ECHO - New York store
Welcome to my page
Line ကောင်းပါစေ🙏
05/30/2026
အသက်ကြီးလေ...
စိတ်လှလေ ဖြစ်စေဖို့
အသက်အရွယ်ရလာတဲ့အခါ ပြင်ပအလှတရားကို ထိန်းသိမ်းဖို့ထက်... အတွင်းစိတ်လေး ငြိမ်းအေးနေဖို့က ပိုပြီး ဆွဲဆောင်မှုရှိလှပါတယ်။
အသက်ကြီးလေလေ၊ ပိုပြီး ကြည့်ကောင်းတဲ့ ရင့်ကျက်အလှကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်
(၁)အာဃာတတွေကို ရှင်းထုတ်ပါ ။
အတိတ်က နာကျင်စရာတွေကို တနုံ့နုံ့တွေးပြီး စိတ်အဆိပ်သင့်မခံပါနဲ့တော့။ ခွင့်လွှတ်လိုက်ခြင်းက ကိုယ့်မျက်နှာလေးကို ပိုပြီး အေးချမ်းစေပါတယ်။
(၂)မျှော်လင့်ချက်တွေကို လျှော့ချပါ။
“ငါကတော့ ဘယ်လိုကောင်းခဲ့တာ..." ဆိုတဲ့ တောင်းဆိုချက်တွေ နည်းလေလေ၊ စိတ်ဆင်းရဲရတာ နည်းလေလေပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ အမှီပြုပြီး ပျော်အောင်နေပါ။
(၃)ဝေဖန်မှုတွေကို ဝေးဝေးရှောင်ပါ ။
ဘေးလူတွေရဲ့ ကိစ္စ၊ အတင်းအဖျင်းတွေထဲမှာ စွမ်းအင်တွေ ကုန်ခမ်းမခံပါနဲ့။ သူတပါးအပြစ်ကို လိုက်ရှာမယ့်အစား ကိုယ့်စိတ်အိမ်လေး သန့်ရှင်းဖို့ပဲ အာရုံစိုက်ပါ။
(၄)ရောင့်ရဲခြင်းကို မွေးမြူပါ ။
မနက်ခင်း ကော်ဖီတခွက်၊ အေးချမ်းတဲ့ လေပြေလေးတခု စတဲ့ သေးငယ်တဲ့အရာလေးတွေအပေါ် ကျေးဇူးတင်တတ်ပါစေ။ တင်းတိမ်တတ်သူရဲ့ အလှဟာ ဘယ်တော့မှ မရိုးအီသွားပါဘူး။
ရင့်ကျက်တဲ့ အလှတရားဆိုတာ... ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သဘာဝအတိုင်း လက်ခံနိုင်ပြီး၊ အတွင်းစိတ်ကိုတော့ ပိုပြီး သန့်ရှင်း၊ ပေါ့ပါး၊ အေးချမ်းအောင် ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ပြင်ပအလှတွေထက်... ပိုပြီး တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ အတွင်းစိတ်အလှကိုပဲ သတိလေးနဲ့ ပျိုးထောင်သွားလိုက်ပါ။
05/30/2026
Rose quartz 🥰
05/30/2026
😍🥰
05/30/2026
Sold out 🥰
Line ရ မရ Try ကြည့်မယ် 😅
sorry my guy🙏
မင်္ဂလာပါရှင့်🥰
05/29/2026
WiFi မကောင်းပါသဖြင့်
ဒီကနေ့ live sale က မသေချာပါရှင့် 😓
05/29/2026
သဘာဝတွင်းထွက်ကျောက်
အမျိုးအစားတိုင်းမှာ
သူ့စျေးနူန်းနဲ့ သူရှိပါတယ်
အမျိုးအစားတူတိုင်း
ထွက်တဲ့ နိူင်ငံ မတူတာရှိသလို
အရည်အသွေးလည်းမတူပါဘူး
တန်ဘိုးလည်းမတူပါဘူး
စီးပွါးရေးလုပ်ပြီး
အကျိုး အမြတ် ရချင်လို့ ဆိုရင်တော့
အများကြီး လေ့လာထားမှ
အဆင်ပြေမှာပါ
စျေးတန်းနဲ့
စျေးကွက် နားမလည်ရင်တော့
အရင်းအနှီး ကြီးတာကြောင့်
သေချာပေါက် ရှူံးမှာပါ
Fancy တွေ အများဆုံး ရောင်းနေပေမဲ့
တွင်းထွက်ကျောက်တွေကို
ချစ်မြတ်နိုးလွန်းလို့
ကျမမှာ တန်ဘိုးနည်းတာရော
များတာရော အစုံ လျောက်ဝယ်ပီး
လေ့လာ သင်ယူ နေတုန်းပါပဲ
ခုနောက်ပိုင်း ကျောက်ကောင်းတွေ
ရှားပြီး စျေးတွေ
မိုးပေါ်ရောက်အောင် မြင့်နေလို့
ဝါသနာ ပါပေမဲ့
စိတ်လျော့ပြီး စျေးချိုတာလေးတွေပဲ
ရွေးဝယ်ဖြစ်ပါတယ်
တစ်ကယ်နားလည်သူတွေအတွက်တော့
မိမိ မျက်စေ့နဲ့ ခံစားမူ့ သာလျင်
ကျောက်တစ်ပွင့်ခြင်းစီတိုင်းရဲ့
တန်ဘိုးအစစ် လို့ ကျမ ထင်ပါတယ်
Echo 🥰
Click here to claim your Sponsored Listing.
Category
Website
Address
New York, NY
