Htet Aaron
Htet Aaron. Beads Collection
03/16/2025
ရန်ကုန်တိုင်းဒေသကြီး
ဗိုလ်တထောင်ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်း
အသင်းဖွဲ့စည်းခြင်းနဲ့ အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ ကို သာကေတ မြို့နယ်မှာ
ဆောင်ရွက်ခဲ့ပြီး
ဗိုလ်တထောင်ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းကို
အလုပ်အမှုဆောင် (၃၉) ဦးဖြင့်ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။
ဗိုလ်တထောင်ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းအနေနဲ့
ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ မှာ
မှာ ၂၃.၃.၂၀၂၅ ရက်နေ့ မှစပြီး
ဗိုလ်တထောင်ခရိုင်အတွင်းမှ
နွေရာသီကျောင်းပိတ်ရက်ကြုံနေသော
ကလေးများအတွက်
နွေရာသီအခမဲ့ကွန်ပျူတာသင်တန်းများ
စတင်သင်ကြားပေးမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း (၁၄)ခရိုင်ရှိတဲ့အနက်
ဗိုလ်တထောင်ခရိုင်ဖွဲ့စည်းပြီးဖြစ်တဲ့အတွက်
ကျန်ရှိသော (၁၃) ခရိုင်အတွက်
ခရိုင်အသင်းများကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
02/01/2025
ကြီးမြတ်သူတို့နှလုံးသားပိုင်ရှင်ကြီး
များရဲ့ဂုဏ်ကျေးဇူးတွေက ထူးခြားလှတယ်မဟုတ်လားရှင့်။
ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မြန်မာဆုတောင်းဖြစ်ပါတယ်။ ဆိုတဲ့...ဒေါက်တာမတင်ဝင်းရဲ့သုံးသွားတဲ့စကားလုံးဟာ သိပ်...လှပသလို ထူးခြားပြောင်မြောက်တဲ့မြန်မာတို့ရဲ့နှလုံးသားကိုအထင်းသားမြင်သာစေတာ မြန်မာ့စိတ်ရင်းဖြစ်ပါတယ်။
"မေတ္တာစကား ဆိုခဲ့ပါတယ်"
စာရေးသူ ယိုးဒယားအသွား လေယာဉ်ပျံပေါ်မှာ ယိုးဒယားဘုရင်ကြီးနဲ့တကွ ယိုးဒယားနိုင်ငံသားများကို မေတ္တာပို့ပြီးမှ သူတို့ကျွေးတဲ့အစားကို စားခဲ့တယ် ဆိုတာ တင်ပြခဲ့ပြီးပါပြီ။ အဲဒီလိုမေတ္တာပို့ပြီး စားသောက်ပြီးကတည်းက မေတ္တာစိတ်နဲ့ အရာရာကိုကြည့်ပါတယ်။
သမိုင်းကိုချစ်တဲ့သူ ယိုးဒယားကို သွားရတာ တော်တော်ကောင်းပါတယ်။ နာခွန့်ပထွန် (Nakorn Pathom) လို့ မြန်မာလိုအသံထွက်လေ့ရှိတဲ့ ဘွဲ့တော်နဲ့ ဘုရားကြီးကတော့ဖြင့် ယိုးဒယား ကို ပထမဦးစွာ ဗုဒ္ဓသာသနာရောက်ရာဒေသဖြစ်တယ်၊ သွားပြီးဖူးပါရစေ ဆိုတော့လည်း ခရီးစဉ်ထဲမှာ ထည့်ပေးပါတယ်။
စဉ့်ပြားများကိုတောင်မှ အမည် ရေးထိုးပြီး လှူပေးတယ်ဆိုလို့ မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ သာသနာ ဟာ အတူတူပါပဲလို့ လက်ခံကာ ကြည်ညိုသဒ္ဓါပွားစွာနဲ့ လှူခဲ့ပါတယ်။
အဲဒီဘုရားကြီးက အပြန်မှာ အင်မတန်သာယာကျယ်ပြောပြီး သစ်ပင် ပန်းပင်များ လှပစွာ စိုက်ပျိုးထားတဲ့ ဥယျာဉ်ကြီးထဲက ဗုဒ္ဓမုထုံဘွဲ့တော်ချီအပ် သော ရပ်တော်မူဘုရားကို ဝင်ဖူးကြပါတယ်။
မြတ်စွာဘုရားကြီးက သပ္ပာယ် လိုက်တာ၊ ခြေတော်တစ်ဖက်လှမ်းနေတော်မူဟန်နဲ့ လက်တော်ထားပုံကတော့ အဘယမုဒြာဖြစ်ပါတယ်။
တကယ်တော့ နာခွန့်ပထွန်ကို သွားလို့သာ လမ်း ကြုံတာမို့ သွားဖြစ်အောင် တောင်းဆိုမိတဲ့ ကိုယ့်ဘာသာကိုယ် ဝမ်းမြောက် ခဲ့ပါတယ်။ ဓာတ်ပုံတွေလည်း အများကြီးရိုက်ခဲ့ပါတယ်။
အဲဒီရပ်တော်မူ မြတ်စွာဘုရားပုံတော် ကြေးရုပ်ပွားတော်များကိုလည်း သုံးဆူတောင်မှ ဝယ်ယူပူဇော်ခဲ့ပါတယ်။
အဲဒီလို ဘုရားဖူးရ၊ ရှေးဟောင်း အဆောက်အအုံများကို လေ့လာရနဲ့ စာရေးသူဟာ ယိုးဒယားမှာ ပျော်ခဲ့ပါ တယ်။ မသွားမဖြစ်လို့ သွားရတယ်ဆိုတာကို သတိမရတော့ပါဘူး။
ပစ္စနုလောက်ခရီးမှာတော့ ပိုပြီးပျော်ပါတယ်။ နယ်ဆိုတော့ ဗန်ကောက် မှာလို ဖိစီးမှုမများတော့ပါဘူး။ ပြီးတော့ ဘယ်နိုင်ငံမှာမဆို နယ်သူ နယ်သား များက ပိုပြီးဧည့်ဝတ်ကျေပွန်ပါတယ်။
ပစ္စနုလောက်မှာ နာမည်ကြီးရုပ်တော်ကြီးတစ်ဆူကို သွားဖူးကြရတာကိုလည်း စိတ်ချမ်းသာရပါတယ်။
တစ်ခု တော့ ရှိပါတယ်။
စာရေးသူက သမိုင်းကို စိတ်ဝင်စားတော့ ပစ္စနုလောက် ကို ပိဿလောက်အနေနဲ့လည်း မြင်ပါတယ်။အဲသည်တော့ ပိုပြီးစိတ်ဝင်စား တာပေါ့။
ပစ္စနုလောက်ဆိုတော့ နရေဆူအန်ရဲ့ မြို့ဖြစ်ပါတယ်။ အဲသည်မှာ နရေဆူအန်တက္ကသိုလ်ဆိုပြီး အထိမ်းအမှတ်တက္ကသိုလ်တစ်ခု ရှိပါတယ်။
အဲသည်တက္ကသိုလ်က သမိုင်းပါမောက္ခကြီးကတော့ မြန်မာကို သိပ်ခင်မင် တာပါပဲ။ သူ မြန်မာနိုင်ငံကို သွားပြီး ဘုရင့်နောင်အကြောင်း စာတမ်းဖတ်ပွဲ ကို တက်ရောက်ခဲ့ရတာကို ဝမ်းမြောက်ဝမ်းသာ ရွှင်ရွှင်ပျပျ ပြောပြပါတယ်။
ခက်တော့လည်း ခက်သားနော်။ မြန်မာနဲ့ မသင့်တင့်ချင်လို့ မကြာခဏ ပြဿနာဖြစ်နေတဲ့ ယိုးဒယားနိုင်ငံက သူတို့ကို လာရောက်အုပ်ချုပ်ဖူးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ကိုတော့ တယ်ပြီးလေးစားပါကလားလို့ တွေးမိသလို ဒီပစ္စနုလောက်က မင်းသား နရေဆူအန် (ဗြနရာဇ်) ကဖြင့် မွေးစားဖခင် ဘုရင့်နောင် ကျေးဇူးတွေကို တယ်ပြီးလည်း ကျေးစွပ်ခဲ့ပါကလား။
ယိုးဒယား ဟာ တကယ့်ကို ပဟေဠိဖြစ်နေပြီလို့လည်း တွေးမိခဲ့ပါသေးတယ်။
အဲသည် လို ကျေးစွပ်တဲ့မွေးစားသားဆိုးကြောင့် မဖြစ်တန်တာတွေ ဆက်တိုက်ဖြစ်ခဲ့ ရတာ အရေအတွက် အတော်များတဲ့အကြောင်း ဘုရင့်နောင်သာ သိခဲ့ရင် ဘယ်လောက်များ ရင်နာတော်မူရှာမလဲလို့ စာရေးသူ တွေးမိပါတယ်။
စာရေးသူတို့လူစု အဲသည်လို အပြင်မှာ ပျော်ရွှင်စွာနဲ့ လေ့လာပြီး တော့ ကျောင်းတစ်ကျောင်းကို သွားပါတယ်။
ကျောင်းထဲက အစည်းအဝေး ခန်းထဲကို ဝင်တော့ ကျောင်းအုပ်ဆရာမကြီးကလည်း ချောချော၊ အလှက လည်း အတော်ပြင်ထားတာကို တွေ့ရပါတယ်။
နေရာပေးထားတာက ဆရာမ ကြီးရဲ့ ဘယ်ဘက်မှာ စာရေးသူတို့ဖြစ်ပြီး တစ်ဖက်မှာတော့ ကျောင်းက ဆရာမများဖြစ်ပါတယ်။
စာရေးသူက ကျောင်းက ဆရာမများကို ပြုံးပြီး ကြည့်လိုက်တဲ့အခါမှာ အားလုံးက ပြန်ပြီးပြုံးပြပေမယ့် ဆရာမတစ်ယောက် က မပြုံးပါဘူး၊ မပြုံးရုံမကပါဘူး၊ တင်းမာနေတဲ့ သူ့မျက်နှာကို စာရေးသူ တစ်ယောက်တည်း သတိထားမိနေတယ်လို့ ထင်ခဲ့ပါတယ်။
နောက်ကျမှ ဘေးနားက ပါမောက္ခကလည်း ‘မမရေ၊ တင်းလိုက်တဲ့မျက်နှာထား၊ ထိရင် တောင် ချွင်ခနဲမြည်မယ်'လို့ ပြောတော့မှ ဩော် ငါတစ်ယောက်တည်း အဲသည်လို မြင်တာမှမဟုတ်ဘဲကိုးလို့ တွေးမိပါတယ်။
ကိုယ့်ကိုယ်ကိုလည်း အကဲဆတ်ရမလားလို့ အမြဲတမ်းဝေဖန်နေမိတာ ခုတော့ ငါ့အမြင် မမှားဘူး ဟဲ့လို့ အောက်မေ့ပါတယ်။
နောက်တော့မှ သိရတာက အဲသည်အမျိုးသမီးက ကျောင်းခံဆရာမ မဟုတ်ပါဘူး။ ကျောင်းကဆရာမတစ်ယောက်ရဲ့ ညီမ၊ တက္ကသိုလ်က ဆရာမ ဖြစ်ပါတယ်။
အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တဲ့သူကို ရှာပါလို့ ဆရာမ ကြီးက ကျောင်းခံဆရာ၊ ဆရာမများကို တာဝန်ပေးတာကြောင့် ဆရာမ တစ်ယောက်က တက္ကသိုလ်မှာ အလုပ်လုပ်နေတဲ့ သူ့ညီမကို ခေါ်ထားတာ ဖြစ်ပါသတဲ့။ ပြီးတော့ သူကလည်း စာရေးသူတို့လို ဒေါက်တာဖြစ်ပါတယ်။
အဲသည်အမျိုးသမီးက သူ အခုရှင်းပြမယ့်အကြောင်းတွေကို နား မလည်ရင် မေးပါလို့ မျက်နှာထားခပ်တင်းတင်းနဲ့ ပြောပါတယ်။
ကျောင်းနဲ့ ပတ်သက်တာကို ရှင်းပြတာပါပဲ။ နားလည်လား၊ နားလည်လားနဲ့ မေးလိုက်ရင် ကိုယ့်ဘာသာကိုယ် မူလတန်းပြန်ရောက်သွားသလိုပဲလို့ ထင်မိပါတယ်။
သူပြောလို့ အတော်လေးပြီးသွားတော့ ဘာမေးချင်သလဲလို့ မေးပါတယ်။
အဲသည်တော့ သည်ဘက်က ခပ်ပုပု ဝဝ ဝတ်စားထားတာကလည်း ပုံသိပ်မလာတဲ့၊ မျက်နှာထားကလည်း ဒေါသမထွက်တဲ့အချိန် လုပ်ငန်းခွင် အငြင်းအခုံများနဲ့ ကင်းတဲ့အချိန်မှာ ရှိတတ်တဲ့ အေးဆေးပြီး ခပ်ရိုးရိုး (ခပ်တုံးတုံးလို့လည်း ပြောလို့ရပါတယ်)
မျက်နှာထားနဲ့ အသက်ကြီးကြီး မိန်းမ ကြီးတစ်ယောက် မတ်တတ်ရပ်လိုက်ပါတယ်။ သူက စာရေးသူပဲလေ။
နောက် ပြီး စကားပြောခွက်ကို ကျေးဇူးပြုပါလို့ပြောပြီး လှမ်းတောင်းလိုက်ပါတယ်။
ကျေးဇူးပြုပါကို ယိုးဒယားလိုပြောလိုက်တာပါ။ စာရေးသူသိတဲ့ ယိုးဒယား စကားနှစ်ခွန်းထဲက တစ်ခွန်းဖြစ်ပါတယ်။
အဲသည်အချိန်မှာ အခုနဒေါက်တာ က စိတ်ဝင်စားသွားပါတယ်။ ယိုးဒယားစကား တတ်သလားလို့ အားတက် သရော မေးလိုက်ပါတယ်။
စာရေးသူက နှစ်ခွန်းပဲတတ်ပါတယ်လို့ ပြောလိုက် ပါတယ်။ အဲသည်တော့ သူက ဘာများနားမလည်တာ ရှိပါသလဲလို့ မေးပါ တယ်။ စာရေးသူက နားမလည်တာကို မေးချင်လို့ မဟုတ်ပါဘူး။
ကျွန်မပြောချင်နေတဲ့ မေတ္တာစကားကလေးကို ပြောမလို့ပါလို့ ဖြေလိုက်ပါတယ်။
နောက်တော့ သူတို့ရဲ့ကျောင်း Logo ပါတဲ့ စာရွက်ကလေးကိုကြည့် ပြီး မြန်မာနဲ့ဘယ်လိုတူတယ်ဆိုတဲ့အကြောင်းကို ပြောမိပါတယ်။
သူရဿတီပုံကလေး ပါနေတာကိုး။ နောက်တော့ ယိုးဒယားမှာ ရောက်ခဲ့သမျှ ဗုဒ္ဓသာ သနာကို အခြေခံတဲ့ ရှေးဟောင်းအဆောက်အအုံ ဓလေ့ထုံးစံများကို ကိုး ကားပြီး ယိုးဒယားနဲ့မြန်မာဟာ အခြေခံအတော်တူတယ်။
နယ်မြေချင်းလည်း စပ်နေတယ်။
ရာသီဥတု သစ်သီးဝလံပန်းမန်ကစပြီး ဆင်တူဖြစ်နေတယ်။ အဲသည်လိုနီးစပ်တဲ့သူများ မေတ္တာပွားကြမယ်ဆိုရင် ဘုရားအဆုံးအမနဲ့အညီ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
တကယ်တော့ စာရေးသူပြောတာက အတော် ရှည်ပါတယ်။ ယိုးဒယားမှာ ဘုရားရောက်တိုင်း ကြာဖူးကလေးကို လှူလေ့ ရှိတာကို သတိထားမိလို့ အတွေးနယ်ချဲ့မိတာတောင် ပါပါသေးတယ်။
ဆောင်းပါးရှည်နေမှာစိုးလို့ ချန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မြန်မာဆုတောင်းဖြစ်ပါတယ် လို့လည်း ပြောလိုက်ပါတယ်။
စာရေးသူ စကားပြောအပြီးမှာ မျက်နှာကြောများ လျော့ပါးပြုံးချိုလာ တဲ့ ယိုးဒယားဒေါက်တာရဲ့ မျက်နှာကိုမြင်ရတာ စာရေးသူ ဘယ်လိုဝမ်းသာ မှန်း မသိပါဘူး။
နောက်ပိုင်းမှာ စားကြ သောက်ကြပြီး ပြန်ကြဖို့ ထွက် အလာမှာ ယိုးဒယားဒေါက်တာက စာရေးသူထံလာပြီး စကားပြောပါတယ်။
သူကလေးက ငယ်ပါသေးတယ်။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ စာရေးသူသမီး လောက်ပဲ ရှိဦးမှာပါ။ သူကကြီးရင်လည်း နည်းနည်းပေါ့။
ဝတ်စားထားတာ က ဂါဝန်ပေမယ့် ပုံရိုးရိုး ရိုးရာအဆင်နဲ့ ပြည်တွင်းဖြစ်အစကို ချုပ်ထားတာ ဖြစ်ပါတယ်။
မျက်နှာက မတင်းတော့တဲ့အခါ ပြေပြစ်တဲ့ ရုပ်သွင်ရှိသူကလေး မှန်း သိသာလာပါတယ်။
သူက အမေရိကန်နိုင်ငံ အိုဟိုင်းယိုးတက္ကသိုလ်က ပါရဂူဘွဲ့ကို ရခဲ့တာပါတဲ့။ ရှင်ကရော ဘယ်ကပါရဂူဘွဲ့ကို ရပါသလဲ။ ယူ အက်စ်ကပဲလားတဲ့။
စာရေးသူက ပြုံးပြီးတော့ ယူအက်စ်နဲ့ ဆန့်ကျင်ဘက် နိုင်ငံက ရတာပါ။ ဆိုဗီယက်ခေတ် ရုရှားကရတာလေလို့ ပြောလိုက်ပါတယ်။ သူ့မျက်နှာက နည်းနည်းတော့ အမ်းသွားသလိုပါပဲ။
အဲသည်အချိန်မှာ စာရေးသူက “ဘယ်နိုင်ငံကပဲ ပါရဂူဘွဲ့ ယူခဲ့ ယူခဲ့၊ ယိုးဒယားနဲ့ မြန်မာ ချစ်ကြဖို့ဆိုတာ ယိုးဒယားနဲ့ မြန်မာနိုင်ငံသားများ အပေါ်မှာပဲ အခြေတည်ပါတယ်"လို့ ပြောလိုက်မိပါတယ်။
စာရေးသူ တကယ့် ကို ယုံကြည်စွာနဲ့ ပြောလိုက်တာဖြစ်ပါတယ်။ သူကလည်း အဲသည်စကားကို အားတက်သရော ထောက်ခံပါတယ်။
စာရေးသူတို့ ညနေပိုင်းမှာ ဗန်ကောက်ပြန်ဖို့ လေယာဉ်ကွင်းမှာ စောင့်နေကြတုန်း သူကလေးက အစ်မဖြစ်သူနဲ့အတူတူလာပြီး မနက်ပိုင်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပေးခဲ့ပါတယ်။
စာရေးသူက တွေးခဲ့ပါသေးတယ်။ ပညာရေးနဲ့ပတ်သက်တဲ့သူတွေပေမယ့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင် တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်တွေ ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို တွေးတာ ဖြစ်ပါတယ်။
တကယ်တော့ ယိုးဒယားတွေလည်း အရင်းခံစိတ်ကတော့ မရိုင်း ကြရှာပါဘူးလေလို့ တွေးရင်း ပီတိတွေ ဖြစ်ခဲ့ပါတယ်။
အဲသည်လိုပါပဲ။ ယိုးဒယားနဲ့ မြန်မာနိုင်ငံအကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် အဝေးက အဘတွေကို ခေါ်စရာမလိုပါဘူးလေ။
အချင်းချင်း လက်တို့ပြီး ကျေကျေလည်လည် ညှိလိုက်ကြပေါ့။ တစ်ခုတော့ ရှိပါတယ်။ ကလေးတွေလို သူကလည်း အပြစ်လုပ် သေး၊ အဘ သူက ရိုက်လို့ ကျွန်တော်ငိုရတာလို့ တိုင်တာမျိုး မဟုတ်ရင်ပေါ့။
ပြီးတော့လဲလေ ယိုးဒယားသမိုင်းကို သေသေချာချာဖတ်လေ နယ် ချဲ့ဒဏ်ကို သူ့ခမျာများ အတော်ခံခဲ့ကြရတာပါကလား။
နယ်မြေ၊ သိက္ခာ၊ သမိုင်း၊ ယဉ်ကျေးမှုစသည်ဖြင့် နိုင်ငံရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ လက္ခဏာရပ် တွေမှာ အတော့်ကို အပွန်းပဲ့ခံခဲ့ရတာပါကလား။
ဘယ်သူတွေရဲ့ လက်ချက် လဲ။ အနောက်နိုင်ငံသားများရဲ့ လက်ချက်ဖြစ်ပါတယ်။
သူတို့ဆက်လက်ပြီး အားကိုးနေတာဟာ သမိုင်းကြောင်းကို ပြန်လှည့်မကြည့်လို့များလားလို့လည်း တွေးမိပါတယ်။
စာရေးသူတို့လည်း ယိုးဒယားသမိုင်းကို တစေ့တစောင်းက လေ့လာကြည့်ကြမယ်လေ။
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
၂၅၊ ၅၊ ၂၀၀၁။
01/27/2025
ထားဝယ်အခေါ်အဝေါ် အသုံးအနှုန်း
ထားဝယ်စကား -အပိုင်း (၁) ။
မိခင်မူလ ဒေသိယစကားသည်နှစ်ပရိစ္ဆေဒကြာလာသောအခါ၊ခေတ်
ကာလအပြောင်းအလဲ၊ ပယောဂကြောင့်
အသစ်အဆန်းပေါရဏစကားများပေါ်
ပေါက်လာကြသည်။ကိုယ်ပိုင်ပေါရဏအပြင်၊ တခြားလူမျိုးများ၏ပေါရဏလည်းထိုးဖေါက်ဝင်ရောက်လာကြသည်
။အသုံးများလာသောအခါ မူလစကားအသုံးနည်းလာပြီးပျောက်ကွယ်သ
လောက််ဖြစ်သွားတတ်သည် ။မူလလုံးဝမရှိသည်မဟုတ်ပါ။မူလဒေသိယမရှိပဲ ကိုယ်ပိုင်သုံးပေါရဏပေါ်လာစရာအ
ကြောင်းမရှိပါ။တပါးလူမျိုးပေါရဏ၊ပယောဂဝင်စွက်၍ စကားရောသွားတာဖြစ်နိုင်သည်။သဘာဝပင်ဖြစ်သည်။မူလ ပျောက်မသွားရန်ထိန်းသိမ်းထားဖို့က လူမျိုးတိုင်းတွင်တာဝန်ရှိသည် ။
ယခုဖေါ်ပြသည့်အခေါ်အဝေါ်အသုံး
အနှုန်းထားဝယ်စကားမှာလက်ရှိသုံးနေသောစကားများဖြစ်သည်။ဘာသာဗေဒဆိုင်ရာ၊သဒ္ဒဗေဒဆိုင်ရာအလိုက်ခွဲခြမ်းစိပ်ဖြာထားသည်မဟုတ်ပါ။လက်ရှိပြောနေသောစကားကိုနောက်ယောင်ခံထားခြင်းသာလျှင်ဖြစ်ပါသည် ။
က္လောခေါန်ထပ်ကက္လီးကို၊ က္လော့ခဲန
ပ္လစ်ခ္လလိုက်တော့၊ က္လိက္လော့ကွီး က္လလာဒယ်။
က္လော့ကို က္လားသွန် ၊ က္လးအားလွန်၊ က္လားသွန်က္လားလဲ၊က္လားခေါန်ကွဲ ။
တရားထိုင်နေတာ က္လော့ က္လော့
( က္လောန့် ဂ္လေါန့် )ဂီးန ထိုင်နေဒယ်။
ဇင်းက္လော ဇင်းက္လော န မျောနေရင်၊
ဖ္လပ် ဖ္လပ် ၊ဖ္လပ် ဖ္လပ် န၊ စပ်စပ် စပ်စပ် န ပြော နေရင် ၊ပေါင်းစင်း ပေါင်းစင်း
န အိနေရင် ၊တော်န်တေး တော်န်တေး န
လောတ်နေရင်၊ ငေးတေး ငေးတေး န လောတ်နေရင် တော့၊ကွဲအို ကို က္လား ဆွဲ
လို ၊ဒွတ်လွတ် ဒွတ်လွတ်န၊ဟောတ်တိ၊
ပတ်တိ ဖျာမှ ဖြစ်မလာဘဲ ၊ဖြစ်နေမယ်
နော ။
ကိုးလိုးကန်းလန်း၊ က္လိုးထိုး က္လန်းထန်း၊ကတ်လီ ကတ်လတ် ၊ ဂွလီ ဂွလတ်
၊ပယ်လီး၊ ပယ်ဇမား ဖြစ်နေရင်တော့
"ကေ့ရကပ်ဇမား " လို့အပြောခံရမယ်နော ။
ပါချီ ပါချစ်၊ နှံ့နှံ့ နှံ့နှံ့ န ရစ်နေပီး ၊
ပ္လန်ဒိ ပ္လန်တော ၊သောင်န်း ဇားမရ ပြောနေရင်၊
" ရောဝမ်ဇမား၊ခေဖွါးမျစ်နှာ "လို့ အချီးခံရမယ်နော ။
ကော့လီ ကော့လတ်၊ တဖ္လပ်ဖ္လပ်န ၊ဗေမဆားဖ္လူး၊ ဆတ်ဆတ်လူး၊ ဗိုမ ခ္လေး ပ္လန်း ၊မော်ဒယ်ဆန်းမျိုး အတုခိုးနေရင်တော့၊ နို့ ဝယ်သူ မှုတော့ဘူး ဟေ့။ ( ဂွမ်းလှူး၊ လှူးကိုမြန်မာစကားတွင်သုံးတာနည်းသည်၊မတွေ့ရလောက်ပင်)။
ရွှေဝယ်သူများ ရေခပ်သွား၊ရေအိုး
ကိုယ်စီ၊ သူးနိ့ပါလေသည်၊ ရေတွမ်းမာ ၊
ချင်း(အတင်း)ဒွေပြောပီးနွှဲ ၊ အိုးဒွေ ဗ္လန်း
ဗ္လန်းကွဲ ။
ဓဝယ်သူ(ဝယ်သူ)ဒွေလှဒယ်ဆို ၊ပပဝတီလို ၊ က္လော့ပေါ့မာ ၊လတ်တနှိုက် ၊ ဂံသားဂို သူမကြိုက် ။
ဓဝယ်သားသစ္စာ အမှန်အကန် ၊ အခီတန် အီပ္လန် ၊ မီးမယူတယ်ကား ။
ထားဝယ်သူအလှ၊အဆင်အပြင်ဂ၊
ကေ့သော့ ကေ့သာ၊ သူ့မျစ်နှာ။ ဆန်းဗန်ရှေ၊သွဲးသွဲန၊ အောင်းန်ဆီလူး ။ အန်းဂီလတ်ရှေပွပွန၊ တောသံဂီးလူး ။ ခေ(သ)
လောင်န်းပေါ် ဖီတောပီး ၊ ထားဝယ်ထီးဆောန်း ၊ ဘီးတန်းဖနပ်စီး ၊ အလှမာရှု
မငြီး၊ ထားဝယ်သူမအေးညီး(ကဗျာကာ
ရံယူသည်)၊လဲဗ္လန်မာကွယ် ၊ ခေကလွန် လို့ ၊ ခေသလောင်န်းမာကွယ် ၊
အလိုဗျာ-က္ဗယ် ဒွေ ၊ ဖွေးဖွေး ဖ္လူ ၊ ဖ္လူ ဖ္လူဖွေး တဲ့ ၊ အိုဘဲ့-ထားဝယ်သူ အလှပဂေး ၊တင့်လှတယ်လေး ။
ကွမ့်စိ ကွမ့်စိ န အသံကြားနေ၊ မဲ
ဒေါင်န်းအီဂလေ ။ဖျာဖြစ်နေနူး သွား ရှောင်န်းဂေ့ ၊စစ်က္လ စစ်က္လ မဲ ဒေါင်းန်း လန်များ၊ နမ်း(နင်း)ပေးနေဒယ်မား ။
မိုးဒွေဂသဲ ၊ဇီးပ္လစ် အန်းထဲ ၊ ခ္လေး ပ္လန်းပ္လန်းန ရေခ္လိုးနေ။သူးနို့ဒွေကို စော့ဗြင်ကပ်၊မုဆီမှတ်ပီး ခွီးတတ်ဟပ်။ ဗျောသီး
မှတ်ပီး ၊မျော့တတ်ဖပ် ။
မှတ်မိလွယ်အောင်ကဗျာဖြင့်တင်
ပြခြင်းဖြစ်သည်။အသံထွက် ဆိုလိုချက်ကွာခြားနိုင်သည်။ဥပမာ-ကြွက်ကို ကွပ်ဟူသောစာလုံးကိုအသံထွက်(သဒ္ဒ)နှင့်နီးစပ်သော ကွမ့် ဟုဖေါ်ပြထားပါသည်။
မှတ်ချက်။ ။ထားဝယ်ဒေသိယစ
ကားများပါသလို၊ထားဝယ််နှင့်တခြား ပေါရဏ စကားများပါဝင်သည်၊ထား
ဝယ်နှင့် တပါးလူမျိုးပေါရဏစကားကပိုများသည်ဟုယူဆပါသည် ။
လဲဗ္လလန်=လယ်။လယ်ထဲရှိရွှံ့=က္ဗယ်၊ဗယ်။အိုးလုပ်ရန်လည်းအသုံးပြုသည်။ဗွက်=ဗွပ်=ညစ်ညမ်းနေသောရေ၊ရေဝပ်နေသောနေရာ။ဇီးပ္လစ်=ညစ်ညမ်း နေသောရေ ရွှံ့။ ဇီးပ္လစ်အန်း=ညစ်ညမ်း နေ
သောရွှံ့အိုင်ငယ်။ စစ်က္လ=အမှန်ကတော့၊အမှန်ဆိုရင်၊တကယ်တန်းဆိုရင်။ ခ္လေးပ္လန်းပ္လန်း=ကိုယ်လုံးတည်း။ရေချိုး =ရေခ္လိုး။ဘောင်န်းလန်း=တွဲလွဲဆွဲ။ တွဲလွဲခို။ ပြာသို=ပြာ=ပျားဖယောင်း၊မီးလောင်ပြီးကျန်သည့်ပြာ(Ash) ၊ပြာပြာသလဲ၊။ထား
ဝယ်အခေါ်=ပ္လာ။ ပ္လားပ္လာ ပ္လားပ္လာ န၊ ဗြားဇီး ဗြားလော်။ မတ်မတ်ထိုင်၊ကြောင့်ကြောင့်ထိုင်=က္လော့က္လော့ထိုင်။ ။ပုတ် နှင့်
ဘုတ်ကို ပု ၊ဘု ။ဘု ထော့ ကို မီးဖိုခန်း ။စပါးကျည်=ဗါးဟန်း၊ဗါးကပ်။
မြန်မာစာ၊စကားတွင်မရှိသောထား
ဝယ်စကားများစွာရှိသည်။အခြေခံကိုက ထားဝယ်စကားဖြစ်နေသည်။
ဇီးပ္လစ်၊ စစ်က္လ ။ ဗြားဇီးဗြားလောန်စသည်စကားများသည် ထားဝယ်ဒေသိ
ယစကားဟုယူဆသည် ။ဒီကစကားတွေကိုယူသွားပြီးသက္ကတ၊ပါဠိ၊ဗြဟ္မီ ၊သူတို့နဲ့နီးစပ်ရာဝေါဟာရတွေနဲ့ယူပြီး၊နသားဘာယား သူ့တို့အပိုင်လုပ်လိုက်သည်ပညာရှိ
သုတေသီများ Analyseလုပ်သင့်ပါသည်
။ထားဝယ်ဝေါဟာရဒီပနီ၊ အဘိဓါန်ပြုစုထားဖို့လိုပါမည်။လောလောဆယ်မြန်မာစာဖြင့်ပြုစု စေချင်ပါသည်။ထားဝယ် ဒေသိယစကားအပြင်ဒေသဓလေ့ထုံးစံ၊ယဉ်ကျေးမှုများလည်းပါသင့်သည်။မိမိကိုယ်ပိုင်ပစ္စည်းဖြစ်ကြောင်း အခိုင်အလုံပြပြီး၊သူတို့လက်ထဲကဆွဲထုတ်နိုင်ဖို့လိုပါသည်။( သူတို့စကား၊စာတွေမပေါ်မီကတည်းက၊ထားဝယ်စကားပေါ်နေပြီးသား။ထားဝယ်စကားကိုမယူဘူးလို့ဆို
နိင်ပါသလား) ။
" နို့ဇာနို့ဂို ပ္လန်ပေး"လို့တောင်းနိုင်ပါစေ ။
မျှဝေသူ - တကာစံ ။၁၅၊၁၊၂၀၂၅ ။
အပိုင်း(၂)သို့ဆက်ရန် ။
Photos request for permmisions.
01/27/2025
ထားဝယ်အခေါ် အဝေါ် နှင့်အသုံးအနှုန်း
များ- ထားဝယ်စကား၊အပိုင်း(၂)။
ထားဝယ်လူမျိုးရှိသည်။ကိုယ်ပိုင်စ
ကားရှိသည်။ယဉ်ကျေးမှု ဓလေ့ရှိသည်။
ထီးနန်းနှင့်တကွ နယ် မြေ အတည်အကျ ယနေ့တိုင်နေထိုင်လျက်ရှိသောလူမျိး
ဖြစ်သည်။ဘာလိုသေးသလဲ၊ ဘာစောဒက တက်အုန်းမှာလဲ ။
တခုပဲပြောချင်သည် နှစ်ပေါင်းရာချီကိုယ်ပိုင်စာပေမရှိပါ ။လူမျိုးတမျိုးစီ၏စာပေယဉ်ကျေးမှုဖေါ်ထုတ်ဖို့နိုင်ငံ
တော်မှာတာဝန်ရှိပါသည် ။
ထလော့ ဓဝယ် ၊ဒို့ဓဝယ် -
* ဇာတိသွေး ဇာတိမာန်ယဉ်ကျေးဟန်တွေနဲ့ ၊ သမိုင်းအခြေမှန်၊ဇွဲသန်သန် ၊ထိန်းသိမ်းလာခဲ့ပေ ။ တစ်ထီးတစ်နန်းနဲ့စံမြန်းလာခဲ့သလေ၊
ဒါတို့မြေ ဒါတို့နယ်မြေ ၊တို့ ဓဝယ်မြေ ။
တို့နယ်မြေ တို့နယ်မြေ နှစ်ပေါင်းရာထောင်ရှိခဲ့ ပြီလေ ၊ တို့ ဓဝယ်မြေ အောင်စေ။
* အာဇာနည်အမျိုးတွေ ထွန်းပေါက်ခဲ့သည်လေ ၊
ဓဝယ်စကားကိုထိန်းသိမ်းခဲ့ကြပေ။
တို့လူတွေ တို့လူတွေ ၊သမိုင်းမဏ္ဍိုင်ခိုင်မာပေ ၊တို့ ဇာတိနယ်မြေ မှန်ပေ ။
* အမျိုးသားတို့ စည်းရုံးခဲ့ကြပေ ၊
တမျိုးသားလုံး ဇာတိမာန်ဝေဝေ။
ဒါတို့မြေ ဒို့ပိုင်နက်မြေ ။
* ငါတို့မြေကြီး ရွှေထီးခိုင်ခိုင်မာမာ
စိုက်ထူကြမယ်လေ ၊
တို့လူတွေ တို့လူတွေညီစေနော်ညီစေ ။
*အမျိုးအနွယ်အဆွေ ဓဝယ်အမျိုးတွေ၊
*မပယ် မကျိုး မသွေ ၊ဓဝယ်အမျိုးလေ။
* မညှိုးမငယ်မကျေ ၊တို့အမျိုးတွေ။
* မာန်တိုးသလေ၊ ဓဝယ်အမျိုးတွေ ၊
* သန်ဖြိုးဝေ၊ ဓဝယ်အမျိူးအဆွေ ။
* အလျှံတိုးဝေ ၊ တို့နယ်မြေ ။
* ငါတို့နယ်မြေ၊ သစ္စာမြေမှန်စေ ။
* တို့လူတွေ တို့လူတွေ ၊
တို့နယ်မြေကောင်းအောင် ၊
စွမ်းဆောင်ကြမယ်လေ ၊
တို့လူတွေညီစေ ။
• ထားဝယ်သွေးဟူသည်၊ ရဲရဲနီ သည်၊
• ထားဝယ်သွေးမဖြူ၊ ရဲရဲဆူသည်။
• ထားဝယ်သား နဲ့ ထားဝယ်ဓါး ၊
• မြဲမြဲကြီး ဆုပ်ကိုင်ထား ၊
• နှလုံးမစိမ်း ၊စည်းရုံးသိမ်းလို့ ၊
• သမိုင်းမှာမိုးထိအောင်တိုးတဲ့
ထားဝယ်မျိုး။
• ထားဝယ်သွေးနဲ့ သတ္တိ၊သမာ(ဓိ) ၊
• အစွမ်းကိုသာ ပြကြလော့၊
• ထလော့ဓဝယ် - တို့ဓဝယ်။ တကာစံ။။
လက်ရှိထားဝယ်သူထားဝယ်သားများ၏ စကားပုံကိုဖေါ်ပြလိုက်ပါသည်။ထားဝယ်စကားပုံပါသလို၊မြန်မာစကားပုံကိုမှီငြမ်းသည်လည်းပါသည်။သို့သော်ထားဝယ်ဟန် ထားဝယ်အသံအဖြစ်ဖေါ်ပြပါသည်။
၁ ။ စာဖလောင်န်းတောန်း၊
အကြံကောန်း၊
အိကောန်း ယာကောန်း န နေရဒယ်။
၂။ တစ်တီတွတ် ၊ အကြံရွတ် ၊
မိုးစွတ် လေစွတ် နေရဒယ် ။
၃။ ဂဏန်းဂီး ၊ နှေ့ခေါ့ ရှော့ ။
၄။ ညင်းသီးက အီးပ္လောင်န်း ပ္လန် ။
၅။ ဆားကပ် ၊လော့တတ် ( ဆားထည့်
သည့်ကျည်တောင့်၊လောက်တက်)။
၆။ ညောန်းဆွဲ ၊ ဘောန်းခဲ။ ( အချိန်ကုန်အညောင်းခံပြီး ငါးမျှားလျှင် ငါးကြီးကြီး
ကကပေါင်းငါးကိုရတတ်သည်)။
၇။ ဘားရှင်၊မျော့လိုက်။(စပါး၊မျောက်)
၈ ။ မစားရဖူး ၊ ပန်ဖူးလတ် သောတ် ။
၉။ လှည်းထပ် ဘီးကီး ။
၁၀။ အားလို၊ ရှိုခဲ။(အားလိုရင်အချိုစား)
၁၁။ ခွါးတတ်ရှင် ၊ ဘားတတ်ရှင် ။ ( သခွါးပင် လည်းတက်ချင်၊စပါးပင်လည်းတက်ချင်)။
၁၂။ ကျောပွတ် ၊ လောဂွတ် ။
၁၃။ မီမ ခြော့ယော့ ၊ လှေနန်းမှော့ ။(အမျိုးသ မီး-၆ယောက်လှေစီးရင်၊လှေနံ
ဟိုဘက်ဒီဘက်နင်းလို့၊လှေမှောက်သည်)
၁၄ ။ ယော့က်ျား သောင်န်းဆယ်၊ ဇင်း
တိတိဗြယ် ။ ( ယောက်ျား-၃၀စီးပေ
မဲ့၊ ပုဇင်း အော်သံသာကြားရသည်)
၁၅။ ကြောန်မ လန်လို ၊ ကြောန်မပန်း ။
၁၆။ မိသေ ၊ ဂေါဖုံး ။( အမေသေလို့ ၊
စကော နဲ့ဖုံးသော် မလုံ)။
၁၇။ ငိုဗန် ရယ်ဗန် လိစူလဖန် ။
၁၈။ ပိယူ ဒေါ့ နံ ၊ ဆားယူ ဒေါ့ ကျန်၊
ရေထည့် ဒေါ့ ရှန် ။
၁၉ ။အိကောင်န်းဒူး ၊ မိုးသာထ။
စား ဒိ ကောန်း ၊ မှန်းချိုးစ။
ထိုင်ဒိကောန်း ၊ လှေခါးဝ ။
၂၀။ လိကြုံ ၊ လူမသိ( လိပ်ပိန်တာလူမ
သိ)။
၂၁။ ခွီးထပ် ၊ ဗွီးရေးကီး။( ခွေးထက်
အမြီးက အရေးကြီးသည်)။
၂၂။ရွှေလှေလာ ၊ ပိလှေ ဆားလှေထွပ် ။
(သူဌေးလာတော့၊ ဆင်းရဲသား တွေ
ရှောင်) ။
/ ထားဝယ်အခေါ်အဝေါ် များ -
ဆပ်ပြာကို ဆပ်ပ္လာ ။ပြားကို ပ္လား။ပျား=ပျား။ဖြူး=ဖ္လူး။ပြန်၊ပျံ=,ပ္လန်။ လပြည့်=လပ္လယ့်။ လဗ္လဲ့။ ပြုပ်=ပ္လု။
သင်္ခ်ျုင်း=သန်းခ္လိုင်း။ ဂွေလှိမ့်=ဂွမ်းလှူး။
မရှိ= မှေ့ ၊မဟှေ့။ စိတ်ခု=မျစ် ၊စိကော့။
မြည့်=မ္လိ ။ဖြည့်၊စွက်၊အပိုထည့်=လှော့ ၊
လှောက်။ ပန်းဝတ်မှုံ=ပန်းမှောင်။လဲ=နူး
။ဘာလဲ=ဖျာနူး။ ဖျာ=ဘော့၊ယခုဖျာဟူ
၍သာအခေါ်များသည်။ဘော့မသား=
အန္တရာယ်တခုခုကြောင့်သေလျှင် အစိမ်း
သေသည်ဟုခေါ်သည်။အစိမ်းသေကိုဖျာ
နှင့်သာထုပ်၊လိမ့်လေ့ရှိသည်။အခေါင်းလုပ်ခွင့်မရှိ၊မီးမသင်္ဂြိုလ်ရ ၊မြေတွင်မြှုပ်ရသည်။နေအိမ်ပြန်ယူလာပြီးဧည့်မခံရ။ချက်ချင်းမြှုပ်ရသည်။အခုတော့လုပ်ချင်သလိုလုပ်လို့ရသည်။
တဦးတယောက်ကိုစိတ်ဆိုး၍ကြိမ်ဆဲလျှင် ဘော့မသားဟုကြိမ်သည်ပေါက်
ကရသားဟူ၍လည်းအဓိပ္ပယ်ရသည်။ယ
ခုသိတ်မပြောတော့ပေ။သေချင်းဆိုးဟုသာပြောတော့သည် ။
ယနေ့တိုင်ပြောနေဆဲ ထားဝယ်စကားအခေါ်အဝေါ် အသုံးအနှုန်းများ-
သန=ကဗ္လား။ အရပ်မြင့်=က္လန်။ ရောနှော၊(ကပြား)=က္လဲ။ဖိုခနောက်=
ခ္လေါက်။ ကန့်လန့်=ဖ္လာ။ ချေးညှော်=ဂ္လေး ။
ထမင်းမြိန်=မှန်းမ္လီ။ အောက်စနှိုက်(ဆဲသည်)=ဆီးဇာတိုက်။ အလွန်အမင်း=ခွပ်
ခွပ်လန်။ အလွန်အမင်းစား=အိုင်ဂီးရှစ်
ပ္လဲးစား။ အဆမတန်=ဘောန်းလန် ။ အ
မွှာပူးမွေး=ဘွာပေါက်။ ရောင့်တက်=အံ့ဇားလို။ ပန်းပေး=ဘုဗြယ်။ပလူကောင်=
ချပ်ချောင်န်း။ စဉ့်အိုးငယ်=တွတ်။ စဉ့်
အိုးကြီး=ဟဲလော။ စပါးလင်ပင်=ဗြစ်
ကသွန်ဗန်။ ပိုက်ဆံအကြွေလဲ=ဗြန်ဖ။ အုပ်ဆောင်း=မွှပ်။ လူပွဲစား=ဩောသယ်။ မြင်းခွါရွက်=ရော့မရင်ဂျော့ဝမ့်။
လက်သည်=ကတိသယ်။မီးဖိုဆောင်=ဘုထောန့်။
မီးဖိုဆောင်နောက်ဆွယ်=နောက့်စွပ်။ မြည်းသည်=ဗြဲ။
ချုံ=ပုတ်၊ပူးဆိုး။ ပိုးကြေးပန်းကြေး=ကပြိုး။ သကဲ့သို့=အော့န်ညော်။ သွက်လက်ချက်
ချာ=ကြစ်တွတ်တတ်။ ဟုတ်တိပတ်တိ
=ရဇုမိဇု။ အလကား=ဝိန။ လန့်ယားလန့်ယား=ဇင်းက္လော ဇင်းက္လော။ အများကြီး=
ဘောင်န်လောင်န်း ခ္လောလောင်န်း။
ငြုတ်သီး=ဂျုသီး။ငြင်းခုံ=ဂျင်းခူ။ငြောင့်စူး=ဂျော့စူး။သုန်း=သူး။ထားဝယ်မကျ၊မြန်မာမကျပြောသည်ကို "ဂံခြမ်း" ဟုပြောသည်။
(ဒေသိယစကားမရှိတော့ဘူးဆိုတာရေးစရာအများကြီးကျန်သေးသည်)။
စာလုံးပေါင်းကွဲလွဲနိုင်သည်။နေရာမလုံလောက်သဖြင့်အပြည့်အစုံမရေးနိုင်ပါ။မှားတာတွေ့ရင်ပြင်ပါ။ကိုးကား စာ
အုပ်များကိုဖတ်ပါ။ရှေးထားဝယ်အခေါ်အဝေါ်အသုံးအနှုန်းများကိုရတဲ့နေရာမှနှိုက်ထုတ်ပါ။ယခုလူငယ်များရေးနေ သောထားဝယ်စာများကိုမဖတ်တတ်ပါ။
ထားဝယ်ပြဌာန်းစာအုပ်မတွေ့ရသေးပါ။
တချို့လူငယ်များ၊န နဲ့ရေးရမှာကို ဏ နဲ့ရေးသည်။ လ နဲ့ရေးရမှာကို ဠ ရေးသည်။ပါဠိစာလုံးနဲ့ နီးစပ်တဲ့စာလုံးကိုမသုံးဖြစ်မှသုံးပါ။အများဖတ်ရန်လွယ်ကူသောစာများဖြစ်သင့်သည်။ စာတွေကို
မဖျက်ဆီးစေချင်ပါ။သတ်မှတ်ထားသောအက္ခရာများဖြင့်သာရေးကြပါ။လမ်းသူရဲစကားလိုမပြင်ပါနဲ့၊မထွင်ပါနဲ့။ဒီလိုရေးမှခေတ်မီတယ်လို့မထင်ပါနဲ့၊ လက်တဲ့မစမ်းကြပါနဲ့။လမ်းသရဲယဉ် ကျေးမှုဖြစ်သွားနိုင်သည်။ဝတ်စားဆင်
ယင်မှုပြင်ချင်သပဆိုရင်ပြင်ပါ။
"ဖန်ပ္လဲ ပ္လဲ နေရင်လဲ ရတယ် " ။စာကိုမပြင်ပါနဲ့။သတ်မှတ်ထားသောအက္ခရာ ၊အသုံးအနှုန်းဖြင့် တညီတညွတ်တည်းဖြစ်အောင်ရေးကြပါ။ထားဝယ်စာဟာဘယ်စာမှန်းမသိဖြစ်သွားနိုင်သည်။မှန်အောင်မရေးရင်ရှုတ်ချမည်။ကိုယ်ပိုင်စာ၊ကိုယ်ပိုင်ယဉ်ကျေးမှုပျက်သွားနိုင်
သည်။ဒေသိယစကားပျောက်သွားနိုင်
သည်။ သတိပြုကြပါ။
အမျိုးပျောက်မှာစိုးသည်။
ထားဝယ်လူမျိုးဆိုတာ -
" ခ္လေး ပ္လန်း ပ္လန်း မှုဟှ " မင်းမြှောက်တန်
ဆာအပြည့်ရှိတဲ့လူမျိုး။
ကိုးကား-ဆရာဦးကျော်မင်း။မောင်လေး
တင့်၏ထားဝယ်ဒေသိယစကား။
မျှဝေသူ - တကာစံ ။၁၉၊၁၊၂၀၂၅။
အပိုင်း(၃)သို့ဆက်ဖတ်ပါ။
Photos request for permmision.
01/27/2025
ထားဝယ် အခေါ်အဝေါ် နှင့်အသုံးအနှုန်း-
ထားဝယ်စကား ၊အပိုင်း(၃)-
ယခုရေး သောထားဝယ်စကားသည်၊ဘာသာဗေဒ၊သဒ္ဒဗေဒ၊ကဗ္ဗည်း အက္ခ
ရာ၊သတ်ပုံသတ်ညွှန်းများဖြင့်ခွဲခြားစိပ်ဖြာထားသည်မဟုတ်ပါ။ကြားနေရသောအသံ ၊ဟန် ကိုနောက်ယောင်ခံ၍
ရေးထားခြင်းသာလျှင်ဖြစ်ပါသည်။
သမိုင်းအမြင်နှင့်စပ်လျဉ်း၍၊သာမန်လူတဦး၏အ တွေးအမြင်သာလျှင်ဖြစ်ပါသည်။
ထားဝယ်စကားတွေ ပြောနေဆဲ ၊ဆိုနေဆဲ -
ပ္လဲ ပ္လဲ လန်= ပ္လား ချပ်ချပ်ငါးမုကိုနော် ၊
ဆီန ကြော် ။ ရှစ်ရှင်း ဘဲ့ကွယ် ၊
ပလဲ ပလဲ လန် ပီးကီးးလာဒယျ ၊
(စာလုံးနှစ်ဆင့်ရေးလို့မရပါ။ပြဲပြဲလန်
ဖြစ်သည်)
ဥုံဖွရယ်လို့ မန်းနေစရာမလို။
ငါးမု(ငါးမုန့်)ဆိုတာ နသတ်နမုန့်ကို
ခေါ်တာပါအကို ။
ငါးမုတ်( မုတ္တ ) တသတ်န မှုဟှ့ ဆို။
(ငါးမှာမုတ္တ မရှိပါ)။
ဂွေးနဲ့လုပ်တဲ့ ပိဆိုတာရှိတယ်။
လူဂွေး န လောတ်ထားတာ မှု့ဟှ့။(ဂွေးကောင်နဲ့)။
ပ္လစ်စိစိ န က္ဇီ ဆိုပါလား။ စားရှင်ဟှမား ။
ပ္လစ်စိ ပ္လစ်စိ န၊ဒါးပ္လန်ထဲ လမ်းရှော့ရလို ။
( ဒါးပ္လန်=ကမ်းနားကရွှံ့ပြင်)
တခါက ထားဝယ် အပြောလေးများ +
၁။ အစ်အစ် အစ်အစ်န ၊ ဗြစ်ဗြစ် ဗြစ်
ဗြစ် န၊ မဖြစ် မဖြစ်လို့ ချွဲ ဒဲ့၊
နော်န်စစ်အော်န် နှဲ ။
၂။ လတ်သောတ်၊ လတ်နယ် ၊
ပ္ဘစ်စိ ပ္လစ် စပ်။
ပ္လစ် ပ္လစ်၊ ပ္လစ်ပ္လစ် န နယ် ၊
ဗြစ်ဗြစ် ဗြစ်ဗြစ် နလတ်ကြားထဲဂ ယို
ထွမ့်၊
ညစ်တိ ညစ်ပတ်၊ အပ်အပ်ဆိဒွေ ၊
ဖြစ်သွားမယ်နော ။
၃။ ဗြင်း အီးပေါ့ လို ၊ ဗြစ်ဗြစ် ဗြစ်ဗြစ်န ၊
ပီး-ကို ၊ ပီး-နိုင်ဟမ်း ။
( ရထားစီးဖူးဟှင် သိမယ်)။
၄။၊ပလား ပလာ၊ပလား ပလာ န ၊
(လိုအပ်သည့်စာလုံးရိုက်၍မရပါ)
ဗြားဇီး ဗြားလှော်န် န၊
လားမ လန် ပျော့လို ။
၅။ ကျွိကျွိ ၊ ကျွိကျွိန ၊ ဖွါးအေးမေ အီဂ ၊
ဆီးဆောင်န် လို ၊ ညှော့ ညှော့န ငြီးမ
နေန။
၆။ ရိကပွဲကိုသွား၊ သူနို့နှစ်ယော့ညား ၊
ရိကပွဲက စတိုင်မျိုး၊ သူးနို့တုခိုး။
ပြင်ဆင်တာက မလှ၊အော်ဂလီဆန်ဇ ။
ထားဝယ်စကား လုံးချင်းများ -
စို စွတ်ရွှဲ=စိုတာကရေစို၊ရေနဲ့ဆွတ်လို့စွတ်သည်။သင်္ကြန်ရေပက်လို့စို၊စွတ်
သည်။ရွှဲသည်။အရည်ရွှဲတာ၊ရွှမ်းတာ။ယခုထားဝယ်က စိုတာကိုအသုံးများ
သည် ။
ခြောက်သွေ့=အစိုဓါတ်မကျန်တာခြောက်။
အစိုဓတ်ကျန်သွေ့။ခေါင်းလျော်ပြီး ရေဓါတ်ကျန်တာသွေ့။ရှေးထားဝယ်က အ
ဝတ်ခြောက်တာကိုသွေ့၊ ငါးနေလှမ်းလို့ခြောက်တာကိုခြောက်။ခွဲပြောသည်။ယခုသွေ့ အသုံးနည်းသွားပြီ။ခြောက်တာကိုပဲအပြောများသည်။
ရေတက်=ရေတတ်၊ရေထ။ရေပြည့်=ရေပ္လဲ့၊ရေငြိမ်=ရေအီ။ရေကျ=ရေက္လ၊ ရေ သေ=ရေစစ်။ ရေထ ၊ရေ သေ ။
ပ္လဲ့တိတိ=အိုးနခမ်းအထိရေ ထည့်ထားသဖြင့် တိတိဖြစ်နေသည်ဖြစ်၍ နောက်
ထပ်ထည့်လျင် လျှံဖို့သာရှိတော့သည့်အ
နေအထားကိုတိကျစွာဖေါ်ပြခြင်းဖြစ်
သည်။မြန်မာစကားတွင်" ပြည့်ပြည့်ဝန်းဝန်း" ဆိုတာရှိသည်
ရှိုက်ကြီးတငင်ငို=ငိုဂီးရှစ်မ၊အိုက်ဂီးရှစ်မ ငို။
ရှင်ရှင်ဩ=ဘုရားရှင်၊ သံဃာအရှင်ကိုခေါ်သည်။မိရှင်ဖရှင်။မိခံဗျား ဖခံဗျား။လူကြီးမိဖများကိုရိုသေသမှုကိုပြသည် ။
ထစ်ထစ်ပါအောင်/ထစ်ထစ်လန်အောင်
ဆိုးသည်။ငိုသည်။(အလွန့်အလွန်ဆိုး/ငို)။
ငွေ၊ပိုက်ဆံ=ကပ်။ဗြန်။ထားဝယ်ထီးနန်းတည်ထောင်ပြီး၊ငွေကြေးသုံးစွဲ နေပြီ။ကိုယ်ပိုင်ထုတ် ခဲ၊ သတ္တုစပ် ဒင်္ဂါးတွေဖြစ်သည်။သတ္တုထည်လုပ်ငန်းမှာ ကျွမ်းနေပြီဆိုတာကိုပြသည်။အိမ်သုံး၊လယ်
ယာ၊လက်သမား၊လက်နက်များထုတ်
လုပ်နေပြီ။ဒင်္ဂါးကိုအသုံးပြုတယ်ဆိုတာလူမျိုးအဆင့်အတန်းမြင့်တာကိုပြတာ။ "ထန်မသေးန ၊ ဓဝယ်အရည်အချင်းက
ပြနေသည်။ပြောနေသည်"
တတ်သမျှ မှတ်သမျှ ကြားဖူးတာလေးတွေနဲ့ ထားဝယ်အကြောင်း ရေးပါမည် ။တကာစံက သမိုင်းကို သမိုင်း စတိုင်ကြီးနဲ့ ဘုတ်ကြီးအုပ်ကြီး တွေလို၊ စတိုင်တခွဲသားနဲ့ ရေးမှာမဟုတ်ဘူးနော်။ရင်တွင်းခံစားချက်နဲ့ရေးပါမည်။
အောင်သာဝတီ-အေဒီ (၇၀၅-၉၀၈) ကပုဂံမင်းဆက် -၂၃ ။ပိတ်တောက်မင်း
( ၆၆၀-၇၁၀) နှင့် ခေတ်ပြိုင်။
ပုဂံ-(အေဒီ ၊၁၀၄၄ )သည်၊အောင်သာဝတီ-(အေဒီ-၇၀၅ )ထက် ၃၃၉,နှစ်နောက်
ကျသည်။ (ထားဝယ်သမိုင်းအစသက္က
ရာဇ်များစဉ်းစရာရှိသည်။ လက်မခံချင်သလိုလို၊လက်မခံချင်သလိုလိုဆိုပါတော့)။
ပျူ ခေတ်မှာ ဗမာမမွေးသေး၊ဘူးဘယ်
ဘဝရောက်နေမှန်းမသိ။နတ်လား၊တိရိစ္ဆာန်လားဘဲ့။
ပျူက ထားဝယ်လူမျိုးကို "ဒိုင်လေး ဒိုင်လေး၊ ဒိုင်ဘာလေး" လို့လက်ဝါးလေးဖြန့်လိုက်၊ဆုပ်လိုက်နဲ့သူတို့က ထားဝယ်စကားကိုသင်ပေးခဲ့သည်မဟုတ်။ပျူပုဂံနဲ့မတွေ့မီကတည်းက၊ ပြော နေသည်။ထားဝယ်ဟာ ဟန်နဲ့၊ ပန်နဲ့၊မာန်နဲ့၊ ဌာန်နဲ့ အကွက်ကျကျ ထားဝယ်စကားကိုပြောနေတာကြာပြီဖြစ်သည်။ပျူနဲ့ထားဝယ်တွေ့လို့ ၊ထားဝယ်ကစကားပြောတော့၊ သက္ကတ၊ပါဠိ၊ဗြဟ္မီ၊ပျူ စကားတွေနဲ့တူနေလို့ သူတို့အံ့ဩသွားမည်ထင်သည်။တွေးတယ်၊စိတ်ကူးတယ်ဆိုတာ၊အပြစ်မရှိပါ။ခေတ်စကားအရ ထားဝယ်မိုက်တယ် လို့ တောင် သူတို့ထင်ကောင်းထင်နိုင်သည်။
အိမ်နီးနားချင်း ၊တလိုင်း(မွန်)နဲ့ထား
ဝယ်က ရန်ဖြစ်ဘက်၊စစ်တိုက်ဘက်။ကူး
သန်းဘက် ၊ယဉ်ကျေးမှုဖလှယ်ဘက်။မွန်-၄၂ရွာအမည်စာရင်းတွင်တဂုံ၊ ကမာရွတ်၊တွံတေးအပါအဝင် ၊ဎဝဲါ=ခြေနှစ်ဖက် ပလ္လင် ခွေ ၊သင်္ကေတ(ထားဝယ်)ဟုဖေါ်ပြထားသည်။ ထားဝယ်စကားတွင်မွန်အသုံးလည်းပါသည် ။တချိုထားဝယ်
မြို့စား၊ သံဗျင်များသည် မွန်လူမျိုးများဖြစ်သည်။ကျန်စစ်မင်းလက်ထက် အေဒီ
(၁၀၈၄-၁၁၁၂)။ထားဝယ်မြို့စား၊မြို့ဝန်များ၊နှင့်သံပျင် အနန္တဇေယျဘိကြာန်နှင့် သံပျင်ယံခိ လှူဒါန်းသောအုပ်ခွက်ဘုရားကျောဖက်တွင်ရှေးမွန်စာဖြင့်" ဒဝါယ် " ဟုရေးထိုးထားသည်ဟုဆိုသည်။(သံပျင်=သူကြီး။မွန်အမည်=သမ္ဗေင်) နောက်တွေ့ရှိချက်များ နေရာမရ၍ မရေးတော့ပါ။
ထားဝယ်၊တလိုင်း(မွန်)သမိုင်းကိုပေါ်ပေါ်ထင်ထင်ရေးသည်ကိုမတွေ့ရပေ။စာရေးသူနှံ့နှံ့စပ်စပ်မသိသည်လည်းပါပါသည်။မော်လမြိုတွင်ထား
ဝယ်စုရပ်နှင့်ထားဝယ်တံတား ယနေ့တိုင်ရှိနေသည်။
( ဒါတွေကို ပီပီပြင်ပြင်ဖေါ်ထုတ်ကြစေလိုပါသည်)။
ထားဝယ်ဗုဒ္ဓဘာသာအယူပုဂံထက်စောသည်။ရှင်အရဟံရဟန္တာမထောရ်မြတ်ထံမှခံယူကျင့်သုံးသည်။ဗုဒ္ဓဘာသာကိုပုဂံကတိုက်ယူခဲ့သည်။ရဟန္တာအရှင်မြတ်ကိုဖမ်းပြီး၊ဘုရင်ကိုအကျဉ်းချ။
ပိဋကတ်တော်တွေကိုလှည်းလှေတွေနဲ့ပင့်ဆောင်။လူ တွေကိုထောင်နဲ့ချီဖမ်းပြီး၊အတင်းဖမ်းပြီး၊ကျွန်စာရင်းသွင်းလိုက်သည် ။ရှင်အရဟံ
ရဟန္တာမထောရ်ထံကြွပြီး၊ ပင့်ဆောင်ပြီး၊
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလျှင်ရနိုင်ပါ
သည်။
ထားဝယ်လူမျိုးတွေကိုကျွန်အဖြစ်ဖမ်းသွားတာအများကြီး။သာဓကတခု၊ပုဂံ၊အေဒီ၁၂၅၆ထိုးမြန်မာကျောက်စာတွင်၊" တဝယ်သကူသူ တရာလေကျိပ် "
Taway sa ku su tara le kyip" ထားဝယ်ကကူးလာသူ ၁၄၀ ကိုကျွန်အဖြစ်လှူကြောင်း ဖေါ်ပြထားသည်။
ထားဝယ်ကယဉ်ကျေးမှု၊စကားအ
ရာ၊စစ်ပညာ၊လက်သမား ၊ပန်းရံ၊ဥယျာဥ်လယ်ယာစိုက်၊ထရံရက်၊ငြမ်းဆင်၊ ငါးဖမ်း၊ရေလုပ်ငန်း၊လှေသူကြီးလှေသား၊အုတ်ဖုတ်၊အိုးလုပ်၊အထည်ရက်၊ဓါးလှန်လက်နက်လုပ်စသည့် အတတ်တွေကျွမ်းတယ်မဟုတ်လား။ ထားဝယ်ယဉ်ကျေးမှုတွေကိုသူတို့အများကြီးအသုံးချခဲသည်
။ယခုရှိနေတဲ့ပုဂံခေတ်လက်ရာတွေမှာ
ထားဝယ်သားလက်ရာ ၊လက်မှုမပါဘူးလို့ဘယ်သူပြောရဲငြင်းရဲမှာလဲ။ပုဂံမှာတည်ထားတဲ့ဘုရား၊စေတီတွေနဲနဲနောနောမဟုတ်ဘူး။ပုဂံတွေတည်တာမဟုတ်
။ဖမ်းလာတဲ့တိုင်းရင်းသားတွေတည်တာ
။ဘုရားပြီးရေစက်ချတဲ့အချိန်မှ ပုလ္လင်ပေါ်လာထိုင်ပြီးရေစက်ခွက်လာကိုင်ကြတာ။ယခုခေတ်ဘာထူးလဲ ၊ ရေစက်ခွက်ကိုင်ခါနီးမှလာကြသည်လေ။
(ဗြော်ရ၊ဗြင်ရ၊ကေ့ရပြောကိုပြောရှင်ဟှ) ။
ပိရမစ်ကို အီဂျစ်လူမျိုးဖြစ်လာမည့်လူမျိုးတမျိုးတည်းက ဆောက်ခဲ့သည်မဟုတ်ပါ။
ပျူပုဂံတို့ သူတို့ကိုယ်တိုင် ဘုရား
တည်သည်မဟုတ်။လူကြီးတွေကကြည့်ကြပ်ကွပ်ကဲသည်။ဆောက်လုပ်ရေးပ
ညာတွင်ကမ္ဘာက လက်ဖြားခါရအံ့ဩချီးကျူးခဲရသည့်အထူးကျွမ်းသူများဖြစ်သည်။တပည့်တွေလက်ထဲမှာကြိမ်
လုံးနှင့်ကြာပွတ်သာကိုင်ထားသည်။ကျွန်တွေကခြေနှစ်ဖက်၊လည်ပင်းကြိုးချည်ထားခံရပြီးအစာရေစာနတ္ထိဖြစ်သည်။ကျွန်တွေကဘုရားတည်ဆောက်သည်။ပုဂံရာဇဝင်ကိုဖတ်ကြည့်ပါ။သမိုင်းအမှန်ကိုရေးသောသမိုင်းဆရာများရှိပါသည်။ ထားဝယ်လူမျိုးများ၏ဘဝကိုစာနာကြပါ။လူမျိုးကိုကာကွယ်စောင့်ရှောက်ကြပါ။ပုဂံ ကိစ္စ၊သူတို့အလုပ်တွေလုပ်နေရလို့ထားဝယ်လူမျိုးကိုယ့်နယ်မြေပြန်၍
ထူထောင်ရေးကိုမလုပ်နိုင်ကြပါ။လူမျ်ုးဘဝနိမ့်ကျရသည်။
ယခုရှိနေတဲ့မြန်မာပြည်နယ်နမိတ်ဖြစ်ဖို့၊ ပြည်ပနယ်ချဲ့ဖို့ ၊ ထားဝယ်သားအသက်များစွာစတေးခဲ့သည်။ထားဝယ်က သမိုင်းအမွေမည်မျှခံစားခဲ့ရပါသ
နည်း။ကျွန်ဘဝမှအပ ၊တပြားတချပ်မျှမခံစားရ။လူမျိုးအမည်တောင် ကိုယ်ပိုင်
ကျွတ်ကျွတ် ၊လွတ်လွတ်မဟုတ်။မြန်မာ
နဲ့ပူးတွဲအမည်။က္လဲ။(ဌေး လောန်းမဖြစ်တဖြစ်)။သူများနှာခေါင်းနှင့်အသက်ရှူနေရ
သလို။ မြန်မာဘုရင်များလာရင်လည်း၊စစ်တိုက်စေပြီး၊ကျွန်အဖြစ်ခေါ်သွားတာ မြို့ကြီးတမြိုစာထက်များမယ်၊ထားဝယ်
လူမျိုးထားဝယ်မှာမကျန်တော့ပါ ။
နယ်ချဲ၊ဖက်ဆစ်၊ပြည်တွင်းစစ်၊အာ
ဏာရှင်တွေကလည်းအနိုင်ကျင့်၊ကိုယ့်လူမျိုးကကိုယ့်လူမျိုးကိုအနိုင်ကျင့်ထား
ဝယ်လူမျိုးခေါင်းမဖေါ်နိုင်တော့တဲ့အ
ဖြစ်။
လူမျိုးတမျိုးအနေဖြင့်အသိအမှတ်
ပြုခံရဖို့ကြိုးပမ်းကြပါ။
"အစ်အစ် အစ်အစ်န၊
ဗြစ်ဗြစ် ဗြစ်ဗြစ်န ၊
မဖြစ် မဖြစ် လို့ ချွဲ ဒဲ့ ၊
နော်န်စစ်အောန် နှဲလို မဖြစ် ဇေန "
မျှဝေသူ- တကာစံ ။၂၃၊၁၊၂၅။
အပိုင်း(၄)သို့ဆက်ပါ -
Photos request for permmisions.
01/27/2025
ထားဝယ်အခေါ်အဝေါ်၊အသုံးအနှုန်း-
ထားဝယ်စကားအပိုင်း( ၄) ။
တွေးခေါ်စဉ်းစားစရာလေးရေးချင်ပါသည်။တွေးခေါ်စဉ်းစားနိုင်မှအမှန်တ
ရားကိုရနိုင်ပါမည်။တွေးခေါ်စူးစမ်းတတ်သည့်အလေ့လည်းဖြစ်စေချင်သည်။စာ
ရေးသူယခင်ကမကြာခဏရေးဖူးသည် "သူများ ပြောတိုင်းမယုံနဲ့"လို့။
ရှေးကဒေသန္တရစကားဟုသာကြားဖူးပါသည်။ယခုကျတော့ Dialects ဒေသိယစကားဟုဆိုလာကြသည်။အင်္လိပ်လိုလေးပါမှ၊ပါဠိလေးပါမှဆိုတော့ Linguistic ဘာသာဗေဒ ၊Phonetic သဒ္ဒ
ဗေဒနှင့် Archaism ပေါရဏတွေပါလာ
တော့၊ဉာဏ်ထုံလာတဲ့အရွယ်မို့ မနည်းစဉ်းစားယူရတော့သည်။
တချို့သော မြန်မာအဘိဓါန်အကျဉ်း
ချုပ်တွင်၊ မြန်မာအသံထွက်ပုံအခြေခံသရပေါင်း-၅၁မျိုးခန့်ရှိသည်ဟုဆိုသည်
။မြန်မာနှင့်မတူ၊တမူထူးခြားသော၊ထား
ဝယ်စကား အသံထွက်-၂၀ကျော်ရှိသည်ဟုဆိုသည်။ထားဝယ်စကားတွင် မြန်မာစကား၌မရှိ သောအသံထွက်ပုံ-၁၀မျိုးမ
ကရှိသည်ဟုဆရာမောင်လေးတင့်ကရေးထားပါသည်။(မြန်မာစာမှာမရှိ သော ၊မတူတာတွေတချို့ကိုနောက်မှရေးပြပါမည်)။
ဆရာမောင်လေးတင့်က " မြန်မာဟူ
သောဝေါဟာရ မပေါ်မီကပင်၊ထားဝယ်လူမျိုးရှိနှင့်နေပြီးဖြစ်သည်ဟုမှတ်ချက်ပြုထားပါသည်။ပုဂံခေတ်ကတည်းက ပုဂံ(ဂံ)လို့ခေါ်ခဲ့တာ၊"လျှာကျိုး" နေပြီဖြစ်လို့၊မြန်မာ ပေါ်လာတော့လည်း၊"ဂံ" လို့ဘဲ့ဆက်ခေါ်တယ်တဲ့။ဒါရှင်းနေတာပဲ့လေ။ဂရုမစိုက်ဘူးပေါ့။ရှိခိုးဦးတင်စရာမလို၊ကျွန်ဘဝကိုသွပ်သွင်းခဲ့တာသူတို့ဘဲ့လေ
။ မိရမာ လူမျိုးကိုတော့ မမြင်ဖူးပေမဲ့ "ဖန်ခေါန် က္လယ် " ပုံတော့ရသည်။လူမျိုးကြီးဝါဒနဲ့ဗိုလ်ကျစိုးမိုးခဲ့တာက
တော့ ယနေ့တိုင်ပင်။"မ ကျေနပ်ဘူး ၊ လုံးဝမကျေနပ်ဘူး"။
ထားဝယ်ထက်နောက်ကျပြီးမှလူဖြစ်လာတဲ့၊မြန်မာက၊ ထားဝယ်လူမျိုးကို၊ မြန်မာလူမျိုးနွယ်လို့ " နသားဘာရား" ဘာဖြစ်လို့လုပ်လိုက်ရတာလဲ။
ထားဝယ်သာဂရ တခေတ်လုံး၊တလိုင်း(မွန်)လူမျိုးတွေပဲ ၊မြို့ဝန်၊သံဗျင် တွေလာလုပ်သွားကြသည်။ပုဂံတွေထား
ဝယ်ကိုအုပ်ချုပ်တာမတွေ့ရပါ။ပုဂံ၊မြန်
မာဆိုတာဟိုး - အဝေးကြီးမှာ။သူတို့ကိုကုန်သွယ်ရေး၊စစ်ရေးကိစ္စဖြင့် ထားဝယ်လာလို့တွေ့ရတာ။ သူတို့ထားဝယ်ကိုလာသည်။သူတို့ယဉ်ကျေးမှုကိုပေးခဲ့သည်။ထားဝယ်ယဉ်ကျေးမှုကို သူတို့ယူသွားသည်။ထားဝယ်ကိုကျွန်အဖြစ်ဖမ်းသည်
။ထားဝယ်အ ခေါ်အဝေါ်ကိုသုံးသည်။နည်းပညာကိုသုံးသည် ။ပြီးတော့မောင်ပိုင်စီးလိုက်သည်။
လူငယ်များနားလည်လွယ်အောင်ခပ်ပေါ့ပေါ့စာများ ရေးလာခဲ့သည်။ယ ခုတော့သုတေသနပြုရမည့်စာများဖက်သို့ခဏလှည့်လိုက်ချင်ပါသည်။စာရေးသူအရိပ်အရောင်တွေ့ခဲ့သည်မှာ၊ ပျူစကားသည်၊ထားဝယ်စကားမဟုတ်သလို။ပျူစာသည်ထားဝယ်စာမဟုတ်ဘူးဘဲ့ဖြစ်
သည် ။ဤအဆိုကိုစာရေးသူလက်ခံထား
သည်။အသက်ကြီးလာတော့သုတေသနမပြုနိုင်တော့ပါ ။
မြန်မာစာကိုပြုစုတော့၊သက္ကတ၊ပါဠိ ၊ဗြဟ္မီ၊မာဂဓ ၊(သက္ကတ ခေါ် ရှေးအိန္ဒြိယ စာSanskrit)စသည်တို့ကိုတချို့မှီငြမ်းထားသည်။ထားဝယ်ကစာမရှိတော့စာနဲ့မရေးပြနိုင်ပဲ ၊အသံနဲ့သာယှဉ်ပြောရသည်။တချို့အသံထွက်တွေမြန်မာစာမှာမရှိဘဲ ၊ထားဝယ်မှာသာရှိပြီးလျှာလိပ်သံစကားထားဝယ်မှာသာရှိသည်။ဆိုပါတော့ စာလုံးနှစ်လုံးဆင့်၊ လဝဆွဲ တွေဟာ၊ထားဝယ်စကားဆိုလျှင် ဆန္ဒကဲရာကျမလားဘဲ့။ဒါတကာစံရဲ့အတွေးပါ။ဘာသာစကားစာဆိုင်ရာပညာရှိသုတေ
သီများ အကြောင်းဆုံလျှင် သုတေသနပြုစေချင်ပါသည်။
ထားဝယ်သမိုင်းစကတည်းက ပျူနှင့်ဆက်သွယ်မှုရှိသည်။ကဗ္ဗည်းတင်မယ်ဆိုလျှင်မြန်မာထက် ထားဝယ်ကစောသည်။ ။ မြန်မာမပေါ်သေးပါ။ မ
ဟုတ်ဘူး ပျူပုဂံလူမျိုးထဲမှာ မြန်မာအမည်ကိုမယူပေမဲ့ မြန်မာရှိနေတယ်ဆိုရင်၊ ပုဂံကျောက်စာထိုးထားတဲ့ "က္လော့ ကို က္လားသွန်" စကားပြောကြည့်ပါ။မပြောတတ်ဘူး မဟုတ်လား။လူမျိုးကြီးတွေက၊ မူးကြီးမတ်ကြီးတွေက" ငါ့ပြောသမျှလုပ် ၊ပြန်မပြောနဲ့" ဆိုတဲ့စကားနဲ့ကျွန်စာရင်းသွင်းခဲ့သည်။ဟိုး-ဟေး- ဟေးတုံးကရမယ်။မျက်စိပိတ်၊ပါးစပ်ပိတ်၊နားပိတ် ယနေ့တိုင်ခံနေရသည် ။ယခုအင်တာနက်ခေတ်ကိုရောက်နေပါပြီ။ကျွန်ခေတ်မရှိတော့ပါ။ဗိုလ်ကျစိုးမိုးမှု၊ လူလယ်ကျမှုသာရှိတော့သည်။
အင်္ဂလိပ်သိမ်းတော့ ထားဝယ်လူ
မျိုးတမျိုးတည်းအမည်ကိုသာသုံးတော့
သည်။ထားဝယ်လူမျိုးကိုမြန်မာလူမျိုးလို့ဆိုရင်တော့၊" မှုဟှ" " လောင်န်းဝ မှုဟှ"
လို့ပြန်ရှင်းပါမည်။
နိုင်ငံခြားသားရေးတဲ့၊ယုဒဿန်အ
ဘိဓါန်(အေဒီ၊၁၈၂၆) တွင်ထားဝယ်စ
ကားအသုံးအနှုန်း များကိုဖေါ်ပြထားပါသည်။(သဲပ္လုပ်၊ ကမ်းဇော်ဆီ၊ဗြူးပင်
( ထင်းရူးပင်)။ဟိမ်းခိုသီး(ဟီးခိုသီး/ ရှီး
ဂိုသီး)စသည်ပါသည် ။
စာလုံးနှစ်လုံးဆင့်၊လဝဆွဲပါတိုင်း၊ပျူ ပုဂံစကားတွေ ဖြစ်တယ်လို့၊ နသားဘာယားဆွဲသွင်းလိုက်တာကတော့ လွန်
လွန်းသည် ။ဒီကြား သူတို့စကားပါလို့အ
ချောင်ဝင်နှိုက်သူကရှိသေးတယ်။မြန်
မာစာအရေးအသားသည် အများအား
ဖြင့်ဗြဟ္မီကိုနွှယ်ထားသည်ကိုသတိပြုသင့်သည်။
"ယောတ်တိမှေ့ဟှ""ထီလေးဇားက္လဒယ်"
လူမျိုးတမျိုး၏စကားကိုယူသုံးသည်
နှင့်ထိုလူမျိုးမှဆင်းသက်လာသည်ဟုမဆိုသင့် လူဘိန်းအတွေး။လူပါးဝသူ၏အ
တွေး။Yes,No,Happy Birthday စသည်လူမျိုးတိုင်းလိုလိုပြောနေကြသည်။အင်္ဂ
လိပ်စကားကိုပြော နေသော လူမျိုးများအင်္ဂလိပ်လူမျိုးဖြစ်သွားသည်တဲ့လား ။ဆိုပါတော့-ထားဝယ်ပြောနေသော ၊"ပ္လော "( ပြော)ဆိုတဲ့စကားလေးတစ်လုံးနဲ့ နှစ်ထောင်ဂဏန်းရောက်လာတော့၊ငါတို့စ
ကား၊ငါတို့လူမျိုးလို့လုပ်လိုက်ကြမှာလား။စူးစမ်းဆင်ခြင်မှုမရှိပဲ၊လူမျိုးတမျိုးက လူမျိုးတမျိုးအပေါ်လူပါးမဝကြစေလိုပါ။
ယဉ်ကျေးမှုမြစ်ဖျားခံရာတူညီသဖြင့်
ဆက်ခံသူများအသုံးပြုတာတူညီသည်ကိုလက္ခံနိုင်သည်။နှစ်ရာချီအသုံးပြုလာလို့၊ငါ့စကား၊ငါ့လူမျိုးလို့မောင်ပိုင်စီးတတ်သူများကိုတော့လက္ခံမည်မဟုတ်ပါ
"ပ္လော "ဆိုသောစကားသည် ထားဝယ်
စကားဖြစ်သည်ဟုဆိုချင်သည် ။တခြား
အလားတူ ထားဝယ်စကားများရှိသည်။
"ပြော"ကနေ"ပ္လော" ဖြစ်လာသည်မဟုတ်ပါ။နှစ်ပေါင်းများစွာကအသံတူပြောနေသူများလည်းရှိကောင်းရှိနိုင်သည်။ပျူ
စာပေ၊ပုဂံ၊မြန်မာ အက္ခရာအသုံးအနှုန်းမပေါ်မီကတည်းက ထားဝယ်စကားအ
သုံးအနှုန်းကရှိနေပြီးဖြစ်သည်။ရေဘူယျအားဖြင့် စကား၊အသံ သဒ္ဒ ရှိမှ၊ ကဗ္ဗည်းအက္ခရာ၊သရ၊သဒ္ဒ. ၊သ င်္ကေတများ၊နိဂ္ဂဟိတ်၊ဝိသဇ္ဇနီစသည်များဖြင့်မြန်မာစာအရေးအသားကိုတည်ဆောက်ရသည်။ဗည်းတွဲသင်္ကေတ၊သရသင်္ကေတ၊
စသည် ယပင့်၊ယရင့်၊လဝဆွဲစာများ
သည်မြန်မာစာသုတေသီများသရုပ်ခွဲ၍ ပေါ်လာ သောအသုံးပြုမည့် သင်္ကေတ များသာဖြစ်သည်။
"ပ္လော"စကား ပေါ်ပြီးမှ"ပြော" စာလုံးပေါ်လာခြင်းသာလျှင်ဖြစ်သည်။"ပြော "ပေါ်လို့ "ပ္လော" ပေါ်လာခြင်းမဟုတ်ပေ။အလျဉ်းသင့်လျှင်ရှင်းပြချင်ပါသည်။သူ့စကားငါ့စကားလုချင် လုနိုင်သည်။ထား
ဝယ်ကခိုင်လုံသည်။ တခြားထားဝယ်စ
ကားများဒုနဒေးရှိသေးသည်။မကြာသေးမီက" ဤ" ကို "ကျွဲ" လုပ် နေသူများဟု ဆောင်းပါးအတိုလေးတခုရေးခဲ့ပါ
သည်။
စာလုံးလေး၊စကားလုံး လေး၊ တစ်လုံးစ၊နှစ်လုံးစတူသည်နှင့် ငါ့စကား ၊ငါတို့လူမျိုးဟုစွပ်စွဲလာလျှင်တော့လုံးဝဆန့်ကျင်မည်။
ထားဝယ်ကို ပျူက "ဒိုင်လေး၊ဒိုင်လေး" သင်ပေးလို့စကားပြောတတ်လာတာမဟုတ်ဘူးနော။
သုတေသီသည် ဆူးနှုတ်သမားနှင့်တူ
သည်။စူးဝင်နေသောဆူးသည်၊သစ်သား ငြောင့်လား၊သစ်ပင်ကဆူးလား၊အရွယ်
အစားကဘယ်လောက်လဲ။ ဘယ်
လောက်ကြာပြီလဲ၊သုတေသနလုပ်မည်
ဆူးမစူးမီ၊မရှိမီကသုတေသနလုပ်ရန်မ
လိုသေးပါ။ထို့အတူရှိနှင့်ပြီး သောစကားကိုသုတေသနပြုနိုင်သည်၊သရုပ်ခွဲနိုင်
သည်။ထားဝယ်ကရှိပြီးသားစကားဖြစ်
သည်။"ပ္လော " ရှိလို့ "ပြော " ပေါ်လာရခြင်းဖြစ်သည်။
" ပြော" ဆိုသောစာလုံးသည် ကဗ္ဗည်းစာပေါ်ပြီးမှပေါ်လာသောစာလုံးဖြစ်သည်။စူးစမ်တွေးခေါ်ကြပါ။
လူမျိုးတမျိုး၏စာတစ်လုံး၊စကားတစ်လုံးပင်ဖြစ်စေ၊လူမှုပေါင်းသင်းဆက်ဆံရေးတွင်နားလည်သဘောပေါက်လွယ် အသုံးတည့်မည်ဆိုလျှင် လူမျိးတိုင်းသုံးမည်မှာသဘာဝပင်ဖြစ်သည်။ဤသို့သုံးခြင်းဖြင့် ၊လူမျိုးတမျိုးဖြစ်သွားသည်မဟုတ်ပေ။ဦးနှောက်ရှိ၍
တွေးခေါ်တတ်သောဉာဏ်ရှိဖို့တော့လိုပါလိမ့်မည်။
အဖ၏သုတ်သွေး၊အမိ၏မျိုးဥ၊DNA.ကိုစစ်ဆေးနိုင်ဖို့လိုသည်။ပိုက်ဆံမပေးရတိုင်းကိုယ်လိုသလိုကောက်ချက်မချစေချင်ပါ။ကလောင်ဖျားဝယ် လူမျိုးအသက်မပျောက်ပါစေနဲ့။
တခေတ်တခါမှာတော့ တို့ဘဝတွေကျွန်ဘဝမှာနေခဲ့ရသည်။ယခုအသစ်အ
သစ်ကာလမှာတော့ ၊"ဇင်းက္လော ဇင်းက္လော န မျောမနေနဲ့ တော့ "။
အသစ်အသစ် မျိုးဆက်သစ်တွေကလူမျိူးဘဝမြင့်အောင်၊အနှစ်၊ အနှစ် သာရ တွေနဲ့ ပြည့်တဲ့ အသစ်သစ်လူမျိုးဖြစ်အောင်ကယ်တင်ကြ ပါလော့ ။
"သာယာတော က္လီးမော နေ ဟှိ့ မဖြစ်ဟှ လော်"
အဟောင်းထဲမှာ အကောင်းရှိ ရင်တော့အသုံးတည့်တာသုံးရမည်။မကောင်းရင်တော့၊ပယ်သင့်ရင် ပယ်ရမည်။မကောင်းတောထုတ်၊ကောင်းတာ
ဖမ်းဆုပ် တဲ့။
အသစ်အသစ်၊ စနစ်သစ်၊အကောင်းတွေနဲ့ ၊ အသစ်အသစ် လူမျိုးသစ် ဖြစ်ဖို့လိုပါမည်။
"ပ္လပ် ပ္လပ် ရှစ်ရှစ်လာ ပ္လော န၊ ရောဝမ်ဇမား "
ဘာပဲ့ပြောပြော ၊ထားဝယ်သည် မြန်
မာလူမျိုးမဟုတ်ပါ။ထားဝယ်စကားသည်မြန်မာစကားမဟုတ်ပါ။
ဆောင်ပုဒ် -
* ထားဝယ်ဟာ ထားဝယ်ပဲ ဖြစ်သည်။
* ထားဝယ်၏အသက်သည်၊
ထားဝယ်လူမျိုးဖြစ်သည်။
* ထားဝယ်၏အရှင်သခင်သည်၊
ထားဝယ်ပဲဖြစ်သည် ။ ။
ရင်ထဲ၊ အသည်းထဲ ၊နှလုံးထဲ၊ မြဲမြဲ စွဲပါလေ။
နှောက်ယှက်လာရင်၊ရင်ဆိုင်ရဲရမည်။
တကာစံ။
ကိုးကား-ဆရာဦးကျော်မင်း။မောင်လေးတင့်၏ ထားဝယ်ဒေသိယစကားရှေ့ပြေးလေ့လာချက်များ။စာအုပ်ရှာမရသူများအတွက်။
(ရေးထားတဲ့စာတွေအများကြီး၊မဆန့်လို့ဖျက်လိုက်ရတာလည်းအများကြီး ။စာထဲမှာခံစားချက်ကိုနှစ််မြုပ်ပြီး ရေးနေရတော့ ၊စိတ်မောသည်၊ ဟတ်ထိ သည်).။
တကာစံ။
+ + + @ + + +
လိပ် ခ လေး
ထားဝယ်စကားအသုံးအနှုန်းဟာသ လေးပြောပါရစေ ။
တခါက ထားဝယ်သား အညာကိုသွားလယ်သည်။အပြန်မှာ အညာသူကိုယူလာသည်။
တနေ့မှာ အိမ်မိုးယိုလို့ ၊ယောက်ျားကအိမ်တက်မိုးသည်။ မိန်းမက လိုအပ်တာ ဓနိ၊ နှီးအောက်ကနေပေးတင်သည်။
ယောက်ျားကတောင်းလိုက်သည်၊"ဖတ်က္လပ်တံ " ပေး။
မိန်းမကသဘောပေါက်သွားသည်။ငါ့ယောက်ျား အင်္ဂလိပ်စကားတောင်ပြောတတ်နေပါလားလို့။အင်္ဂလိပ်လိုဖတ်
စကလပ်(First class)တောင်သိနေပါလား။
ထိုနောက် အမိုးခြင်မှာသံရိုက်ရန်ရှိသည်။
ဒီတော့ " ကပ်ပ "ပေးလို့တောင်းလိုက်သည်။မိန်းမကကပ်ပ ဆိုတာကိုမသိ၊ဘယ်လို ဟလဲမသိ။ဘယ်မှာထားမှန်းမသိ၊ယောင်လယ်လယ်ဖြစ်နေသည်။နည်းနည်းကြာတော့ ထပ်ပြောလိုက်သည်။
"ဘုထော့ထဲက၊ထောန့် ပုံး ထဲမှာထည့်ထားတယ် " ဟုညွှန်လိုက်ပြန်သည်။
ခက်ပြီ၊ပိုဆိုးလာသည်။ မသိတာများလာပြီ။မိန်းမက ပိုပြီးယောင်ချာချာ နဲ့ တအိမ်လုံးပတ်ချာလည်ရှာတော့သည်။ကမ္ဘာပတ် လေပြီ။မတွေ့ ။ခက်ပြီ။ယောက်ျားတော့ဆူတော့မည်။
ဟဲ့ -ရှာမတွေ့သေးဘူးလား။ စိတ်မရှည်တော့ပေ ။
" လီးခ္လေး " လို့ဆဲလိုက်သည်။
ဒီတကြိမ်တော့မိန်းမက ကောင်း
ကောင်းကြီးသဘောပေါက်သွားသည်။ချက်ချင်းပြန်မေးလိုက်သည်။
" လိပ်ခလေး " ၊ ဘယ်မှာလဲ ၊အိမ်အောက်မှာလား။ဆင်းရှာရမှာလား။
ဟဲ့-ဆဲတာဟဲ့။ နင့်ကိုဆဲတာ ဟ ။
ဆဲမယ်ဆိုရင်လဲ ၊စောစောကဆဲမယ်လို့ပြောပြီးမှဆဲရော့ပေါ့ရှင် -တဲ့။ ။
ထားဝယ်အခေါ် ဖတ်က္လပ်တံ=ဓနိဖက်မြဲနေအောင်ထိုးတဲ့တုတ်ချောင်းလေး။၊ကပ်ပ=ပုဆိန်။ ဘုထောန့်=မီးဖိုးဆောင်။ထောန့်ပုံး= ဘီရို ။ တကာစံ။
- - - = - - -
ဂွေး ပိ
# -တနေ့ - - ယောက်ျားက အထုပ်တထုပ်ယူလာသည် ။ ဘာလဲ ။ ဂွေးပိ ။
မိန်းမ နှာခေါင်းရှုပ်သွားသည်။အထုပ်ကိုမကြည့် ။
ဂွေးပိ ဆိုတာ တနင်္သာရီတိုင်းမှာအ
ကောင်းဆုံး ငပိ။ဂွေးနဲ့လုပ်ထားတာ။
စားချင်ပါဘူးတော် ။ ဘာဖြစ်လို့လဲ ။
ဘယ်သူ့ ဂွေး တွေနဲ့ လုပ်ထားမှန်းမှ မသိတာ ။
ဟဲ့ -နင်က ငါ့ဂွေးနဲ့လုပ်မှ စားမှာလား ။
စားချင်ပါဘူးတော် ။ ဘာဖြစ်လို့လဲ ။
ရှင့် ဂွေးပျောက်သွားမှာစိုးလို့ ။ု
လူမျိုးရေး သရော်တာမဟုတ်၊ နှိမ်တာမဟုတ်၊အသွင်မတူလို့ အမြင် မတူတာသာ ဖြစ်သည်။
ထားဝယ်အသုံးအနှုန်း နှင့် တကာစံ့ ဟာသကိုဆက်ရေးပါအုံးမည်။မျှော်ပါ။
မျှဝေသူ-တကာစံ။
(ဂွေးဆိုတာပန်းနုရောင် ပုဇွန်သေးသေးးမှုန်မှု့န်လေးအကောင်ကိုခေါ်သည်။ပင်
လယ်ကမ်းခြေအနီးမှာအုပ်စုလိုက်အ
တန်းအရှည်ကြီး ပေါ်သည်။ဂွေးပေါ်တာကိုဂွေးကျ(ဂွေးက္လ)သည်ဟုပြောသည်။ဂွေးကျပြီဆိုလျှင် လှေသမ္ပန်နှင့်ထည့်ဖို့ပင်မလုံလောက်ပါ)။တကာစံ။
မျှဝေသူ-တကာစံ ။
Photos request for permissions.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Min Street
San Francisco, CA
