P&N - Health and Beauty
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from P&N - Health and Beauty, Chicago, IL.
06/26/2024
ကျမ ချက်ကျမစားကောင်းတဲ့ အုန့်နို ခေါက်ဆွဲ အိမ်ထောင်ဦးစီး ပြောတာတော့ တစက်ကလေးမှ စားမကောင်းဘူးတဲ့ 😂 (လှိုင်းဝမ်း ကိုတောင် ဆွဲထည့်လိုက်သေး မညာနဲ့ စားမကောင်းဘူးမလာတဲ့ 😂😂)
05/17/2024
ကိုယ့်ဆီ ဝယ်နေကျ အမက မီး လှတယ်ထင်တဲ့ဟာ အရောင်က အစ စိတ်ကြိုက် ရွေးပို့ပါဆိုတော့က ကိုယ့်ဖာသာ ကြိုက်တာ ရွေးဝယ်လိုက်တယ် ကိုယ်ကတော့ ထိကြည့်ကိုင်ကြည့်ပြီးပြီဆိုတော့ မကြာမှီပို့ လိုက်တော့မယ်နော်
05/16/2024
ကြွားစရာ ဆိုလို့ သူတို့လေးတွေပဲရှိတာ ဘာပဲဖြစ်ဖြစ် မေ့ကလေးတွေ တော်ပါတယ်လေ
05/08/2024
ကိုယ့်ဝင်ငွေနဲ့ ကိုယ် စပြီးဝယ်လိမ်းခဲ့တဲ့ skin care set ShiSeiDo ၄ ၅ နှစ်လောက်လိမ်းပြီး ဝင်ငွေအခြေအနေအရ Clinique Estée Lauder ဘက်ရောက်သွားရော် ခု သမီးတော် skin care လိမ်းတတ်ပြီဆိုတော့ Brand မတူရင် မအေဟာ ပြန်ပြန် လိမ်းမှာမို့ သူ့အသားအရေ ပိုဆိုးမှာစိုးတာနဲ့ အသီးအနှံနဲ့ လုပ်ပြီး သမီးတော်အတွက်လဲ သင့်တော်တဲ့ Korean made ဒီမှာလဲ ကုမ္ဗာဏီ ရှိတဲ့ Atomy Brand ကို ရွေးဖြစ်တယ် hand soap hand cream လစဉ်သုံး က အစ Atomy ကိုပဲ ရွေးလိုက်တယ် စျေးလဲ သက်သာပြီး ပေးရတာနဲ့တန်အောင် တကယ် လိမ်းလို့ ကောင်းတဲ့ brand .. ShiSeiDo လိမ်းတဲ့ အချိန် အသားအရေ ကို ပြန်ခံစားရစေတယ်လေ ကျေနပ်ပီတိပေါ့ … ပြောချင်တာ ဘယ်လောက်စျေးကြီးပေးလိမ်းလဲ ကိုယ်နဲ့ အဆင်မပြေတဲ့ skin care ရှိတာမို့ စျေးသက်သာပြီး ကိုယ့်အတွက် ကောင်းရင် စျေးသက်သာတာပဲ ရွေးလိမ်းပါတယ်လို့
04/23/2024
ကိုယ်ချက် ကိုယ်ရောင်းတဲ့ အရသာ အတွေ့အကြုံ အသစ်ပေါ့လေ
ကလေးတွေကျောင်းမှာ သူတို့ ကျောင်းအတွက် စျေးရောင်းတော့ ပထမ ဦးဆုံး မြန်မာ အစားအစာ ချက်ရောင်းဖြစ်တာပဲ ဘာအရသာ ရှိကျလဲ ဆိုတာ ကျမတို့ မြန်မာက လွဲရင် မသိကျဘူး ပထမ နာရီဝက် လောက် မရောင်းရတော့ အားငယ်သလို ဖြစ်သေး သားတော် မောင်က သူများအစားအစာ သွားဝယ်စားလိုက် ပြန်လာပြီဆိုတာနဲ့ ah nu ဘယ်သူမှ မဝယ်စားဘူးလာ ဆိုပြီး မအေကို လာအားပေးရှာတယ် 😂 ကျေးဇူးရှင် Philippines အဖိုးက 😍အရင် လာမေး လာဝယ်စားတာ ..စားကောင်းလို့ နှစ်ခေါက်တောင်လာဝယ်စား အိုးအဖုံးလဲဖွင့်လိုက် ရော် အနံရတာနဲ့လူတွေ လာဝယ်ကျရော် သားတော်မောင် မျက်နှာများ ပျော်နေတာ အဲ့ကစ အမတွေ ဆရာမ တွေ လာဝယ်ကျနဲ့ ဆေးရုံး က သူငယ်ချင်း သူနာပြုတွေ ဝယ်ကျနဲ့ (ဆေးရုံးကို သားတော်မောင်သွားပို့ သူမှာ ပျော်လို့ 😘) အကုန်ရောင်းကုန်အောင် အားပေးကျတာ နောက်နှစ် ရောင်းဖို့ အားအင်းတွေရပါတယ်လို့
04/21/2024
ဘာအလံ မှ မရှိတော့ ရှင်းရှင်းလင်းလင်းလေးပေါ့
04/09/2024
အမဲသားခေါက်ဆွဲ သားကြီး အကြိုက်ပေါ့ကွယ် နှစ်ပွဲတောင် စားနိုင်တဲ့သားကြီး ချက်ကျွေးရတာ တန်လိုက်တာ
04/09/2024
မအေရဲ့ skin care အရမ်းဆော့ပေးလို့ ဆူတခါ ခြောက်တခါ ပြောလဲ မရပ်တော့ နောက်ဆုံး သူ့အရွယ်လေး သုံးလို့ရတဲ့ skin care set (ဝက်ခြံအသားအရေသုံး) ဝယ်ပေးလိုက်ပြီ ဘယ်နှစ်လသုံးမလဲ ကြည့်ထားရမယ်သမီးတော် ပျော်နေရှာတယ် အမေ ပစ္စည်း မဆော့တော့ဘူးတဲ့လေ
04/02/2024
Grand island ကနေ လာလည်တဲ့ တူနဲ့တူမ ..သမီးလေးရဲ့ သူငယ်ချင်းတွေ သူတို့လေးတွေ တရက်ပဲ တွေ့ကျ သွားချင်းတဲ့နေရာလိုက်ပို့ပေးနဲ့ သူတို့ပျော်ရင်ပဲ ဒီအမေတွေက ပျော်နေတာ အကုန်လုံးက အချောအလှလေးတွေ ချစ်တာ ခုတော့ ဒီအန်တီ လွမ်းကျန်ခဲ့ပြီလေ
03/29/2024
*Sushi *
June and July နှစ်လ အတွက် Sushi ကောင်းကောင်းလိပ်တတ်သူ ယောကျာ်းလေး တစ်ဦး အလိုရှိ လုပ်ချင်သူပြောလာပါနော် $၃၀၀၀-၃၅၀၀ ဆိုင်ရှင် မိသားစု vacation ထွက်တဲ့လမို့ နှစ်တိုင် အဲ့နှစ်လ အတွက် ဆို လူအမြဲလိုတာမို့ တခါ ဝင်လိပ်ထားရင် နောက်နှစ် အတွက်လဲ အလုပ်ရှာစရာမလိုပဲ ပြန်ဝင်လိုရပါတယ် ကျောင်းလာတက်တဲ့ ကလေးတွေ အတွက် ပိုသင့်တော်တယ် ထင်ပါတယ် နော်
03/27/2024
တခွက်လေးတော့ ဆေးဖြစ်တယ်ဆိုလို့ 😂
03/22/2024
ညကတည်းက စဉ်းစားထားတာက ကလေးတွေကျောင်းပို့ပြီးတာနဲ့ အိပ်မယ်ပေါ့ ဘယ်ကလာ ဗိုက် ဆန္ဒပြတာနဲ့ ဗိုက်အလို လိုက်လိုက်တယ် ဗိုက်အလို လိုက်ပြီးပြီဆိုတော့ မျက်စိ အလိုလိုက်ဖို့ပဲ လိုတော့တယ်
Click here to claim your Sponsored Listing.
Telephone
Website
Address
Chicago, IL
60612
