∆Smile Page∆
ဒေတာရောငးဝယ်ရေးနှင့် အကူညီများ
02/27/2023
ကိုယ်ချစ်ပေးနိုင်သလောက်တော့ ချစ်ပေးခဲ့ပြီးပြီပဲ ...
အရာအားလုံးကို လက်လွှတ်လိုက်ဖို့မတွေးခင် ကိုယ်သိပ်ချစ်တဲ့ လူတစ်ယောက်ကို ဘယ်သူမဆို ကပ်တွယ်ခဲ့ဖူးတာပါပဲ ။ မျက်ရည်တွေနဲ့ ကပ်တွယ်ခဲ့ဖူးလိမ့်မယ် ဒါမှမဟုတ် ဒူးထောက်မတက် ကပ်တွယ်ချင်ခဲ့ဖူးလိမ့်မယ် ။ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ သူ့အနား နေချင်ရုံ ဆိုတာလေး တစ်ခုတည်းပါပဲ ဒါပေမယ့် ကိုယ်ဘယ်လောက်ပဲ ကပ်တွယ်နေ ဖက်တွယ်နေ ဝေးမှ ဖြစ်တော့မယ်ဆိုတဲ့အချိန််ကျ ငါဘာများမှားလို့လဲဆိုတဲ့ အတွေးတွေအစား ငါ အတတ်နိုင်ဆုံးချစ်ပေးခဲ့တာပဲဆိုတဲ့ အတွေးတွေနဲ့အ ကျန်နေခဲ့ပေးလိုက်ဖို့ပဲ တွေးပါတယ် ။
ဟုတ််ပါတယ်လေ ... ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်ပေးခဲ့သလို ကိုယ်ကိုယ်တိုင်ထက် ပိုဂရုစိုက်ပေးနေတဲ့ကြားက လွှတ်သွားတဲ့ လက်လေးတစ်စုံလေ ။ မဝေးချင်လို့ အတတ်နိုင်ဆုံး ဆွဲထားခဲ့ပြီးပြီ ဖြစ်သလို ဒူးလဲထောက်ခဲ့ပြီးပြီ ကျွန်တော့မှာ သူ့အနားဆက်နေနိုင်အောင် လုပ်နိုင်ခဲ့သလောက် လုပ်ခဲ့ပြီးပြီး ဆိုပေမယ့် ပြန်ကြားရတဲ့ စကားလေးကတော့ တစ်ခွန််းတည်းပါ ... ကျေးဇူးပြုပြီးတော့ ထွက်သွားပါ ဆိုတာပဲပေါ့ ။ ဆက်ပြီး နေချင်သေးတယ်ဆိုရင်တော့ ဆက်ပြီးရပ်နေရလောက်တဲ့အထိ အင်အားတွေမှ ရှိမနေတော့တာ အင်းပါ ... ကျွန်တော် ထွက်သွားပေးပါမယ် ဒီစကားလေးပဲ ပြောနိုင်တော့တဲ့အခါ ဒီစကားတွေပဲ ပြောရတော့တာပေါ့ ..
ကျနေတဲ့ မျက်ရည်တွေ ဘာလို့ကျနေတာလဲ ဆိုပြီးတော့လဲ အပြစ်ရှာနေမိတယ် ။ ကိုယ့်ပါးကိုယ် ရိုက်ပြီး အမှတ်ရှိစမ်းပါ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်နေမိတယ် ။ တကယ် နာတတ်သွားချင်ပြီ ဒဏ်ရာတွေကို အမှတ်ရပြီး မင်းကို နာတတ်သွားချင်ပြီ ဒါပေမယ့် မင်းနဲ့ပတ်သက်လာရင် အရာအားလုံးက အမှတ်ရတွေချည်းပါပဲ နာတတ်တဲ့စိတ်လဲ မရှိခဲ့သလို မေ့သွားချင်တဲ့ ဆန္ဒလဲ ရှိမနေခဲ့ဘူး ။ မင်းအနား နေခွင့်ရှိသလောက် နေချင်တယ် ဆိုတဲ့အတွေးလေးပဲ တချိန်လုံးရှိနေခဲ့တာပါ ။
ကျွန်တော်က ခင်ဗျားပတ်သက်ပြီး နာကျင်ရခြင်းတွေကို နှစ်သက်နေမိတာပဲ ထင်ပါတယ် ... ချစ်နေရခြင်းဆိုတဲ့ ခေါင်းစဉ်တွေ တပ်နေမိပေမယ့် ကျွန်တော် ဝဋ်ကြွေးလို့ ခေါင်းစဉ်တပ်ပြီး ခင်ဗျားနဲ့ ဝေးမသွားချင်တာတွေလဲ ပါတယ် ။ ကျွန််တော်က ခင်ဗျားအနားမှာ ရပ်နေရတာကို ကျေနပ်နေတာ ။ ခင်ဗျားမချစ်မှန်းသိရဲ့နဲ့ ခင်ဗျားကို ချစ်နေရတာပဲ သဘောတွေကျနေတာ ။ ကျွန်တော် အကုန််လုံး မပြုပြင် မပြောင်းလဲခဲ့ဖူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတော့တဲ့အထိတော့ အများကြီး ပြောင်းလဲယူခဲ့တာပါပဲ ...
ခင်ဗျား ရှိနေတော့မယ့် အနာဂတ်ကို တွေးကြည့်ရင် ကျွန်တော် ကြောက်တယ် တကယ်ပြောတာ ခင်ဗျားရှိမနေတော့ပါလားဆိုပြီး တွေးမိရုံနဲ့တင် မျက်ရည်တွေ ကျနေတတ်တဲ့ ကောင်လေးပဲလေ ။ တကယ်ရှိမနေခြင်းတွေမှာ ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ ဒါပေမယ့် ချန်ခဲ့ပြီဆိုမှတော့ ကျန်ခဲ့ပေးရမှာပဲလေ ။ အတတ်နိုင်ဆုံး ချစ်ပေးခဲ့တာပဲဆိုတဲ့ အတွေးနဲ့ပဲ ဖြေသာအောင် ဖြေပါတယ် ။ ချန်ထားလို့ သာ နေခဲ့ရပေမယ့် တကယ်တမ်းကျတော့ ခင်ဗျားအနား နေခွင့်ရှိသလောက်နေချင်သေးတယ် ။
(ရင်နှင့်ရင်း၍ ရေးသည်)
တချိန်က ...
ခင်ဗျားကို သတိပေးခဲ့ဖူးသလိုပေါ့
ခင်ဗျားကို အရမ်းချစ်ပါတယ်ဆိုတဲ့
ဒီလူသားလေးကိုလေ
ဒီအတိုင်းပဲ ပစ်ထားမယ်ဆိုရင်
ပစ်ထားတဲ့နေရာမှာ
ခင်ဗျားကို မလိုပဲ
နေတတ်သွားမှာ ကြောက်တယ်လို့ ...
သေချာပေါက်တော့
အဲ့ဒီကြောက်ရတဲ့အရာတွေက
တစ်နေ့တစ်ခြား
ပိုပိုပြီး ဖြစ်လာပြီထင်တယ်
အခုဆို ...
ဒီလူသားလေးက မငိုတော့ဘူး
ထပ်ငိုဖို့ မျက်ရည်မကျန်တော့အောင်
ခဏခဏ ငိုခဲ့ရပြီးသွားပြီ
ဖုန်းတွေ မဆက်တော့ဘူး
အကြိမ်ကြိမ် ချပစ်ရက်ခဲ့တဲ့
နာကျင်မှုတွေကို
ကောင်းကောင်းကြီး ခံစားပြီးသွားပြီ
မဖတ်ချင်တဲ့စာတွေ မပို့တော့ဘူး
လက်တွေညှောင်းပြီ
ဒါမှမဟုတ် ...
အရှက်တွေ ပြန်ရှိနေပြီ
ပြီးတော့ ...
အင်း ...
ပြီးရင်တော့
ကျွန်တော် ခင်ဗျားကို မလိုတော့ဘူး ။
#
နာကျင်မှုဆိုတာမှန်းသိရဲ့နဲ့
ကိုယ်ဟာ ပိုးဖလံလိုမျိုး
မီးကို တိုးနေမိတယ် ။
နာကျင်ရတယ်
မှတ်မသွားဘူး
ကြင်နာမှာပါဆိုပြီး
ကိုယ့်ကိုယ်ကိုယ်ညာပြီး
မျက်ရည်တွေကို ဖုံးထားဖိထားရတဲ့ ညတွေပေါ့
တစ်နေ့နေ့ပေါ့ဆိုတဲ့ အတွေးတွေကို
တခြားတစ်ယောက်ယောက်သာကြားရင်
ရူးများနေမလားဆိုပြီး
ချီးကျူးထောပနာပြုမှာ သေချာပါတယ် ။
ရူးပါတယ် ...
တချို့လူတွေက
တကယ်ပဲ ရူးတယ်
နာကျင်စေမှန်းသိရဲ့နဲ့
ချစ်လို့ဆိုတဲ့ နှလုံးသားကို
မနိုင်ကြဘူး
နာကျင်စေမှန်းသိရဲ့နဲ့
ဆက်တိုးဖို့ကိုပဲ ရွေးတယ်
ပိုးမဖံလေးတွေလိုပေါ့
မပျံနိုင်တော့တဲ့အခါမှ
မီးထဲ တိုး၀င်တာကို ရပ်တယ်
ဒါမှမဟုတ်
လောင်ကျွမ်းသွားတဲ့အခါမှ
ချစ်တဲ့စိတ်တွေဟာ ရပ်တယ် ။
#
လိုချင်တာ မရလို့ဆိုပြီး
ပစ်သွားတဲ့သူက ပစ်သွားတာပါပဲ
လိုချင်ရပြီးသွားလို့
ပစ်သွားတဲ့တဲ့သူကလည်း
ပစ်သွားတာပါပဲ
ငါဘာများမှားနေသလဲလို့
အဖြေရှာမနေပါနဲ့တော့
တချို့က
ဝင်လာကတည်းက
တချိန်ကျ
ထွက်သွားဖို့ အစီအစဥ်ရှိခဲ့ပြီးသားပါ
ကိုယ်ဘယ်လောက်ပဲဆွဲထားဆွဲထား
လွတ်ထွက်သွားမှာပဲ
ကိုယ် ဘာမှမမှားရင်တောင်
မရှိရှိတာ ရှာကြံပြီးချန်ထားခဲ့မှာပဲလေ ။
အကွက်လေးတွေတော့... လှတယ် ။
ဘယ်တော့မှတော့
သူတို့ရက်စက်တယ်ဆိုတဲ့ ခေါင်းစဥ်တော့
အတပ်ခံမှာ မဟုတ်ဘူး ။
ပစ်ထားလို့ဝရင်
အားအားရှိ ငိုနေတာပဲဆိုတဲ့စကားတွေဆိုမယ် ။
ဂရုမစိုက်ပဲ နေမိရင်
ဂရုမစိုက်လို့ဆိုတဲ့အကြောင်းပြချက်လေးပေးမယ်... ဂရုတစိုက်လေး ရှိနေမိရင်
နေရာတကာ ချုပ်ချယ်နေတာပဲဆိုတဲ့စကားနဲ့...
မွန်းကျပ်နေတဲ့အကြောင်းတွေ ပြောမယ် ။
ဒီလိုပါပဲ...
လူတချို့က
အပြစ်မရှိရှိတာရှာပြီး
ချန်ထားခဲ့တာပါပဲ ။
လူတစ်ယောက်စိတ်နဲ့
ရှင်သန်တာ ကြာသွားရင်
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတတ်တယ်ဆိုတာ
တကယ် အမှန်နော် ...
ငါ ဘာကြိုက်တတ်သလဲဆိုတာတွေ
မရှိတော့ဘူး
ငါ ဘာလုပ်ချင်တယ်ဆိုပြီး
ရှိမနေတော့ဘူး
ငါ့အတွက်ဆိုပြီး
သီးသီးသန့်သန့် အိပ်မက်မမက်ဖြစ်တော့ဘူး ။။
သူ အဆင်ပြေမယ်ဆိုရင်
ဘယ်အရာမဆို ဖြစ်တယ်ဆိုတာလောက်ပဲ
ရှိတော့တာ ။
ပြီးတော့လေ ...
သူ သဘောကျရင်
ကိုယ် အဆင်ပြေတယ်ဆိုတာလောက်ပဲ
ရှိနေတော့တာ ။
တကယ်လို့ပေါ့ ...
အဲ့ဒီလူတစ်ယောက်နဲ့
အမြဲအတူတူ ရှိနေရမယ်ဆိုရင်
အရာရာက အဆင်ပြေပြေပါပဲ
ရှိမနေတော့တဲ့အခါကျရင်တော့
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာ
အရမ်းကို ကြာသွားတတ်တယ် ။
ဘယ်အရာမှာမဆို
ငါ ဘာကြိုက်တတ်ခဲ့တာ
ငါ ဘာလုပ်ချင်ခဲ့တာ
ပြီးတော့
ငါ ဘာဖြစ်ချင်ခဲ့တာ စသည်ဖြင့်
မနည်း ပြန်စဥ်းစားယူရတယ် ။
တစ်နေ့ကျရင်တော့
အရင်တုန်းက
ဘယ်လိုပျော်အောင်နေခဲ့တာဆိုပြီး
ကိုယ့်ကိုယ်ကိုယ်
ပြန်ရှာတွေ့မှာပါ ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)
Good Night ပါ မေ ...
ဒီရက်တွေမှာ
တောင်တန်းတွေဆီ
အလည်သွားချင်နေမိတယ်
မှောင်မိုက်နေတဲ့ ညတွေမှာ
ကြယ်တွေကို
ရေတွက်ချင်နေမိတယ်
တောတောင် သဘာ၀ကို
ပြန်လွမ်းနေမိတယ်
ပိုးစုန်းကြူးလေးတွေ
ပျံသန်းနေတာကို
မမြင်ရတာကြာပြီ
လိပ်ပြာလေးတွေ
ဝဲပျံနေတာကို
မမြင်ရတာ
ကြာနေပြီ ...
အတိတ်မှာ ပိတ်မိရင်း
ပစ္စုပ္ပန်မှာ ပိတ်မိရင်းက
အနာဂတ်တွေ
ဝေးဝါးနေခဲ့တာ ကြာနေပြီ
ဒီနေ့ ...
အိပ်မက်လှလှ မက်ရင်
တောင်တန်းတွေအကြောင်း
အိပ်မက်မက်ချင်မိတယ်
အိပ်ရေး၀၀အိပ်ဖြစ်ရင်
ကောင်းကင်မှာ
ကြယ်ဘယ်လောက်ရှိကြောင်း
ရေတွက်ချင်နေမိတယ်
အိပ်မရတဲ့ ရက်တွေက
လွန်ချင်ပြီ မေ ...
အိပ်မက်တွေတူရင်
တောင်နေကြာတွေရှိတဲ့အရပ်မှာ
အတူတူ ဆုံကြတာပေါ့ ...
ငါတို့က ဝေးမြဲ ဝေးနေဦးမှာမို့လေ ...
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ...
ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ ရှိနေပေးတဲ့အတွက်ပေါ့ ... ကိုယ်တစ်ယောက်တည်း လမ်းတွေ ပျောက်နေတဲ့အချိန်မှာ စကားတွေ အများကြီးပြောခဲ့တဲ့အတွက်ပေါ့ ။ တကယ်ချစ်ခဲ့တာလား မချစ်ခဲ့ဘူးလားဆိုတဲ့ မေးခွန်းတွေကို အဖြေရှာမနေတော့ပါဘူး ။ ရှိနေပေးခဲ့တယ်ဆိုတဲ့ အတိတ်တွေအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် ။
ငါ့ကို တကယ်နားလည်ပေးတာပဲအထင်နဲ့ အများကြီးတွယ်တာခဲ့မိတော့ အများကြီး ပိုပင်ပန်းမယ်ထင်တယ်နော် ... ငါ့အနားအမြဲရှိနေပေးမှာဆိုပြီး ကတိတွေ အများကြီးတောင်းခဲ့တော့ ပုံမှန်ထက် ပို ဟန်ဆောင်နေရမှာပဲ ။ တောင်းပန်ပါတယ် ... ကိုယ်က ကိုယ်ခံစားမိတဲ့အတိုင်း အများကြီးတောင်းနေမိတဲ့ ဂျီကျတဲ့ ကလေးလေးတစ်ယောက်လိုပဲလေ အခြေအနေ အချိန်အခါတွေကို မသိဘူး ။ ချစ်တာနဲ့ စိတ်ကစားကိုလည်း မသည်းကွဲဘူး ။ တစ်ခုခုကို မျှော်လင့်လိုက်မိရင် သေချာပေါက်ရလာလိမ့်မယ်ဆိုတဲ့ ကလေးအတွေးတွေပဲ ရှိနေခဲ့တာ ။
သန်မာရမယ်လေဆိုတဲ့ စကားတွေ အများကြီးပြောခဲ့တယ်မဟုတ်လား ... မင်းလက်လေးကိုဆွဲထားတုန်းက ကိုယ့်ကိုယ်ကိုယ် သန်မာနေပြီထင်ခဲ့တာ မင်းလက်လေး လွှတ်ချသွားတော့မှ ထင်သလောက် မသန်မာသေးမှန်းသိရတယ် ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားလုံးနဲ့ ဟန်ဆောင်မနေနိုင်အောင် မျက်ရည်တွေ ၀ဲရသလို မျက်ရည်တွေလည်း ကျရတယ် ။ အဆင်တော့ ပြေသွားမှာ ခဏဆေးထည့်ခဲ့တဲ့ ဒဏ်ရာတွေက အရင်တုန်းကထက် နှစ်ဆ နာနေရတာထက်စာရင် အချိန်ကြာရင်တော့ တဖြေးဖြေးချင်း အဆင်ပြေသွားမှာပါ ။
အပြစ်မတင်ပါဘူး ... ဘာလို့လဲဆိုတဲ့မေးခွန်းတွေနဲ့လည်း အကြောင်းအရာတွေ အများကြီး မသိချင်တော့ဘူး ။ ကိုယ် ပြိုလဲကျနေတုန်းမှာ အနားမှာ ရှိနေပေးခဲ့တဲ့အတွက်ပဲ ကျေးဇူးတင်ပါတယ် ။ လူတချို့က လက်မှားပြီးဆွဲခဲ့တာဆိုပြီး ပြောနေကြတယ် ။ မဟုတ်ဘူးနော် ... မင်းလက်လေးမို့သေချာဆွဲခဲ့တာပဲလေ ... သေသေချာချာ လွှတ်ချသွားတဲ့အခါမှ အပြစ်တွေ တင်နေရင် ဘယ်တရားပါ့မလဲ ။ ပျော်ခဲ့ရတယ် အများကြီး ပျော်ခဲ့ရတယ် ။ပြန်တွေးစရာ အတိတ်တွေ ရှိခဲ့ကြတယ် ထားတော့ မျှော်လင့်မိလို့ဖြစ်လာတဲ့အနာတရတွေက ကိုယ်နဲ့ပဲဆိုင်တာမို့ မင်း စိတ်ချလက်ချ ထားခဲ့နိုင်ပါတယ် ။
ကျေးဇူးပါ ... တချိန်က သက်ဆိုင်သူလေးရေ အများကြီး ပင်ပန်းစေတဲ့အတွက် ကိုယ့်ဖက်ကပဲ တောင်းပန်မှာပေါ့ ပြီးတော့ ... အရာအားလုံးအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် ။ အဆင်ပြေအောင်ပဲနေပါ ... ကိုယ်က ပုံမှန်လည်း ကြေကွဲနေကျမို့ ဒီတစ်ကြိမ်လည်း အချိန်တစ်ခုရောက်ရင် နေသားကျသွားမှာပါ ။
ငါ တော်တော်ရူးခဲ့တာပဲ...🌚
သေလောက်အောင် ငိုကြွေးပြီးမှ အတိတ်ကို ပြန်ငေးကြည့်မိတယ် ။ အမှတ်တရဆိုပြီး ဆုပ်ကိုင်ထားနေမိတဲ့အရာတွေက တစ်ဖက်မှာ ရီစရာတွေဖြစ်လို့ ။ ရင်ဘတ်နဲ့ရင်းမိတဲ့ ဒဏ်ရာတွေက တစ်ဖက်မှာ လှောင်စရာတွေဖြစ်လို့ ။ အော်... ငါတောတော် ရူးခဲ့မိပါလားဆိုတဲ့ အသိတရားလေးတော့ ရပါတယ် ။
စဥ်းစားကြည့်ရင်... အစကတည်းက လွဲခဲ့တဲ့ အဆုံးသတ်မှာ ကွဲကို ကွဲရမှာပဲလေ ။ ပြီးတော့ အစကတည်းက မမြဲချင်ခဲ့တဲ့လက်ကို အတင်းဆွဲနေမိတဲ့ နှစ်တွေကို အချစ်လို့ ခေါင်းစဥ်တပ်ထားမိတဲ့ ငါလဲ မှားတယ် ။
လူနှစ်ယောက်... ရေစက်ဆုံလို့တွေ့တယ်လို့ပဲ ထင်ခဲ့တာ ။ သူနဲ့ ဆုံတွေ့ရခြင်းက ကံကောင်းခြင်းတစ်ခုလို့ တကယ်ကြီး မှတ်ယူထားခဲ့မိတာ ။ ပြီးတော့ မချစ်တတ်တာတောင် ချစ်မပြတတ်တာ နေမှာပါဆိုတဲ့ စိတ်နဲ့ ဖြေခဲ့တာ ။ အမှားတွေ အများကြီးကိုတောင် အကြောင်းပြချက် တစ်စုံတစ်ရာပေးစရာမလိုပဲ နားလည်ပေးနေမိတာ ။
စကတည်းက သူမှ မချစ်ခဲ့တာ ။ ဒါကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက လက်သင့်ခံလိုက်ရင် ဒီလောက်ထိ နာကျင်ရမှာ မဟုတ်ဘူး ။ တစ်နေ့နေ့တော့ ငါ့ကိုချစ်လာမှာ တစ်နေ့နေ့တော့ ငါ့အနားမှာ ရှိနေမှာဆိုပြီး မျက်ရည်တွေနဲ့ရင်း နာကျင်မှုတွေခင်းပြီး မနေချင်တဲ့ လက်ကို အတင်းဆွဲထားခဲ့ဖးးတယ် ။
ကိုယ့်အတွေးနဲ့ကိုယ်ဆိုရင်တော့ မြဲမယ်ထင်ခဲ့တာပေါ့ ။ ဟိုး Long Long ago တုန်းက ပေးခဲ့တဲ့ ကတိတွေကို ဒီနေ့ဒီအချိန်ထိ အဟုတ်ကြီးထင်ပြီး မမျှော်လင့်ပါဘူးဆိုတဲ့ စကားတစ်ခွန်းမှ မသုံးပဲ မျှော်လင့်စောင့်စားနေခဲ့မိတာ ။
တွေးကြည့်... ကိုယ်သာ သူရှိရင်ဖြစ်ပြီးဆိုပြီး ဘာမှ မရှိတော့တဲ့ ဘဝမှာ မျှော်လင့်ချက်လေးနဲ့ အသက်ရှင်ခဲ့တာ ။ သူ့မှာတော့ အရာရာက အရင်အတိုင်းပဲ မိတ်ဆွေ သူငယ်ချင်းတွေ ပြီးတော့ မိဘ ဆွေမျိုးသားချင်းတွေ အိပ်မက်ကအစ အရာရာက အရင်အတိုင်းပဲ ။
ကိုယ့်မှာသာ... သူရှိနေရုံနဲ့ ဖြစ်ပြီဆိုပြီး အရာရာကို လျစ်လျူရှုထားတဲ့အထိ ရူးခဲ့တာ ။ တစ်ကြိမ်ပစ်ထားပြီး နောက်တစ်ကြိမ်ပြန်လာလဲ ပြုံးပြုံးလေး ကြိုခဲ့တဲ့အထိကို ရူးခဲ့တာ ။
ဒါက အချစ်မှ မဟုတ်ပဲလေ... ကိုယ်ဆပ်ရမယ့် ဝဋ်ကြွေးသက်သက်ဆိုတာမှန်း တဖြေးဖြေးတော့ နားလည် သဘောပေါက်လာပါပြီ။ ငါမငိုတော့ဘူး ပြီးတော့ မင်းကို လွမ်းပြီး မတမ်းတတော့ဘူး ။ မင်းကို ချစ်ခဲ့မိတဲ့အတွက် နောင်တလဲ မရဘူး ။ ဒါပေမယ့် ငါတော်တော်ရူးခဲ့ပါလားဆိုတဲ့ နောင်တလေးတော့ ရတယ် ။
#ရှင်းသန့်
(ရင်နှင့်ရင်း၍ ရေးသည်)
ကောင်လေးက အလုပ်သိပ်များသတဲ့...
တစ်ခုခုအဆင်မပြေတာ ပစ်ထားလိုက်ဖို့တွေးတဲ့ ကောင်လေးလေ... အကြောင်းပြချက်တွေ ပေးစရာလိုမနေဘူးလို့ပဲ တစ်သတ်မက်ထဲထင်နေခဲ့တာ မျှော်နေတယ်ဆိုတာမှန်း ကောင်မလေးကို နည်းနည်းလေးမှ မတွေးတတ်ခဲ့ဘူး ။
မအားသေးလို့နော်... တဲ့ ။ ဘာလုပ်နေလဲ ဆက်မေးတဲ့အခါ သူငယ်ချင်းတွေနဲ့ အပြင်ရောက်နေလို့တဲ့ ။ ဖုန်းချသွားတယ် အားတဲ့အခါ ပြန်ပြီး ဆက်လာမယ်အထင်နဲ့ စောင့်နေမိတဲ့ ကောင်မလေးက တစ်နေ့လုံး အရူးဖြစ်လို့ပေါ့ ။
အဲ့ဒီ တိတ်ဆိတ်သွားတဲ့ ဖုန်းကလေ... ကောင်မလေးပြန်ဆက်မှပဲ ပြန်အသက်ဝင်လာတတ်တာပေါ့ ။ သူမျှော်နေမှာပဲ စိတ်ပူနေမှာပဲ ဆိုပြီး ယောင်လို့တောင် မတွေးတတ်ခဲ့ဖူးထင်ပါတယ် ပြီးတော့ သူကိုယ်တိုင်လဲ အဲ့လို စိတ်မပူဖူးဘူး ထင်ပါတယ် ။
ညတွေရောက်လို့... စကားတွေ အေးဆေးပြောရမလားမှတ်ရတယ် ။ ပြီးမှ ပြန်ဆက်လိုက်မယ် ဂိမ်းဆော့နေလို့တဲ့... တချို့ရက်တွေဆို ပြန်ပြောဖော်တောင်မရဘူး ။ ဆက်နေမိတဲ့ဖုန်းကို မညှာမတာ ချပစ်ခဲ့တာလေ ။ ညတွေသာနက်လာတာပါ ထုံးစွပါပဲ သူမအားတာများတယ် ။
တစ်ခုခု အဆင်မပြေဘူးဆိုတာနဲ့... အကြောင်းပြချက်ပေးပြီး ပစ်ထားလိုက်ဖို့ပဲတွေးတာလေ ။ မီးအားမရှိလို့နော် တဲ့ အားသွင်းကြိုးတန်းလန်းနဲ့ စကားတွေပြောနေမိတဲ့ကိုယ်ကပဲ ရူးနေလို့လားလို့ ပြန်မေးမိတယ် ။
ဘယ်အချိန်မှာမဆို ကောင်လေးကလေ အလုပ်သိပ်များသတဲ့... ဘယ်နေရာမှာမဆို ကောင်မလေးနဲ့ယှဥ်ရင် ကျန်တဲ့အရာအားလုံးက အရေးပါတယ်လို့ပဲ တွေးနေတာလေ ။ ပစ်ထားလဲ ရတယ် ပြီးတော့ မချော့လဲ ပြေတယ်လို့ မှတ်ထားတယ်ထင်ပါတယ် ။
ခဏနော် ဆိုတဲ့ စကားလုံးတွေနောက်မှာ... စောင့်ခဲ့ရပေါင်းလဲ များပြီဖြစ်သလို... မအားသေးလို့နော်ဆိုတဲ့ အကြောင်းပြချက်တွေနောက်မှာ ပစ်ထားခံရတာလဲ များပါပြီ ။ ပြီးတော့ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ မေးလို့မရပဲ တစ်ယောက်တည်း အထီးကျန်နေရတာလဲ များပြီလေ ။
အရင်ကတော့... တစ်နေ့ကို အချိန်တော်တော်များများ စကားပြောဖြစ်ကြတဲ့အထိ သူအားတယ် ။ ခုတော့... တစ်ရက်ကို ၁၅ မိနစ်လောက် အချိန်ပေးဖို့ခက်နေတဲ့ထိကို သူက အလုပ်တွေ တအားများတယ် ။
ဒီကောင်မလေးနဲ့ ပတ်သက်လာရင် ကောင်လေးက အလုပ်တွေ သိပ်များလွန်းနေတာလေ။
#ရှင်းသန့်
(ရင်နှင့်ရင်း၍ ရေးသည်
Good Night ကလေးရေ ...🤍🤍🤍
နေလို့ပျော်စရာမကောင်းတဲ့
ရက်တွေကို
ကျော်ဖြတ်ခဲ့ပြီးပြီပဲ
ပျော်ရဲ့လားဆိုတဲ့
မေးခွန်းတွေ
ပျော်နေတယ်မလားဆိုတဲ့
မေးခွန်းတွေကို
မျက်နှာပြောင်တိုက်ပြီး မမေးတော့ပါဘူး
နေ့တွေမှာ
တင်းခံထားလို့ရပေမယ့်
တချို့ညတွေကျမှ
ဖြတ်သန်းဖို့ ခက်နေမျိုးတွေ
ကြုံဖူးလိမ့်မယ်
ဒီညတွေလိုပေါ့
မှောင်ကျလာရင်
ထိန်းထားတဲ့ မျက်ရည်တွေက
ပြိုကျလာတတ်သလို
တင်းထားတဲ့ စိတ်တွေက
အလိုမကျမှုတွေ များတတ်တယ် ။
အဆင်ပြေအောင်နေပါဆိုတဲ့စကားကို
အဆင်မပြေတဲ့ကြားထဲက ပြောရတာ
နည်းနည်းတော့ မောတယ်
အဆင်ပြေမနေမှန်းသိတော့
ပိုပြီးတော့ မောတယ် ။
ဒါပေမယ့် ...
မနက်ဖြန်တွေ ရှိသေးတယ်မဟုတ်လား
ပြီးတော့ ...
ပြိုကျလို့မရတဲ့ အကြောင်းပြချက်တွေ
ရှိဦးမယ် မဟုတ်လား
မပျော်ပေမယ့်
အိပ်ပျော်အောင်ပဲ အိပ်လိုက်ပါနော် ...
ပျော်မနေမှန်းသိပေမယ့်
မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားလိုက်ပါ
ခဏဖြစ်ဖြစ် အရာရာကို အနားပေးလိုက်ပါ
Good Nightပါ ကလေး ...
#ရှင်းသန့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Weehawken, NJ
