိုင်ငံများရဲ့ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်သလို ဖြစ်လာနေတာ အမှန်ပါပဲ .
၁၉၄၅-ခုနှစ်မှာ စတင်ပြီး ၁၉၉၂-ခုနှစ်ရောက်မှ တစ်ခန်းရပ်သွားတဲ့ အင်ဒိုချိုင်းနားစစ်ပွဲဟာ ပုံစံပြောင်းပြီး တစ်ကျော့ပြန် အသက်၀င်လာဖွယ် ရှိပါတယ်။ အလွန် ရှုတ်ထွေးကျယ်ပြန့်တဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပါလိမ့်မယ်..
အစဉ်လေးစားစွာဖြင့်.
,
===
01/12/2024
( ဇန်နဝါရီ-၁၁၊ ၂၀၂၄) မြန်မာသည် နဂါးကြီး၏ ခရိုင်မီးယား ဖြစ်ခဲ့ဖူးသလား ၂၁-ရာစု မြန်မာဘိန်းစစ်ပွဲနှင့် ငွေကျည်ဆံ
===
ဘိန်းစစ်ပွဲ O***m Wars ဆိုရာမှာ တရုတ်တို့နဲ့ ဂရိတ်ဗြိတိန်တို့အကြား ၁၈၃၉-၁၈၄၂ ခုနှစ် ပထမ အကြိမ်နဲ့၊ ၁၈၅၆-၁၈၆၀ ခုနှစ် ဒုတိအကြိမ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။.
ခေတ်နောက်ကျ အသိပညာနည်းပါး ခေါင်းမာလွန်းလှတဲ့ တရုတ်ဧကရာဇ်လက်ထက် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ လွတ်လပ်စွာကုန်စည်ကူးသန်းခွင့်အတွက် ဗြိတိသျှတို့က စစ်တိုက်ရခြင်းဖြစ်တယ်လို့ အဲ့ဒီအချိန် အနောက်မီဒီယာမျာ ရေးသားခဲ့ကြတဲ့ စစ်ပွဲရဲ့ ဒုတိယအကြိမ်မှာ ပြင်သစ်ကလည်း အင်္ဂလိပ်တို့နဲ့အတူ ပါ၀င်လာခဲ့ပါတယ်။ အဲ့ဒီအချိန် အင်အားချိနဲ့ ဆင်းရဲမွဲတေနေတဲ့ တရုတ်ဟာ နှစ်ကြိမ်စလုံးမှာ စစ်ရှုံးပါတယ်။.
မျက်မှောက် ခတျေသဈတရုတျနိုငျငံသမိုငျဲး့ တစ်စိတ်တစ်ပိုင်းလို့ ဆိုကြတဲ့ အဲ့ဒီစစ်ပွဲကာလ တရုတ်ပြည်ဟာ ချင်မင်းဆက်လက်ထက်ဖြစ်တယ်ဆိုပေမယ့် ဟန်မျိုးနွယ်အများစု အာရှနိုင်ငံကြီးရဲ့ ဧကရာဇ်ဟာ မန်ချူးလူမျိုးသာဖြစ်ပါတယ်။ နယ်ချဲ့လာတဲ့ မန်ချူး (မွန်ဂို) တို့ကို စစ်ရှုံးခဲ့ရတဲ့ တရုတ်ပြည်မှာ ၁၆၃၆-ခုနှစ်မှ စတင်ပြီး မန်ချူးဘုရင်များသာ စိုးစံလာခဲ့ကြပါတယ်။.
တရုတ်ပြည်မှ ပိုးထည်၊ ကြွေထည်၊ လဖက်ခြောက်နဲ့ ငွေသတ္တုတို့ကို ကူးသန်းရောင်း၀ယ်နေတဲ့ အင်္ဂလိပ်တို့အတွက် ဘိန်းအရောင်းအ၀ယ်ပြုလုပ်ခြင်းဟာ အမြတ်အစွန်း အများဆုံးဖြစ်နေပါတယ်။ တရုတ်လူ့အဖွဲ့အစည်းကြီးအတွင်း လူညွန့်တုံးစေတဲ့ ဘိန်းရောင်း၀ယ်ခြင်းကို တားမြစ်လိုက်ပြီး ကျူးလွန်သူများကို သေဒဏ်ပေးရန် အမိန့်ထုတ်လိုက်ခြင်းကြောင့် သိမ်းဆည်းခံ သူတို့ဘိန်းများကို ပြန်ရဖို့ တောင်းဆိုရာမှ စစ်ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။.
အဲ့ဒီအချိန် တရုတ်ပြည်ဟာ နယျမွကေယြျပွနျု့ပွီး လူဦးရေအလွန်များပြားသလောက် လယ်ယာမြေပိုင်ဆိုင်မှု အချိုးမညီခြင်း၊ စီးပွားရေးပုံသဏ္ဍာန် မမှန်ကန်ခြင်း လာဘ်စားလွန်းတဲ့ အစိုးရ၀န်ထမ်းများကြောင့် ဆင်းရဲ မွဲတေနေပါတယ်။ စစ်လျော်ကြေး မတန်တဆနဲ့အတူ တောင်ပိုင်းအချုပ်အခြာအာဏာပိုင်နယ်မြေများ ဆုံးရှုံးရခြင်းဟာ ဟန်တရုတ်တို့ ၏အကြား အမျိုးသားရေးဝါဒ အရှိန်မြင့်တက်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ .
တရုတ်အမျိုးသားရေးဝါဒီတို့ဟာ စစ်အင်အားချိနဲ့ ခေတ်နောက်ကျနေတဲ့ တရုတ်ပြည်မှာ သူ့ကိုယ်သူ ဧကရာဇ် ထင်မှတ်နေတဲ့ မန်ချူးဘုရင်ကို နန်းတွင်းတော်အတွင်း တဝှိုက်မှာသာ သာယာစေပြီး လူထုနဲ့ကင်းကွာအောင် ဈိတျရှညျရှညျနဲ့ အချိန်ယူပြီး အဆက်ဖြတ်ခဲ့ပါတယ်။ လွတ်လပ်စွာ သွားလာခွင့် မရှိပဲ ပြင်ပထွက်တိုင်း လုံခြုံ ရေးကို အကြောင်းပြပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန်စစ်သားတွေက တန်းလန်း တန်းလန်းနဲ့ လိုက်ပါနေ ပါတယ်။ ၁၈၉၄-ခုနှစ်မှာ အတိအလင်း စတင်တော်လှန်ကြပြီး ၁၉၁၁-ခုနှစ်မှာ နောက်ဆုံး မန်ချူးမင်းဆက် နိဂုံးချုပ်သွား ခဲ့ပါတယ်။ .
ချင်မင်းဆက် ၁၁-ဆက်မြောက် နောက်ဆုံးဘုရင်ဖြစ်တဲ့ ပုယီ ဟာ အသက် ၂-နှစ်အရွယ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး အဲ့ဒီအချိန် ဂျပန်အင်ပါယာ မန်ချုးကိုး ရုပ်သေးပြည်နယ်ကို အုပ်ချုပ်ရပါတယ်။ ၆-နှစ်အရွယ်မှာ ထီးနန်းစွန့်ခဲ့ရပေမယ့် ဗိုလ်ချုပ်အချို့ ဧကရာဇ်အဖြစ် ပြန်လည်တင်မြှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် တားမြစ်ထားတဲ့ မြို့တော်အတွင်းမှာသာ ဘုရင်ဖြစ်နေပြီး ၁၉၂၄-ခုနှစ် မြို့တော်မှ နှင်ထုတ်ခံရချိန်ရောက်မှ သူ့ကိုယ်သူ တကယ့်ဘုရင် မဟုတ်မှန်း အသေအချာ သိရှိသွားရပါတယ်။.
၁၇-ရာစုအလယ်ပိုင်း နန်ကင်းမှ ယန်_စစ်မျိုးနွယ်စု မင်ဒရင်းဘာသာစကားပြော ဟန်တရုတ်တို့ဟာ ယူနန်နယ်အ တွင်း ပြောင်းရွှေ့လာကြပါတယ်။ ၁၈-ရာစုနှစ်မှာ အဲ့ဒီအထဲကအချို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ၀ငျရောကျ လာကြပြီး သီပေါစော်ဘွားနဲ့ ကျိုင်းတုံစော်ဘွားများလက်အောက်မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ကို ကိုးကန့်လို့ ခေါ် ဝေါ်ကြပြီး မြန်မာတိုင်းရင်းသား ၁၃၀ ကျော်အနက် လူမျိုးစုတစ်စုဖြစ်ပါတယ်။ ပဒေသရာဇ်လက်ထက် နယ်စပ်နယ်နိ မိတ်အပြောင်းအလဲများ ဖြစ်ခဲ့ဖူးပေမယ့် သံလွင်အရှေ့ခြမ်း ကိုးကန့်နယ်မြေဟာ မြန်မာ့အချုပ်အချာ နယ်မြေအတွင်း မှာသာ အစဉ်တစိုက် တည်ရှိခဲ့ပါတယ်။.
ရှမ်းမြောက်ဒေသမှာ ပထမဆုံး ဘိန်းစိုက်ပျိုးခြင်း ကူးသန်းရောင်း၀ယ်ခြင်းကို စတင်သူဟာ ကိုးကန့်စစ်မင်းသမီး ဘိန်းဘုရင်မ_အောလစ်_ယန်း ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားပြီး လားရှိုးကွန်ဗင့်ကျောင်းထွက် ယောက်ျားလျာ တစ်ဦးအဖြစ် လူသိများပါတယ်။ .
၁၉၄၅-ခုနှစ် စက်တင်ဘာလ အာရှတိုက်မှာ ဂျပန်လက်နက်ချခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပါတယ်။ အဲ့ဒီအချိန် အသက် ၁၉-နှစ်အရွယ် ကိုးကန့်မင်းသမီးဟာ အောလစ်ရဲ့ကောင်လေးတွေ လို့ အမည်ရှိတဲ့ လက်နက်ကိုင် တစ်ထောင်ကျော်နဲ့ နယ်စပ်ဘိန်းကုန်သွယ်ရေးကို ထိန်းချုပ်နေပါပြီ။ ကွန်မြူနစ် မော်စီတုံးကို အရေးနိမ့်သွားတဲ့ ချန်ကေရှိတ် ကူမင်တန်စစ်တပ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်များမှာ ရှမ်းမြောက်ဒေသအတွင်း ၀ငျရောကျလာပွီး ရွှေတြိဂံဒေသ အမေရိကန် စီအိုင်အေ အကူအညီနဲ့ ဘိန်းကုန်သွယ်ရာမှာ ပူးပေါင်းမိသွားပါတယ်။ .
မြန်မာ ဖဆပလအစိုးရဟာ ရှမ်းမြောက်ဒေသမှ ကူမင်တန်တရုတ်တို့ကို မောင်းထုတ်ရာမှာ အော်လစ်ယန်းအပြင် ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် လောစစ်ဟန်ရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ ၁၉၆၂-ခုနှစ် အာဏာသိမ်းချိန်မှာ အောလစ်ယန်း ဖမ်းဆီးခံရပြီး ၁၉၆၈-ခုနှစ်မှာ လွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့စစ် ခေါင်းဆောင် လောစစ်ဟန် ခေါ် လိုရှုင်းဟန်ကတော့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ရှမ်းမြောက် ဗကပများကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာပြီး တစ်ဖက်မှာလည်း ဘိန်းစိုက်ပျိုး ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၇၀-ခုနှစ် အာရှမူးယစ်ဆေးကမ္ဘာရဲ့ ဘုရင်တစ်ဆူဖြစ်လာတဲ့အတွက် ၁၉၇၃-နှစ် ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို လွှဲ ပြောင်း ပေးခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် ၁၉၈၀-ပြည့်နှစ်မှာ လွတ်မြောက်လာပြီး စီးပွားရေး ခရိုနီတစ်ဦးဖြစ်လာပါတယ်။.
၁၉၈၈-ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် အရှေ့တောင်နယ်စပ်တလျောက် လက်နက်လူသူ စုရုံးနေတဲ့ ဆန့်ကျင်ရေးအုပ်စုတို့ကို ဗိုလ်ချုပ်မှူးကြီး စောမောင်က လက်ဦးမှု ရယူဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၉-ခုနှစ် ရှမ်းမြောက်ဒေသ ဗကပတို့မှ ခွဲထွက်လာတဲ့ ဖုန်ကြားရှင်ရဲ့ MNDAA ဟာ ကိုးကန့်ဒေသတစ်ဖြစ်လဲ ရှမ်းပြည်နယ် အမှတ်-၁ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို တရုတ်-မြန်မာနယ်ခြားဒေသ အေးချမ်းသာယာရေးနဲ့ လုံခြုံရေးကို တာ၀န်ယူခဲ့ပါတယ်။ ကွမ်း လုံအခြေစိုက် စစ်ဗျူဟာအနေနဲ့ အထူးဒေသနဲ့ ရှမ်းပြည်နယ်အခြားအင်အားစုများရဲ့ စစ်ရေးစစ်ရာများကို တာ၀န်ယူရပြီး အတွင်းရေးကိစ္စများမှာ ၀ငျရောကျစှကျဖကျပိုငျခှငျ့ မရှိပါဘူး.
၁၉၉၂-ခုနှစ် ဧပြီလ ဗိုလ်ချုပ်မှူးကြီး စောမောင် တာ၀န်မှ ရုတ်တရက် အနားယူခြင်းနဲ့အတူ အရှေ့တောင် ထိုင်းနယ်စပ် ရန်သူ့စစ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူနေတဲ့ တပ်မတော်ကို နောက်တန်းသို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ The Nationwide Ceasefire Agreement (NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် ချုပ်ဆိုရန် အားထုတ်ခြင်းနဲ့အတူ ဝြပည် သွေးစည်းညီညွတ်ရေးတပ် UWSA၊ ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA တို့လို ကမ္ဘာသိ လက်နက်ကိုင် မူးယစ်ဆေးကုန်ကူးသူများအပြင် လက်နက်ကိုင် အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာပါတယ်။ ၂၀၀၄-ခုနှစ် အမျိုးသားထောက်လှမ်းရေး ပျက်ပြားပြီး နောက်ပိုင်း ယခင်နယ်စပ်ဒေသများမှာသာ အဖြစ်များတဲ့ ဆန့်ကျင်ရေး အဖျက်အမှောက်တို့ဟာ ပြည်တွင်း မြို့ရွာများအနီး ရောက်ရှိလာပါတယ်။.
အဲ့ဒီနောက်ပိုင်း ၂၁-ရာစု ဖြစ်စဉ်များကို အောင်နိုင်သူ အမည်ရှိ အကောင့်က Facebook စာမျက်နှာမှာ အောက်ပါအတိုင်း ရေးသားပါတယ်။.
#ဘယ်လိုကျည်ဆံတွေနဲ့အပစ်ခံခဲ့ရသလဲ.
နည်းနည်းတော့ရင်ဖွင့်ပြီးရေးပါရစေ။ ဒီလိုရေးရတာဟာလည်းဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်သလို တိုင်း ပြည်ကောင်းဖို့နဲ့ တပ်မတော် ကောင်းဖို့အတွက် ရေးရခြင်း ဖြစ်ကြောင်း ကြိုတင်မေတ္တာရပ်ခံထားပါရစေ။
လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှမ်းမြောက်မှာ တာဝန်ထမ်းဆောင်တော့ ကြားဖူးနေကြ စကားတစ်ခု ရှိတယ်။ တိုင်းမှူး လုပ်မလား။ လောက်ကိုင် ဒကစမှူး လုပ်မလားဆိုရင် လောက်ကိုင် ဒကစမှူး ပဲ လုပ်မယ် ဆိုတဲ့ စကား ဖြစ်ပါတယ်။.
ရမခ ဟာ စစ်ဆင်ရေးကြမ်းသလို ငွေဝင် လည်းကြမ်းပါတယ်။ နယ်မြေ အနေအထားအရ ကုန်သွယ်မှု စီးဆင်းရာလမ်းကြောင်းမှာ တည်ရှိနေမှုနဲ့ တရုတ်ပြည်ရဲ့ တင်းကျပ်တဲ့ ဥပဒေအောက်မှာ တရုတ်နိုင်ငံသားတွေ ရဲ့ စိတ်ထွက်ပေါက် ဖျော်ဖြေရာနေရာတစ်ခု ဖြစ်ခဲ့တယ်။ အထူးသဖြင့် မူဆယ်၊ လောက်ကိုင်၊ မုံးကိုး ကြူကုတ်စတဲ့ မြို့တွေဟာ တကယ့်ကို လာ့ဗီးဂတ်စ်၊ ဟောင်ကောင် မကာအိုတို့လို ငွေရှိရင် လိုချင်တာ အကုန်ရတဲ့ နေရာ ဖြစ်လာခဲ့တယ်။
ဒုဗိုလ် သင်တန်းဆင်းစပဲရှိသေးတယ်။ ဘယ်စခန်းထိုင်ရင် ဘယ်လောက်ရတယ်။ ဘယ်တံတားဆိုရင် ဘယ်လို အဆင်ပြေတာမျိုး ကျွန်တော့်ရှေ့မှာ ပြောနေလို့ ဆူဆဲခဲ့ရသေးတယ်။ မင်းတို့တွေ စစ်သား ၊ စစ်တိုက်ဖို့ အရင် စဉ်းစားဆိုပြီး ပြောခဲ့ ဆုံးမခဲ့ရဖူးတဲ့ ဒုဗိုလ်တွေ တောင် အခု ကပ္ပတိန်ဖြစ်နေကြပါပြီ။
ဒါကြောင့် ပြောချင်တာ အခုမှ စပါမယ်။ ရန်သူ ဟာ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ့်တပ်တွေရဲ့ တိုက်လို ခိုက်လိုစိတ်တွေကို မဟာဗျူဟာကျကျ ဖျက်ဆီးခဲ့တာတွေ့ရတယ်။ တစ်ချိန်က ရမခ ဂွင်ထဲ ဝင်တဲ့ တပ်မတော်တော်များဟာ ဘီးလူး သဘက်စီးသလားအောက်မေ့ရလောက်အောင် စစ်ဦးဘီးလူးနဲ့ ချကြလို့ ရန်သူ က တုန်နေအောင်ကြောက်ကြရတယ်။.
ဒါပေမဲ့ သိပ်မကြာပါဘူး။ အဲဒီတပ်တွေပျော့ လာတတ်ပါတယ်။ ဘာလို့ ပျော့သွားလဲ လေ့လာကြည့်တဲ့အခါ ရန်သူဟာ မဟာဗျူဟာကျကျနဲ့ကို ကုန်သည်တွေ ပြည်သူ့စစ်တွေ လုပ်ငန်းရှင်တွေကတဆင့် ချဉ်းပီး ငွေနဲ့ စည်းရုံးပါတော့တယ်။ ဒါကြောင့် တက္တသိုလ်မောင်သန့်ဇင်ရဲ့ စာအုပ်ထဲက စကားငှားသုံးပြီး ပြောရရင်တော့ ရန်သူဟာ နှစ်ပေါင်းများစွာတိုင်အောင် ရွှေကျည်ဆံ ငွေကျည်ဆံတွေနဲ့ မိမိတပ်တွေကို ပစ်ခတ်ခဲ့တယ်။ အဲဒီခေတ် ကတော့ ရွှေကျည်ဆံ ငွေကျည်ဆံပဲ ရှိသေးတာ။ အခုခေတ်မှာ တော့ ရွှေကျည်ဆံ ငွေကျည်ဆံ တွေအပြင် ကျောက်စိမ်းကျည်ဆံ၊ စမူကျည်ဆံ ၊ KTV ကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုလို ဖြစ်လာရတာ တစ်ပိုင်းပါသလို တရုတ်ရဲ့ မောင်းသူမဲ့ဒရုန်းစမ်းသပ်မှုကို ကိုယ်က တန်ပြန်ဒရုန်းစစ်ဆင်ရေး မလုပ်နိုင်တာလည်း ပါတာပေါ့။.
ရန်သူဟာ သိပ်ဥာဏ်များတာနော်။ ကိုယ့်ကို တိုက်ဖို့ နှစ်ပေါင်းများစွာ တိုင်အောင် စိတ်ဓာတ်ရေးအရ စစ်တိုက်လိုစိတ်ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့တယ်။ သိပ်တော် ၊ သိပ်မာတဲ့ ခေါင်းဆောင်တွေ ဆိုရင်လည်း မျိုးစုံသောကျည်ဆံတွေနဲ့ အပစ်ခံရပြီး အရေးယူခံရအောင် ထောင်ချောက်ဆင်တာမျိုးလည်း လုပ်ပါတယ်။
မပခ မှာဆိုရင်လည်း သိပ်ပြီး စစ်တိုက်တော်တဲ့ တိုင်းမှူးတွေ တပ်မမှူးတွေ ဗျူဟာမှူးတွေကို လည်း ရွှေကျည်ဆံ ငွေကျည်ဆံ ကျောက်စိမ်း၊ ကျည်ဆံတွေနဲ့ ပစ်ပြီး မှတ်တမ်းထားရှိကာ တိုင်ပစ်လိုက်လို့ အရေးယူခံသွားရတဲ့ ဖြစ်စဉ် သာဓကတွေ အများကြီး ရှိပါတယ် လို့ ရေးပါတယ်။.
အစဉ်လေးစားစွာဖြင့် .
HtayOung, OungMarine.
https://www.quora.com/How-come-only-Mongols-and-Manchus-were-successful-in-creating-conquest-dynasties-in-China-What-did-they-have-that-other-non-Han-groups-didnt
https://www.washingtonpost.com/local/obituaries/olive-yang-cross-dressing-warlord-and-burmese-opium-trafficker-dies-at-90/2017/07/24/97a829c6-6fc7-11e7-8839-ec48ec4cae25_story.html
https://www.nytimes.com/subscription/onboarding-offer?campaignId=7JFJX&redirect_uri=https%3A%2F%2Fwww.nytimes.com%2F2017%2F07%2F21%2Fworld%2Fasia%2Fburmese-warlord-olive-yang.html&EXIT_URI=https%3A%2F%2Fwww.nytimes.com%2F2017%2F07%2F21%2Fworld%2Fasia%2Fburmese-warlord-olive-yang.html
===
How come only Mongols and Manchus were successful in creating conquest dynasties in China? What did they have that other non-Han groups d... Answer: > How come only Mongols and Manchus were successful in creating conquest dynasties in China? Mongols and Manchus were not the only successful people in creating conquest dynasties in China. Northern Wei, Eastern Wei, Western Wei, Yan, Liang, Jin and Liao Empire are some of Chinese empire...
မိမိတို့ ခန့်မှန်းထားသည့်အတိုင်းပင် လောက်ကိုင်အရှုတ်တော်ပုံမှာ ခြေလွန်လက်လွန်ပါဝင်ပက်သက်မိခဲ့တဲ့ တပ်မတော်ဗိုလ်ချုပ်တွေနှင့် ၎င်းတို့ကြံ့ဖွတ်ပါတနာအုပ်စုလုပ်ရပ်ကို
တရုတ်ထောက်လှမ်းရေးတွေမှ သိရှိသွားပြီး "မင်းတို့လည်းပါတယ်"ဖွင့်မချရုံတမယ် ဖြစ်ခဲ့တဲ့အတွက် အလျော်အစားအနေဖြင့် စစ်ကိုဟန်ပြတိုက်ကာ နယ်မြေတွေကို ပေးနေခြင်းသာ ဖြစ်နိုင်ချေများပါတယ်...
(ယခု ဒုတိယအဆင့် တရားဝင်ပေးဖို့ ခြေလှမ်းပါ)...
ငြိမ်းချမ်းရေး နယ်စပ်တည်ငြိမ်ရေး NCA အကြောင်းပြပြီး ပေးမည်သာ...
MNDAA,TNLA,USWA တို့နယ်မြေေတွကို ပေးပြီး
မဆီမဆိုင်သယောင်ရှိတဲ့ AA(ရခိုင်) နယ်မြေကိုပါ မပေးလိုက်ရင် ကံကောင်းလို့...
(ပေးဖို့များပါတယ်)...
ဘာကြောင့် စစ်ဌာနချုပ်တွေကို မတိုက်ခိုက်လဲ...
ဘာကြောင့် ဟန့်တားနိုင်တဲ့ ထုစစ်ကို မပြင်ပေးလဲ...
ဒါဟာ စစ်ပွဲတစ်ခု မဟုတ်ပါဘူး ရာထူးရာခံတွေအသုံးချ ကိုယ်ကျိုးစီးပွားရှာတာများပြီး တရုတ်တွေကိုသတ်မိ တရုတ်ကသိတော့
တရုတ်အလိုကျ တပ်မတော်ကိုပါခုတုံးလုပ်ပြီး
တိုင်းပြည်နယ်နမိတ်ကိုပါဖဲ့ပေး အပေးအယူလုပ်သွားခြင်းသာ...
ရှင်းရှင်းလေးပါ...
01/12/2024
"တရုတ်တို့အပိုင်လိုချင်သောဝနယ်ရှိရွှေသိုက်ကြီး"
=================================
အပိုင်း(၁)
၁။ တရုတ်တို့သည်ခေတ်အဆက်ဆက်ဝနယ်ကို
အပိုင်လိုချင်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါ
သည်။အဘယ်ကြောင့် လိုချင်ရသနည်းဆိုသော်
ထိုဝနယ်ရှိမန်ခါဝူးတိန့်ခယ်၊လူဖန်နှင့်ဟိုစွမ်ဒေသ
တွင် ဧရာမရွှေသတ္တုသိုက်ကြီးရှိနေသောကြောင့်
ဖြစ်ပါသည်။
၂။ အဆိုပါရွှေသတ္တုတိုက်ကြီးသည်မည်မျှကြီးမား
ရသနည်းဆိုသော်အင်္ဂလိပ်တို့ကပင်ရွှေအင်ပါယာ
ကြီး(Gold Empire)ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြရ
လေသည်။တရုတ်တို့သည်ရှေးကတည်းကပင်(ဝ)
လူမျိုးတို့ကိုကျွန်ပြု၍ နည်းအမျိုးမျိုးဖြင့်ခိုင်းစေတူး
ယူခဲ့ကြသည်။ မြန်မာနှင့်ရှမ်းတို့က (ဝ)လူမျိုး ဟူ၍
ယဉ်ယဉ်ကျေးကျေးခေါ်ဆိုသော်လည်းတရုတ်တို့
က(လဝ)(ခေါင်းဖြတ်သောလူရိုင်း)ဟု ရိုင်းရိုင်းစိုင်း
စိုင်းခေါ်ဆိုကြသည်။တရုတ်တို့ကဝတိုင်းရင်းသား
တို့ကို သူတို့၏ကျွန်လောက်သာ သဘောထားကြ
ပါသည်။
၃။ တစ်ချိန်က (ဝ)ဗကပခေါင်းဆောင် ကျောက်ညီ
လှိုင်သည်တရုတ်ဖြူဗိုလ်ချုပ်လီမီအားမရွံမရှာလုပ်
ပေးခဲ့ရသောကျွန်ဖြစ်ခဲ့သည်။ဝခေါင်းဆောင်ကိုယ်
တိုင်ကဤသို့ဖြစ်ခဲ့သဖြင့်တရုတ်တို့သည်(ဝ)လူမျိုး
တို့ကိုအသေနိုင်သည်မှာယနေ့ထက်တိုင်ပင်ဖြစ်ပါ
သည်။ တစ်ချိန်က နိုင်ငံတော်သည် တိုင်းရင်းသား
လူမျိုးများဖွံဖြိုးရေးသိပ္ပံကျောင်းကိုစစ်ကိုင်းရွာသစ်
ကြီးတွင်ဖွင့်လှစ်၍ဝတိုင်းရင်းသားတို့ကိုကိုယ့်သွေး
သားပမာ မျက်စိအလင်းဖွင့်ပေးခဲ့သည်။ထိုခေတ်ပ
ညာတတ်ဝလူငယ်များကိုတရုတ်၊ဝဗကပတို့ကရန်
ရှာကြသည်။
၄။ အင်္ဂလိပ်တို့သည် မြန်မာပြည် အထက်ပိုင်း ရှမ်း
ပြည်နယ်ကိုသိမ်းပြီးနောက်ဝနယ်တွင်တရုတ်တပ်
များ ကျူးကျော်မှုမရှိစေရေးနှင့်ရွှေသတ္တုသိုက်ကြီး
အား ရှေးကလိုလာရောက်တူးဖော်ခြင်း မပြုနိုင်ရန်
ဟိုစွမ်တောင်ထိပ်တွင်ခံတပ်(Fort)တစ်ခုကိုတည်
ဆောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးသောအခါ တ
ရုတ်တို့သည် ဝ တို့ကိုဗကပအဖြစ် လက်နက်တပ်
ဆင်ပေးပြီးမြှောက်ပေးခဲ့သည်မှာ ယနေ့ထက်တိုင်
ပင်ဖြစ်ပါသည်။
၅။ အဆိုပါ ဝ နယ်ရှိရွှေသတ္တသိုက်ကြီးမှာမခန့်မှန်း
နိုင်လောက်အောင်ပင် ကြီးမားပြီး နှစ်ပေါင်းများစွာ
ထုတ်ယူသုံးစွဲတောင်မှ မကုန်နိုင်ဟု ဆိုကြသည်။
တရုတ်တို့အနေနှင့်ပို၍ပိုင်ဆိုင်လိုချင်လာရခြင်းမှာ
ထိုရှှသေတ်တုသိုကျ၌ယူရနေီယံသတ်တုကိုတှေ့ရျှိလာ
သောကြောင့်ဖြစ်ပေသည်။ထို့ကြောင့်ဝနယ်ထဲသို့
မြန်မာအစိုးရ၏ ဋ္ဌာနဆိုင်ရာနှင့် လက်နက်ကိုင် အ
ဖွဲ့၊တပ်မတော်တို့ကိုဝင်ခွင့်မပြုခြင်းမှာတရုတ်အစိုး
ရကဖိအားပေးထားသောကြောင့်ဖြစ်ပါသည်။
Crd # # # Zaw Win
**********************
Dog မသား တွေ
Dog စကား ပြောလာပြီ
ဠိုးမသား ၉ ကန့် ဆယ် ကန့်တွေ
👇👇👇
ဒီပွဲက ဗမာတွေအကုန်လုံးရှုံးတဲ့ပွဲနော် စစ်ကောင်စီရှုံးတဲ့ပွဲတစ်ခုထဲမဟုတ်ဘူး ငါတို့ဗမာတစ်မျိုးသားလုံးရှုံးတဲ့ပွဲ လောက်ကိုင်ကဆင်းလာတဲ့ ဗမာတွေရော အကုန်သိကြမှာပေါ့ ဗမာမှန်ရင်ဘယ်လိုဆက်ဆံခံရလဲဆိုတာ သူပုန်က ရေတောင်တိုက် ထမင်းတောင်ကျွေးဆိုတဲ့စကားလာမပြောနဲ့ ခနလေးဟန်ပြကောင်းပြတာကို ဂုဏ်မယူနဲ့
ခု လောက်ကိုင်ကို ဗမာတွေဝင်ခွင့်မရတော့်ဘူးနော် ကျန်တိုင်းရင်းသားအကုန်ပြန်လာခွင့်ပြုထားတယ် ဗမာပေးမဝင်ဘူး လောက်ကိုင်မှမဟုတ်ဘူး ကိုးကန့်MNDAA ထိန်းချုပ်ထားရာနယ်မြေတွေမှာ အကုန်လုံးဘဲ။
အစပိုင်းမှာ KIA က ပါဝင်ပေမဲ့ MNDAA လုပ်ရပ်တွေကို လောက်ကိုင်ကပြည်သူတွေအပြန်လမ်းမှာ KIA သိခဲ့ရတယ် အဲ့ဒါကြောင့် KIA သည် MNDAA တို့ရဲ့ လုပ်ရပ်ကို သိပြီးနောက် ပြည်သူချင်းတိုင်းရင်းသားမုန်းတီးရေးတွေလာပြီးနောက်ပိုင်း KIA သည်ထိုတိုက်ပွဲထဲကနှုတ်ထွက်ခဲ့တာ ကျနော်ပြည်သူတစ်ယောက်အနေနဲ့သိခဲ့တယ်။
AA လဲ ဗမာကိုမုန်းဘူး AA လဲ သူ့ခံယူချက်နဲ့သူ ကျနော်သိရသလောက်ရှမ်း/မြောက်မှာမရှိတော့်ဘူး ရခိုင်ကိုပြန်ကုန်ကြပြီ။
UWSA လဲ နယ်မြေသာချဲ့တာ ဗမာကိုအဲ့လောက်မမုန်းတီးဘူး။ကျနော် အထူးဒေသ"၂"မှာတစ်သက်လုံးနေလာတာ
TNLA လဲ အဲ့လောက်မဆိုးဘူး သူ့ဟာသူ နယ်မြေချဲ့ပြီး စစ်တပ်ကိုတိုက်နေတာ
01/07/2024
ဗမာလူမျိုးတို့၏
အမျိုးသားအလံတော် နှင့် ရိုးရာဝတ်စုံ
ရှာဖွေတင်ပြအပ်ပါတယ်...
နောက်ထပ် အနွယ်ဝင်(၉)မျိုးတို့၏ အလံ၊ရိုးရာဝတ်စုံတို့ကို ရှာဖွေဖော်ထုတ်ပေးပါဦးမည်🙏
ဗမာအနွယ်ဝင်(၉)မျိုး
၁။ကဒူးလူမျိုး
၂။ကနန်းလူမျိုး
၃။ဆလုံလူမျိုး
၄။တောင်သားလူမျိုး(ပျူလူမျိုး)
၅။ထားဝယ်လူမျိုး
၆။ဖွန်းလူမျိုး
၇။ဗမာလူမြိုး
၈။တနင်္သာရီလူမျိုး(မြိတ်လူမျိုး)
၉။ယောလူမျိုး
crd #
#လက်ရှိအခြေအနေ သုံးသပ်ချက်...
လက်ရှိအခြေအနေကို အမှန်ကန်ဆုံး သုံးသပ်မယ်ဆိုရင် နစကနဲ့ သူ့ရဲ့အတိုက်အခံတွေရဲ့ လက်ရှိခြေလှမ်းတွေကို လေ့လာဖို့လိုပါတယ်။ဒီလိုလေ့လာရာမှာ NUG ရဲ့ ထူးခြားတဲ့ ခြေလှမ်းတစ်ခုကို သွားတွေ့ရပါတယ်။အဲ့ဒါကတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဇင်မာအောင်က တရုတ်ရဲ့ One China မူဝါဒကို NUG အနေနဲ့ ထောက်ခံကြောင်း ကမ္ဘာသိ ကြေငြာလိုက်တာပါပဲ။One China မူဝါဒဆိုတာက တိုင်ဝမ်၊ဟောင်ကောင်၊မကာအိုတို့ကို တရုတ်ပြည်မကြီးက တိုက်ရိုက် ထိန်းချုပ်အုပ်ချုပ်မယ့် မူဝါဒပါ။ဒါကို အနောက်အုပ်စုနဲ့ တိုင်ဝမ်က ခါးခါးသီးသီး လက်မခံပါဘူး။တတိယကမ္ဘာစစ် ဖြစ်နိုင်တဲ့အထိ တင်းမာနေတဲ့ အခြေအနေပါ။ဒီလိုအခြေအနေမှာ သူတို့ကို အစဥ်တစ်စိုက် အားပေးနေတဲ့ အနောက်အုပ်စုနဲ့ တိုင်ဝမ်ကို ဂရုမစိုက်ပဲ တရုတ်အားရအောင် NUG က One China မူဝါဒကို ထောက်ခံကြောင်း ကမ္ဘာသိ ကြေငြာတာသည် တရုတ်ဆီက သူတို့ ကျေနပ်ရလောက်တဲ့ အကူအညီမျိုး ရလို့လား ဆိုတာကတော့ တွေးစရာပါ။
နောက်တစ်ချက်က MNDAA က လောက်ကိုင်ကို အလုံးစုံ ထိန်းချုပ်ပြီးနောက်မှာ သူတို့သည် ဒီထိုးစစ် မစတင်ခင်ထဲက လောက်ကိုင်အထူးဒေသကို အုပ်ချုပ်ဖို့ အဖွဲ့အစည်းတွေကို စနစ်တကျ ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေငြာပါတယ်။မြန်မာ့တပ်မတော်သား စစ်သုံ့ပန်းတွေကိုလည်း နေရပ်ပြန်ပို့ဖို့ စီစဥ်ထားပြီး၊ စစ်သုံ့ပန်းအခွင့်အရေး အပြည့်အဝ ပေးထားကြောင်းဆိုတယ်။သဘောကတော့ ဒီထိုးစစ်မှာ သူတို့နိုင်မှာကို ကြိုသိနေတဲ့ သဘောဆောင်တယ်။သူတို့ကို ကြိုတင်ပြီး နိုင်ဖဲပေးနိုင်တာကတော့ ဘယ်သူလဲဆိုတာ ရှင်းပါတယ်။
ဒီအချိန်မှာပဲ တရုတ်နိုင်ငံက နိုင်ငံခြားရေးဒုဝန်ကြီးကို နစကဆီ စေလွှတ်လာတယ်။အဓိကအကြောင်းကတော့ တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးအတွက် MNDAA ကို လောက်ကိုင်မှာ အုပ်ချုပ်ခွင့်ပေးပြီး ကြားခံထားဖို့ လာညှိနှိုင်းတယ်လို့ ယူဆရပါတယ်။ပြဿနာက မြန်မာ့တပ်မတော်သား ဗိုလ်မှူးချုပ် ၆ ယောက်နဲ့အတူ အရာရှိ၂၀၀ ကျော် စစ်သည်၂၄၀၀ နီးပါးသည် လောက်ကိုင်ကို လက်လွှတ်ပေးရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တိုက်ရိုက်အမိန့်ကြောင့်လို့ သတင်းတွေက ဆိုနေကြပေမယ့် သေသေချာချာတော့ မရှင်းလင်းပါဘူး။စစ်သည်၂၄၀၀ နဲ့ မိသားစုတွေအပါအဝင် လူ ၄၀၀၀သည် လာရှိုးစစ်ဋ္ဌာနချုပ်ကို ပြန်လာကြတယ် ဆိုသော်လည်း
တာဝန်အရှိဆုံး ဗိုလ်မှူးချုပ်၆ ဦးကတော့ ပြန်လာမလား။တရုတ်ဆီ ခိုလှုံသွားတာလား မသိရပါ။ရွှေ့ပြောင်းရခက်ခဲတဲ့ ပစ္စည်းတွေ၊အမြောက်တပ်တွေကို မည်သို့ရွှေ့ပြောင်းမည်ဆိုသည်ကိုလည်း မသိရပါ။
ဒီအချိန်မှာ နစကဘက်က ထုတ်ပြန်တာကတော့ တရုတ်နဲ့ ချစ်ကြည်ရေး၊တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် လောက်ကိုင်ကို စွန့်ခွာကြောင်း ကြေငြာပါတယ်။လက်နက်ချတယ်လို့တော့ မပြောပါ။သေချာတာကတော့ တရုတ်ရဲ့ သဘောဆန္ဒအတိုင်း MNDAA လက်ထဲသို့ လောက်ကိုင်ကို ပေးလိုက်ပြီ ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။လောက်ကိုင်သည် MNDAA လက်အောက်ကို ရောက်သွားပါပြီ။
နစကဘက်ကတော့ ယခုအထိ စစ်ရေးအတွက်ပြတ်ပြတ်သားသား လုပ်ဆောင်ချက်မျိုးကို မမြင်တွေ့ရသေးပဲ ရွေးကောက်ပွဲအတွက်သာ အာရုံစိုက်နေဟန် အမူအရာမျိုးကို ပြသနေပါတယ်။ယနေ့ည မြဝတီသတင်းမှာ လောက်ကိုင်သတင်းကို ထုတ်လွှင့်ခဲ့ခြင်းလည်း မရှိပါ။ကိုယ့်ဘက်ကအသာ မရဘူးဆိုတာကတော့ ရှင်းပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ မြန်မာ-တရုတ်နယ်စပ်မှာ တပ်မတော်နဲ့ ရင်းနှီးသော ပြည်သူ့စစ်တွေရဲ့ အာဏာကျဆင်းသွားပြီး တရုတ်ကျောထောက်နောက်ခံနဲ့ သူပုန်ကနေ အုပ်ချုပ်သူဖြစ်လာမယ့် မြောက်ပိုင်းအဖွဲ့တွေရဲ့ အာဏာကြီးထွားလာမည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။
ဒီအခြေအနေမှာ တရုတ်က သူတို့နဲ့ မသက်ဆိုင်တဲ့ မြန်မာပြည်မကြီးအတွင်းရှိ တိုင်းဒေသကြီးတွေက PDF တွေကို နှိမ်နင်းခြင်းကိုတော့ အားပေးကူညီမှုတွေ ပြုလုပ်မယ်လို့ တွေးစရာရှိပါတယ်။
သဘောကတော့ ငါတို့ နယ်စပ်နဲ့၊ငါတို့ရဲ့ သွေးရောလူမျိုးတွေကို မထိနဲ့။မင်းတို့လူမျိုးချင်း ကြိုက်တာလုပ် အားပေးမယ်ဆိုတဲ့ သဘောပါပဲ။နွားကွဲရင် ကျားဆွဲပါတယ်။ဒီစစ်ပွဲကနေ အဘတို့ မြန်မာတွေအနေနဲ့ သင်ခန်းစာ ယူတတ်ကြပါစေ။
တရုတ်ရဲ့ စော်ကားမှုသည် မမေ့နိုင်စရာပါပဲ။
ပြည်ထောင်စု မြန်မာနိုင်ငံတော် အဓွန့်ရှည်တည်မြဲပါစေ...
လူမြန်မာ
(ပုံကတော့ ပြင်ဦးလွင်မှာ ယနေ့ကျင်းပတဲ့တပ်မတော် သေနတ်ပစ်ပြိုင်ပွဲက ပုံတွေပါ။မြဝတီသတင်းမှာ စစ်သတင်းဆိုလို့ ဒါကိုပဲ ပြသခဲ့ပါတယ်)
ဂိုက်တက်စနစ်ဆိုတာ အရှေ့တောင်အာရှမယ် မြန်မာတနိုင်ထဲထုတ်နိုင်သေးတဲ့ စနစ်..... ဂိုက်တက်ရှိနေပြီဆိုတာ E7 တောင်ကုန်းပြသနာကိစ္စတုန်းက ယိုးဒယားရဲ့ ကမ်ဘာ့အကောင်းဆုံးတင့်ကားစရင်းဝင် ဂျာမနီထုတ် လက်ပတ် တင့်ကားကြီး ၂ စင်း သံရေကျို စက်ရုံရောက်သွားတာက သက်သေ......
ဟောင်ဝှစ်ဇာ ဂိုက်တက်စနစ်ကျတော့ လိုက်ဇာ KIA ဗိုလ်သင်တန်းကျောင်း AA ဗိုလ်သင်တန်း အပတ်စဉ် 1 ရဲ့ ထမင်းစားဆောင်က သက်သေပေါ့..
ရခိုင့် အာဇာနည် AA ဗိုလ်လောင်းလေးတွေမွေးထုတ်ပေးတာ မြန်မာပြည်ထုတ် ဟောင်ဝှစ်ဇာ ဂိုက်တက်ပါ.... လို့ ပြောရမလိုလို.....
အရှေ့တောင်အာရှမယ် မြန်မာနိုင်ငံဟာ MLRS တင်မက SRBM တို့ MRBM တို့ထိ ထုတ်နိုင်နေပြီလို့ နိုင်ငံတကာ စစ်ရေးကျွမ်းကျင်တဲ့ လက်နက်ပါရဂူတွေက သုံးသပၳားတာ ကြာပြီ
မြန်မာက Missiles တွေဟာ ဂျာကာတာထိ ကိုတောင် အနိမ့်ဆုံးရောက်နေနိုင်ပြီ မြန်မာနဲ့မြောက်ကိုရီးယား ဆက်ဆံရေးဟာ အင်ဒိုပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးအတွက် ရင်လေးစရာလို့ ပြောခဲ့ကြတဲ့ နိုင်ငံတကာ လက်နက်ပါရဂူတွေ ပြောခဲ့တာ 2010 လောက်ထဲကပဲဗျာ
ဦးသိန်းစိန် သမ္မတ ဖြစ်တော့ ပထမဆုံး လာတွေတဲ့ သမ္မတ က လူကာချန်ကို စာချုပ် ၆ ခု လောက် လက်မှတ်ထိုးသွားတယ် တဲ့ 300 mm 400 mm MLRS စနစ်ပါတယ် လို့ ကမ္ဘာ့ လက်နက်သုတေသီတွေပြောတာကို နိုင်ငံခြားက နံမည်ကြီး သတင်းဌာနတွေမှာ တွေ့ခဲ့ဖူးတယ်
အရှေ့တောင်အာရှမယ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ ရုံ ၃၀ ကျော် ရှိတာလည်း မြန်မာနိုင်ငံ
အရှေ့တောင်အာရှမယ် အက်ယ်ဆုံး အကြီးဆုံးး အကြမ်းအခေါ် မိုင် 100 စက်ပစ်ကွင်းရှိတာလည်း မြန်မာနိုင်ငံ
နေဝင်းစတင်း တို့ MAH တို့ စတဲ့ မြန်မာ့ တပ်မတော်သုံး ကာချုပ်တွေနံမည်နဲ့ထုတ် လက်နက်တွေမျိုး က ခင်ဗျားတို့လည်းသိပြီးခဲ့သား ဖြစ်နေမှာပါ...
မြန်မာ့တပ်မတော်ကို သူ့လက်ထက်မယ် အစွမ်းကုန် အဆင့်မြှင့်တင်ပေးခဲ့တဲ့ ဦးသန်းရွှေကြီးကို လေးစားဂုဏ်ပြုသောအားဖြင့် ကျုပ်သာ နိူင်ငံမှာပြောရေးဆိုခွင့်ရှိသူဆို TS ဆိုပြီး ကာကွယ်ရေးပစ္စည်း တခုခု ထုတ်မိခိုင်းမှာ 100% ပဲ
ဒါ့အပြင် မဟာဗျူဟာမြောက် ဟောင်ဝှစ်ဇာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်နေပြီ ဆိုတာ ယူကရိမ်းက ရုရှားပစ်လွှတ်လိုက်တဲ့ အမြှောက်ဆံတွေက ကမ္ဘာမွာ သက်သေအဖြစ် ရှိနေပြီ...
အရှေ့တောင်အာရှမယ် ကိုယ်တိုင် ခေတ်စနစ်နဲ့ အညီ မောင်းပြန်ရိုက်ဖယ် စထုတ်တဲ့ နိုင်ငံက မြန်မာနိုင်ငံ....၁၉၆၃ BA63 ဆိုတဲ့ G3 ဟေ့ G3
ကိုယ်စတိုင်ကိုယ့်နည်းစနစ်နဲ့ ကိုယ့်ကျည်ရန်သူ့ဆီရောက်သွားရင် ရန်သူ သေနတ်နဲ့ ပစ္မရ ကိုယ့် သေနတ်က ရန်သူ့ကျည်လည်း ပစ်လို့ရတဲ့ mm တူ ကျည်မတူတွေ ဖန်တီးတဲ့နိုင်ငံက ကမ္ဘာမွာ လက်ချိုးရေလို့ရတယ် အဲ့ထဲမြာ မြန်မာက ကနဦး အစောကြီးထဲက ပါခဲ့တယ်
ယူကရိမ်းကနေ BTR 3 U တွေကို အစီးထောင်ကျော်ကို နည်းပညာရော စက်ရုံကိုပါ ဖြုတ်ဝယ်ပြီး ကိုယ်တိုင်ပြန်လုပ်နေတာ မြန်မာနိုင်ငံ(ယနေ့ယူကရိမ်းစစ်ဖြစ်လည်းဖြစ်ရော ဒါတွေမရှိခဲ့တော့လို့ လူပျက်လေး ဇာလန်းစကီး ကမ်ဘာပတ်တောင်းရမ်းနေရပြီ)
အရှေ့တောင်အာရှမယ် တန်ချိန်အများဆုံး ရေလုံစစ်သဘော်ကျင်းရှိတာမြန်မာနိုင်ငံ.... အာရှတိုက်မှာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ကိုယ်ပျောက်ဖရီးဂိတ်ထုတ်နိုင်တဲ့ လက်ချိုးရေလို့ရတဲ့နိုင်ငံတွေထဲ မြန်မာပါတယ် အရှေ့တောင်အာရှကို စာရင်းတောင် မသွင်းဘူးနော် အာရှနော် အာရွ......
အပေါ့စားအမောင်းသင်ဂျက်တိုက်လေယာဉ် K8W မျိုးကိုတောင် TOT စနစ်နဲ့ ကိုယ်တိုင်တပ်ဆင် ထုတ်လုပ်နေပြီ... Military Drone တွေဖြစ်တဲ့ CH3A နဲ့ CH4 လိုတွေကို လည်း TOT စနစ်နဲ့ ဝယ်လို့ ကိုယ်တိုင်တပ်ဆင်ထုတ်လုပ်နေပြီ ရုရှားနဲ့ ပဉ်စမမြိုးဆကျ ကိုယ်ပျောက် အင်ဂျင်တလုံးတပ် ဂျက်တိုက်လေယာဉ် Su 75 (SU 57 မဟုတ်) ကို ကနဦး သုတေသနထဲကိုးက ငွေအားလူအား ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတာ မြန်မာနိုင်ငံ
SU75 အကြောင်း Youtube မယ် ရိုက်ရှာကြည့်
လေသရဲတွေထဲမယ် မြန်မာအလံ မြန်မာဘက် နဲ့ လေသူရဲ ကို မင်းတို့ တွေ့ရလိမ့်မယ် မတူညီတဲ့ အလံတွေနဲ့ လေသူရဲတွေက Su75 ကို ဘာကြောင့် မောင်းနေကြတာလဲ မတူညီတဲ့အလံတွေနဲ့
လေသူရဲတွေက ဘာလို့ တန်းတူရှိရတာလဲ လေ့လာလိုက် ... JF 17 Block 3 ဂျက်တိုက်လေယာဉ် ကို TOT စနစ်နဲ့ ကိုယ်တိုင်တပ်ဆင်ထုတ်လုပ်ဖို့ ပါကစ္စတန်နဲ့ပြေလည်ပြီးမှ ရေမျောကမ်းတင်တွေကြောင့် ပါကစ်လည်း OIC ရဲ့ ဖိအားတွေကြောင့် စာချုပ်ဖျက်သိမ်းခဲ့ရတာကို FTC 2000 G ဆိုပြီး တရုတ်က ပြန်အစားပေးရတဲ့ FTC 2000 အေပါ့စား ဂျက်တိုက်လေယာဉ်နောက် က G ဆိုတဲ့စာလုံးတလုံး ရဲ့ အဓိပါယ္ကို သိအောင် လုပ်ကြပါအုံး...
ကိုဆိုဗိုမြာ F117 ကို ပစ်ချလိုက်တဲ့ လေကာစနစ်ကို သိပ်ကြိုက်လှပါတယ် နေတိုးအဖွဲ့ဝင်မို့ ရုရှားလေကာတွေ ဝယ်လို့မရတဲ့ ဘဝေကန ယနေ့ချိန်မယ် ရုရှားလေကာ S400 ပါ ရသြားတဲ့ တူရကီက ဘယ်သူ့ကို အကူအညီတောင်းခဲ့ရတာလည်း သိချင်ရင် #အာဒိုဂန် ဆိုတာ ကို သွားမေးကြ ... အာဒိုဂန် နဲ့ ဒိုဘာမန်တောင် မကွဲကြလို့ ၇၂ နာရီ ငြိမ်ရင် အာဏာသိမ်းမှု မမြောက်ဘူးဆိုပြီး သံပုံးတွေ လျောက်တီးခဲ့ကြတဲ့ လူတွေကို ပြောတာ 😂
ကျုပ်တို့နိုင်ငံမှာ ခေါင်းဆောင်တွေကတော့ Plan. သေသေချာချာစွဲပြီး လုပ္တာပဲ... တရုတ်မှာလို ရေစုပ်စက်လောက် လုပ်နေတဲ့ ဒေါင်ဖန်းကို တရုတ်အစိုးရက မြှောက်စားလိုက်လို့ ယနေ့အချိန်မယ် ကယ်ရီရာကေလာထက်မြင့်တဲ့ ဂူဟမ်ကေလာလို့ပါ အမေရိကန်လက်နက်ပါရဂူတွေ ကြောက်ရတဲ့ 4000 km ပစ်လို့ရတဲ့ ကမ္ဘာ့ ပထမဆုံး ကီလို ၄၀၀၀ ပစ်လို့ရတဲ့ သဘော်ဖျက်ဒုံးပျံထွင်နိုင်ခဲ့လေပြီ ။ ကိုရီးယားမြာဆို ၆ တန်းထဲက အိမ်ပြေး တေလေ ကေလးဘဝကေန ဟွန်ဒိုင်း ကုမ္ပဏီ ကို စတင်ခဲ့သူဟာ ယနေ့အချိန်မယ် ဟွန်ဒိုင်းဆိုတာ ကားတွေဘက်ဟိုးတွေလောက် ထုတ်နေတဲ့ ကုမ္ပဏီ မဟုတ်ဘူး တောင်ကိုရီးယားရဲ့ စစ်ရေးလိုအပ်ချက်တွေကို ဖြည့်စည်းပေးတဲ့ အဓိက ကုမ္ပဏီ . ... ကမ်ဘာ့နိုင်ငံကြီးတွေတောင် ဟွန်ဒိုင်းရဲ့ DDG ရေတပ်ဖျက်သဘော် အမြန်ဆောက်လုပ်နိုင်မှုကို ချီးကျူးရုံတင်မက ငါတို့တောင် မလုပ်နိုင်ဘူး ဟွန်ဒိုင်းကိုအပ် ဈေးလည်းသက်သာတယ် အမြန်လည်း ရတယ်တွေဖြစ်နေပြီ ကမ္ဘာ့ စစ်ရေးကိစ္စမှာပါ ဟွန်ဒိုင်း ထိပ်ရောက်နေပြီ....
တို့နိုင်ငံမှာတော့ကွာ မြေတောင်မြှောက်ပေးလိုက်ရင် မြှောက်ပေးခံရတဲ့ သူဌေးခရိုနီကမလုပ်ပဲ ရတဲ့ အခွင့်အရေး အကုန်ယူပြီး ငြိမ်နေတာမျိုးက များတယ် တကယ့်ကို နိုင်ငံကိုချစ်တဲ့ သူဌေး သိပ်ရှားတယ်.... ခရိုနီတွေကို အားကိုးမရလို့ စစ္တပ္က တပ်ပိုင်စီးပွားရေး အတွက် ထုတ်လုပ်မှုအတွက်ဆိုပြီး ကော်ပရေးရှင်းကြီး ကို အကြီးအကဲတွေကတော့ ရည်ရွယ်ချက်ကောင်းကောင်း လမ်းညွှန်မှု တွေနဲ့ လုပ်သော်ငြား တာဝန်ယူလုပ်ကြတဲ့ ဟိုး အောက်ခြေကအစ ထိပ်ဆုံးထိ တာဝန်ယူကြသူ #အမ်ားစု က (ကျုပ်ပြောတာ အများစုနော် အကုန်မဟုတ်) အလီဘာဘာနှင့်ရောင်းရင်းများ ။ ငတတ်ဖျားနှင့် သူ၏ Fan တသိုက် ဖြစ်နေတာမျိုး ပုံစံ မြင်တွေ့ရတော့ ကျုပ်ဖြင့် ကော်ပရေးရှင်းကြီးပါ ဒေဝါလီခံသွားရတဲ့ အဖြစ် မဖြစ်ပါစေနဲ့ ဆုတောင်းနေမိတယ်
ကျုပ်တို့နိုင်ငံ ခေတ်အဆက် ခေါင်းဆောင်ခဲ့တဲ့ လူကြီး အကုန်ကောင်းပေမယ့် အောက်က မင်းမြှောင်ကပ်ပါး သူတောင်းစား တွေ...
ဘာလှူလို့ ဘာဘွဲ့ရတဲ့ ခရိုနီ တိုက်ကွန်းလိုလို တိုင်းပြည်ကနေ ၁၀၀၀ ရမြ ၁၀ လောက်လှူပြီး လူတွင်ကျယ်လုပ်နေကြတဲ့ သူခိုးကြီးတွေကြောင့် တိုးတက်သင့်သလောက် မတိုးတက်တာ
အဲ့လို သူတောင်းစား_သူခိုး_ခွေးမျိုးတွေကြောင့် ကျုပ်ဖြင့် မြန်မာပြည်ကြီးအတွက် ရင်တရက်မှ မအေးရပါဘူးဗျာ
😢😢😢😢
ထူးဥာဏ်
23.12.2023
တပ်မတော်ပြိုကွဲသွားနိုင် သတဲ့လား......
# # # # # # # # # # # # # # # # # #
ရှမ်းမြောက်စစ်ပွဲတွေရဲ့ လတ်တလောဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကြည့်ပြီး မကြာခင် တပ်မတော်ကြီး ကျဆုံးတော့မယ်။ တပ်မတော်ကြီး ပြိုကွဲတော့မယ်ဆိုတဲ့ စကားတွေကို လူပြောများ လာကြတာတွေ့ရတယ်။ အများစု စွပ်စွဲချက်တွေကတော့ တပ်မတော်ဟာ လူထုထောက်ခံမှု မရတော့ဘူးဆိုတဲ့ အချက်တွေလည်း ရေးသားနေတာတွေ့ရတယ်။ ဒီလိုပြောနေကြတယ်ဆိုတာကလည်း လက်ရှိစစ်ပွဲတွေမှာ တချို့သော နယ်စပ်မြို့တွေ ကို တပ်မတော်ဘက်က လက်လွှတ်ခဲ့ရတာတွေရှိသလို၊ ရှေ့တန်းစခန်းတွေ ကျဆုံးမှု ရှိနေတာ၊ တချို့သော ရှေ့တန်းစခန်းတွေမှာ စစ်သည်တွေက ရန်သူ့ဆီ အကြောင်း အမျိုးမျိုးကြောင့် လက်နက်ချ လိုက်ရတဲ့ မြင်ကွင်း တွေကြောင့် ပိုပိုသာသာ ပြောလာကြ တယ်လို့ပဲ မြင်မိတယ်။ ဒါပေမဲ့ လက်တလော တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အရေးနိမ့်နေတာကို လက်ခံပေမဲ့ တပ်မတော်ကြီး ပြိုကွဲသွားတော့ မယ်ဆိုတဲ့ စကားအပေါ် တော့ လုံးဝ လက်မခံပါဘူး။
--------------
ရှမ်းမြောက်အရေးအခင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်မှာ လုံးဝ သတင်းမရခဲ့ဘူး ဆိုတာထက် ဒီလောက်ကြီး ကြီးကျယ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားတယ်ဆိုတဲ့ အချက်က ပိုပြီး ယုတ္တိကျပါတယ်။ တဖက်မှာ ၂၀၀၈ ခြေဥအရ ကိုးကန့်၊ မိုင်းလားနဲ့ ဝ ဒေသတွေဟာ ဗဟိုအစိုးရရဲ့ အာဏာသက်ရောက်မှု ရှိမနေပါဘူး။ ဒီအချက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းပြပေမဲ့ ကျားဖြန့်ကြောင့် ဆုံးရှုံးမှုကြီးမားနေတဲ့ တရုတ်ဘက်ကတော့ လက်မခံနိုင်တဲ့သဘောသက်ရောက်တယ်လို့ပဲ မြင်ပါတယ်။ ရှမ်းမြောက်စစ်ပွဲအတွက် အင်အား သောင်းဂဏန်းကြိုတင်စုဖွဲ့ထားတဲ့ MNDAA ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို တရုတ်ထောက်လှမ်းရေးနဲ့ ဝဘက်က ကြိုတင်သတင်းမရဘူးဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီစစ်ပွဲနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုန့်ပြန်မှု နှေးနေတယ်ဆိုတဲ့အချက်ကလည်း နိုင်ငံရေးစကားလုံးတွေအပေါ်မှာ အမြင် ပြောင်းလာတယ်ဆိုတဲ့အချက်က အဓိကကျမယ်လို့ သီးသန့်ယူဆပါတယ်။ ၁၉၅၈-၁၉၆၀ ပတ်ချာလည်တုန်းက ဖက်ဒရယ်ဆိုတာ စကားလုံးတောင်သမ်းခွင့်မရတဲ့ အနေအထား တစ်ရပ်ကနေ ဒီကနေ့ခေတ် ဖက်ဒရယ်ဆိုတဲ့စကားလုံးအပေါ်မှာ အထက်လူကြီးတွေ အမြင်ပြောင်းသွား စေတဲ့အချက်ကြောင့်လည်း ဒီလောက်ကြီး မာမာထန်ထန် မဖြစ်တော့တာလို့ပဲ ယူဆမိပါတယ်။ ဒီအချက်ကြောင့်ပဲ လောက်ကိုင်ဟာ လက်လွှတ်ပေး ကောင်းပေးနိုင်တယ် ဆိုတဲ့ ယူဆချက်တွေရှိနေတာဖြစ်ပါတယ်။
--------------
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးလို့ ဘယ်လိုပဲ စကားလုံးတွေလှအောင်သုံးနေပါစေ... ဒီစစ်ပွဲရဲ့နောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့တာမျိုးတော့ မဟုတ်နိုင်ပါဘူး။ တိုက်ရိုက်ပါဝင်မှု မရှိရင်တောင် သွယ်ဝှိက် ထောက်ပံ့ပေးတာမျိုး၊ တပ်မတော်ကို သတင်းလက်ဦးမှုရအောင်ကြိုတင်သတင်းပေး ခဲ့တာမျိုး ပျက်ကွက်ခဲ့တာကတော့ သေချာပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ ကနဦး ကျားဖြန့်ရှင်းလင်းရေးလောက် ရည်ရွယ်ခဲ့ကြပေမဲ့ တပ်မတော်စခန်းတွေ အများအပြား သိမ်းပိုက်ရရှိချိန်မှာတော့ တရုတ်ထောက်ပံ့မှုကင်းကင်းနဲ့ စစ်တိုက်နေတယ်လို့ ဖြေလာတာဟာ တစ်ဖက်ကလည်း တရုတ်ကို ကာဗာပေးတဲ့ သဘော ဖြစ်စေပါတယ်။ တရုတ်အနေနဲ့ ဘယ်လောက်ပဲ အိမ်နီးချင်း ကောင်းပီသနေသယောင်နဲ့ အသွင်ဆောင် နေပါစေ... နှစ်ရှည်လများ သူတို့မွေးမြူထားတဲ့ လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြားမှာ မီးစာတဖက် ရေမှုတ်တဖက် လုပ်နေတယ်ဆိုတဲ့ အချက်ကိုတော့ တပ်မတော် စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ သတိမလစ်ဟင်း စေချင်ပါဘူး။ တရုတ်ရဲ့ ပင်လယ်ရေးကြောင်းကုန်သွယ်ရေးထွက်ပေါက်နဲ့ အိန္ဒိယနဲ့ အရှေ့တောင်အာရှကြား ကို ဆက်သွယ်ပေးပြီး စင်္ကြ့ကုန်းမြေအဖြစ်ရှိနေတဲ့ မြန်မာဟာ တရုတ်အတွက် အဓိက ကျတဲ့ နယ်မြေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတယ် လို့ ဘယ်လိုပဲ ခေါင်းစဉ်တပ်နေပါစေ...ဒီစစ်ပွဲတွေရဲ့ နောက်ကွယ်က အကြောင်းတရား တွေထဲမှာ တရုတ်ရဲ့လိုလားချက်တွေရှိနေသလို တချို့သော EAOs တွေရဲ့ နယ်မြေရယူ ပိုင်ဆိုင်/ ချဲ့ထွင်ချင်နေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေလည်း ပါဝင်နေတယ်ဆိုတဲ့အချက် ကလည်း သတိပြုချင်စရာဖြစ်ပါတယ်။
------------
နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပဲ စေ့စပ်ညှိနှိုင်းရေးတွေ ဆောင်ရွက် နေပါစေ... ဒီရှမ်းမြောက်စစ်ပွဲဟာ တပ်မတော်ရဲ့ စွမ်းရည်ကို စမ်းသပ်တဲ့ Game Theory ကစားကွက်လို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဒီစစ်ပွဲကြောင့် တပ်မတော်မှာ ...အထူးသဖြင့် ခြေလျင်တိုက်ခိုက်ရေးတပ်တွေမှာ အကြီးအကျယ်ပြောင်းလဲမှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့အချက်ကတော့ ငြင်းလို့ရမယ်မထင်ပါဘူး။ လတ်တလော နယ်စပ်တလျှောက် ပေးဆပ်စွန့်လွှတ်လိုက်ရတယ်ဆိုတာကလည်း အရင်တပ်မတော် အုပ်ချုပ်စဉ်ကာလကတည်းက နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်းအားခပ်ကျဲကျဲနဲ့ ဖွင့်လှစ်ထားရတဲ့ အခြေအနေတွေကြောင့်သာ ဖြစ်ပါတယ်။ ဒီပွဲဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဖြစ်သလို ဒို့တာဝန်အရေး ၃ ပါးကို လက်ကိုင်ထားရမဲ့ တပ်မတော်အတွက် တိုင်းပြည်က အပ်နှင်းထားတဲ့ ပေးထားချက်လည်းဖြစ်ပါတယ်။
-----------
စစ်ဖြစ်နေတဲ့ အနေအထားကို ဘယ်ကြားပြည်သူမှ မလိုလားပါဘူး။ ဘယ်ဘက်က နိုင်နိုင်...သူတို့ဘဝ အဆင်ပြေရင်ကျေနပ်ကြတဲ့ပြည်သူက အများစုဖြစ်ပါတယ်။ လက်နက်ကိုင် နှစ်ဖက်စလုံးကို ကြောက်ရတဲ့ အခြေအနေမျိုးကို ဘယ်ပြည်သူမှ မကြိုက်လှပါဘူး။ တသက်လုံး ရှာဖွေစုဆောင်းလာတဲ့ အရာတွေက စစ်ကြောင့် ပျက်စီးသွားရတာမျိုးကို မနှစ်သက်ကြပါဘူး။ လမ်းတံတားတွေဖျက်စီး၊ ဆက်သွယ်ရေး တာဝါတိုင်တွေချိုး၊ ပြည်သူနဲ့ ရဟန်းသံဃာတွေကိုသတ်တဲ့ ရန်သူတွေကို တိုင်းရင်းသား လက်နက်ကိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူထားပြီး နိုင်ငံရေးစကားပြောဖို့ မသင့်လှပါဘူး။ ပြည်သူထောက်ခံမှုပိုပိုသာသာရချင်ရင် တနည်းပဲ ရှိပါတယ်။ ရန်သူ့ဌာနချုပ် တွေကိုသာ ဗုံးကြဲတိုက်ခိုက်လိုက်ပါ။ ရန်သူ့ထိုးစစ် အညွှန့်ကျိုးပါလိမ့်မယ်။
(နရီမိုး)
Click here to claim your Sponsored Listing.
Website
Address
Chicago, IL
60602

01/07/2024